Samuccaya

တတိယဆင့် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁၉၈၉-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ သံသရာဝဋ်အတွင်းမှ မလွတ်ကင်းရအောင ဖွဲ့နှောင်ယှဉ်စပ်တတ်သော တရားများကို အဘိဓမ္မာ နည်းအရ ထုတ်ပြပြီးလျှင် လူ့အသက် ဟု ခေါ်ဆိုနိုင်သော ဣနြေ္ဒကိုလည်း ဖြေဆိုပါ။
အဘိဓမ္မာနည်းအရ သံသရာဝဋ်အတွင်းမှ မလွတ်ကင်းရအောင် နှောင်ဖွဲ့ယှဉ်စပ်တတ်သော တရားများမှာ –
(က) ကာမယောဂ (ခ) ဘဝယောဂ (ဂ) ဒိဋ္ဌိယောဂ (ဃ) အဝိဇ္ဇာယောဂ ဟူသော ယောဂတရား ၄-ပါး ဖြစ်ပါသည်။

လူ့အသက်ဟု ခေါ်ဆိုနိုင်သော ဣနြေ္ဒမှာ – ဇီဝိတိနြေ္ဒ ဖြစ်ပါသည်။
တရားကိုယ်အားဖြင့် – ရုပ်အသက် (ရုပ်ဇီဝိတ) နှင့် နာမ်သက် (ဇီဝိတိနြေ္ဒစေတသိက်) ၂၀-ပါး ဖြစ်ပါသည်။

၂။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ရန်အတွက် အကြီးအမှူး ဦးစီးခေါင်းဆောင်ဖြစ်သော တရားများကို ရေးသားပြီးလျှင် အာဟာရ ၏ အဓိပ္ပယ်ကိုလည်း ရှင်းပြပါ။
ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ရန်အတွက် အကြီးအမှူး ဦးစီးခေါင်းဆောင် ဖြစ်သော တရားများမှာ –
(၁) ဆန္ဒာဓိပတိ
(၂) စိတ္တာဓိပတိ
(၃) ဝီရိယာဓိပတိ
(၄) ဝီမံသာဓိပတိ ဟူသော အဓိပတိတရား ၄-ပါး ဖြစ်ပါသည်။

အာဟာရ ဆိုသည်မှာ –
အစာအာဟာရသည် ခန္ဓာကိုယ်အား မပျက်မစီး ကြီးပွားခိုင်ခံ့အောင် ရွက်ဆောင်ထောက်ပံ့ထားသကဲ့သို့ ထို့အတူ မိမိဆိုင်ရာ အကျိုးကို လွန်စွာ ဖြစ်စေနိုင်၊ ရွက်ဆောင်ပေးနိုင်သော တရားကို အာဟာရ ဟုခေါ်ပါသည်။

၃။ ခေတ်ကာလ ဘဝအခြေအနေမည်သို့ပင် ပြောင်းလဲစေကာမူ တိမ်းစောင်းခြင်းမရှိ၊ တည့်မတ်မှန်ကန်သော တရားများကို ထုတ်ပြပြီးလျှင် နိဗ္ဗာန်၏ ဓာတ်အမည်ကိုလည်း ညွှန်ပြပါ။
ခေတ်ကာလ ဘဝအခြေအနေမည်သို့ပင် ပြောင်းလဲစေကာမူ တိမ်းစောင်းခြင်းမရှိ၊ တည့်မတ်မှန်ကန်သော တရားများမှာ
(၁) ဒုက္ခအရိယသစ္စာ (ဒုက္ခသစ္စာ)
(၂) ဒုက္ခသမုဒယအရိယသစ္စာ (သမုဒယသစ္စာ)
(၃) ဒုက္ခနိရောဓအရိယသစ္စာ (နိရောဓသစ္စာ)
(၄) ဒုက္ခနိရောဓဂါမိနိပဋိပဒါအရိယသစ္စာ ( မဂ္ဂသစ္စာ)
ဟူသော အရိယသစ္စာတရား ၄-ပါး တို့ဖြစ်ပါသည်။

နိဗ္ဗာန်၏ဓာတ်အမည်မှာ = ဓမ္မဓာတ်ဖြစ်ပါသည်။

၁၉၉၀-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ သတ္တဝါတို့၏ သန္တာန်၌ အစဉ်အမြဲ ကိန်းအောင်းလျက်ရှိနေသော တရားအစုတို့ကို ဖော်ပြ၍ သီလဗ္ဗတပရာမာသ၏ အဓိပ္ပာယ်ကိုလည်း ရှင်းလင်း ရေးသားခဲ့ပါ။
သတ္တဝါတို့၏ သန္တာန်၌ အစဉ်အမြဲ ကိန်းအောင်းလျက်ရှိသော အနုသယ တရားစုတို့မှာ –
(၁) ကာမရာဂါနုသယ
(၂) ဘဝရာဂါနုသယ
(၃) ပဋိဃာနုသယ
(၄) မာနာနုသယ
(၅) ဒိဋ္ဌာနုသယ
(၆) ဝိစိကိစ္ဆာနုသယ
(၇) အဝိဇ္ဇာနုသယ တို့ဖြစ်ပါသည်။

သီလဗ္ဗတပရာမာသ၏ အဓိပ္ပာယ်မှာ –
နွေး၊ ခွေး စသည်တို့၏ အလေ့အကျင့်ကို ကျင့်လျှင် ကိလေသာမှ စင်ကြယ်၏။ သံသရာမှ လွတ်မြောက်၏ ဟုမှားယွင်းစွာ သုံးသပ်စွဲလမ်းသော ဒိဋ္ဌိအယူ ဖြစ်ပါသည်။

၂။ အမှန်လေးချက် သစ္စာအနက်ကို သိမြင်စေကြောင်း တရားအပေါင်းကို တရားကိုယ်များနှင့်တကွ ယှဉ်တွဲဖော်ပြပါ။
အမှန်လေးချက် သစ္စာနက်ကို သိမြင်စေကြောင်း တရာအပေါင်းကား – ဗောဇ္ဈင်တရား ၇-ပါး ပင်ဖြစ်ပါသည်။ ထိုတရား ၇-ပါးကို တရားကိုယ်များနှင့်တကွ ယှဉ်တွဲဖော်ပြရသော်-
ဗောဇ္ဈင် ၇-ပါး တရားကိုယ်
(၁) သတိသမ္ဗောဇ္ဈင် = သတိစေတသိက်
(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် = ပညာ(ပညိနြေ္ဒ) စေတသိက်
(၃) ဝီရိယသမ္ဗောဇ္ဈင် = ဝီရိယစေတသိက်
(၄) ပီတိသမ္ဗောဇ္ဈင် = ပီတိစေတသိက်
(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် = ကာယပဿဒ္ဓိ ၊ စိတ္တပဿဒ္ဓိ စေတသိက် ၂-ပါး
(၆) သမာဓိသမ္ဗောဇ္ဈင် = ဧကဂ္ဂတာစေတသိက်
(၇) ဥပေက္ခာသမ္ဗေဇ္ဈင် = တတြမဇ္ဈတ္တတာ စေတသိက်

အထက်ပါ သတိစေတသိက် စသောတရားကိုယ်တို့သည် မဟာကုသိုလ်၊ ကြိယာ ၁၆-ပါး၊ အပ္ပနာဇော-၂၆ ၊ ပေါင်း ၄၂-ပါး သော စိတ်တို့၌ ယှဉ်သော စေတသိက်များ ဖြစ်ကြပါသည်။

၃။ သတ္တဝါတို့အား ကောင်းမှု၊ မကောင်းမှုကံတို့ကို ကျူးလွန်မိအောင် အားပေးလှုံ့ဆော်စေတတ်သော အကြောင်းရင်းတရား ကို ထုတ်ပြ၍ အောက်ပါတို့၏ တရားကိုယ်များကိုလည်း ကောက်ပြခဲ့ပါ။ (က)အနုညာတညဿာမိတိနြေ္ဒ (ခ) အညာတာဝိနြေ္ဒ
သတ္တဝါတို့အား ကောင်းမှုကံ ကို ကျူးလွန်မိအောင် လှုံ့ဆော်စေတတ်သော အကြောင်းရင်းတရားတို့မှာ –
(၁) အလောဘဟိတ် (၂) အဒေါသဟိတ် (၃) အမောဟဟိတ် ဟူသော ကုသိုလ်ဟိတ် ၃-ပါး တို့ဖြစ်ကြပါသည်။

မကောင်းမှုကံတို့ကို ကျူးလွန်မိအောင် အားပေးလှုံ့ဆော်စေတတ်သော အကြောင်းရင်းတရားတို့မှာ –
(၁)လောဘဟိတ် ၊ (၂) ဒေါသဟိတ် (၃) မောဟဟိတ် ဟူသော အကုသိလ်ဟိတ် ၃-ပါး တို့ဖြစ်ကြပါသည်။

(က) အနညာတညဿာမိတိနြေ္ဒ၏ တရားကိုယ်မှာ – သောတာပတ္တိမဂ်ခဏ၌ ယှဉ်သောပညာ (ပညိနြေ္ဒ) စေတသိက်၊
(ခ) အညာတာယိနြေ္ဒ၏တရားကိုယ်မှာ – အရဟတ္တဖိုလ်၌ ယှဉ်သောပညာ (ပညိနြေ္ဒ) စေတသိက် တို့ဖြစ်ကြပါသည်။

၎။ မြတ်စွာဘုရား ဟောကြားအပ်သော တရားအပေါင်းတို့တွင် သစ္စာလေးပါးမှ လွတ်သောတရား မည်သည်မရှိ ဟူ၍ ဆိုရိုးစကားရှိရာ သစ္စာမမည်သော တရားများ ရှိကောင်းပါသလော၊ အကြောင်းပြဖြေဆိုပါ။
မြတ်စွာဘုရား ဟောကြားအပ်သော တရားအပေါင်းတို့တွင် သစ္စာလေးပါးမှ လွတ်သောတရား မည်သည်မရှိ ဟူသော ဆိုရိုးစကားရှိရာ –
(ပရမတ္တ) တရားအားလုံးသည် – ပရိယာယ်အားဖြင့် ယူခြင်းဖြင့်သာလျှင် သစ္စာ ၄-ပါး၌ အကြွင်းမရှိ ပါဝင်နိုင်ပါသည်။
– မုချအားဖြင့်မူ သစ္စာမမည်သော တရားများ ရှိကောင်းပါသည်။
အကြောင်းပြရသော် – သစ္စာ ၄-ပါးကို တရားကိုယ် ကောက်ယူပါက –
(၁) ဒုက္ခသစ္စာအရ – လောကီစိတ် – ၈၁ ၊ လောဘကြဉ်သော စေတသိက် ၅၁-ပါး၊ ရုပ် ၂၈-ပါး
(၂) သမုဒယသစ္စာအရ – တဏှာ (လောဘ) စေတသိက်
(၃) နရောဓသစ္စာ အရ – နိဗ္ဗာန်
(၄) မဂ္ဂသစ္စာ အရ – မဂ်စိတ် ၄-ပါး၌ ယှဉ်သော မဂ္ဂင်တရားကိုယ် ၈-ပါး တို့ကို အသီးသီးရ၏။

ဤသို့အားဖြင့် ပရမတ္တတရား ၄-ပါးတွင် လောကီစိတ်နှင့်စေတသိက်၊ ရုပ် ၂၈-ပါး နိဗ္ဗာန် နှင့် မဂ်စိတ်၌ယှဉ်သော မဂ္ဂင်တရား ကိုယ် ၈-ပါး တို့သည် အသီးသီး သစ္စာမည်ကြ၏။

ကြွင်းသော မဂ်စိတ္တုပ္ပါဒ် ၂၉-ပါး နှင့် ဖိုလ်စိတ္တပ္ပါဒ် ၃၇-ပါး တို့မှာ –
သစ္စာ ၄-ပါး၏ တရားကိုယ် ကောက်ယူရာတွင် မပါဝင်သဖြင့် သစ္စာ မမည်သော (သစ္စဝိမုတ်) တရားများ ဖြစ်ကြပါသည်။
(မဂ်စိတ္တုပ္ပါဒ် ၂၉-ပါး
မဂ်စိတ် ၄-ပါး၌ စိတ်အသီးသီးတွင် ယှဉ်သော စေတသိက် ၃၆-ပါးမှ မဂ္ဂင်တရား ကိုယ် ၈-ပါးကို နှုတ်က စေတသိက် ၂၈-ပါး ကျန်၏။ မဂ်စိတ် ၄-ပါးကို လက္ခဏာတူ၍ တစ်ပါးတည်းပြုပြီး ထိုစေတသိက် ၂၈-ပါးနှင့် ပေါင်းက မဂ်စိတ္တုပ္ပါဒ် ၂၉-ပါး ရ၏။
ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ပါး
ဖိုလ်စိတ် ၄-ပါး၌ ယှဉ်သော စေတသိက် ၃၆-ပါး နှင့် ဖိုလ်စိတ် ၄-ပါးကို လက္ခဏာတူ၍ တစ်ပါးတည်းပြုကာ ပေါင်းက ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ပါး ကို ရ၏။

၁၉၉၁-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ဥပါဒါကြောင့် ဥပါဒ်ရောက် ဟူသောစကားအရ သတ္တဝါတို့ အလွန်စွဲလမ်းတတ်သောတရား လေးပါးကို ထုတ်ဖော်ပြ၍၊ တိရစ္ဆာန်တို့၏ အလေ့အကျင့်ဖြင့် နိဗ္ဗာန်ရောက်အောင် ကျင့်ကြံသော ပုဂ္ဂိုလ်အား အဘယ်ဥပါဒါန် ဖြစ်သည်ကို ရှင်းပြခဲ့ပါ။
ဥပါဒါကြောင့် ဥပါဒ်ရောက် ဟူသောစကားအရ သတ္တဝါတို့ အလွန်စွဲလမ်းတတ်သောတရား လေးပါးမှာ –
(၁) ကာမုပါဒါန်
(ခ) ဒိဋ္ဌုပါဒါန်
(၃) သီလဗ္ဗတုပါဒါန်
(၄) အတ္တဝါဒုပါဒါန် ဟူသော ဥပါဒါန်တရား ၄-ပါး တို့ဖြစ်ပါသည်။

တိရစ္ဆာန်တို့၏ အလေ့အကျင့်ဖြင့် နိဗ္ဗာန်ရောက်အောင် ကျင့်ကြံသော ပုဂ္ဂိုလ်အား – သီလဗ္ဗတုပါဒါန် ဖြစ်ပါသည်။ အကြောင်းမှာ – နွား ၊ ခွေး စသော တိရစ္ဆာန်တို့၏ အလေ့အကျင့်ဖြင့် ကိလေသာမှလည်း စင်ကြယ်၏ သံသရာမှလည်း လွတ်မြောက်၏ ဟုမှားယွင်းသော အယူကို သုံးသပ် စွဲလမ်းမှုသည် သီလဗ္ဗတပရာမာသဒိဋ္ဌိ မည်သောကြောင့် ထိုအကျင့်မျိုး ခိုင်မြဲစွာ စွဲယူ၍ နိဗ္ဗာန် ရောက်အောင် ကျင့်ကြံသော ပုဂ္ဂိုလ်အား သီလဗ္ဗတုပါဒါန်ဖြစ်ပါသည်။

၂။ သတ္တဝါတို့၏ စိတ်ကို ညစ်နွမ်း၊ ပူလောင်စေတတ်သော တရားစုကို ထုတ်ပြ၍ ဣဒံသစ္စာ ဘိနိဝေသကာယဂန္တ ၏ တရားကိုယ်ကိုလည်း ကောက်ပြခဲ့ပါ။
သတ္တဝါတို့၏ စိတ်ကို ညစ်နွမ်း၊ ပူလောင်စေတတ်သော တရားစုမှာ – ကိလေသာ အမည်ရသော
(၁) လောဘ (၂) ဒေါသ (၃) မောဟ (၄) မာန (၅) ဒိဋ္ဌိ (၆) ဝိစိကိစ္ဆာ (၇) ထိန (၈) ဥဒ္ဓစ္စ (၉) အဟိရိက (၁၀) အနောတ္တပ္ပ ဟူသော တရား ၁၀-ပါး တို့ ဖြစ်ကြပါသည်။

ဣဒံသစ္စာဘိနိဝေသကာယဂန္ထ တရားကိုယ်မှာ – လောဘမူဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၌ယှဉ်သော ဒိဋ္ဌိစေတသိက် ဖြစ်ပါသည်။ (အယူမှား – မိစ္ဆာအယူအကျင့်တစ်မျိုးကို စွဲယူ ကျင့်သုံးပြီးလျှင် ဤငါ၏ အယူသာမှန်၏ တစ်ပါးသူတို့၏အယူ မမှန်၊ အချည်းနှီးတည်း ဟု မှားယွင်းစွာ စွဲလမ်းတတ်သော အမြင်မှားမှု (ဒိဋ္ဌိ) ဖြစ်၏။

၃။ အရိယာတို့သာ သိစေအပ်သော စင်စစ်ဧကန် မှန်သောတရားများကို တရားကိုယ်များနှင့် တကွ ထုတ်ဖော်ပြ၍၊ ခန္ဓာမဖွဲ့ရသော တရားကိုလည်း ညွှန်ပြခဲ့ပါ။
အရိယာတို့သာ သိစေအပ်သော စင်စစ်ဧကန် မှန်သောတရားများမှာ –
အရိယသစ္စာ ၄ပါး ဖြစ်ပါသည်။

ယင်းတို့ကို တရားကိုယ်များနှင့်တကွ ဖော်ပြသော် –
အရိယာသစ္စာ ၄ပါး တရားကိုယ်
၁။ ဒုက္ခ အရိယသစ္စာ – လောကီစိတ် – ၈၁၊ လောဘကြဉ်သော စေတသိက် ၅၁ပါး၊ ရုပ် ၂၈ပါး
၂။ ဒုက္ခသမုဒယ အရိယသစ္စာ- တဏှာ (လောဘ) စေတသိက်၊
၃။ ဒုက္ခနိရောဓ အရိယသစ္စာ – နိဗ္ဗာန်
၎။ ဒုက္ခနိရောဓဂါမိနိပဋိပဒါ အရိယသစ္စာ – မဂ်စိတ် ၄ပါး၌ ယှဉ်သော၊ မဂ္ဂင်တရား ကိုယ် ၈ပါး၊
ခန္ဓာမဖွဲ့ရသော (ပရမတ္တ) တရားမှာ – နိဗ္ဗာန် ဖြစ်ပါသည်။

၁၉၉၂-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ လူသားအားလုံးတို့သည် အချုပ်အားဖြင့် ရုပ်၊ နာမ်ပရမတ္တမျှသာဖြစ်၏၊ ယင်းပရမတ္တတို့တွင် မိမိတို့၏ မှတ်ကြောင်း လက္ခဏဖြင့် အထူး ထင်ရှား၍ အထည်ကိုယ်ဝတ္ထု ရကောင်းသော ရုပ်၊ နာမ်တို့ကို ရွေးချယ် စိစစ်ပြပြီး၊ နိဗ္ဗာန်သည် ထည်ကိုယ်ရ ဝတ္ထုဓမ္မ ဟုတ်မဟုတ် စစ်တမ်းထုတ်ပြပါ။
လူသားအားလုံးတို့သည် အချုပ်အားဖြင့် ရုပ်၊ နာမ်ပရမတ္တမျှသာဖြစ်၏၊ ယင်းပရမတ္တတို့တွင် မိမိတို့၏ မှတ်ကြောင်း လက္ခဏဖြင့် အထူး ထင်ရှား၍ အထည်ကိုယ်ဝတ္ထု ရကောင်းသော ရုပ်၊ နာမ်တို့မှာ –
(က) စိတ် = ၁-ပါး
(ခ) စေတသိက် = ၅၂-ပါး
(ဂ) နိပ္ဖပ္နရုပ် = ၁၈-ပါး တို့ဖြစ်ပါသည်။

နိဗ္ဗာန်သည် အထည်ကိုယ်ရ ဝတ္ထုဓမ္မတရား ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော်- နိဗ္ဗာန်သည် ငြိမ်းအေးခြင်း (သန္တိလက္ခဏာ) ရှိပြီး ဉာဏ်အမြင်အားဖြင့် တရားအထည်ကိုယ် ရကောင်းသော ပရမတ္ထတရားအစစ်ဖြစ်သောကြောင့် ဖြစ်ပါသည်။

၂။ အာသဝေါကုန်ရာ နိဗ္ဗာန်ရောက်အောင် ဆောင်ရွက်နိုင်သည် ဖြစ်ပါစေသတည်း ဟူသော ဆုတောင်း၌ ကုန်စေလိုသော အာသဝတို့နှင့် ယင်းတို့၏ အလေ့ဘာသာ ဓမ္မတာတို့ကိုလည်း ဖြေဆိုပါ။
အာသဝေါကုန်ရာ နိဗ္ဗာန်ရောက်အောင် ဆောင်ရွက်နိုင်သည် ဖြစ်ပါစေသတည်း ဟူသော ဆုတောင်း၌ ကုန်စေလိုသော အာသဝတရားများမှာ –
(၁) ကာမသဝ = ဝတ္ထုအာရုံ ကာမဂုဏ်ကို တပ်မက်တတ်သော တဏှာ၊
(၂) ဘဝါသဝ = ရူပဈာန်၊ အရူပဈာန် နှင် ထိုဈာန်တို့၏ အကျိုးဝိပါက်ကို နှစ်သက် တွယ်တာသောတဏှာ
(၃) ဒိဋ္ဌာသဝ = အယူလွဲမှု ၊ မိစ္ဆာဒိဋ္ဌိ၊
(၄) အဝိဇ္ဇာသဝ = အာရုံ၏ သဘောမှန်ကို မသိမှု မောဟ တို့ဖြစ်ပါသည်။

ယင်းတို့၏ အလေ့ဘာသာ ဓမ္မတာမှာ –
စိမ်ရည်အိုးထဲ၌ ကြာမြင့်စွာ စိမ်ထားသော စိမ်ရည်အရက်ကဲ့သို့ အနမတဂ္ဂသံသရာဝယ် သတ္တဝါတို့၏ ခန္ဓာအစဉ်တည်းဟူသော စိမ်ရည်အိုး၌ ကြာရှည်စွာ စိမ်ထားသည်ဖြစ်၍ အာနိသင် ပြင်းပြကာ မိမိတို့ကိန်းရာ ပုထုစဉ်သတ္တဝါတို့အား တွေဝေ ယစ်မူး စေတတ်သည့် သဘောရှိပါသည်။

၃။ ဘဝကြီးငယ်သို့ သါားရောက်ကြောင်း ခရီးလမ်းဖြစ်သည့် မဂ္ဂင်တရားစု၌ ဒုဂ္ဂတိဘဝသို့ လားရောက်ကြောင်း ခရီးလမ်းဖြစ်သည့် တရားစုတို့ကို ရွေးကောက်ပြ၍ မဂ္ဂင် မရအပ်သော စိတ်ကိုလည်း ညွှန်ပြပါ။
ဘဝကြီးငယ်သို့ သါားရောက်ကြောင်း ခရီးလမ်းဖြစ်သည့် မဂ္ဂင်တရားစု၌ ဒုဂ္ဂတိဘဝသို့ လားရောက်ကြောင်း ခရီးလမ်းဖြစ်သည့် တရားစုတို့မှာ
(၁) မိစ္ဆာဒိဋ္ဌိမဂ္ဂင်၊
(၂) မိစ္ဆာသင်္ကပ္ပမဂ္ဂင်
(၃) မိစ္ဆာဝါယမမဂ္ဂင်
(၄) မိစ္ဆာသမာဓိမဂ္ဂင် ဟူသော မိစ္ဆာမဂ္ဂင် ၄-ပါး တို့ဖြစ်ပါသည်။

မဂ္ဂင်မရအပ်သော စိတ်တို့မှာ – အဟိတ်စိတ် ၁၈-ပါးနှင့် ဝိစိကိစ္ဆာသမ္ပယုတ်စိတ် တို့ဖြစ်ပါသည်။

၁၉၉၃-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ဈာန်၊ မဂ်၊ ဖိုလ် ကိုတားမြစ်ပိတ်ပင်တတ်သော တရားအစုကို ထုတ်ဖော်ပြ၍ ကိလေသာ မမည်သော အကုသိုလ် တရားတို့ကိုလည်း ကောက်ပြခဲ့ပါ။
ဈာန်၊ မဂ်၊ ဖိုလ်ကို တားမြစ်ပိတ်ပင်တတ်သော တရားအစုမှာ –
(၁) ကာမစ္ဆန္ဒနီဝရဏ
(၂) ဗျာပါဒနီဝရဏ
(၃) ထန-မိဒ္ဓနီဝရဏ
(၄) ဥဒ္ဓစ္စ-ကုက္ကုစ္စနီဝရဏ
(၅) ဝိစိကိစ္ဆာနီဝရဏ
(၆) အဝိဇ္ဇာနီဝရဏ် ဟူသော နီဝရဏတရား ၆-ပါး တို့ဖြစ်ကြပါသည်။

ကိလေသာ မမည်သော အကုသိုလ်တရားတို့မှာ – ဣဿာ ၊ မစ္ဆရိယ ၊ ကုက္ကုစ္စ နှင့် မိဒ္ဓ စေတသိက် တို့ ဖြစ်ပါသည်။

၂။ သတ္တဝါတို့၏အကျိုးကို ထောက်ပံ့ ဆောင်ရွက်နိုင်သော အာဟာရတရားကို အဓိပ္ပာယ်နှင့်တကွ ဖြေဆို၍၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့ မရရှိနိုသည့် ဣနြေ္ဒအမည်များကိုလည်း ထုတ်ဖော်ရေးသားခဲ့ပါ။
သတ္တဝါတို့၏အကျိုးကို ထောက်ပံ့ ဆောင်ရွက်နိုင်သော အာဟာရတရားကို အဓိပ္ပာယ်နှင့်တကွ ဖြေဆိုရသော်-
(၁) ကဗဠီကာရာဟာရ = (သြဇာရုပ်) သြဇာနှင့်တကွ ရုပ် ၈-ပါး အစုဖြစ်သော အာဟာရဇအဋ္ဌကလာပ်ကို ဆောင်၏။
(၂) ဖဿာဟာရ = (ဖဿစေတသိက်) ဝေဒနာ ၃-ပါးကို ဆောင်၏။
(၃) မနောသဉ္စေတနာဟာရ = (စေတနာစေတသိက်) ဘဝ ၃-ပါး၌ ပဋိသန္ဓေဝိညာဏ်ကို ဆောင်၏။
(၄) ဝိညာဏာဟာရ = (စိတ်အားလုံး) တကွဖြစ်သော စေတသိက်နာမ်နှင့် ရုပ်တရားကို ဆောင်၏။

ပုထိုဇဉ်ပုဂ္ဂိုလ်တို့၌ မရရှိနိုသည့် ဣနြေ္ဒများမှာ –
(၁) အနုညာတညဿာမိတိနြေ္ဒ = သောတာပတ္တိမဂ်ခဏ၌ ယှဉ်သောပညာ
(၂) အညိနြေ္ဒ = အထက်မဂ် (၃)၊ အောက်ဖိုလ် (၃)၌ ယှဉ်သောပညာ
(၃) အညာတာဝိနြေ္ဒ = အရဟတ္တဖိုလ်၌ ယှဉ်သောပညာတို့ ဖြစ်ကြပါသည်။

၃။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်၍ လိုရာဆန္ဒ ပြည့်ဝပါစေ ဟူသော ဆုတောင်းမေတ္တာ စကားသည် မည်သည့် ဗောဓိပက္ခိယတရားများကို ဆိုလိုပါသနည်း၊ ပြည့်စုံအောင် ဖြေကြား၍ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းများကိုလည်း ညွှန်ပြခဲ့ပါ။
ကြံတိုင်းအောင် ဆောင်တိုင်းမြောက်၍ လိုရာဆန္ဒ ပြည့်ဝပါစေ ဟူသော ဆုတောင်းမေတ္တာ စကားသည်- ဗောဓိပက္ခိယတရား ၃၇-ပါးတွင် ပါဝင်သော ဣဒ္ဓိပါဒ်တရား ၄-ပါးကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဣဒ္ဓိပါဒ် ၄-ပါးကား
(၁) ဆန္ဒိဒ္ဓိပါဒ် (၂) စိတ္တိဒ္ဓိပါဒ် (၃) ဝီရိယဒ္ဓိပါဒ် (၄) ဝီမံသိဒ္ဓိပါဒ် တို့ဖြစ်ပါသည်။

နိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်းများမှာ – သမ္မာမဂ္ဂင် ၈-ပါး ဖြစ်သည့်
(၁) သမ္မာဒိဋ္ဌိမဂ္ဂင်
(၂) သမ္မာသင်္ကပ္ပမဂ္ဂင်
(၃) သမ္မာ ဝါစာမဂ္ဂင်
(၄) သမ္မာကမ္မန္တမဂ္ဂင်
(၅) သမ္မာအာဇီဝမဂ္ဂင်
(၆) သမ္မာဝါယာမမဂ္ဂင်
(၇) သမ္မာသတိမဂ္ဂင်
(၈) သမ္မာသမာဓိမဂ္ဂင် တို့ဖြစ်ကြပါသည်။

၁၉၉၄-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ လောကီနယ်တွင် ခက်ခဲသော အလုပ်ကိစ္စကို ဈာန်ဝင်စား၍ လုပ်မှ ပြီးမြောက်သည်ဟု ဆိုကြရာ မည်သည့်ဈာန်များ ဖြစ်သည်ကို ခွဲခြားပြ၍၊ ဒုဂ္ဂတိဘုံဌာနသို့ ရောက်စေသော လမ်းကြောင်းကိုလည်း တရားကိုယ်နှင့်တကွ ဖြေဆိုပါ။
လောကီနယ်တွင် ခက်ခဲသော အလုပ်ကိစ္စကို ဈာန်ဝင်စား၍ လုပ်မှ ပြီးမြောက်သည်ဟု ဆိုကြရာ ကုသိုလ်၊ အကုသိုလ်ဈာန်များ၏ အစိတ်အင်္ဂါများဖြစ်သော –
(၁) ဝိတက်ဈာနင်
(၂) ဝိစာရဈာနင်
(၃) ပီတိဈာနင်
(၄) ဧကဂ္ဂတာဈာနင်
(၅) သောမနဿဈာနင်
(၆) ဒေါမနဿဈာနင်
(၇) ဥပေက္ခာဈာနင် ဟူသော ကုသိုလ် အကုသိုလ် ဈာနင်တရား ၇-ပါးတို့ဖြင့် ဒုဂ္ဂတိဘုံဌာနသို့ ရောက်စေသော လမ်းကြောင်းများမှာ –
မိစ္ဆာမဂ္ဂင် ၄-ပါးတို့ဖြစ်ပါသည်။

၎င်းတို့ကို တရားကိုယ်နှင့်တကွ ဖော်ပြရသော်-
မိစ္ဆာမဂ္ဂင် ၄-ပါး တရားကိုယ်
(၁) မိစ္ဆာဒိဋ္ဌိမဂ္ဂင် = လောဘမူဒိဋ္ဌိရတသမ္ပယုတ်စိတ် ၄-ပါး၌ယှဉ်သော ဒိဋ္ဌိစေတသိက်
(၂) မိစ္ဆာသင်္ကပ္ပမဂ္ဂင် = အကုသိုလ်စိတ် ၁၂-ပါး၌ယှဉ်သော ဝိတက်စေတသိက်
(၃) မိစ္ဆာဝါယာမမဂ္ဂင် = အကုသိုလ်စိတ် ၁၂-ပါးယှဉ်သော ဝီရိယစေတသိက်
(၄) မိစ္ဆာသမာဓိမဂ္ဂင် = ဝိစိကိစ္ဆာသမ္ပယုတ်စိတ်ကြဉ်သော အကုသိုလ်စိတ် ၁၁-ပါး၌ ယှဉ်သော ဧကဂ္ဂတာစေတသိက်တို့ ဖြစ်ကြပါသည်။

၂။ ပျော်ရွှင်မှုကိစ္စများ၌သာ ဇွဲကောင်းသူ၏ လုံ့လဝီရိယသည် ဝီရိယဒ္ဓိပါဒ် ထိုက်မထိုက် ရှင်းပြဖြေဆို၍ မဂ္ဂင်မထိုက်သော ဗောဇ္ဈင်များကိုလည်း ဖော်ပြပါ။
ပျော်ရွှင်မှုကိစ္စများ၌သာ ဇွဲကောင်းသူ၏ လုံ့လဝီရိယသည် ဝီရိယဒ္ဓိပါဒ် မထိုက်ပါ။ ရှင်းလင်ဖြေဆိုပြရသော်-
ဣဒ္ဓိပါဒ်ဟူသည် = ပြီးစီးထမြောက်သောဈာန် ၊ မဂ် ၊ ဖိုလ် အကျိုးတို့၏ အခြေခံ အကြောင်းတရားများကို ခေါ်ဆိုခြင်း ဖြစ်၏၊ သိဖြစ်၍-
ဝီရိယိဒ္ဓိပါဒ်အရ – ဈာန် ၊ မဂ်၊ ဖိုလ်ရရန် ကြိုးစားအားထုတ်နေသူတို့၏ ကုသိုလ် စိတ် ၂၁-ပါး နှင့်ယှဉ်သော ဝီရိယကိုသာ ကောက်ယူရမည်ဖြစ်ပါသည်။
ထို့ကြောင့် ပျော်ရွှင်မှုကိစ္စများ၌သာ ဇွဲကောင်းသူ၏ လုံ့လဝီရိယသည် – အကုသိုလ်စိတ်၌ ယှဉ်သော ဝီရိယသာဖြစ်၍ ဝီရိယိဒ္ဓိပါဒ် မထိုက်နိုင်ခြင်းဖြစ်ပါသည်။

မဂ္ဂင်မထိုက်သော ဗောဇ္ဈင်တရားများမှာ –
(၁) ပီတိသမ္ဗောဇ္ဈင်
(၂) ပဿဒ္ဓိသမ္ဗောဇ္ဈင်
(၃) ဥပေက္ခာသမ္ဗောဇ္ဈင် တို့ဖြစ်ကြပါသည်။

၃။ သတ္တဝါတို့အား သံသရာဝဋ်အတွင်းမှ မလွတ်နိုင်အောင် လွှမ်းမိုးနှစ်မြုပ်တတ်သော တရားစုကို တရားကိုယ်နှင့် ယှဉ်တွဲပြ၍ သံသရာခရီးအစမှ လိုက်ပါလာပြီး နောက်ဆုံးမဂ်ဖြင်ပယ်ချမှ ကွာသော အနုသယဓာတ်များကိုလည်း ထုတ်ပြပါ။
သတ္တဝါတို့အား သံသရာဝဋ်အတွင်းမှ မလွတ်နိုင်အောင် လွှမ်းမိုးနှစ်မြုပ်တတ်သော တရားစုမှာ – သြဃတရား ၄-ပါး တို့ဖြစ်ကြပါသည်။
၎င်းတို့ကို တရားကိုယ်နှင့် ယှဉ်တွဲပြရသော်-
သြဃတရား ၄-ပါး တရားကိုယ်
(၁) ကာမောဃ = လောဘမူစိတ် ၈-ပါး၌ယှဉ်သော လောဘစေတသိက်၊
(၂) ဘဝေါဃ = လောဘမူစိတ် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်သော လောဘစေတသိက်
(၃) ဒိဋ္ဌောဃ = လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်သော ဒိဋ္ဌိစေတသိက်
(၄) အဝိဇ္ဇောဃ = အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော မောဟစေတသိက် တို့ဖြစ်ကြပါသည်။

သံသရာခရီးအစမှ လိုက်ပါလာပြီး နောက်ဆုံးမဂ်ဖြင့် ပယ်ချမှ ကွာကျသော အနုသယဓာတ်များမှာ –
(၁) ကာမရာဂါနုသယ (၂) ဘဝရာဂါနုသယ (၃) ပဋိဃာနုသယ (၄) မာနနုသယ (၅) ဒိဋ္ဌာနုသယ (၆) ဝိစိကိစ္ဆာနုသယ
(၇) အဝိဇ္ဇာနုသယ ဟူသော အနုသယ ၇-ပါး တို့ဖြစ်ပြီး
ယင်းတို့အနက်မှ နောက်ဆုံးမဂ် (အရဟတ္တမဂ်) ဖြင့် ပယ်ချမှ ကွာကျသော အနုသယဓာတ်များမှာ-
(၁) ဘဝရာဂါနုသယ (၂) မာနာနုသယ (၃) အဝိဇ္ဇာနုသယ တို့ဖြစ်ပါသည်။

၁၉၉၅-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ပရမတ်အစစ် ဓာတ်အနှစ် ဟူသောစကားအရ ကိုယ်စီကိုယ်င ကိုယ်ပိုင်လက္ခဏာရှိကြသော ပရမတ်အစစ်တရားတို့ကို ကောက်ပြ၍ မတူမတန် မာနထန်သူ၏ သန္တာန်၌ သံယောဇဉ် ရှိနိုင်မရှိနိုင်ကိုလည်း ရှင်းလင်းဖြေဆိုပါ။
ပရမတ်အစစ် ဓာတ်အနှစ် ဟူသောစကားအရ ကိုယ်စီကိုယ်င ကိုယ်ပိုင်လက္ခဏာရှိကြသော ပရမတ်အစစ်တရားတို့မှာ –
စိတ် = ၁-ပါး
စေတသိက် = ၅၂-ပါး
နိပ္ဖန္နရုပ် = ၁၈-ပါး
နိဗ္ဗာန် = ၁-ပါး


ပေါင်း = ၇၂-ပါး ဟူသော ဝတ္ထုဓမ္မ ပရမတ္ထဓမ္မတရားတို့ ဖြစ်ကြပါသည်။

မတူမတန် မာနထန်သူ၏ သန္တာန်၌ သံယောဇဉ် ရှိနိုင်ပါသည်။
ရှင်းလင်းဖြေဆိုရသော် – သုတ္တန်နည်း၊ အဘိဓမ္မာနည်း ၂-မျိုးစလုံး၌ ဟောကြားထားသော သံယောဇဉ် ၁၀-ပါး တွင် မာနသံယောဇဉ် (တရားကိုယ် = လောဘမူ ဒိဋ္ဌိဂတ ဝိပ္ပယုတ် စိတ် ၄-ပါးနှင့် ယှဉ်သော မာနစေတသိက်) ပါဝင်ပါသည်။ ထို့ကြောင့် မတူမတန် မာနထန်သူ၏ သန္တာန်၌ မာနသံယောဇဉ် ရှိနိုင်ပါသည်။

၂။ မိန်းမကောင်းတို့ဣနြေ္ဒ ရွှေပေးလို့မရ ဟူ၍ မြန်မာဓလေ့စကားပုံရှိရာ အဘိဓမ္မာနည်းအရ ပုထုဇဉ် မိန်းကလေး၌ ရနိုင်သော ဣနြေ္ဒတို့ကို (က) ရုပ်ဣနြေ္ဒ (ခ) နာဣနြေ္ဒ (ဂ) ရုပ်နာမ်ဣနြေ္ဒ အားဖြင့် အသီးသီး ခွဲခြားပြပါ။
မိန်းမကောင်းတို့ဣနြေ္ဒ ရွှေပေးလို့မရ ဟူ၍ မြန်မာဓလေ့စကားပုံရှိရာ အဘိဓမ္မာနည်းအရ ပုထုဇဉ် မိန်းကလေး၌ ရနိုင်သော ဣနြေ္ဒတို့မှာ
(က) ရုပ်ဣနြေ္ဒအားဖြင့်
(၁) စက္ခုနြေ္ဒ
(၂) သောတိနြေ္ဒ
(၃) ဃာနိနြေ္ဒ
(၄) ဇိဝှိနြေ္ဒ
(၅) ကာယနြေ္ဒ
(၆) ဣတ္ထိနြေ္ဒ ဟူသော ၆-ပါး

(ခ) နာမ်ဣနြေ္ဒ အားဖြင့်
(၁) မနိနြေ္ဒ
(၂) သုခိနြေ္ဒ
(၃) ဒုက္ခိနြေ္ဒ
(၄) သောမနဿိနြေ္ဒ
(၅) ဒေါနဿိနြေ္ဒ
(၆) ဥပေက္ခိနြေ္ဒ
(၇) သိဒ္ဓိနြေ္ဒ
(၈) ဝီရိယိနြေ္ဒ
(၉) သတိနြေ္ဒ
(၁၀) သမာဓိနြေ္ဒ
(၁၁) ပညိနြေ္ဒ ဟူသော ၁၁-ပါး

(ဂ) ရုပ် ၊ နာမ် ဣနြေ္ဒ အားဖြင့် – ဇီဝိတိနြေ္ဒ ၁-ပါး
စုစုပေါင်း ဣနြေ္ဒ ၁၈-ပါး တို့ဖြစ်ကြပါသည်။

၃။ လောကသံသရာ ဘဝနှစ်ဖြာတွင် အထက်တန်းကျကျ နေနိုင်ရေးအတွက် လုံ့လပြုရမည့် လမ်းလေးသွယ်ကို ဖြေဆို၍ အဘိဓမ္မာပညာရှင်တို့ ဖြေဆိုနေသော စာမေးပွဲအဆင့်ဆင့်၌ ဗိုလ်စွဲလိုလျှင် မည်သည့်တရားများနှင့် ပြည့်စုံအောင် ပြုလုပ်ရမည်ကိုလည်း အဘိဓမ္မာပညာရှင်ပီပီ ဖြေဆိုပါ။
လောကသံသရာ ဘဝနှစ်ဖြာတွင် အထက်တန်းကျကျ နေနိုင်ရေးအတွက် လုံ့လပြုရမည့် လမ်းလေးသွယ်မှာ –
(၁) ဖြစ်ပြီးသော အကုသိုလ်တရား (ဒုစရိုက်အဟောင်း) တို့ကို ပယ်ဖျောက်နိုင်ခြင်းငှာ အားထုတ်ခြင်း
(၂) မဖြစ်သေးသော အကုသိုလ်တရား (ဒုစရိုက်အသစ်)တို့ကို မဖြစ်စေခြင်းငှာ အားထုတ်ခြင်း
(၃) မဖြစ်သေးသော ကုသိုလ်တရား (ကုသိုလ်အသစ်) တို့ကို ဖြစ်ထွန်းစေခြင်းငှာ အားထုတ်ခြင်း
(၄) ဖြစ်ပြီးသော ကုသိုလ်တရား (ကုသိုလ်အဟောင်း) တို့ကို ခိုင်ခန့် တိုးပွားမြဲစေခြင်းငှာ အားထုတ်ခြင်း ဟူသော သမ္မပ္ပဓာန် (ဝီရိယ) တရား ၄-ပါး ဖြစ်ပါသည်။

အဘိဓမ္မာ ပညာရှင်တို့ ပြောဆိုနေသော စာမေးပွဲ အဆင့်ဆင့်၌ ဗိုလ်စွဲလိုလျှင် –
(၁) သဒ္ဓါဗိုလ်
(၂) ဝီရိယဗိုလ်
(၃) သတိဗိုလ်
(၄) သမာဓိဗိုလ်
(၅) ပညာဗိုလ် ဟူသော ဗိုလ်တရားငါးပါး တို့နှင့် ပြည့်စုံအောင် ပြုလုပ်ရမည် ဖြစ်ပါသည်။

၎။ နိဗ္ဗာန်ကို ခန္ဓာဖွဲ့ရခြင်းအကြောင်းတို့ကို ရေး၍ မဂ်စိတ်၌ယှဉ်သော မဂ္ဂင် ၈-ပါး နှင့် ဖိုလ်စိတ်၌ ယှဉ်သော မဂ္ဂင် ၈-ပါး တို့၏ ထူးခြားချက် ကိုလည်း ဖော်ပြပါ။
နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ခြင်းအကြောင်းမှာ – နိဗ္ဗာန်သည် …
(က) အတိတ်၊ ပစ္စပ္ပုန်၊ အနာဂတ်ကာလ ၃ပါးမှ အလွတ်ဖြစ်သော ကာလဝိမုတ် တရားဖြစ်၏။
(ခ) အဇ္ဈတ္တ၊ ဗဟိဒ္ဓဟု နှစ်မျိုး မကွဲပြား၊ ဗဟိဒ္ဓသာ ဖြစ်၏။
(ဂ) ဟီန၊ ပဏီတဟု နှစ်မျိုး မကွဲပြား၊ ပဏီတသာ ဖြစ်၏။
(ဃ) သြဠာရိကိ၊ သုခုမဟု နှစ်မျိုး မကွဲပြား၊ သုခုမသာ ဖြစ်၏။
(င) ဒူရေ၊ သန္တိကေဟု နှစ်မျိုး မကွဲပြား၊ ဒူရေသာ ဖြစ်၏။

ခန္ဓာဖွဲ့သည် ဆိုရမှာ – အတိတ်စသည် ၁၁ပါး အပြားရှိသော ရုပ်အစရှိသော တရားတို့ကိုသာ ဉာဏ်ဖြင့် တစ်ပေါင်းတည်း ပြုပြီး ခန္ဓာဖွဲ့ခြင်း ဖြစသည်။
နိဗ္ဗာန်ကား – အထက်၌ ဖော်ပြထားသည့်အတိုင်း အတိတ်စသည် ၁၁ပါး အပြား မရှိခြင်းကြောင့် နိဗ္ဗာန်ကို ခန္ဓာဖွဲ့၍ မရခြင်း ဖြစ်ပါသည်။

မဂ်စိတ်၌ ယှဉ်သော မဂ္ဂင် ၈ပါးနှင့် ဖိုလ်စိတ်၌ယှဉ်သော မဂ္ဂင် ၈ပါး ၏ ထူးခြားချက်မှာ –
မဂ်စိတ်၌ယှဉ်သော မဂ္ဂင် ၈ပါးသည် – မဂ္ဂသစ္စာ ထိုက်၏။
ဖိုလ်စိတ်၌ယှဉ်သော မဂ္ဂင် ၈ပါးသည် မဂ္ဂသစ္စာမထိုက်၊ သစ္စဝိမုတ် ဖြစ်၏။

၁၉၉၆-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ကိလေသာ မမည်သော အကုသိုလ်တရားတို့ကို ကောက်ပြ၍ မဂ္ဂင်တရားတို့သည် သတ္တဝါတို့ကို အပါယ်သို့လည်း ပို့ဆောင်နိုင်သည် ဟူသော စကား မှန်၊ မမှန် စိစစ်ပြပါ။
ကိလေသာ မမည်သော အကုသိုလ်တရားများမှာ –
(၁) ဣဿာ
(၂) မစ္ဆရိယ
(၃) ကုက္ကုစ္စ
(၄) မိဒ္ဓတရားတို့ ဖြစ်ပါသည်။

မဂ္ဂင်တရားတို့သည် သတ္တဝါတို့ကို အပါယ်သို့လည်း ပို့ဆောင်နိုင်သည် ဟူသော စကား မှန်ပါသည်။ စိစစ်ပြရသော် –
မဂ္ဂင်တရားဟူသည် – သုဂတိဘုံ ၊ ဒုဂ္ဂတိဘုံ ၊ နိဗ္ဗာန်ဘုံ ပို့ဆောင်နိုင်သော လမ်းကြောင်း ဖြစ်သည့် မဂ္ဂ မည်သော တရားအပေါင်း၏ အစိတ်အပိုင်း တို့ကို ခေါ်၏။

မဂ္ဂင်တရား ၁၂-ပါးအနက် သမ္မာဒိဋ္ဌိ စသော မဂ္ဂင် ၈-ပါးတို့က သုဂတိဘုံ နှင့် နိဗ္ဗာန်သို့ ပို့ဆောင်နိုင်ပြီး မိစ္ဆာမဂ္ဂင် ၄-ပါးဖြစ်သော
(၁) မိစ္ဆာဒိဋ္ဌိမဂ္ဂင် – လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်သောဒိဋ္ဌိ
(၂) မိစ္ဆာသင်္ကပ္ပမဂ္ဂင် – အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော ဝိတက်
(၃) မိစ္ဆာဝါယာမမဂ္ဂင် – အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော ဝီရိယ
(၄) မိစ္ဆာသမဓိမဂ္ဂင် – ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ကြဉ်သော အကုသိုလ်စိတ် ၁၁-ပါး၌ ယှဉ်သော ဧကဂ္ဂတာ
တို့သည် သတ္တဝါတို့ကို အပါယ်-ဒုဂ္ဂတိဘုံဘဝသို့ ပို့ဆောင်နိုင်ပေသည်။
ထို့ကြောင့် မဂ္ဂင်တရားတို့သည် သတ္တဝါတို့ကို အပါယ်သို့လည်း ပို့ဆောင်နိုင်သည် ဟူသောစကား မှန်ကုန်ပါသည်။

၂။ ဈာန် ၊ မဂ်၊ ဖိုလ် ရဖို့ရန် အခြေခံနည်းလမ်းကောင်းတို့ကို ရေး၍ နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းများကိုလည်း ညွန်ပြပါ။
ဈာန် ၊ မဂ်၊ ဖိုလ် ရဖို့ရန် အခြေခံနည်းလမ်းကောင်းတို့မှာ –
(၁) ဆန္ဒိဒ္ဓိပါဒ်
(၂) ဝီရိယဒ္ဓိပါဒ်
(၃) စိတ္တိဒ္ဓိပါဒ် နှင့်
(၄) ဝီမံသိဒ္ဓိပါဒ် ဟူသော ဣဒ္ဓိပါဒ် ၄-ပါး တို့ ဖြစ်ပါသည်။

နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းတို့မှာ – ၁၉၉၄ ခုနှစ်၊ နံပါတ်-၃ အဖြေကို ကြည့်ပါ။

၃။ အောက်ပါတို့ကို ခွဲခြားဖြေဆိုပါ။
(က) သေက္ခပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်သော ဣနြေ္ဒ
(ခ) အသေက္ခပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်သော ဣနြေ္ဒ
သေက္ခပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်သော ဣနြေ္ဒမှာ –
(၁) အနညာတညဿာမိတိနြေ္ဒ = သာတာပတ္ထိမဂ်ခဏ၌ ယှဉ်သောပညာ၊
(၂) အညိနြေ္ဒ = အထက်မဂ်-၃၊ အောက်ဖိုလ် ၃-၌ ယှဉ်သော ပညာ တို့ဖြစ်ပါသည်။

အသေက္ခပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်သော ဣနြေ္ဒမှာ –
(၁) အညာတာဝိနြေ္ဒ = အရဟတ္တဖိုလ်၌ ယှဉ်သောပညာ ဖြစ်ပါသည်။

၁၉၉၇-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ သမုစ္စည်းပိုင်း၌ ပြဆိုအပ်သော ၇၂-ပါးသော တရားတို့ကို ရေတွက်ပြ၍ မကောင်းမှု ဒုစရိုက် လွန်ကျူးရန် တွန်းအားပေးသော အကြောင်းတရားများကိုလည်း တရားကိုယ်နှင့်တကွ ဖော်ပြပါ။
သမုစ္စည်းပိုင်း၌ ပြဆိုအပ်သော ၇၂-ပါးသော တရားတို့မှာ –
စိတ် = ၁-ပါး
စေတသိက် = ၅၂-ပါး
နိပ္ဖန္နရုပ် = ၁၈-ပါး
နိဗ္ဗာန် = ၁-ပါး


ပေါင်း = ၇၂-ပါး ဟူသော ဝတ္ထုဓမ္မတရားတို့ ဖြစ်ပါသည်။

မကောင်းမှုဒုစရိုက် လွန်ကျူးရန် တွန်းအားပေးသော အကြောင်းတရားများမှာ –
အကုသိုလ်ဟိတ် ၃-ပါး တရားကိုယ်
(၁) လောဘဟိတ် = လောဘ
(၂) ဒေါသဟိတ် = ဒေါသ
(၃) မောဟဟိတ် = မောဟ

၂။ ကာမဘုံသားသတ္တဝါများ၏ ဘဝကို မလှုပ်ရှားနိုင်အောင် ချည်နှောင်ထားသော သံယောဇဉ်ကြိုး ၅-မျိုးကိုဖော်ပြ၍၊ သူခိုးဓာပြတို့၌ ဖြစ်လေ့ဖြစ်ထရှိသော ဗလစွမ်းအားတို့ကိုလည်း တရားကိုယ်နှင့်တကွ ရေးခဲ့ပါ။
ကာမဘုံသားသတ္တဝါများ၏ ဘဝကို မလှုပ်ရှားနိုင်အောင် ချည်နှောင်ထားသော သံယောဇဉ်ကြိုး ၅-မျိုးမှာ –
(၁) ကာမရာဂသံယောဇဉ်
(၂) ပဋိဃသံယောဇဉ်
(၃) ဒိဋ္ဌိသံယောဇဉ်
(၄) သီလဗ္ဗတပရာမာသသံယောဇဉ်
(၅) ဝိစိကိစ္ဆာသံယောဇဉ် ဟူသော သြရမ္ဘာဂိယသံသောဇဉ် ၅-ပါး တို့ဖြစ်ကြပါသည်။

သူခိုးဓာပြတို့၌ ဖြစ်လေ့ဖြစ်ထရှိသော ဗလစွမ်းအားတို့ကိုလည်း တရားကိုယ်နှင့်တကွ ရေးပြရသော် –
(၁) ဝီရိယဗိုလ် = အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော ဝီရိယစေတသိက်
(၂) သမာဓိဗိုလ် = ဝိစိကိစ္ဆာကြဉ် အကုသိုလ်စိတ် ၁၁-ပါး၌ ယှဉ်သော ဧကဂ္ဂတာ စေတသိက်
(၃) အဟိရိကဗိုလ် = အကုသိုလ်စိတ် ၁၂-ပါး ၌ ယှဉ်သော အဟိရိကစေတသိက်
(၄) အနောတ္တပ္ပဗိုလ် = အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော အနောတ္တပ္ပစေတသိက် တို့ဖြစ်ပါသည်။

၃။ ဒုစရိုက်သမားတစ်ဦး၏ ဒုစရိုက်လုပ်ငန်းအပေါ်၌ စိတ်စူးစိုက်နေစဉ် ငြိမ်သက် တည်ကြည်မှုကို သမာဓိ ဟုခေါ်နိုင်၊ မခေါ်နိုင် တရားကိုယ်ထောက်၍ ဆုံးဖြတ်ပြီးလျှင် ဈာန်ရအရိယာ ပုဂ္ဂိုလ်များမဖြစ်နိုင်သော ဗောဓိပက္ခိယတရားများကိုလည်း ထင်ရှားပေါ်လွင်အောင် ဖော်ပြပါ။
ကောင်းသောကုသိုလ်အာရုံ၌ဖြစ်စေ၊ မကောင်းသောကုသိုလ်အာရုံ၌ဖြစ်စေ စိတ်စူးစိုက်နေမှုကို ဈာန်ဟု ခေါ်၍၊ ထိုသို့ စူးစိုက်နေစဉ် ငြိမ်သက် တည်ကြည်မှုသည် သမာဓိ ခေါ် ဧကဂ္ဂတာ ဈာန်အင်္ဂါ၏ သဘောသတ္တိကြောင့် ဖြစ်ပါသည်။
တရားကိုယ်အားဖြင့် – ဒွေပဉ္စဝိညာဉ် ၁၀-ကြဉ်သော စိတ် ၇၉-ပါး ၌ယှဉ်သည့် ဧကဂ္ဂတာစေတသိက်သည် ဈာနင်ကိစ္စ တပ်ပါသည်။

ဒုစရိုက်သမားတစ်ဦး၏ ဒုစရိုက်လုပ်ငန်းအပေါ်၌ စိတ်စူးစိုက်နေစဉ် အကုသိုလ်ဈာန် ဖြစ်၍၊ ထိုအခိုက် ငြိမ်သက်တည်ကြည်မှု အကုသိုလ်စိတ် ၁၂-ပါး၌ယှဉ်သော ဧကဂ္ဂတာစေတသိက် သည် ဈာန်အင်္ဂါထိုက်သောကြောင့် သမာဓိ ဟုခေါ်နိုင်ပါသည်။
(က) ဈာန်ရ အောက်အောက်အရိယာပုရာပုဂ္ဂိုလ်များ မဖြစ်နိုင်သော ဗောဓိပက္ခိယတရားများမှာ –
မိမိတို့ရရှိပြီး အောက်အောက် မဂ်၊ ဖိုလ်တရားတို့ ရရှိခြင်း၏ အခြေခံ အကြောင်းတရားများဖြစ်သည့်
(၁) ဆန္ဒိဒ္ဓိပါဒ်
(၂) စိတ္တိဒ္ဓိပါဒ်
(၃) ဝီရိယဒ္ဓိပါဒ်
(၄) ဝီမံသိဒ္ဓိပါဒ် ဟူသော ဣဒ္ဓိပါဒ် ၄-ပါး တို့ ထပ်မံ ပွားများရန် မလိုသောကြောင့် မဖြစ်နိုင်ပါ
(ခ) ဈာန်ရ ရဟန္တာပုဂ္ဂိုလ်ဖြစ်က အထက်ပါ ဣဒ္ဓိပါဒ် ၄-ပါး အပြင် –
(၁) ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ဖျောက်နိုင်ခြင်းငှာ အားထုတ်ခြင်း
(၂) မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှာ အားထုတ်ခြင်း
(၃) မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ထွန်းစေခြင်းငှာ အားထုတ်ခြင်း
(၄) ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ခိုင်ခံ့တိုးပွားစေခြင်းငှာ အားထုတ်ခြင်း
ဟူသော သမ္မပ္ပဓာန် ၄-ပါး တို့လည်း မဖြစ်နိုင်ပါ။

၁၉၉၈-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ဒိဋ္ဌိစေတသိက်တစ်ပါးတည်းကိုပင် သီလဗ္ဗတပရာမာသ စသော အမည်အသီးသီးဖြင့် ဆိုရခြင်းအကြောင်းကို ဖော်ပြ၍၊ အောက်ပါတရားတို့၏ သရုပ်ကိုလည်း ဖြေဆိုပါ။
(က) နိဗ္ဗာန်ရရေးကို တားမြစ်ပိတ်ပင်တတ်သောတရား
(ခ) နိဗ္ဗာန်ရောက်ကြောင်းတရား
ဒိဋ္ဌိစေတသိက်တစ်ပါးတည်းကိုပင် သီလဗ္ဗတပရာမာသ စသော အမည်အသီးသီးဖြင့် ဆိုရခြင်းအကြောင်းမှာ –
(၁) သီလဗ္ဗတပရာမာသဒိဋ္ဌိသည် = နွား၊ ခွေးတို့၏ အလေ့အကျင့်ဖြင့် ကိလေသာမှ စင်ကြယ်ကာ သံသရာမှ လွတ်မြောက် လွယ်၏ ဟုယူ၏။
(၂) ဣဒံသစ္စာဘိနိဝေသဒိဋ္ဌသည် = ဤငါ၏အယူသာ အမှန်၊ ကျန်အယူတွေ အမှားချည်းဟု စွဲမြဲစွာ ယူ၏။
(၃) အတ္တဝါဒုပါဒါန်ဒိဋ္ဌိသည် = အတ္တရှိ၏ဟု ယူ၏။
ဤသို့ စွဲယူပုံအခြင်းအရာ ကွဲပြားသောကြောင့် တရားကိုယ်အားဖြင့် ဒိဋ္ဌိစေတသိက် တစ်ခုတည်းကိုပင် သီလဗ္ဗတရာမာသ စသည်ဖြင့် အမည်အသီးသီး တပ်၍ ဆိုခြင်း ဖြစ်ပေသည်။

(က) နိဗ္ဗာန်ရရေးကို တားမြစ်ပိတ်ပင်တတ်သော တရားတို့မှာ – (၁၉၉၃ ၊ နံပါတ် -၁)
(ခ) နိဗ္ဗာန်ရောက်ကြောင်းတရားတို့မှာ – (၁၉၉၃ နံပါတ် -၃)

၂။ ပုထုဇဉ်နှင့် မသက်ဆိုင်သော ဣနြေ္ဒများကို တရားကိုယ်နှင့်တကွ ဖော်ပြ၍၊ သတိမမူ ဂူမမြင် သတိမူလျှင် မြူကိုပင် မြင်သည် ဟူသော ဆိုရိုးစကားနှင့်အညီ သတိကောင်းစေရန် အားထုတ်ရမည့် တရားများကိုလည်း ဖြေဆိုပါ။
ပုထုဇဉ်နှင့် မသက်ဆိုင်သော ဣနြေ္ဒများကို တရားကိုယ်နှင့်တကွ ဖော်ပြရသော် – (၁၉၉၃ နံပါတ်-၂)

သတိမူလျှင် မြူကိုပင် မြင်သည် ဟူသော ဆိုရိုးစကားနှင့်အညီ သတိကောင်းစေရန် အားထုတ်ရမည့် တရားများမှာ –
(၁) ကာယာနုပဿနာသတိပဋ္ဌာန်
(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်
(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်
(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန် ဟူသော သတိပဋ္ဌာန်တရား ၄-ပါး တို့ဖြစ်ကြပါသည်။

၃။ ဓာတ် ၁၈-ပါး ပြားရခြင်းအကြောင်းကိုလည်း ဖြေဆို၍၊ သစ္စာမဖွဲ့သင့်သော ပရမတ္တတရားများကို ဖော်ပြပါ။
ဒွါရ ၆-ပါး၊ အာရုံ ၆-ပါး၊ ဝိညာဏ် ၆-ပါး ပြားခြင်းကြောင့် ဓာတ် ၁၈-ပါး ပြားရခြင်း ဖြစ်ပါသည်။

သစ္စာမဖွဲ့သင့်သော ပရမတ္တတရာများမှာ = မဂ်စိတ္တုပ္ပါဒ် ၂၉-ပါးနှင့် ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ပါးတို့ ဖြစ်ကြပါသည်။

မဂ်စိတ္တုပ္ပါဒ် ၂၉-ပါးနှင့် ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ပါး ယူပုံ – (၁၉၉၀ နံပါတ် -၄)

၁၉၉၉-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ဆန့်ကျင်ဘက်ရန် များကို မတုန်မလှုပ် နောက်မဆုတ်ဘဲ ခိုင်ခိုင်မြဲမြဲ ရပ်တည်ကာ တိုက်ဖျက်ချေမှုန်း သုတ်သင်နိုင်ရန် မည်သည့်တရားများကု ဆောင်ထားရမည်ကို ရေး၍၊ ၎င်းတရားတို့၏ အဓိပ္ပာယ်ကိုလည်း ဖြေဆိုပါ။
ဆန့်ကျင်ဘက်ရန် များကို မတုန်မလှုပ် နောက်မဆုတ်ဘဲ ခိုင်ခိုင်မြဲမြဲ ရပ်တည်ကာ တိုက်ဖျက်ချေမှုန်း သုတ်သင်နိုင်ရန် –
သဒ္ဓါဗိုလ် ၊ ဝီရိယဗိုလ် ၊ သတိဗိုလ် ၊ သမာဓိဗိုလ် ၊ ပညာဗိုလ် ဟူသော ဗိုလ် ၅-ပါး တို့ကို ဆောင်ထားရပါမည်။

(၁) သဒ္ဓါဗိုလ် = ရတနာသုံးပါး၊ ကံ၊ ကံ ၏ အကျိုးတို့၌ ယုံကြည်ခြင်း သဒ္ဓါတရား စွမ်းအင်
(၂) ဝီရိယဗိုလ် = ဒါန ၊ သီလ ၊ ဘာဝနာကုသိုလ်တရား၌ ကြိုးစားအားထုတ်နိုင်ခြင်း ဝီရိယ စွမ်းအင်၊
(၃) သတိဗိုလ် = ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ်တရားတို့၌ ခိုင်မြဲသော အောက်မေ့ခြင်း၊ သတိစွမ်းအင်
(၄) သမာဓိဗိုလ် = ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ်တရားတို့၌ စိတ်ကို တည်တံ့ ခိုင်မြဲစွာထားခြင်း သမာဓိစွမ်းအင်
(၅) ပညာဗိုလ် = လောကီ၊ လောကုတ္တရာတရား အလုံးစုံတို့၌ မှန်ကန်စွာ ထိုးထွင်းသိမြင်နိုင်ခြင်း ပညာစွမ်းအင် တို့ဖြစ်ပါသည်။

၂။ သတ္တဝါတို့အား ကောင်းမှု၊ မကောင်းမှုကံ တို့ကို ကျူးလွန်မိအောင် အားပေးလှုံဆော်တတ်သောအကြောင်း (ဟိတ်တရား) တို့ကို ထုတ်ပြ၍၊ အောက်ပါတို့၏ တရားကိုယ်များကိုလည်းကောက်ပြပါ။ (က) အနညာတညဿာမိတိနြေ္ဒ (ခ) အညာတာဝိနြေ္ဒ
(၁၉၉၀ နံပါတ် – ၃)

၃။ ကြံတိုင်းအောင် ဆောင်တိုင်းအောင် ဆောင်တိုင်းမြောက်ရန်အတွက် အကြီးအမှူုး ဦးစီးခေါင်းဆောင်ဖြစ်သော တရားများကို ရေးသားပြီးလျှင် အာဟာရ မည်သော တရားတို့ကိုလည်း ရေးခဲ့ပါ။
ကြံတိုင်းအောင် ဆောင်တိုင်းအောင် ဆောင်တိုင်းမြောက်ရန်အတွက် အကြီးအမှူုး ဦးစီးခေါင်းဆောင်ဖြစ်သော တရားများမှာ-
(၁) ဆန္ဒာဓိပတိ
(၂) စိတ္တာဓိပတိ
(၃) ဝီရိယာဓိပတိ
(၄) ဝီမံသာဓိပတိ ဟူသော အဓိပတိတရား ၄-ပါး ဖြစ်ပါသည်။

အာဟာရ မည်သော တရားတို့မှာ –
(၁) ကဗဠီကာရာဟာရာ
(၂) ဖဿာဟာရ
(၃) မနောသဉ္စေတနာဟာရ
(၄) ဝိညာဏာဟာရ တို့ဖြစ်ပါသည်။

၂၀၀၀-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ပရမတ်အစ်ဓာတ်အနှစ် ဟူသော စကားအရ ကိုယ်ပိုင်လက္ခဏာရှိကြသော ပရမတ်အစစ်တရားတို့ကို ကောက်ပြ၍၊ ကိလေသာ မမည်သော အကုသိုလ်တရားများကိုလည်း ဖော်ပြပါ။
ကိုယ်ပိုင်လက္ခဏာရှိကြသော ပရမတ်အစစ်တရားတို့မှာ – (၁၉၉၅ ၊ နံပါတ် -၁)
ကိလေသာ မမည်သော အကုသိုလ်တရားများမှာ – (၁၉၉၆ ၊ နံပါတ် -၁)

၂။ အောက်ပါတရားများကို ကောက်ပြပါ။
(က) ဒုစရိုက်သမားတို့၏ လက်သုံးဖြစ်သော မဂ္ဂင်လေးပါး
(ခ) ရှက်ကြောက်ကင်းငြား အကြမ်းဖက်သမားများ၏ စွမ်းအင်နှစ်မျိုး
(က) ဒုစရိုက်သမားတို့၏ လက်သုံးဖြစ်သော မဂ္ဂင်လေးပါးမှာ –
မိစ္ဆာမဂ္ဂင် ၄-ပါးဖြစ်သော မိစ္ဆာဒိဋ္ဌိမဂ္ဂင် ၊ မိစ္ဆာသင်္ကပ္ပမဂ္ဂင် ၊ မိစ္ဆာဝါယာမ ၊ မိစ္ဆာသမာဓိမဂ္ဂင် တို့ဖြစ်ပါသည်။

(ခ) ရှက်ကြောက်ကင်းငြား = အကြမ်းဖက်သမားများ၏ စွမ်းအင်နှစ်ပါးမှာ – အဟိရိကဗိုလ် ၊ အနောတ္တပ္ပဗိုလ် တို့ဖြစ်ပါသည်။

၃။ လောကသံသရာ ဘဝနှစ်ဖြာတွင် အထက်တန်းကျကျ နေနိုင်ရေးအတွက် လုံ့လပြုရမည့် နည်းလမ်းလေးသွယ်ကို ဖြေဆို၍၊ နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းများကို ဖော်ပြပါ။
လောကသံသရာ ဘဝနှစ်ဖြာတွင် အထက်တန်းကျကျ နေနိုင်ရေးအတွက် လုံ့လပြုရမည့် နည်းလမ်းလေးသွယ်မှာ-
(၁၉၉၅ နံပါတ် -၃)

နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းများမှာ- (၁၉၉၃ နံပါတ် -၃)

၂၀၀၁-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ယခုခေတ်၌ မဖြတ်နိုင်လောက်အောင် ဆေးလိပ်စွဲခြင်း ကွမ်းစွဲခြင်း တို့သည် မည်သည့် ဥပါဒါန်မျိုးဖြစ်သည်ကို ရေး၍၊ ယောဂီပုဂ္ဂိုလ်တို့သန္တာန်၌ ဈာန်တရားများဖြစ်ပေါ်ခွင့်မရအောင် တားဆီးပိတ်ပင်တတ်သော ကိလေသာများကိုလည်း ဖြေဆိုပါ။
မဖြတ်နိုင်လောက်အောင် ဆေးလိပ်စွဲခြင်း၊ ကွမ်းစွဲခြင်း တို့သည် – ကာမုပါဒါန် ဖြစ်ပါသည်။
ဈာန်တရားများ ဖြစ်ပေါ်ခွင့်မရအောင် တားဆီးပိတ်ပင်တတ်သော ကိလေသာများမှာ –
ကိလေသာ ၁၀-ပါး မှ နီဝရဏထိုက်သောတရားများ ဖြစ်ပါသည်။

၎င်းတို့မှာ – (၁) လောဘကိလေသာ
(၂) ဒေါသကိလေသာ
(၃) ထိနကိလေသာ
(၄) ဥဒ္ဓစ္စကိလေသာ
(၅) ဝိစိကိစ္ဆာကိလေသာ တို့ဖြစ်ပါသည်။

၂။ ပုထုဇဉ်မိန်းကလေး၌ ရနိုင်သော ဣနြေ္ဒတို့ကို (က) ရုပ်ဣနြေ္ဒ (ခ) နာမ်ဣနြေ္ဒ အားဖြင့် ခွဲခြားပြပါ။
ပုထုဇဉ်မိန်းကလေး၌ ရနိုင်သော
(က) ရုပ်ဣနြေ္ဒမှာ – (၁) စက္ခုနြေ္ဒ
(၂) သောတိနြေ္ဒ
(၃) ဃာနိနြေ္ဒ
(၄) ဇိဝှိနြေ္ဒ
(၅) ကာယိနြေ္ဒ
(၆) ဣတ္ထိနြေ္ဒ
(၇) ရုပ်ဇီဝိတိနြေ္ဒ
(ခ) နာမ်ဣနြေ္ဒ (၁) နာမ်ဇီဝိတိနြေ္ဒ
(၂) မနိနြေ္ဒ
(၃) သုခိနြေ္ဒ
(၄) ဒုက္ခိနြေ္ဒ
(၅) သောမနဿိနြေ္ဒ
(၆) ဒေါမနဿိနြေ္ဒ
(၇) ဥပေက္ခိနြေ္ဒ
(၈) သဒ္ဓိနြေ္ဒ
(၉) ဝီရိယိနြေ္ဒ
(၁၀) သတိနြေ္ဒ
(၁၁) သမာဓိနြေ္ဒ
(၁၂) ပညိနြေ္ဒ တို့ဖြစ်ကြပါသည်။

၃။ နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ခြင်းအကြောင်းတို့ကိုရေး၍၊ မဂ်စိတ်၌ ယှဉ်သော မဂ္ဂင် ၈-ပါးနှင့် ဖိုလ်စိတ်၌ ယှဉ်သော မဂ္ဂင် ၈-ပါး တို့၏ ထူးခြားချက်ကိုလည်း ဖြေဆိုပါ။
(၁၉၉၅ နံပါတ် ၄)

၂၀၀၂-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ လူသားအားလုံးတို့သည် အချုပ်အားဖြင့် ရုပ်နာမ် ပရမတ္ထမျှသာဖြစ်၍ ယင်းပရမတ္ထတို့တွင် မိမိဆိုင်ရာ လက္ခဏာဖြင့် အထည် ကိုယ်ဝတ္ထု ရကောင်းသော ရုပ်နာမ် တို့ကို ရွေးချယ်စိစစ်ပြ၍၊ ဥပါဒါန်တို့၏ အမည်နှင့် တရားကိုယ်များကိုလည်း ယှဉ်တွဲပြပါ။
လူသားတို့တွင် အထည်ကိုယ်ဝတ္ထု ရကောင်းသော ရုပ်နာမ်တို့မှာ –
နိပ္ဖန္နရုပ် ၁၈-ပါး ဟူသော ရုပ်တရား နှင့် စိတ် ၁-ပါး၊ စေတသိက် ၅၂-ပါး ဟူသော နာမ်တရား ပရမတ္ထများ ဖြစ်ပါသည်။

ဥပါဒါန်တို့၏ အမည်နှင့် တရားကိုယ်များကို ယှဉ်တွဲပြရသော် –
ဥပါဒါန်အမည် တရားကိုယ်
(၁) ကာမုပါဒါန် လောဘ
(၂) ဒိဋ္ဌုပါဒါန် ဒိဋ္ဌိ
(၃) သီလဗ္ဗတုပါဒါန် ဒိဋ္ဌိ
(၄) အတ္တဝါဒုပါဒါန် ဒိဋ္ဌိ

၂။ (က) သုတ္တန်နည်းမှာသာပါ၍ အဘိဓမ္မာနည်း၌ မပါသော သံယောဇဉ် တရားကိုယ်။
(ခ) အဘိဓမ္မာနည်းမှသာ၍ သုတ္တန်နည်း၌ မပါသော သံယောဇဉ် တရားကိုယ်
(ဂ) ၂-နည်းလုံးမှာပါသော သံယောဇဉ်တရားကိုယ်တို့ကို အဘိဓမ္မာပညာရှင်ပီပီ စိစစ်ပြပါ။
(က) သုတ္တန်နည်းမှာသာ၍ အဘိဓမ္မာနည်း၌မပါသော သံယောဇဉ်တရားကိုယ်မှာ – ဥဒ္ဓစ္စ တရားကိုယ် ဖြစ်ပါသည်။
(ခ) အဘိဓမ္မာနည်းမှာသာပါ၍ သုတ္တန်နည်း၌မပါသော သံယောဇဉ်တရားကိုယ်မှာ – ဣဿာ၊ မစ္ဆရိယ တရားကိုယ် ဖြစ်ပါသည်။
(ဂ) ၂-နည်းလုံးမှာပါသော သံယောဇဉ် တရားကိုယ်မှာ –
လောဘ၊ ဒေါသ၊ ဒိဋ္ဌိ၊ မာန၊ ဝိစိကိစ္ဆာ ၊ မောဟ တရားကိုယ်တို့ ဖြစ်ပါသည်။

၃။ ဘဝကြီးငယ်သို့ သွားရောက်ကြောင်း ခရီးလမ်းဖြစ်သည့် မဂ္ဂင်တရားစု၌ ဒုဂ္ဂတိဘဝသို့ လားရောက်ကြောင်း ခရီးလမ်း ဖြစ်သည့် တရားစုတို့ကို ရွေးချယ်ပြ၍၊ မဂ္ဂင်မရအပ်သော စိတ်တို့ကိုလည်း ဖြေဆိုပါ။
(၁၉၉၂ နံပါတ် ၃)

၎။ လောကသံသရာ ဘဝနှစ်ဖြာတွင် အထက်တန်းကျကျ နေနိုင်ရေးအတက် လုံ့လပြုရမည့် နည်းလမ်းလေးသွယကို ဖြေဆို၍၊ သစ္စာ ၄-ပါးကို (က) အကြောင်းသစ္စာ (ခ) အကျိုးသစ္စာ အားဖြင့် ခွဲခြားပြပါ။
လုံ့လပြုရမည့် နည်းလမ်းလေးသွယ်မှာ (၁၉၉၅ နံပါတ် ၃)

သစ္စာ ၄-ပါးတို့တွင်
(က) အကြောင်းသစ္စာမှာ – သမုဒယသစ္စာ နှင့် မဂ္ဂသစ္စာ
(ခ) အကျိုးသစ္စာမှာ – ဒုက္ခသစ္စာ နှင့် နိရောဓသစ္စာ တို့ဖြစ်ကြပါသည်။

၂၀၀၃-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ယောဂီ ပုဂ္ဂိုလ် တို့သန္တာန်၌ ဈာန်းတရားများ ဖြစ်ပေါ်ခွင့်မရအောင် တားဆီးပိတ်ပင်တတ်သော ကိလောသာများကို ဖော်ပြ၍ ဣနြေ္ဒရှိသည် ဣနြေ္ဒမဲ့သည်ဟု ဆိုကြရာ၌ ပုထုဇဉ်လူသားတစ်ဥိးသန္တာန်၌ ရှိနိုင်သော ဣနြေ္ဒတို့ကိုလည်း ရေတွက်ပြပါ။
ဈာန်မရအောင် တားဆီးပိတ်ပင်တတ်သော ကိလေသာများ – (၂၀၀၁ နံပါတ် ၁)

ပုထုဇဉ်လူသားတစ်ဦးသန္တာန်၌ ရှိနိုင်သော ဣနြေ္ဒ တို့မှာ –
(၁) စက္ခုနြေ္ဒ
(၂) သောတိနြေ္ဒ
(၃) ဃာနိနြေ္ဒ
(၄) ဇိဝှိနြေ္ဒ
(၅) ကာယိနြေ္ဒ
(၆) ဆိုင်ရာဘာဝိနြေ္ဒ
(၇) ဇီဝိတိနြေ္ဒ
(၈) မနိနြေ္ဒ
(၉) သုခိနြေ္ဒ
(၁၀) ဒုက္ခိနြေ္ဒ
(၁၁) သောမနဿိနြေ္ဒ
(၁၂) ဒေါမနဿိနြေ္ဒ
(၁၃) ဥပေက္ခိနြေ္ဒ
(၁၄) သဒ္ဓိနြေ္ဒ
(၁၅) ဝီရိယိနြေ္ဒ
(၁၆) သတိနြေ္ဒ
(၁၇) သမာဓိနြေ္ဒ
(၁၈) ပညိနြေ္ဒ တို့ဖြစ်ကြပါသည်။

၂။ သတိမမူ ဂူမမြင် သတိမူတော့် မြူကိုမြင်သည် ဟူသော စကားအရ မြူနှင့်တူသော အာရုံများကို မြင်နိုင်ရန် အဘယ်တရားများကို နှလုံးသွင်းရမည်ကို ဖြေဆိုပါ။
(၁၉၉၈ နံပါတ် ၂)

၃။ ဓာတ်(၁၈)ပါး ပြားရခြင်းအကြောင်းကို ဖြေဆို၍၊ ၎င်းဓာတ် ၁၈-ပါးကိုလည်း (က) ရုပ်ဓာတ် (ခ) နာမ်ဓာတ် (ဂ) ရုပ်နာမ်နှစ်ပါးဆိုင်သော ဓာတ်အားဖြင့် ခွဲခြားပြခဲ့ပါ။
ဓာတ် (၁၈)ပါး ပြားရခြင်းအကြောင်းမှာ – ဒွါရ ၆-ပါး ၊ အာရုံ ၆-ပါး ၊ ဝိညာဏ် ၆-ပါးစီ ပြားခြင်းကြောင့်ဖြစ်ပါသည်။
၎င်းဓာတ် ၁၈-ပါးကို ခွဲခြားပြရသော်
(က) ရုပ်ဓာတ်
၁. စက္ခုဓာတ်
၂. သောတဓာတ်
၃. ဃာနဓာတ်
၎. ဇိဝှါဓာတ်
၅. ကာယဓာတ်
၆. ရူပဓာတ်
၇. သဒ္ဒဓာတ်
၈. ဂန္ဓဓာတ်
၉. ရသဓာတ်
၁၀. ဖောဋ္ဌဗ္ဗဓာတ်

(ခ) နာမ်ဓာတ်
၁. စက္ခုဝိညာဏ်ဓာတ်
၂. သောတဝိညာဏဓာတ်
၃. ဃာနဝိညာဏဓာတ်
၎. ဇိဝှါဝိညာဏဓာတ်
၅. ကာယဝိညာဏဓာတ်
၆. မနောဓာတ်
၇. မနောဝိညာဏဓာတ်
(ဂ) ရုပ်နာမ်နှစ်ပါးဆိုင်သောဓာတ်
၁. ဓမ္မဓာတ်

၂၀၀၄-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ပရမတ်အစစ်ဓာတ်အနှစ် ဟူသောစကားအရ ကိုယ်စီကိုယ်ငှ ကိုယ်ပိုင်လက္ခဏာရှိကြသော ပရမတ်အစစ်တရားများကို ရေတွက်ပြ၍၊ ဈာနင် (၇)ပါး ကိုလည်း ကုသိုလ်၊ အကုသိုလ်၊ အဗျာကတဈာနင်အားဖြင့် ခွဲခြားပြပါ။
ပရမတ်အစစ် တရားများမှာ ၁၉၉၅ နံပါတ်-၁
ဈာနင်(၇)ပါးတို့ကို ကုသိုလ်၊ အကုသိုလ်၊ အဗျာကတဈာနင်အားဖြင့် ခွဲခြားပြရသော် –
ကုသိုလ်ဈာနင်
၁. ဝိတက်ဈာနင်
၂. ဝိစာရဈာနင်
၃. ပီတိဈာနင်
၎. ဧကဂ္ဂတာဈာနင်
၅. သောမနဿဈာနင်
၆. ဥပေက္ခာဈာနင်

အကုသိုလ်ဈာနင်
၁. ဝိတက်ဈာနင်
၂. ဝိစာရဈာနင်
၃. ပီတိဈာနင်
၎. ဧကဂ္ဂတာဈာနင်
၅. သောမနဿဈာနင်
၆. ဒေါမနဿဈာနင်
၇. ဥပေက္ခာဈာနင်

အဗျာကတဈာနင်
၁. ဝိတက်ဈာနင်
၂. ဝိစာရဈာနင်
၃. ပီတိဈာနင်
၎. ဧကဂ္ဂတာဈာနင်
၅. သောမနဿဈာနင်
၆. ဥပေက္ခာဈာနင်
ထိုဈာနင်တို့သည် ကုသိုလ်စိတ်၌ ယှဉ်ခိုက် ကုသိုလ်ဈာနင်၊ အကုသိုလ်စိတ်၌ ယှဉ်ခိုက် အကုသိုလ်ဈာနင်၊ အဗျာကတစိတ်၌ ယှဉ်ခိုက် အဗျာကတဈာနင် – ဟု ထိုက်သလို ဖြစ်ကြ၏ အထူးမှာ – ဒေမနဿဈာနင်သည် အကုသိုလ်စိတ်၌သာ ယှဉ်သောကြောင့် အကုသိုလ်ဈာနင် သက်သက်သာ ဖြစ်၏။

၂။ အောက်ပါတရားများကို ဖြေဆိုပါ။
(က) ဒုစရိုက်သမားတို့၏ လက်သုံးဖြစ်သော မဂ္ဂင် လေးပါး
(ခ) ရှက်ကြောက်ကင်းငြား အကြမ်းဖက်သမားများ၏ စွမ်းအင် နှစ်ပါး
(၂၀၀၀ ၊ နံပါတ် ၂)

၃။ (က) သေက္ခပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်သော ဣနြေ္ဒ
(ခ) အသေက္ခပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်သော ဣနြေ္ဒတို့ကို အဘိဓမ္မာပညာရှင်ပီပီိ ခွဲခြားဖြေဆိုပါ။

(၁၉၉၆ နံပါတ် ၃)

၎။ နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ရခြင်းအကြောင်းကို ဖြေဆို၍၊ မဂ်စိတ်၌ယှဉ်သော မဂ္ဂင် ၈-ပါးနှင့် ဖိုလ်စိတ် ၌ယှဉ်သော မဂ္ဂင် ၈-ပါး တို့၏ ထူးခြားချက်ကိုလည်း ဖြေဆိုပါ။
(၁၉၉၅ နံပါတ် ၄)

၂၀၀၅-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ဆက်စပ်ထုံးဖွဲ့တတ်သော တရားအစုကို ဖြေဆို၍၊ အသက်လိပ်ပြာ ဝိညာဏ်ကောင် ရှိသည်ဟု ယခုတိုင် အချို့သော ပုဂ္ဂိုလ်များ စွဲလမ်းယူဆနေခြင်းသည် မည်သည့်ဥပါဒါန်မျိုး ဖြစ်သည်ကိုလည်း ဖြေဆိုပါ။
သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ဆက်စပ်ထုံးဖွဲ့တတ်သော တရားအစုမှာ –
ကာယဂန္တ တရား ၄-ပါး ဖြစ်သော – အဘိဇ္ဈာကာယဂန္တ
– ဗျာပါဒကာယဂန္တ
– သီလဗ္ဗတပရာမာသကာယဂန္တ
– ဣဒံသစ္စာဘိနိဝေသကာယဂန္တ တို့ဖြစ်ပါသည်။

အသက်လိပ်ပြာဝိညာဏ်ကောင်ရှိသည်ဟု ယခုတိုင်အချို့သော ပုဂ္ဂိုလ်များ စွဲလမ်းယူဆနေခြင်းသည် – အတ္တဝါဒုပါဒါန် ဖြစ်ပါသည်။

၂။ ဣနြေ္ဒ ၂၂-ပါးတို့တွင် ပညာစေတသိက်ကို အရကောက်ရသော ဣနြေ္ဒတို့ကို ဖြေဆို၍၊ လောကီ လောကုတ္တရာ နှစ်မျိုးပါဝင်သော ဣနြေ္ဒများကိုလည်း ဖြေဆိုပါ။
ဣနြေ္ဒ ၂၂-ပါးတို့တွင် ပညာစေတသိက်ကို အရကောက်ရသော ဣနြေ္ဒတို့မှာ – (၁) ပညိနြေ္ဒ (၂) အနညာတညဿာမိတိနြေ္ဒ (၂) အညိနြေ္ဒ (၄) အညာတာဝိနြေ္ဒ တို့ဖြစ်ပါသည်။

လောကီ လောကုတ္တရာ နှစ်မျိုးပါဝင်သော ဣနြေ္ဒ များမှာ –
(၁) ဇီဝိတိနြေ္ဒ (၂) မနိနြေ္ဒ (၃) သောမနဿိနြေ္ဒ (၄) ဥပေက္ခိနြေ္ဒ (၅) သဒ္ဓိနြေ္ဒ (၆) ဝီရယိနြေ္ဒ (၇) သတိနြေ္ဒ (၈) သမာဓိနြေ္ဒ (၉) ပညိနြေ္ဒ တို့ဖြစ်ပါသည်။

၃။ ကြီးပွားတိုးတက်လိုသူတိုင်း ဆောင်ရမည့် တရားအစုကို ဖြေဆို၍၊ ဗောဓိပက္ခိယတရား ၃၇-ပါး တို့ကို နာမည်အပြားအားဖြင့် ရေတွက်ပြပါ။
ကြီးပွားတိုးတက်လိုသူတိုင်း ဆောင်ရမည့် တရားအစု မှာ – (၁၉၉၅ နံပါတ် ၃)

ဗောဓိပက္ခိယတရား ၃၇-ပါး တို့ကို နာမည်အပြားအားဖြင့် ရေတွက်ပြရသော်-
(၁) သတိပဋ္ဌာန်တရား = ၄-ပါး
(၂) သမ္မပ္ပဓာန်တရား = ၄-ပါး
(၃) ဣဒ္ဓိပါဒ်တရား = ၄-ပါး
(၄) ဣနြေ္ဒတရား = ၅-ပါး
(၅) ဗိုလ်တရား = ၅-ပါး
(၆) ဗောဇ္ဈင်တရား = ၇-ပါး
(၇) မဂ္ဂင်တရား = ၈-ပါး


ပေါင်း = ၃၇-ပါး တို့ဖြစ်ပါသည်။

၂၀၀၆-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ အမုန်းတရားကို သံယောဇဉ်ဟု ဆိုနိုင် မဆိုနိုင် အဘိဓမ္မာအမြင်ဖြင့် ဆုံးဖြတ်၍ သုတ္တန်နည်းသံယောဇဉ် ၁၀-ပါးနှင့် အဘိဓမ္မာနည်း သံယောဇဉ် ၁၀-ပါး တို့၏ ထူးခြားဟန်ကိုလည်း ဖြေဆိုခဲ့ပါ။
အမုန်းတရာကို သံယောဇဉ်ဟု ဆိုနိုင်ပါသည်။ အဘိဓမ္မာအမြင်ဖြင့် ဆုံးဖြတ်ရသော် – သံယောဇဉ် ၁၀-ပါးတွင် ပါဝင်သော ပဋိဃသံယောဇဉ်သည် ဒေါသတရားကိုယ် ဖြစ်သောကြောင့် အမုန်းတရား (ဒေါသ)ကို သံယောဇဉ်ဟု ဆိုနိုင်ရခြင်း ဖြစ်ပါသည်။ သုတ္တန်နည်း သံယောဇဉ် ၁၀-ပါးနှင့် အဘိဓမ္မာနည်း သံယောဇဉ် ၁၀-ပါး တို့၏ ထူးခြားဟန်မှာ –
သုတ္တန်နည်း၌ – ရူပရာဂသံယောဇဉ်၊ အရူပရာဂသံယောဇဉ်၊ ဥဒ္ဓစ္စသံယောဇဉ် နှင့် အဘိဓမ္မာနည်း၌ – ဘဝရာဂသံယောဇဉ်၊ ဣဿာသံယောဇဉ်၊ မစ္ဆရိယသံယောဇဉ် ဟူ၍ သံယောဇဉ် ၃-ပါးစီသာထူးခြားပြီး ကျန်သံယောဇဉ်(၇)ပါးမှာမူ နည်း ၂-ပါးလုံး ၌ အတူတူပင် ဖြစ်ပါသည်။

တရားကိုယ်အားဖြင့် သုတ္တန်နည်း၌ – လောဘ ၊ ဒေါသ ၊ မာန ၊ ဒိဋ္ဌိ ၊ ဝိစိကိစ္ဆာ၊ ဥဒ္ဓစ္စ ၊ မောဟ ဟူသော တရားကိုယ်(၇)ပါး
အဘိဓမ္မာနည်း၌ – ဥဒ္ဓစ္စ မပါဝင်ဘဲ ဣဿာ၊ မစ္ဆရိယ ဟု တရားကိုယ် ၈-ပါး ဖြစ်ပါသည်။

၂။ မူးယစ်ဆေးဝါးကို မဖြတ်နိုင်လောက်အောင် စွဲလမ်းနေခြင်းသည် မည်သည့်ဥပါဒါန်မျိုး ဖြစ်ပါသနည်း။ ဖြေဆို၍ ဒိဋ္ဌိစေတသိက်တစ်ခုတည်းကိုပင်လျှင် သီလဗ္ဗတပရာမာသ၊ ဣဒံသစ္စာ ဘိနိဝေသ၊ အတ္တဝါဒုပါဒန် ဟုအမည်အမျိုးမျိုး တပ်၍ ဟောရခြင်း အကြောင်းကိုလည်း ဖြေဆိုခဲ့ပါ။
မူးယစ်ဆေးဝါးကို မဖြတ်နိုင်လောက်အောင် စွဲလမ်းနေခြင်းသည် – ကာမုပါဒါန် (လောဘတရားကိုယ်) ဖြစ်ပါသည်။
ဒိဋ္ဌိစေတသိက်တစ်ခုတည်းကိုပင်လျှင် သီလဗ္ဗတပရာမာသ၊ ဣဒံသစ္စာ ဘိနိဝေသ၊ အတ္တဝါဒုပါဒန် ဟုအမည်အမျိုးမျိုး တပ်၍ ဟောရခြင်းအကြောင်းမှာ – ဒိဋ္ဌိစေတသိက် ဟူသည် မှားယွင်းစွာသိခြင်းသဘော ဖြစ်ပါသည်။ ထိုသို့ မှားယွင်းစွာ သိရာ၌ –
(၁) နွား ၊ခွေးတို့၏ အလေ့အကျင့် စသောအကျင့်ကို ကျင့်လျှင် ကိလေသာလည်းစင်ကြယ်၏ သံသရာမှလည်း လွတ်မြောက်လွယ်၏ ဟုမှားယွင်းစွာ သုံးသပ်ထားသောကြောင့် ထိုဒိဋ္ဌိကို သီလဗ္ဗတပရာမာသ ဟု ဟောတော်မူပါသည်။

(၂) အယူမှားကိုမှားပြီးလျှင် ဤငါ့အယူသာအမှန် ကျန်အယူမှန်သမျှ အလွဲချဉ်းသာ ဟုမှားယွင်းစွာ စွဲစွဲမြဲမြဲ ယူသောကြောင့် ထိုဒိဋ္ဌိကို ဣဒံသစ္စာ ဘိနိဝေသ ဟု ဟောတော်မူပါသည်။

(၃) မိစ္ဆာအယူရှိသူတို့ ကြံဆအပ်သော ၂၀-သော အတ္တရှိသည် ဟုပြောဆိုကြောင်းဖြစ်သော အယူ၊ အတ္တဝါဒ မြဲမြံစွာ ယူတတ် စွဲလမ်းတတ်သောကြောင့် ထိုဒိဋ္ဌိကို အတ္တဝါဒုပါဒါန်ဟု ဟောတော်မူပါသည်။

၃။ လုပ်အားတန်ဘိုးချစ်မြတ်နိုးသော ပုဂ္ဂိုလ်တို့ ပယ်ထိုက်သောတရားနှင့် တိုးပွားစေထိုက်သော တရားတို့ကို သမ္မပ္ပဓာန် ရှုမျှော်လျက် ဖြေဆိုပြီးလျှင် အဘိဓမ္မာစာမေးပွဲ ကို အဆင့်တိုင်း၌ ဗိုလ်စွဲလိုလျှင် ပြည့်စုံရမည့်တရားတို့ကိုလည်း ဖော်ပြခဲ့ပါ။
လုပ်အားတန်ဘိုးချစ်မြတ်နိုးသော ပုဂ္ဂိုလ်တို့ ပယ်ထိုက်သောတရားနှင့် တိုးပွားစေထိုက်သော တရားတို့ကို သမ္မပ္ပဓာန် ရှုမျှော်လျက် ဖြေဆိုရလျှင် – သမ္မပ္ပဓာန် ၄-ပါးသည်
(၁) မဖြစ်သေးသော အကုသိုလ်တို့ကို အသစ်မဖြစ်အောင် အားထုတ်ခြင်း
(၂) ဖြစ်ပြီးသော အကုသိုလ်တို့ကို ပယ်ခြင်းငှာ အားထုတ်ခြင်း
(၃) မဖြစ်သေးသော ကုသိုလ်တို့ကို ဖြစ်လောအောင် အားထုတ်ခြင်း
(၄) ဖြစ်ပြီးသော ကုသိုလ်တို့ကို တိုးပွားစေခြင်းငှာ အားထုတ်ခြင်း တို့ဖြစ်သောကြောင့်

အထက်ပါနည်းအတိုင်း ပယ်ထိုက်သော အကုသိုလ်တရားတို့ကို ပယ်၍ တိုးပွားစေထိုက်သော ကုသိုလ်တရားတို့ကို တိုးပွားစေနိုင်ပါသည်။
အဘိဓမ္မာစာမေးပွဲကို အဆင့်တိုင်း၌ ဗိုလ်စွဲလိုလျှင် ပြည့်စုံရမည့်တရားမှာ ၁၉၉၅ နံပါတ် ၃

၂၀၀၇-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ကိုယ်ပိုင်လက္ခဏာရှိကုန်သော တရားတို့ကို သိသာရုံဖော်ပြ၍၊ သုတ္တန်နည်း၊ အဘိဓမ္မာနည်း နှစ်မျိုးလုံးတွင် အကျုံးဝင်သော သံယောဇဉ်တရားများကိုလည်း ရေးသားဖြေဆိုပါ။
ကိုယ်ပိုင်လက္ခဏာရှိကုန်သော တရားတို့မှာ – (၁၉၉၅ နံပါတ် ၁)

သုတ္တန်နည်း – အဘိဓမ္မာနည်း နှစ်မျိုးတွင် အကျုံးဝင်သော သံယောဇဉ်တရားများမှာ –
(၁) ကာမရာဂသံယောဇဉ်
(၂) ပဋိဃသံယောဇဉ်
(၃) မာနသံယောဇဉ်
(၄) ဒိဋ္ဌိသံယောဇဉ်
(၅) သီလဗ္ဗတပရာမာသ သံယောဇဉ်
(၆) ဝိစိကိစ္ဆာသံယောဇဉ်
(၇) အဝိဇ္ဇာသံယောဇဉ် တို့ဖြစ်ကြပါသည်။

၂။ မိန်းကလေးတို့ ဣနြေ္ဒ ရွှေပေးလို့မရ ၊ ရဟန်းတို့ဣနြေ္ဒ စိန်ကျွေးလည်းမရ ဟုလောက လူသားများ ပြောဆိုနေကြရာ အဘယ်ဣနြေ္ဒတို့ကို ရည်ရွယ်သည်ကို ဖြေဆို၍၊ ဣနြေ္ဒ ၂၂-ပါးတို့ကိုလည်း ရုပ်ဣနြေ္ဒ ၊ နာမ်ဣနြေ္ဒ ၊ ရုပ်-နာမ် ဣနြေ္ဒ အားဖြင့် ခွဲခြားဖြေဆိုပါ။
မိန်းကလေးတို့ ဣနြေ္ဒ ရွှေပေးလို့မရ ဆိုသည်မှာ – ဣတ္ထိနြေ္ဒ
ရဟန်းတို့ဣနြေ္ဒ စိန်ကျွေးလည်းမရ ဆိုသည်မှာ – ပုရိသိနြေ္ဒ တို့ကို ရည်ရွယ်ပါသည်။

ဣနြေ္ဒ ၂၂-ပါးတို့တွင်
ရုပ်ဣနြေ္ဒ
(၁) စက္ခုနြေ္ဒ
(၂) သောတိနြေ္ဒ
(၃) ဃာနိနြေ္ဒ
(၄) ဇိဝှိနြေ္ဒ
(၅) ကာယိနြေ္ဒ
(၆) ဣတ္ထိနြေ္ဒ
(၇) ပုရိသိနြေ္ဒ

နာမ်ဣနြေ္ဒ
(၁) မနိနြေ္ဒ
(၂) သုခိနြေ္ဒ
(၃) ဒုက္ခိနြေ္ဒ
(၄) သောမနာဿိနြေ္ဒ
(၅) ဒေါမနဿိနြေ္ဒ
(၆) ဥပေက္ခိနြေ္ဒ
(၇) သဒ္ဓိနြေ္ဒ
(၈) ဝီရိယိနြေ္ဒ
(၉) သတိနြေ္ဒ
(၁၀) သမာဓိနြေ္ဒ
(၁၁) ပညိနြေ္ဒ
(၁၂) အနညာသညဿာမိတိနြေ္ဒ
(၁၃) အညိနြေ္ဒ
(၁၄) အညာတာဝိနြေ္ဒ

ရုပ်-နာမ် ဣနြေ္ဒ
(၁) ဇီဝိတိနြေ္ဒ ၁-ပါး တို့ ဖြစ်ကြပါသည်။

၃။ ၃၁-ဘုံ ဘဝဇာတ်ခုံဝယ် ဇာတ်ဆရာအလိုကျ က-ပြရသော သံသရာဇာတ်ကောင်များပီပီ သံသရာခရီးကြမ်းမှ လွတ်ရာ ဖြစ်သော သတိပဋ္ဌာန်တရားများကို ဖော်ပြ၍၊ နိဗ္ဗာန်ကို ခန္ဓာအဖွဲ့ဝင်တွင် ပါဝင်ခွင့် မပေးရခြင်းအကြောင်းကို ဖြေဆိုပြပါ။
သံသရာခရီးကြမ်းမှ လွတ်ရာဖြစ်သော သတိပဋ္ဌာန်တရာများမှာ –
(၁) ကာယာနုပဿနာ သတိပဋ္ဌာန်
(၂) ဝေဒနာနုပဿာန သတိပဋ္ဌာန်
(၃) စိတ္တာနုပဿာန သတိပဋ္ဌာန်
(၄) ဓမ္မာနုပဿနာ သတိပဋ္ဌာန်တို့ဖြစ်ပါသည်။

နိဗ္ဗာန်ကို ခန္ဓာအဖွဲ့အဝင်တွင် ပါဝင်ခွင့်မပေးရခြင်းအကြောင်းမှာ – (၁၉၉၅ နံပါတ် ၄)

၂၀၀၈-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်ဟုဆိုသော်လည်း မဖြတ်နိုင်လောက်အောင် စွဲနေသောသူအား ဖြစ်နိုင်သောဥပါဒါန်ကို ဖော်ပြ၍၊ ဈာန်စသောတရားများကို ဖြစ်ခွင့်မရအောင် ပိတ်ပင်တားမြစ်တတ်သော တရားများကိုလည်း ရေးသားဖြေဆိုပါ။
မဖြတ်နိုင်လောက်အောင် ဆေးလိပ်စွဲနေသောသူများ ဖြစ်နိုင်သော ဥပါဒါန်မှာ – ကာမုပါဒါန် ဖြစ်ပါသည်။

ဈာန်စသောတရားများကို ဖြစ်ခွင့်မရအောင် ပိတ်ပင်တားမြစ်တတ်သော တရားများမှာ နီဝရဏတရား ၆-ပါးမှ –
(၁) ကာမစ္ဆန္ဒ နီဝရဏ
(၂) ဗျာပါဒ နီဝရဏ
(၃) ထိန-မိဒ္ဓ နီဝရဏ
(၄) ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏ
(၅) ဝိစိကိစ္ဆာ နီဝရဏ ဟူသော နီဝရဏတရား ၅-ပါး ဖြစ်ပါသည်။

၂။ မကောင်းမှု အကုသိုလ်ပြုလုပ်နေသော ဒုစရိုက်သမားတို့၏ လက်သုံးဖြစ်သော မဂ္ဂင်တရားများကို ဖော်ပြ၍၊ မယိင်းမယိုင် ကျောက်စာတိုင် မြဲမြံ ခိုင်ခံ့သော သဘောတရား၏ အမည်ကိုလည်း ဖြေဆိုပါ။
မကောင်းမှု အကုသိုလ်ပြုလုပ်နေသော ဒုစရိုက်သမားတို့၏ လက်သုံးဖြစ်သော မိစ္ဆာမဂ္ဂင်တရားများမှာ- (၂၀၀၁ နံပါတ် ၂(က))
မယိင်းမယိုင် ကျောက်စာတိုင်ကဲ့သို့ မြဲမြံ ခိုင်ခံ့သော သဘောတရား၏ အမည်မှာ – ဗိုလ်တရား ဖြစ်ပါသည်။

၃။ သူတော်ကောင်းများ အရိုးကျေကျေ အရေခန်းခန်း မဆုတ်မနစ် ဇွဲလုံ့လဖြင့် ပြင်းထန်စွာ အားထုတ်အပ်သော တရားများကို ဖြေဆို၍ ဒုက္ခသစ္စာ မထိုက်သော တေဘူမကတရားကိုလည်း ရေးသားပြပါ။
မဆုတ်မနစ် ဇွဲလုံ့လဖြင့် ပြင်းထန်စွာ အားထုတ်အပ်သော တရားများမှာ – (၁၉၉၅ နံပါတ် ၃)

ဒုက္ခသစ္စာ မထိုက်သော တေဘူမကတရားမှာ – လောဘစေတသိက် ဖြစ်ပါသည်။

၂၀၀၉-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ မဟာသမုဒ္ဒရာရှိ ဝဲဂယက်ကြီးများကဲ့သို့ သတ္တဝါများအား နစ်မြုပ်စေတတ်သော တရားများကို ဖြေဆို၍၊ သံယောဇဉ် အရတွင် မပါဝင်သော အကုသိုလ်စေတသိက်များကိုလည်း အမည်မျှသာ ဖော်ပြပါ။
ဝဲဂယက်ကြီးများကဲ့သို့ သတ္တဝါများအား နစ်မြုပ်စေတတ်သော တရားများမှာ
(၁) ကာမောဃ
(၂) ဘဝေါဃ
(၃) ဒိဋ္ဌောဃ
(၄) အဝိဇ္ဇောဃ ဟူသော သြဃတရား ၄-ပါး ဖြစ်ပါသည်။

သံယောဇဉ်အရတွင် မပါဝင်သော အကုသိုလ်စေတသိက်များမှာ – အဟိရိက ၊အနောတ္တပ္ပ ၊ ထိန ၊ မိဒ္ဓ တို့ဖြစ်ပါသည်။

၂။ ဣနြေ္ဒ ၂၂-ပါးတို့တွင် သောတပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သာ ရနိုင်သော ဣနြေ္ဒကို တိကျစွာ ညွှန်ပြ၍၊ အကြီးအမှူး အရှင်သခင် ဖြစ်သော တရားတို့၏ စိတ်အစဉ်၌ ဖြစ်ပုံဖြစ်ဟန်ကိုလည်း သိသာရုံမျှ ဖြေဆိုပါ။
ဣနြေ္ဒ ၂၂-ပါးတို့တွင် သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သာ ရနိုင်သော ဣနြေ္ဒမှာ – အနညာတညဿမိတိနြေ္ဒ ဖြစ်ပါသည်။

အကြီးအမှူး အရှင်သခင်ဖြစ်သော အဓိပတိတရားတို့သည် မိမိနှင့်အတူ ဖြစ်ဖက်တရားတို့ကို လွှမ်းမိုးအုပ်ချုပ် အရှင်သခင်လုပ်ပြီးလျှင် တကွဖြစ်ဖက် တရားစုတို့ကို ထိုထိုကိစ္စ၌ မိမိအလိုကျအောင် လိုက်ပါစေနိုင်သောတရား ဖြစ်ပါသည်။

၃။ ဗောဓိပက္ခိယသင်္ဂဟ၌ ပညာစေတသိက်၏ ဖြစ်ရာဌာနတို့ကို ဖြေဆို၍၊ သင်္ကပ္ပနှင့် ပီတိတရားတို့၏ လောကုတ္တရာစိတ် တို့၌ဖြစ်ပုံမဖြစ်ပုံတို့ကိုလည်း စုံလင်အောင် ဖြေဆိုပါ။
ဗောဓိပက္ခိယသင်္ဂဟ၌ ပညာစေတသိက်၏ ဖြစ်ရာဌာနတို့မှာ –
(၁) ဣဒ္ဓိပါဒ် (ဝီမံသိဒ္ဓိပါဒ်)
(၂) ဣနြေ္ဒ (ပညိနြေ္ဒ)
(၃) ဗိုလ် (ပညာဗိုလ်)
(၄) ဗောဇ္ဈင် (ဓမ္မဝိစယသမ္ဗောဇ္ဈင်)
(၅) မဂ္ဂင် (သမ္မာဒိဋ္ဌိမဂ္ဂင်) တို့ဖြစ်ပါသည်။

သင်္ကပ္ပနှင့် ပီတိတရားတို့၏ ဈာန်အားဖြင့် ရေတွက်သော လောကုတ္တရာစိတ် (လောကုတ္တရာစိတ်အကျယ်) တို့တွင် –
သင်္ကပ္ပ(ဝိတက်)သည် – လောကုတ္တရာ ပထမဈာန်စိတ် ၈-ပါး ၌ဖြစ်ပြီး ဒုတိယဈာန်စြိတ် စသော ကြွင်းလောကုတ္တရာစိတ် ၃၂-ပါး၌ မဖြစ်ပါ။
ပီတိသည် – လောကုတ္တရာ ပထမဈာန် ၊ ဒုတိယဈာန် ၊ တတိယဈာန် စိတ် ၂၄-ပါး၌ဖြစ်ပြီး၊ စတုတ္တဈာန် ၊ ပဉ္စမဈာန် တို့တွင် မဖြစ်ပါ။

၂၀၁၀-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ သတ္တဝါတို့ကို သံသရာဝဋ်အတွင်းမှ မလွတ်ကင်းရအောင် ဖွဲ့နှောင်ယှဉ်စပ်တတ်သော တရားအစုတို့ကို အဘိဓမ္မာနည်းအရ ထုတ်ပြ၍၊ သတ္တဝါတို့၏ သန္တာန်၌ အစဉ်အမြဲ ကိန်းအောင်းလျက်ရှိသော တရားအစုတို့ကိုလည်း ဖော်ပြပါ။
သတ္တဝါတို့ကို သံသရာဝဋ်အတွင်းမှ မလွတ်ကင်းရအောင် ဖွဲ့နှောင်ယှဉ်စပ်တတ်သော တရားအစုမှာ –
(၁) ကာမယောဂ
(၂) ဘဝယောဂ
(၃) ဒိဋ္ဌိယောဂ
(၄) အဝိဇ္ဇောယောဂ ဟူသော ယောဂတရား ၄-ပါး ဖြစ်ပါသည်။

သတ္တဝါတို့၏ သန္တာန်၌ အစဉ်အမြဲ ကိန်းအောင်းလျက်ရှိသော တရားအစုတို့မှာ – ၁၉၉၀ နံပါတ် ၁

၂။ ထိုထိုများစွာ သတ္တဝါတို့အား ကောင်းမှု-မကောင်းမှု ကံများ ပြုလပ် ကျူးလွန်မိအောင် အားပေးလှုံ့ဆော်တတ်သော အကြောင်းရင်းတရားများကို ထုတ်ပြ၍၊ ဈာန် ၊ မဂ် ၊ ဖိုလ် ရရန် အခြေခံဖြစ်သော နည်းလမ်းကောင်းများကိုလည်း တရားကိုယ်နှင့်တကွ ဖော်ပြပါ။
သတ္တဝါတို့အား ကောင်းမှု-မကောင်းမှု ကံများ ပြုလပ် ကျူးလွန်မိအောင် အားပေးလှုံ့ဆော်တတ်သော အကြောင်းရင်းတရားများမှာ – (၁၉၉၀ နံပါတ် ၃)
ဈာန် ၊ မဂ် ၊ ဖိုလ် ရရန် အခြေခံဖြစ်သော နည်းလမ်းကောင်းများကို တရားကိုယ်နှင့်တကွ ဖော်ပြရသော် –
ဆန္ဒိဒ္ဓိပါဒ် = ကုသိုလ်စိတ် ၂၁-ပါး၌ ယှဉ်သော ဆန္ဒစေတသိက်
စိတ္တိဒ္ဓိပါဒ် = ကုသိုလ်စိတ် ၂၁-ပါး
ဝီရိယိဒ္ဓိပါဒ် = ကုသိုလ်စိတ် ၂၁-ပါး၌ ယှဉ်သော ဝီရိယစေတသိက်
ဝီမံသိဒ္ဓိပါဒ် = တိဟိတ်ကုသိုလ် ၁၇-ပါး၌ ယှဉ်သော ပညာစေတသိက်

၃။ ဗောဓိပက္ခိယသင်္ဂဟ၌ ဧကဂ္ဂတာစေတသိက်၏ ဖြစ်ရာဌာနတို့ကို အသီးသီး ရေတွက်ပြ၍၊ လူ့ခန္ဓာကိုယ် အဖွဲ့အစည်းအတွင်း၌ နိဗ္ဗာန်ပါဝင်မှု ရှိပါသလော၊ အဘိဓမ္မာအမြင့်ဖြင့် ရှင်းလင်းဖြေဆိုပါ။
ဗောဓိပက္ခိယသင်္ဂဟ၌ ဧကဂ္ဂတာစေတသိက်၏ ဖြစ်ရာဌာနမှာ –
(၁) ဣနြေ္ဒ = သမာဓိနြေ္ဒ
(၂) ဗိုလ် = သမာဓိနြေ္ဒ
(၃) ဗောဇ္ဈင် = သမာဓိသမ္ဗောဇ္ဈင်
(၄) မဂ္ဂင် = သမ္မာသမာဓိမဂ္ဂင် တို့ဖြစ်ကြပါသည်။
လူ၏ခန္ဓာကိုယ် အဖွဲ့အစည်းတွင် နိဗ္ဗာန်ပါဝင်မှု မရှိပါ။

ခန္ဓာဖွဲ့စည်းသည်ဆိုရာ –
(၁) အတိတ်၊ ပစ္စုပ္ပန် ၊ အနာဂတ်
(၂) အဇ္ဈတ္တ-ဗဟိဒ္ဓ
(၃) သြဠာရိက-သုခုမ
(၄) ဟီန-ပဏီတ
(၅) ဒူရေ-သန္တီကေ ဟူ၍ ၁၁-ဌာနအားဖြင့် ပေါင်းစည်းရသည့် စိတ်-စေတသိက်-ရုပ်တရားများကိုသာ ခန္ဓာဖွဲ့ရခြင်း ဖြစ်ပါသည်။

နိဗ္ဗာန်သည်
(၁) ကာလဝိမုတ်
(၂) ဗဟိဒ္ဓ
(၃) သုခုမ
(၄) ပဏီတ
(၅) ဒူရေ ဟူ၍သာ ရရှိပြီး ၁၁-ဌာနအားဖြင့် မကွဲပြားသောကြောင့် ခန္ဓာဖွဲ့၍ မရ၊ ခန္ဓာအဖွဲ့အစည်း၌မပါဝင်သော ခန္ဓဝိမုတ်တရား သက်သက်သာဖြစ်ပါသည်။

သို့ဖြစ်သောကြောင့် စိတ်-စေတသိက်-ရုပ် ပရမတ္ထတရား ၃-ပါးသာရှိသော လူ့ခန္ဓာကိုယ်အဖွဲ့အစည်းအတွင်း၌ နိဗ္ဗာန် ပါဝင်မှု မရှိရခြင်း ဖြစ်ပါသည်။

၂၀၁၁-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ အမုန်းသံယောဇဉ်သည် အချစ်သံယောဇဉ်ထက် ခိုင်မြဲ၏ ဟု ဆိုရာ အမုန်းသံယောဇဉ်၊ အချစ်သံယောဇဉ်တို့၏ အမည်မှန်ကို တရားကိုယ်နှင့်တကွ ယှဉ်တွဲဖော်ပြ၍ သံယောဇဉ်သာမည်၍ ကိလေသာမမည်သော တရားတို့ကိုလည်း သိသာရုံမျှ ထုတ်ပြပါ။
အမည်မှန် တရားကိုယ်
အမုန်းသံယောဇဉ် = ပဋိဃသံယောဇဉ် – ဒေါသစေတသိက်
အချစ်သံယောဇဉ် = ကာမရာဂသံယောဇဉ် – လောဘစေတသိက်
သံယောဇဉ်သာ မည်၍ – ကိလေသာ မမည်သောတရားတို့မှာ – ဣဿာနှင့် မစ္ဆရိယ တို့ ဖြစ်ပါသည်။

၂။ မဂ္ဂင်ဖောင်ကြီး အမြန်စီး၍ နိဗ္ဗာန်ခရီးသွားကြမည်ဟု ကြွေးကြော်သံရှိသော်လည်း နိဗ္ဗာန်မသွား၊ အပါယ်လားစေနိုင်သော မဂ္ဂင်တို့ကို ဖော်ပြ၍ ဣနြေ္ဒ ၂၂-ပါးတို့တွင် နာမ်သက်သက်ဣနြေ္ဒများကိုလည်း စနစ်တကျ ရေတွက်ပြပါ။
နိဗ္ဗာန်မသွား အပါယ်လားစေနိုင်သော မဂ္ဂင်တို့မှာ –
(၁) မိစ္ဆာဒိဋ္ဌိမဂ္ဂင်
(၂) မိစ္ဆာသင်္ကပ္ပမဂ္ဂင်
(၃) မိစ္ဆာဝါယာမမဂ္ဂမင်
(၄) မိစ္ဆာသမာဓိမဂ္ဂင် တို့ဖြစ်ပါသည်။

ဣနြေ္ဒ ၂၂-ပါးတို့တွင် နာမ်သက်သက် ဣနြေ္ဒများမှာ-
(၁) မနိနြေ္ဒ
(၂) သုခိနြေ္ဒ
(၃) ဒုက္ခိနြေ္ဒ
(၄) သောမနဿိနြေ္ဒ
(၅) ဒေါမနဿိနြေ္ဒ
(၆) ဥပေက္ခိနြေ္ဒ
(၇) သိဒ္ဓိနြေ္ဒ
(၈) သတိနြေ္ဒ
(၉) ဝီရိယိနြေ္ဒ
(၁၀) သမာဓိနြေ္ဒ
(၁၁) ပညိနြေ္ဒ
(၁၂) အနညာတညဿာမိတိနြေ္ဒ
(၁၃) အညိနြေ္ဒ
(၁၄) အညတာဝိနြေ္ဒ တို့ဖြစ်ပါသည်။

၃။ မဂ္ဂင် ဣနြေ္ဒ ဗိုလ်အဖြစ်သို့ရောက်သော ဧကဂ္ဂတာ ၊ မရောက်သေးသော ဧကဂ္ဂတာယ တို့ကို ခွဲခြားဖြေဆို၍ လောကီစိတ်တို့၌ ဗောဓိပက္ခိယတရားများကို တရားကိုယ်ကောက်ထိုက်၊ မကောက်ထိုက် ကိုလည်း အဘိဓမ္မာ ပညာရှင်ပီပီ ရှင်းပြပါ။
မဂ္ဂင် ဣနြေ္ဒ ဗိုလ်အဖြစ်သို့ရောက်သော ဧကဂ္ဂတာမှာ – ဝိစိကိစ္ဆာသဟဂုတ်ကြဉ်သော စိတ် ၈၈-ပါး ၌ရှိသော ဧကဂ္ဂတာ ဖြစ်ပါသည်။

မဂ္ဂင် ဣနြေ္ဒ ဗိုလ်အဖြစ်သို့ မရောက်သော ဧကဂ္ဂတာမှာ – ဝိစိကိစ္ဆာသမ္ပယုတ်စိတ်၌ရှိသော ဧကဂ္ဂတာ ဖြစ်ပါသည်။
လောကီစိတ်တို့၌ ဗောဓိပက္ခိယတရားများကို တရားကိုယ်ကောက်ထိုက်ပါသည်။
အကြောင်းမှာ – သီလဝိသုဒ္ဓိစသော လောကီဝိသုဒ္ဓိ ၆-ပါးတို့ ဖြစ်ရာအခါဝယ် လောကီကုသိုလ်၊ ကြိယာစိတ်တို့၌ ဗောဓိပက္ခိယ တရားကိုယ်မှာ ထိုက်သည့်အားလျော်စွာ ယှဉ်ကြသောကြောင့် ဖြစ်ပါသည်။

၂၀၁၂-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ပရမတ်အစစ် ဓာတ်အနှစ် ဟူသော စကားအရ ကိုယ်ပိုင်လက္ခဏာရှိသော ပရမတ်အစစ်တရားတို့ကို ကုန်စင်အောင် ဖော်ပြ၍ ဒိဋ္ဌိစေတသိက် တစ်ပါးတည်းကိုပင် သီလဗ္ဗတပရာမာသ စသော အမည်အမျိုးမျိုးဖြင့် ဟောရခြင်းအကြောင်းကို လည်း ဖြေဆိုပါ။
ကိုယ်ပိုင်လက္ခဏာရှိသော ပရမတ်အစစ်တရားတို့မှာ –
စိတ် = ၁ပါး
စေတသိက် = ၅၂ပါး
နိပ္ဖန္နရုပ် = ၁၈ပါး
နိဗ္ဗာန် = ၁ပါး


ပေါင်း = ၇၂ပါး ဖြစ်ပါသည်။

ဒိဋ္ဌိစေတသိက် တစ်ပါးတည်းကိုပင် သီလဗ္ဗတပရာမသ စသော အမည်အမျိုးမျိုးဖြင့် ဟောရခြင်းအကြောင်းမှာ –
(၁၉၉၈-ခုနှစ်၊ မေးခွန်းနံပါတ် ၁-အဖြေကို ကြည့်ပါ။)

၂။ သတ္တဝါတို့၏အကျိုးကို ထောက်ပံ့ဆောင်ရွက်ပေးနိုင်သော အာဟာရလေးပါးတို့၏ အသီးသီးဆောင်ရွက်ပုံကို စုံလင်အောင်ဖြေဆို၍ အဓိပတိ ရထိုက်သောစိတ်၊ မရထိုက်သောစိတ်တို့ကိုလည်း တိကျစွာ ကောက်ပြပါ။
သတ္တဝါတို့၏အကျိုးကို ထောက်ပံ့ဆောင်ရွက်ပေးနိုင်သော အာဟာရလေးပါးတို့၏ အသီးသီးဆောင်ရွက်ပုံမှာ –
(၁) ကဗဠီကာရာဟာရသည် – သြဇာနှင့်တကွဖြစ်သော ရုပ် ၈ပါးကို ဆောင်ပါသည်။
(၂) ဖဿဟာရသည် – ဝေဒနာသုံးပါးကို ဆောင်ပါသည်။
(၃) မနောသဉ္စေတနာဟာရသည် – သုံးပါးသောဘဝ၌ ပဋိသန္ဓေဝိညာဏ်ကို ဆောင်ပါသည်။
(၄) ဝိညာဏဟာရသည် – မိမိနှင့်အတူတကွဖြစ်ဖက် စေတသိက်နာမ်နှင့် ရုပ်တရားတို့ကို ဆောင်ပါသည်။

အဓိပတိ ရထိုက်သောစိတ်မှာ – ဒွိဟိတ်ဇော ၁၈ပါးနှင့် တိဟိတ်ဇော ၃၄ပါးတို့၌သာ အဓိပတိ ရထိုက်သည်။
အဓိပတိ မရထိုက်သော စိတ်မှာ – အဟိတ်ဇော (ဟသိတုပ္ပါဒ်)၊ ဧကဟိတ်ဇော (မောဟမူဒွေ)နှင့် ဇောမဟုတ်သော လောကီဝိပါက်စိတ်တို့၌ အဓိပတိ မရထိုက်ပါ။

၃။ လောကသံသရာ ဘဝနှစ်ဖြာတွင် အထက်တန်းကျကျ နေနိုင်ရေးအတွက် လုံ့လပြုရမည့် နည်းလမ်းများကို အဘိဓမ္မာအမြင်ဖြင့် ရှာဖွေတင်ပြ၍၊ ဥပါဒါနက္ခန္ဓာငါးပါး တရားကိုယ်ကောက်ရမည့် တရားများကိုလည်း တိကျစွာ ဖော်ပြပါ။
လောကသံသရာ ဘဝနှစ်ဖြာတွင် အထက်တန်းကျကျ နေနိုင်ရေးအတွက် လုံ့လပြုရမည့် နည်းလမ်းများမှာ –
(၁၉၉၅-ခုနှစ်၊ မေးခွန်းနံပါတ်-၃ အဖြေကို ကြည့်ပါ။)

ဥပါဒါနက္ခန္ဓာငါးပါး တရားကိုယ်ကောက်ရမည့် တရားများကို တိကျစွာ ဖော်ပြရသော် –
လောကီစိတ် ၈၁ပါး၊ စေတသိက် ၅၂ပါး၊ ရုပ် ၂၈ပါး ဖြစ်ပါသည်။
(တစ်နည်း)
ဘုံသုံးပါး၌ ဖြစ်ကုန်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် တို့ဖြစ်ပါသည်။

၂၀၁၃-ခုနှစ် သမုစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ မိမိအယူသာ မှန်သည်၊ တခြားအယူများ မမှန် ဟု တစ်ယူသန် စွဲလမ်းလျက်ရှိသော ပုဂ္ဂိုလ်၌ ဖြစ်သော ဥပါဒါန်ကို ရေးသားဖြေဆို၍၊ တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဈာန်တရားများ ဖြစ်ပေါ်ခွင့်မရအောင် တားဆီးပိတ်ပင်ထားတတ်သော ကိလေသာများကို လည်း ဖော်ပြပါ။
မိမိအယူသာ မှန်သည်၊ တခြားအယူများ မမှန် ဟု တစ်ယူသန် စွဲလမ်းလျက်ရှိသော ပုဂ္ဂိုလ်၌ ဖြစ်သော ဥပါဒါန်မှာ- ဒိဋ္ဌုပါဒါန် ဖြစ်ပါသည်။

တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဈာန်တရားများ ဖြစ်ပေါ်ခွင့်မရအောင် တားဆီး ပိတ်ပင်တတ်သော ကိလေသာများမှာ နီဝရဏထိုက်သော ကိလေသာများ ဖြစ်ကြသည့် –
(၁) လောဘကိလေသာ၊
(၂) ဒေါသကိလေသာ၊
(၃) ထိနကိလေသာ၊
(၄) ဥဒ္ဓစ္စကိလေသာ၊
(၅) ဝိစိကိစ္ဆာကိလေသာ တို့ ဖြစ်ကြပါသည်။

၂။ စာဖြေရှင်တို့ စားသုံးသော စားသောက်ဖွယ်ရာတို့၌ ပါသော သြဇာသည်သာလျှင် အာဟာရမည်ပါသလော၊ အခြားသော အာဟာရမည်သော တရားများ ရှိနိုင်၊ မရှိနိုငိ အဘိဓမ္မာအမြင်ဖြင့် ရှာဖွေတင်ပြ၍၊ ရှက်ကြောက်ကင်းငြား အကြမ်းဖက်သမားတို့၏ စွမ်းအင်များကိုလည်း ဖော်ပြပါ။
စာဖြေရှင်တို့ စားသုံးသော စားသောက်ဖွယ်ရာတို့၌ ပါသော သြဇာသည်သာလျှင် အာဟာရမည်သည် မဟုတ်ပါ။

အခြားသော အာဟာရမည်သော တရားများလည်း ရှိပါသည်။ ၎င်းတို့မှာ –
(၁) ဖဿာဟာရ၊
(၂) မနောသဉ္စေတနာဟာရနှင့်
(၃) ဝိညာဏာဟာရတရား တို့ဖြစ်ကြပါသည်။

ရှက်ကြောက်ကင်းငြား အကြမ်းဖက်သမားတို့၏ စွမ်းအင်များမှာ – (၁) အဟိရိကဗိုလ်နှင့် (၂) အနောတ္တပ္ပဗိုလ်တရားနှစ်ပါး ဖြစ်ကြပါသည်။

၃။ အပြစ်မကင်းနိုင်သော ပုထုဇဉ်လူသားတို့တွင် အပြစ်နှင့်ပတ်သက်၍ ကြိုးစား အားထုတ်သင့်သော အချက်တို့ကို သိသာ ပေါ်လွင်အောင် ရေးသားဖြေဆို၍ ဓမ္မာရုံနှင့် ဓမ္မဓာတ်တို့၏ မတူကွဲပြား ထူးခြားပုံကိုလည်း ရှင်းလင်းစွာ ဖြေဆိုပါ။
အပြစ်မကင်းနိုင်သော ပုထုဇဉ်လူသားတို့တွင် အပြစ်နှင့်ပတ်သက်၍ ကြိုးစား အားထုတ်သင့်သော အချက်များမှာ –
(၁) ဖြစ်ကုန်ပြီးသော အကုသိုလ်တရား ဒုစရိုက်အဟောင်းများကို ပယ်ခြင်းငှာ အားထုတ်သော ကမ္မပ္ပဓာန်ဝီရိယ ရှိရမည်။
(၂) မဖြစ်ကုန်သေးသော အကုသိုလ်တရား ဒုစရိုက်အသစ်များကို ပယ်ခြင်းငှာ အားထုတ်သော သမ္မပ္ပဓာန်ဝီရိယ ရှိရမည်။

ဓမ္မာရုံနှင့်ဓမ္မဓာတ်တို့၏ ထူးခြားပုံမှာ –
ဓမ္မာရုံသည် – တရားအားဖြင့် – စိတ်၊ စေတသိက်၊ ပသာဒရုပ်၊ သုခမရုပ်၊ နိဗ္ဗာန်၊ ပညတ်တရားအားဖြင့် ၆ပါး ရှိပါသည်။
တရားကိုယ်အားဖြင့် စိတ်-၈၉ပါး၊ စေတသိက် ၅၂ပါး၊ ပသာဒရုပ် ၅ပါး၊ သုခုမရုပ် ၁၆ပါး၊ နိဗ္ဗာန်၊ ပညတ်တို့ ဖြစ်ကြပါသည်။
ဓမ္မဓာတ်သည် – တရားအားဖြင့် – စေတသိက်၊ သုခုမရုပ်၊ နိဗ္ဗာန်အားဖြင့် (၃)ပါးရှိပါသည်။
တရားကိုယ်အားဖြင့် – စေတသိက် ၅၂ပါး၊ သုခုမရုပ် ၁၆ပါး၊ နိဗ္ဗာန်တို့ ဖြစ်ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *