Paccaya

တတိယဆင့် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁၉၈၉-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ လူဖြစ်လာရခြင်း (ဇာတိ) ကြောင့် တွေ့ကြုံရမည့် အကျိုးတရားတို့ကို ပဋိစ္စသမုပ္ပါဒ်နည်းအရ ပြည့်စုံအောင် ဖော်ပြပြီးလျှင် ဝဋ်တရားသုံးပါးကိုလည်း ရေတွက်ပြပါ။
လူဖြစ်လာရခြင်း (ဇာတိ) ကြောင့် တွေ့ကြုံရမည့် အကျိုးတရားတို့ကို ပဋိစ္စသမုပ္ပါဒ်နည်းအရ –
အကျိုးရင်းတရားများမှာ – ဇရာ-မရဏ
အကျိုးဆက်တရားများမှာ – သောက၊ ပရိဒေဝ ၊ ဒုက္ခ ၊ ဒေါမနဿ ၊ ဥပါယာသ တရားတို့ဖြစ်ပါသည်။

ဝဋ်တရား ၃-ပါးမှာ –
(၁) ကိလေသဝဋ် = အဝိဇ္ဇာ ၊ တဏှာ ၊ ဥပါဒါန်
(၂) ကမ္မဝဋ် = သင်္ခါရ ၊ ကမ္မဘဝ
(၃) ဝိပါကဝဋ် = ဝိညာဏ် ၊ နာမ်ရုပ် ၊ သဠာယတန ၊ ဖဿ ၊ ဝေဒနာ ၊ ဥပပတ္တိဘဝ ၊ ဇာတိ ၊ ဇရာ-မရဏ

၂။ ပဋ္ဌာန်း ၂၄-ပစ္စည်းတို့တွင် ပညတ်ပါဝင်သော ပစ္စည်းများကိုသာ ထုတ်ပြ၍၊ ကျန်းမာအသက်ရှည်ရေးအတွက် အရေးကြီးသော ပစ္စည်းသည် မည်သည့်ပစ္စည်း ဖြစ်ပါသနည်း။
ပဋ္ဌာန်း ၂၄-ပစ္စည်းတို့တွင် ပညတ်ပါဝင်သော ပစ္စည်းများမှာ –
(၁) အာရမ္မဏပစ္စည်း
(၂) ဥပနိဿယပစ္စည်း တို့ဖြစ်ပါသည်။

ကျန်းမာအသက်ရှည်ရေးအတွက် အရေးကြီးသော ပစ္စည်းမှာ –
အာဟာရပစ္စည်း ဖြစ်ပါသည်။ အကျိုး (ပစ္စယုပ္ပန်) ဖြစ်ကုန်သော ရုပ်နာမ်တရားတို့အား ထောက်ပံ့ ခိုင်စေတတ်သည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရား အာဟာရ ၄-ပါးသည် အာဟာရ ပစ္စည်း ဖြစ်ပါသည်။

၃။ (က) နာမ်တရား (ခ)ရုပ်တရား (ဂ) နာမ်တရားနှင့်ရုပ်တရား ယင်းတို့ အညမညဖြစ်နေပုံကို သိသာအောင် ရှင်းလင်း တင်ပြပါ။
(က) နာမ်တရား = စိတ်-၈၉ ၊ စေတသိက် ၅၂-ပါး တို့သည်လည်းကောင်း
(ခ) ရုပ်တရား = မဟာဘုတ် ၄-ပါး တို့သည်လည်းကောင်း
(ဂ) နာမ်တရားနှင့်ရုပ်တရား = (ပဉ္စဝေါကာရ) ပဋိသန္ဓေဝိပါက် နာမက္ခန္ဓာလေးပါးနှင့် ဟဒယဝတ္ထုရုပ်တို့သည်လည်းကောင်း
၎င်းရုပ်နာမ်တရားတို့သည် (သစ်သား ၃-ချောင်းကို ထောင်၍ ထားရာ၊ မလဲမပြိုအောင် အချင်းချင်း ကျေးဇူးပြုသကဲ့သို့) အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောကြောင့် အညမညပစ္စည်း မည်ပါသည်။

၎။ ပညတ်၏ အဓိပ္ပယ်ကို ရှင်းပြပြီးလျှင် အောက်ပါတို့ကို ဆိုင်ရာ အတ္ထပညတ်အမည်ထူးများဖြင့် ဖြေဆိုပါ။
(က) သစ်ခွပန်းပင် (ခ) ဆဋ္ဌလိုဏ်ဂူ
ပညတ်ဆိုသည်မှာ = အမျိုးမျိုး အစားစား များပြားသော နာမည်တပ်၍ သိစေအပ်သောတရား ဖြစ်ပါသည်။
(က) သစ်ခွပန်းပင် = ဥပါဒါန်ပညတ် ၊ သဏ္ဌာနပညတ်
(ခ) ဆဋ္ဌလိုက်ဏ်ဂူ = အာကာသပညတ် ၊ ဥပနိဓာပညတ်

၁၉၉၀-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်သည်ဟူသော ပဋိစ္စသမုပ္ပါဒ်နည်းအရ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်လျှင် အဝိဇ္ဇာသည် အဘယ်တရားကြောင့် ဖြစ်ပါသနည်း၊ အကြောင်းပြဖြေဆို၍ ဘဝကိုလည်း ပြည့်စုံအောင် သရုပ်ခွဲပြပါ။
အကြောင်းတရားကြောင့် အကျိုးတရားဖြစ်သည်ဟူသော ပဋိစ္စသမုပ္ပါဒ်နည်းအရ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်လျှင် အဝိဇ္ဇာသည် အာသဝေါတရား ၄-ပါး ကြောင့်ဖြစ်ပါသည်။
ဇာတိကြောင့် သောက၊ ပရိဒေဝ စသည်တို့ဖြစ်သည်ဆိုရာ၌ ဇာတိသည် သောက စသည်တို့ ဖြစ်ရခြင်း၏ အရင်းခံအကြောင်း ဝေးသာဖြစ်ပါသည်။ သောကစသည်တို့၏ အနီးဆုံးသော အကြောင်းတရားမျာ အာသဝေါတရား ၄-ပါးသာ ဖြစ်ပါသည်။ သတ္တဝါများသည် အာသဝေါတရား ၄-ပါး (လောဘ၊ ဒိဋ္ဌိ၊ မောဟ) ရှိနေခြင်းကြောင်းသာ သောကစသည်တို့ ဖြစ်နေရခြင်းဖြစ်သည်။

ဤကဲ့သို့ သောက စသည်တို့ ဖြစ်ရခြင်းတွင် ဆင်းရဲဒုက္ခရောက်ရခြင်း၏ အမှန်သဘောစော အချက်တို့ကို ဖုံးလွှမ်း ကာကွယ်ထားမှု အဝိဇ္ဇာသဝ (မောဟ)သည် အဓိက အကြောင်ဖြစ်ပြီး၊ ၎င်းကို အကြောင်းပြ၍ သောကစသည်တို့နှင့် အတူ နောက်နောက် အဝိဇ္ဇာများ ထပ်ဖြစ်နေခြင်းကြောင့် သောက စသည်တို့၏ အကြောင်းမှာ အာသဝေါတရားများ ဖြစ်သကဲ့သို့ အရင်းစစ်-အမြစ်မြေက ဆိုသလို အဝိဇ္ဇာ၏ အကြောင်းမှာ အာသဝေါတရား ၄-ပါး ဖြစ်ပါသည်။

ပဋိစ္စသမုပ္ပါဒ်နည်း၌ လာသော ဘဝကို ပြည့်စုံအောင် သရုပ်ခွဲပြရသော် –
ဘဝအရ = ကမ္မဘဝ နှင့် ဥပပတ္ထိဘဝဟူ၍ ၂-မျိုး ရှိပါသည်။
ကမ္မဘဝ = လောကီကုသိုလ် ၊ အကုသိုလ်စေတနာ ၂၉-ပါး၊ ထိုစေတနာ နှင့် သမ္ပယုတ်ဖြစ်သော သုစရိုက် ၁၀-ပါး၊ ဒုစရိုက် ၁၀-ပါး၊
ဥပပတ္တိဘဝအရ = လောကီဝိပါက်စိတ် ၊ စေတသိက် နှင့် ကမ္မဇရုပ် ၂၀-ပါးတို့ ဖြစ်ပါသည်။
ဤတွင် ကမ္မဘဝကြောင့် ဥပပတ္တိဘဝသည် ဖြစ်ပေါ်လာသဖြင့် ကမ္မဘဝသည် အကြောင်းဘဝ ဥပပတ္တိဘဝသည် အကျိုးဘဝ ဖြစ်ပါသည်။

၂။ ပဋိစ္စသမုပ္ပါဒ် လည်ပတ်ရာတွင် ဆက်စပ်မှုသုံးခုကို ဖြေဆိုပြီးလျှင် အကျိုးဖြစ်ပြီးမှ အကြောင်းဖြစ်ရသော ပဋ္ဌာန်းပစ္စည်းကိုလည်း ညွန်ပြခဲ့ပါ။
ပဋိစ္စသမုပ္ပါဒ် လည်ပတ်ရာတွင် ဆက်စပ်မှုသုံးခုတို့မှာ –
(၁) ဟေတုဖလ အစပ် = အတိတ်အကြောင်း သင်္ခါရ နှင့် ပစ္စုပ္ပန်အကျိုး ဝိညာဏ်အကြားရှိအစပ်။
(၂) ဖလဟေတုအစပ် = ပစ္စုပ္ပန်အကျိုးဝေဒနာနှင့် ပစ္စုပ္ပန်အကြောင်းတဏှာကြားရှိ အစပ်
(၃) ဟေတုဖလအစပ် = ပစ္စုပ္ပန်အကြောင်း ကမ္မဘဝနှင့် အနာဂတ်အကျိုး ဇာတိအကြားရှိ အစပ်၊

အကျိုးဖြစ်ပြီးမှ အကြောင်းဖြစ်ရသော ပဋ္ဌာန်းပစ္စည်းမှာ ပစ္ဆာဇာတပစ္စည်း ဖြစ်ပါသည်။ ရှေးကပေါက်နှင့် ပြီးသော သစ်ပင်အား နောက်မှ ရွာသွန်းအပ်သော မိုးရေသည် စည်ပင်ကြီးပွား စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ နောက်နောက်၌ဖြစ်သော စိတ်တို့သည် ရှေ့ကဖြစ်နှင့်ပြီးဌီသို့ရောက်နေသော ရုပ်တို့အား တည်ခိုင် သန်စွမ်းစေသောအားဖြင့် ကျေးဇူးပြုတတ်သော ကြောင့် ပစ္ဆာဇာတပစ္စည်း မည်၏
(ပေါက်ခါစ လင်းတငယ်၏ ကိုယ်အား အာဟာရ၌ စားလိုသော ၊ တောင့်တသော စေတနာသည် နောက်၌ ဖြစ်၍ ကျေးဇူးပြု သကဲ့သို့ တည်း)

၃။ ပကတူပနိဿယပစ္စည်း၏ သဘောသဘာဝကို အရှင်အနုရုဒ္ဓါဆရာ၏ အလိုကျ ပြည့်စုံအောင် ရှင်းပြပြီးလျှင် အောက်ပါတို့သည် မည်သည့်သဒ္ဒပညတ်များ ဖြစ်ကြသည်ကိုလည်း ဖြေဆိုပါ။ (က) ခေါင်းလောင်းသံ (ခ) စာဖြေပုဂ္ဂိုလ်
ပကတူပနိဿယပစ္စည်း၏ သဘောသဘာဝကို အရှင်အနုရုဒ္ဓါဆရာ၏ အလိုကျ ပြည့်စုံအောင် ရှင်းပြရသော်-
(အာရမ္မဏ အနန္တရတို့နှင့် မရောရသည့်တိုင်အောင်) ပင်ကိုယ်ပကတိသဘောသက်သက်ဖြင့်ပင် အားကြီးသော မှီရာအကြောင်းဖြင့် ကျေးဇူးပြုတတ်သောပစ္စည်းသည် ပကတူပ နိဿယပစ္စည်း မည်၏။

ပကတူနိဿယပစ္စည်းသည် ၂၄-ပစ္စည်းတို့အနက် အကျယ်အဝန်းဆုံးပစ္စည်းဖြစ်၏
ပကတူပနိဿယ၏ ကျယ်ဝန်းပုံမှာ –
(က) သဒ္ဓါစသော ကုသိုလ်တရားများ၊ ရာဂစသော အကုသိုလ်တရားများ ၊ ကာယိက သုခ၊ ကာယိကဒုက္ခ၊ ဥတု၊ ဘောဇဉ်၊ ပုဂ္ဂလ ၊ သေနာသန … ဤတရားတို့သည် ထိုက်သည့် အားလျော်စွာ အဇ္ဈတ္တ၊ ဗဟိဒ္ဓသန္တာန်၌ ကုသိုလ် စသောတရားတို့ အားလည်းကောင်း
(ခ) ဗလဝဖြစ်သော ကုသိုလ်၊ အကုသိုလ် ကံသည် ဝိပါက်နာမက္ခန္ဓာတို့အားလည်းကောင်း ပကတူနိဿယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
(က) ခေါင်းလောင်းသံ = အဝိဇ္ဇမာနေန – ဝိဇ္ဇမာန္ဒပညတ်
(ခ) စာဖြေပုဂ္ဂိုလ် = အဝိဇ္ဇာမာနေန – အဝိဇ္ဇမာနပညတ်

၁၉၉၁-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ပဋိစ္စသမုပ္ပါဒ် ဟူသော စကား၏ အဓိပ္ပာယ်ကို ရှင်းပြ၍ ယင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးကို ကာလသုံးရပ် အစပ်သုံးဖြာ တို့ဖြင့် ဝေဖန်ပြခဲ့ပါ။
ပဋိစ္စသမုပ္ပါဒ် ဟူသော စကား၏အဓိပ္ပာယ် –
ဆိုင်ရာကြောင်းရှိလျှင် လျော်သောအကျိုး ဖြစ်စွမ်းနိုင်ရန် တည်ရှိသောသဘာ သတ္တိသည် (ပဋိစ္စသမုပ္ပါဒ) ပဋိစ္စသမုပ္ပါဒ် မည်၏။

ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးကို ကာလသုံးရပ်ဖြင့် ဝေဖန်ပြရသော် –
(၁) အတတ်ကာလ = အဝဇ္ဇာ ၊ သင်္ခါရ
(၂) ပစ္စုပ္ပန် ကာလ = ဝိညာဏ်၊ နာမ်ရုပ် ၊ သဠာယတန ၊ ဖဿ ၊ ဝေဒနာ ၊ တဏှာ ၊ ဥပါဒါန် ၊ ကမ္မဘဝ
(၃) အနာဂတ်ကာလ = (ဥပပတ္တိဘဝ) ဇာတိ၊ ဇရာ-မရဏ
ပဋိစ္စသမုပ္ပါဒ် ၁၂-ပါးကို အစပ်သုံးဖြာဖြင့် ဝေဖန်ပြရသော် –
(၁၉၉၀ နံပါတ် ၂)

၂။ သတ္တဝါတို့အား သံသရာဝဋ်မှ မလွတ်ရအောင် အစဉ်အမြဲ အမြစ်တွယ်စေတတ်သော သံသရာ ဝဋ်မြစ်တရား၊ နှစ်ပါးကို ထုတ်ဖော်ရေးသား၍ ပဋိသန္ဓေနေမှု (ဇာတိ) ကြောင့် ဖြစ်ပေါ်လာသော အကျိုးရင်း၊ အကျိုးဆက်တရားအစုကို တစ်ခုမကျန် ရေးသားပြပါ။
သတ္တဝါတို့အား သံသရာဝဋ်မှ မလွတ်ရအောင် အစဉ်အမြဲ အမြစ်တွယ်စေတတ်သော သံသရာ ဝဋ်မြစ်တရား၊ နှစ်ပါးမှာ – အဝိဇ္ဇာနှင့် တဏှာ ဟူသော မူလတရားများ ဖြစ်ပါသည်။

ပဋိသန္ဓေနေမှု (ဇာတိ) ကြောင့် ဖြစ်ပေါ်လာသော …
အကျိုးရင်းတရားများမှာ = ဇရာ-မရဏ
အကျိုးဆက်တရားများမှာ = သောက ၊ ပရိဒေဝ ၊ ဒုက္ခ၊ ဒေါမနဿ ၊ ဥပါယာသ တရားတို့ ဖြစ်ပါသည်။

၃။ ပဋ္ဌာန်းပစ္စည်းတို့တွင် နာမ်တရားနှင့် ရုပ်တရားတို့ အပြန်အလှန်ကျေးဇူးပြုတတ်သော ပစ္စည်းများကို ထုတ်ပြ၍၊ အာသေဝန၊ ပမ္မပစ္စည်းတို့၏ အနက်အဓိပ္ပာယ်ကိုလည်း နားလည်အောင် ဖြေဆိုရေးသားခဲ့ပါ။
ပဋ္ဌာန်းပစ္စည်းတို့တွင် နာမ်တရားနှင့်ရုပ်တရားတို့ အပြန်အလှန် ကျေးဇူးပြုတတ်သော ပစ္စည်းများမှာ –
(၁) သဟဇာတပစ္စည်း
(၂) အညမညပစ္စည်း
(၃) နိဿယပစ္စည်း
(၄) အတ္ထိပစ္စည်း
(၅) အဝိဂတပစ္စည်း

မှတ်ချက်၊ (ရှင်းလင်းချက်) ပဋိသန္ဓေခဏ၌ ဟဒယဝတ္ထုရုပ်နှင့် ပဉ္စဝေါကာရ ပဋိသန္ဓေဝိပါက် နာမက္ခန္ဓာလေးပါးတို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုကြခြင်း ကိုဆိုလိုပါသည်။ ဤသို့ ရှင်းလင်းချက်သည် စာဖတ်သူများအတွက်သာ ဖြစ်၏ စာမေးပွဲတွင် ထည့်ဖြေရန် မဟုတ်ပါ။)

အာသေဝနပစ္စည်း ၏အနက်အဓိပ္ပာယ်
အဖန်တလဲလဲ မှီဝထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်းသည် အာသေဝနပစ္စည်း မည်၏။
ဥပမာ ရှေးရှေး၌ ထုံအပ်သော နံ့သာသည် နောက်နောက်၌ ထုံအပ်သော နံ့သာအား အဆင်းအနံ့ကို လွန်စွာ ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ၊ ရှေးရှေး၌ သင်အံ့အောင် ကျမ်းဂန်သည် နောက်နောက်၌ သင်အံသော ကျမ်းဂန်အား သင်ကြားရာ၌ လွယ်ကူစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့၊ ပစ္စယုပ္ပန်တရားအား မိမိနှင့်တူအောင် အဖန်တလဲလဲ ပြုပြင်စေခြင်းငှာ ကျေးဇူးပြုတတ်သောကြောင့် အာသေဝနပစ္စည်း မည်၏။

ကမ္ပပစ္စည်း၏ အနက်အဓိပ္ပာယ်
ကံဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်းသည် ကမ္မပစ္စည်းမည်၏ ဤကမ္ပပစ္စည်းသည် အောက်ပါအတိုင်း ၂-မျိုး ပြား၏။
(က) သဟဇာတ ကမ္မပစ္စည်း = တကွဖြစ်ဖက်တရားတို့ကို စေ့ဆော် ဆော်သြခြင်းဗျာပါရ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော စေတနာဖြစ်ပါသည်။
(ခ) နာနာက္ခဏိကကမ္မပစ္စည်း = ဝိပါက်နာမက္ခန္ဓာ ၊ ကဋတ္တာရုပ်တို့အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတတ်သော အတိတ် ကုသိုလ် ၊ အကုသိုလ် စေတနာ ဖြစ်ပါသည်။

၎။ နိဗ္ဗာန်သည် နာမ်လော၊ ရုပ်လော ၊ အကြောင်းပြဖြေဆို၍ အောက်ပါတို့၏ သဒ္ဒပညတ် အမည်များကိုလည်း ညွှန်ပြခဲ့ပါ။
(က) ရုပ်ဝေဒနာ (ခ) ရေမြေတောတောင် (ဂ) ပညာရှိပုဂ္ဂိုလ် (ဃ) မိန်းမအသံ
နိဗ္ဗာန်သည် နာမ်ဖြစ်ပါသည်။ အကြောင်းပြရသော် –
ပစ္စည်းပိုင်း၌ ရုပ်တရားဟူသည် ရူပက္ခန္ဓာတည်း၊ နာမ်တရားဟူသည် ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓ ဤ၄-ပါးနှင့် နိဗ္ဗာန်တရားတည်း ဟုဟောကြားတော်မူအပ်သောကြောင့် ဖြစ်ပါသည်။

သဒ္ဒပညတ်အမည်များ
(က) ရုပ်ဝေဒနာ = ဝိဇ္ဇမာနေန-ဝိဇ္ဇမာနပညတ်
(ခ) ရေမြေတောတောင် = အဝိဇ္ဇမာနေန – အဝိဇ္ဇမာနပညတ်
(ဂ) ပညာရှိပုဂ္ဂိုလ် = ဝိဇ္ဇာမာနေန-အဝိဇ္ဇမာနပညတ်
(ဃ) မိန်းမအသံ = အဝိဇ္ဇမာနေန-ဝိဇ္ဇမာနပညတ်

၁၉၉၂-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ပဋ္ဌာန်းတွင် ပစ္စည်း ကိုအကြောင်း ပစ္စယုပ္ပန်ကို အကျိုးဟုဆို၏ ယင်းသို့ဖြစ်လျှင် နိဗ္ဗာန်သည် အကြောင်းလော၊ အကျိုးလော၊ အကယ်၍ အကြောင်းဖြစ်ခဲ့ပါမူ ဆိုင်ရာ အကျိုးတို့အား အဘယ်ပစ္စည်းတို့ဖြင့် ကျေးဇူးပြုပါသနည်း။ ဖြေဆိုခဲ့ပါ။
ပဋ္ဌာန်းတွင် ပစ္စည်း ကိုအကြောင်း ပစ္စယုပ္ပန်ကို အကျိုးဟုဆို၏ ယင်းသို့ဖြစ်လျှင် နိဗ္ဗာန်သည်ပစ္စည်းထိုက်သောတရား ဖြစ်သောကြောင့် အကြောင်းတရားဖြစ်ပါသည်။
အကြောင်းတရားဖြစ်သောနိဗ္ဗာန်သည် ဆိုင်ရာအကျိုးတို့အား အာရမ္မဏပစ္စည်း အာရမ္မဏဓိပတိပစ္စည်း၊ အာရမ္မဏပစ္စည်း ၊ အာရမ္မဏဓိပတိပစ္စည်း ၊ အာရမ္မဏူပနိဿယပစ္စည်း တို့ဖြင့် ကျေးဇူးပြုပါသည်။

၂။ သတ္တဝါတို့ အဘယ်ကြောင့် သေရသည်ကို ကြောင်းကျိုးဆက်စပ် ဖော်ပြသည့် ပဋိစ္စသမုပ္ပါဒ်၊ ဟောစဉ်ဒေသနာဖြင့် ညှိ၍ ဖြေဆိုပြီးလျှင် ဘုံသုံးပါးဋ မပြတ်လည်နေသော ပဋိစ္စသမုပ္ပါဒ် စက်ကြီး အပြီးတိုင် ရပ်သွားစေရန် အဓိက ပယ်သတ်ရမည့် အခြေခံမူလဘူတကို ကောက်ပြခဲ့ပါ။
ကြောင်းကျိုးဆက်စပ် ဖော်ပြသည့် ပဋိစ္စသမုပ္ပါဒ်၊ ဟောစဉ်ဒေသနာတွင် ဇာတိပစ္စယာ ဇရာ-မရဏ ဟုဖော်ပြထားသဖြင့်
သတ္တဝါတို့ သေရခြင်း (မရဏ) အကျိုးတရားသည် ဇာတိတည်းဟူသော အကြောင်းတရားဖြစ်ပါသည်။

ဘုံသုံးပါး၌ မပြတ်လည်နေသော ပဋိစ္စသမုပ္ပါဒ်ကြီး အပြီးတိုင် ရပ်သွားစေရန် အဓိက ပယ်သတ်ရမည့် အခြေခံ မူလဘူတတို့မှာ – အဝိဇ္ဇာ နှင့် တဏှာ တို့ဖြစ်ပါသည်။

ဥပမာ-သစ်ပင်၌ ရေသောက်မြစ်ပြတ်လျှင် တစ်ပင်လုံး ပျက်စီးတော့သကဲ့သို့ ထို့အတူ သံသရာတွင် စည်ပင်နေသည့် သတ္တဝါုဟု ဆိုအပ်သော ရုပ်နာမ်ခန္ဓာသစ်ပင်ကြီး၌ အဝိဇ္ဇာ၊ တဏှာဟူသော ရေးသောက်မြစ်နှစ်ခုကို အရဟတ္တမဂ်တည်းဟူသော ဓားသံလျက် လက်နက်ဖြင့် ဖျက်ဆီးလိုက်သည့်အခါ သင်္ခါရတရားတို့၏ အပြီးတိုင် ချုပ်ငြိမ်းခြင်းသို့ ရောက်ခြင်းဖြင့် ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် အလည်ရပ်ပါမည်။

၃။ ပညတ်သည် ပရမတ်ကဲ့သို့ ထင်ရှင်းမရှိဘဲလျက် အဘယ်ကြောင့်စိတ်၊ စေတသိက်တို့၏ အာရုံဖြစ်သည်ကို ဖြေဆို၍၊ လိုချင်စုံမက် နှစ်သက်ဖွယ် ကောင်းလှသော ဝင်းခြံ၊ တိုက်တာ၊ ဇိမ်ခံကားနှင့် ၎င်းတို့၏ ပိုင်ရှင် ယဉ်ချောစုတို့သည် မည်သည့် အတ္ထပညတ်များ ဖြစ်သည်ကို ပိုင်းခြားစိတ်ဖြာ ဖြေဆိုခဲ့ပါ။
ပညတ်သည် ပရမတ်ကဲ့သို့ ထင်ရှား မရှိသော်လည်း လောကသမုတိအနေဖြင့် ထင်ရှားရှိ၍ ဓမ္မာရုံထိုက်သော တရားဖြစ်သဖြင့် စိတ်၊ စေတသိက် တို့၏ အာရုံဖြစ်ပါသည်။`
အတ္တပညတ်များ
ဝင်းခြံ = ဥပါဒါပညတ်
တိုက်တာ = သမူဟပညတ်
ဇိမ်ခံကား = သမူဟပညတ်
ယဉ်ချောစု = ဥပါဒါပတ်ည (ပုဂ္ဂလပညတ်၊ ဇာတိပညတ်)

၁၉၉၃-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ လူသားတိုင်း မွေးသည်မှ သေသည်အထိ နေ့စဉ် ခံစားနေရသော် ဆင်းရဲဒုက္ခစုကြီးသည် အဘယ်အကြောင့်ကြောင့် ဖြစ်ရပါသနည်း၊ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ရှင်းပြ၍ ဝဋ်သုံးပါး သရုပ်ကိုလည်း အဓိပ္ပာယ်နှင့်တကွ ဖော်ထုတ်ရေးခဲ့ပါ။
လူသားတိုင်း မွေးသည်မှ သေသည်အထိ နေ့စဉ်ခံစားနေရသော ဆင်းရဲဒုက္ခစုကြီးသည် အဝိဇ္ဇာနှင့် တဏှာတည်းဟူသော မူလတရား နှစ်ပါးကြောင့် ဖြစ်ပါသည်။
ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ
သတ္တဝါများသည် လူ ၊ နတ် ၊ ဗြဟ္မာ စသော ဘဝအမျိုးမျိုး ၊ ရုပ် ၊ နာမ် ၊ ခန္ဓာအမျိုးမျိုးဖြင့် ကျင်လည်နေရခြင်းမှာ ဗြဟ္မာဗိဿနိုး အစရှိသော တန်ခိုးရှင်တို့၏ ဖန်ဆင်းမှုကြောင့် မဟုတ်ဘဲ အဝိဇ္ဇာနှင့် တဏှာတည်းဟူသော ပဋိစ္စသမုပ္ပါဒ် သံသရာဝဋ်ဆင်းရဲ၌ လည်ပတ်ရခြင်း၏ အကြောင်းရင်းဖြစ်သော ဝဋ်မြစ် (မူလ) ၂-ပါးကြောင့်ပင် ဖြစ်လေသည်။ ဤဝဋ်မြစ် ၂-ပါးကို အခြေခံ၍ ကျန်တရားစုများ ဖြစ်သော သင်္ခါရ ၊ ဝိညာဏ် ၊ နာမ်ရုပ်စသော တရားများသည်လည်း ဆက်စပ်၍ ကြောင်းကျိုးမပြတ် လည်ပတ်ကြရလေသည်။
ဤသို့ဖြင့် မိမိတို့ရရှိထားသော ရုပ်နာမ်စုကို အရင်းတည်၍ နောက်ရုပ်နာမ်အသစ် ရစေရန်၊ သုခ မရောယှက် ဒုက္ခတုံး ဒုက္ခစု သာဖြစ်သော အဝိဇ္ဖာစသော အကြောင်းတရားများကို ကြောင်းကျိုးဆက်စပ် ပြုလုပ်ခြင်းဖြင့် သံသရာတစ်ခွင်တွင် ဘဝအမျိုးမျိုး ခန္ဓာအမျိုးမျိုး ကျင်လည်နေကြခြင်း ဖြစ်ပါသည်။

ဝဋ်သုံးပါးသရုပ် –
အဝိဇ္ဇာ ၊ တဏှာ ၊ ဥပါဒါန် တည်းဟူသော သတ္တဝါတို့၏ စိတ်အစဉ်ကို ညစ်နွမ်းပူလောင်စေတတ်သည့် ကိလေသဝဋ် တရားများကြောင့် သင်္ခါရ ၊ ကမ္မဘဝ တည်းဟူသော ကမ္မဝဋ်တို့ကို ပြုလုပ်အားထုတ်မိကြပါသည်။ ယင်းကမ္မဝဋ်တရားများကြောင့် ဝိညာဏ်၊ နာမ်ရုပ် ၊ သဠာယတန ၊ ဖဿ ၊ ဝေဒနာ (ဥပပတ္တိဘဝ) ဇာတိ-ဇရာ-မရဏ တည်းဟူသော အကျိုးဝိပါက်၊ ခန္ဓာများဖြစ်သော ဝိပါကဝဋ် တို့ ဖြစ်ကြရပါသည်။

၂။ ပဋ္ဌာန်းပစ္စည်းများကို ထိုက်သလို သွင်းယူ၍ အကျဉ်းချုပ်လျှင် ပစ္စည်းပေါင်းမည်မျှရမည်နည်း၊ ရေတွက်ပြ၍ ပစ္စည်းများ၏ အကျဉ်းချု့်တရားကိုယ်ကိုလည်း ကောက်ပြခဲ့ပါ။
ပဋ္ဌာန်းပစ္စည်းများကို အကျဉ်းချုပ်လျှင် အောက်ပါအတိုင်း ၄-ပစ္စည်းရပါသည်။
(၁) အတ္ထိပစ္စည်း (၂) ဥပနိဿယပစ္စည်း (၃) အာရမ္မဏပစ္စည်း (၄) ကမ္မပစ္စည်း

ပဋ္ဌာန်းပစ္စည်း များ၏ အကျဉ်းချုပ်တရားကိုယ်မှာ –
ပညတ် ၊ နာမ် ၊ ရုပ် (တစ်နည်း) စိတ် ၈၉-ပါး ၊ စေတသိက် ၅၂-ပါး ၊ ရုပ် ၂၈-ပါး နိဗ္ဗာန် နှင့် ပညတ် တရားတို့ ဖြစ်ပါသည်။

၃။ နာမ်နှင့်ရုပ်တို့အချင်းချင်း ကျေးဇူးပြုကြပုံကို ဖော်ပြရေးသား၍ အာရမ္မဏပစ္စည်းသရုပ်ကိုလည်း မှန်ကန်အောင် ထုတ်ဆောင်ပြပါ။
နာမ်နှင့် ရုပ်တို့အချင်းချင်း ကျေးဇူးပြုကြပုံ –
အချင်းချင်းကျေးဇူးပြုတတ်သောပစ္စည်းသည် အညမညပစ္စည်းဖြစ်၍ အညမညပစ္စည်းသည် (၁) နာမ်အညမညပစ္စည်း (၂၀ ရုပ်အညမညပစ္စည်း (၃) နာရုပ် အညမညပစ္စည်း ဟူ၍ ၃-မျိုး ပြားရာဝယ် နာမ်နှင့် ရုပ်တို့ အချင်းချင်း ကျေးဇူးပြုသောပစ္စည်း သည် ရုပ်နာမ်အညမညပစ္စည်း ဖြစ်ပါသည်။ ကျေးဇူးပြုပုံမှာ – ပဋိသန္ဓေခဏ၌ ဟဒယဝတ္ထုရုပ်နှင့် ပဉ္စဝေါကာရ ပဋိသန္ဓေဝိပါက် နာမက္ခန္ဓာလေးပါးတို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုကြပါသည်။

အာရမ္မဏပစ္စည်း သရုပ်မှာ –
စိတ် ၈၉-ပါး ၊ စေတသိက် ၅၂-ပါး ၊ ရုပ် ၂၈-ပါး ၊ နိဗ္ဗာန် နှင့် ပညတ် တို့ဖြစ်ပါသည်။

၎။ ဤလောကတွင် ယောက်ျား ၊ မိန်းမ ဟူ၍ သတ်မှတ်ခေါ်ဆိုမှု ဖြစ်ပေါ်လာရခြင်းအကြောင်းကို ရှင်းလင်းရေးသား၍ ရုပ် ၊ ဝေဒနာ ၊ မြေ ၊ တောင် တို့၏ ပညတ်အမည်များကိုလည်း ညွှန်ပြခဲ့ပါ။
ယောက်ျား ၊ မိန်းမ ဟူ၍ သတ်မှတ်ခေါ်ဆိုမှု ဖြစ်ပေါ်လာရခြင်းအကြောင်းမှာ – ပရမတ္ထဓမ္မကို စွဲ၍ ထင်မြင်အပ်သော (သို့မဟုတ်) ခန္ဓာငါးပါးအပေါင်းကို အစွဲပြု၍ ဥပါဒါပညတ် မည်သောကြောင့် ယောက်ျား-မိန်းမ ဟုသတ်မှတ် ခေါ်ဆိုကြခြင်း၏ အကြောင်းမှာ ဥပါဒါပညတ် (ဇာတိပညတ်)ကြောင့် ဖြစ်ပါသည်။

အတ္ထပညတ် ၊ သဒ္ဒပညတ်
ရုပ် = တဇ္ဇာပညတ် ၊ ဝိဇ္ဇမာနပညတ်
ဝေဒနာ = တဇ္ဇာပညတ် ၊ ဝိဇ္ဇာမာနပညတ်
မြေ = သမူဟပညတ် ၊ အဝိဇ္ဇာမာနပညတ်
တောင် = ဥပါဒါပညတ် ၊ အဝိဇ္ဇာမာနပညတ်

၁၉၉၄-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ပဋိစ္စသမုပ္ပါဒ်နည်းအရ ဝိညာဏ်ကြောင့်နာမ်ရုပ်ဖြစ်သည်ဟု ဆိုရာတွင် အမှတ်မရှိ-ဝိညာဏ်ကြောင့် နာမ်ရုပ်အားလုံး ဖြစ်ပါသလော၊ ရှင်းလင်းဖြေဆို၍ အစပ် ၃-ပါး စပ်ထားပုံကိုလည်း ပိုင်းခြားပြပါ။
ပဋိစ္စသမုပ္ပါဒ်နည်းအရ ဝိညာဏ်ကြောင့်နာမ်ရုပ်ဖြစ်သည်ဟု ဆိုရာတွင် အမှတ်မရှိ-ဝိညာဏ်ကြောင့် နာမ်ရုပ်အားလုံး ဖြစ်ခြင်းမဟုတ်ပါ၊ ရှင်းလင်းဖြေဆိုရသော် –
ဝိညာဏ်အရ – ရှေးရှေးဘဝက ပြုခဲ့သော ကမ္မဝိညာဏ်နှင့် ယခုပစ္စုပ္ပန်မှာ ဖြစ်သော ဝိပါက် ဝိညာဏ်များကို ကောက်ယူရပါမည်။
နာမ်ရုပ်အရ – ဝိပါက်ဝိညာဏ်နှင့် ယှဉ်သော စေတသိက်များနှင့် ကမ္မဇရုပ်ကို ကောက်ယူရပါမည်။

အစပ် ၃-ပါး စပ်ထားပုံ – (၁၉၉၀ နံပါတ် ၂)

၂။ ပဋိစ္စသမုပ္ပါဒ်ဟူသည် အဘယ်တရားကို ခေါ်ဆိုပါသနည်း၊ ဖြေဆို၍ ယင်းပဋိစ္စသမုပ္ပါဒ် စက်ကြီး မည်သို့ လည်ပတ်နေသည်ကို ရှင်းလင်းဖြေဆိုပါ။
ပဋိစ္စသမုပ္ပါဒ်ဟူသည် –
အဝိဇ္ဇာ ၊ သင်္ခါရ ၊ ဝိညာဏ် ၊ နာမ်ရုပ် ၊ သဠာယတန ၊ ဖဿ ၊ ဝေဒနာ ၊ တဏှာ ၊ ဥပါဒါန် ၊ ဘယ(ကမ္မဘဝ)နှင့် ဇာတိ (ဥပပတ္တိဘဝ) တည်းဟူသော အကြောင်းတရားများ ဖြစ်ပါသည်။

ပဋိစ္စသမုပ္ပါဒ်စက်ကြီးလည်ပတ်ပုံ –
ဇရာ ၊ မရဏ ၊ သောက ၊ ပရိဒေဝ စသော တွေဝေမိန်းမောစေတတ်သော တရားအပေါင်းတို့သည် သတ္တဝါတို့ သန္တာန်၌ မပြတ်နှိပ်စက်တတ်ပေ၏ ထိုသို့ နှိပ်စက်ခံရသော သတ္တဝါတို့သန္တာန်၌ သောက စသည်ဖြစ်ခြင်းကြောင့် အာသဝေါတရားတို့ ဖြစ်ပေါ်၏ ထိုသို့ အာသဝေါတရားတို့ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာသည်လည်း ဖြစ်ပြန်၏။

အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ ၊ ဝိညာဏ် —၊ ဇရာ ၊ မရဏ ၊ သောက စသည်တို့ဖြစ်ရ၏။ သောကဖြစ်ခြင်းကြောင့် အာသဝေါ တရားဖြစ်၊ အာသဝေါတရား ဖြစ်ခြင်းကြောင့် အဝိဇ္ဇာဖြစ်၊ ဤသို့အားဖြင့် ပဋိစ္စသမုပ္ပါဒ်စက်ကြီး (တစ်နည်း) ဝဋ်တရားသည် လည်ပတ်နေတော့သည်။

၃။ ကာလသုံးပါး၌ ဖြစ်သော တရား ၊ ကာလသုံးပါးမှ လွတ်သောတရားတို့ကို ခွဲခြားပြဆိုပြီးလျှင် ကားသံ ၊ မြေနံ့၊ စက်ရုံ တို့၏ သဒ္ဒပညတ်အမည်များကိုလည်း တိကျစွာ ဖော်ပြပါ။
ကာလသုံးပါး၌ ဖြစ်သောတရား = စိတ် ၊ စေတသိက် ၊ ရုပ်
ကာလသုံးပါးမှ လွတ်သောတရား = နိဗ္ဗာန် ၊ ပညတ်
(၁) ကားသံ = အဝိဇ္ဇမာနေန-ဝိဇ္ဇမာနပညတ်
(၂) မြေနံ့ = အဝိဇ္ဇမာနေန-ဝိဇ္ဇမာနပညတ်
(၃) စက်ရုံ = အဝိဇ္ဇမာနေန – အဝိဇ္ဇမာနပညတ်

၁၉၉၅-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ သတ္တဝါမှန်သမျှ အိုခြင်းသေခြင်း မကင်းနိုင်ကြရာ ထိုအိုခြင်း၊ သေခြင်းတို့၏ လက်ရင်းတရားခံကို ပဋိစ္စသမုပ္ပါဒ်နည်းအရ ညွန်ပြ၍၊ ထိုလက်ရင်းတရားခံ၏ အကျိုးဆက်တရားများကိုလည်း ဖြေဆိုပါ။
သတ္တဝါမှန်သမျှ အိုခြင်းသေခြင်း မကင်းနိုင်ကြရာ ထိုအိုခြင်း၊ သေခြင်းတို့၏ လက်ရင်းတရားခံမှာ – ဇာတိ ဖြစ်ပါသည်။
ထိုလက်ရင်းတရားခံ ဇာတိ၏အကျိုးဆက်တရားမှာ – သောက၊ ပရိဒေဝ ၊ ဒုက္ခ ၊ ဒေါမနဿ ၊ ဥပါယာသတရားတို့ ဖြစ်ပါသည်။

၂။ စိတ်ထောင်းတော့ ကိုယ်ကြေ ၊ စိတ်ပျိုတော့ကိုယ်နု ဟုဆိုရိုးစကားရှိရာ၊ စိတ်သည် ကိုယ်အား မည်သို့မည်ပုံ ကျေးဇူးပြုသည်ကို ပဋ္ဌာန်းနည်းအရ ဖြေဆိုပါ။
ပဋ္ဌာန်းနည်းအရ စိတ်(နာမ်)သည်ကိုယ်(ရုပ်)အား – ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုပါသည်။
ကျေးဇူးပြုပုံ (၁၉၉၀ နံပါတ် ၂)

၃။ နေ့နှင့်ည ဖြစ်ပေါ်လာခြင်း၏ အကြောင်းတို့ကို ရေး၍ ၊ အဘိဓမ္မာပညာရှင်တို့ ဖြေဆိုနေသော အဘိဓမ္မာစာမေးပွဲ ဟူသည် ဝိဇ္ဇာမာနပညတ် စသည်တို့တွင် မည်သည့် ပညတ်မျိုး ဖြစ်သည်ကိုလည်း ရှင်းလင်းချက်နှင့်တကွ် ဖြေဆိုပါ။
နေ့နှင့်ညဖြစ်ပေါ်လာရခြင်းအကြောင်း
နေ၊ လ နက္ခတ်တို့ မြင်းမိုရ်တောင်ကို လက်ယာရစ် လှည့်လည်၍ သွားခြင်းကို စွဲ၍ သိအပ်သော ခဏငယ်မှစ၍ နေ့နှင့်ညဟု ပညတ်ရာမှ နေ့နှင့်ည ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ နေ့-ညဟူသည် ကာလပညတ် (အတ္တပညတ်) ဖြစ်ပါသည်။
အဘိဓမ္မာစာမေးပွဲသည် – ပရမတ္တအားဖြင့် ထင်ရှားရှိသောအနက် အဘိဓမ္မာ နှင့် ပရမတ္တအားဖြင့် ထင်ရှားမရှိသောအနက် စာမေးပွဲကို တွဲစပ်၍ ခေါ်ဝေါ်အပ်သောကြောင့် ဝိဇ္ဇာမာနေန-အဝိဇ္ဇမာနပညတ် ဖြစ်ပါသည်။

၁၉၉၆-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ကြောင်းကျိုးဆက်နွယ်မှုပြ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အားဖြင့် အောက်ပါအကျိုးတရားများ၏ အကြောင်းတရားများကို ဆက်နွယ်ဖော်ပြပါ။
(က) တပ်မက်ခင်မင်လိုချင်မှု
(ခ) စိုးရိမ်ပူဆွေး ငိုကြွေးမှု
ကြောင်းကျိုးဆက်နွယ်မှုပြ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အားဖြင့် –
(က) တပ်မက်မှု လိုချင်မှု (တဏှာ) ၏အကြောင်းတရားမှာ – ဝေဒနာ ဖြစ်ပါသည်။

(ခ) စိုးရိမ်ပူဆွေးမှု ငိုကြွေးမှု (သောက၊ ပရိဒေဝ) တို့၏ –
ဝေးသောအကြောင်းတရားမှာ – ပဋိသန္ဓေနေမှု (ဇာတိ)
နီးသောအကြောင်းတရားမှာ – အာသဝေါတရား ၄-ပါး ဖြစ်ပါသည်။

၂။ လူမှုနယ်ပယ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝသူကို လူချမ်းသာ ဟုဆိုလေ့ရှိရာ ပဋိစ္စသမုပ္ပါဒ် နည်းအရ လူချမ်းသာ ဟူ၍ ရှိနိုင် မရှိနိုင် အဘိဓမ္မာပညာရှင်ပီပီ စိစစ်ပြ၍၊ အဝိဇ္ဇာ၏ အကြောင်းတရား ကိုလည်း ဖြေဆိုပါ။
လူမှုနယ်ပယ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝသူကို လူချမ်းသာ ဟုဆိုလေ့ရှိရာ ပဋိစ္စသမုပ္ပါဒ် နည်းအရ လူချမ်းသာဟူ၍ မရှိနိုင်ပါ။

အကြောင်းမှာ – ပဋိစ္စသမုပ္ပါဒ်နည်းအရ အဝိဇ္ဇာစသော အကြောင်းအဆက်ဆက်ကြောင့် ဖြစ်ပေါ်လာသော ရုပ်နာမ်ဓမ္မ အကျိုးဆက်ဆက် မှန်သမျှ သည် ချမ်းသာမဖက် ဒုက္ခစုသက်သက်မျှ ဖြစ်သည်ဟု ဆိုထားသောကြောင့် ဖြစ်ပါသည်။
အဝိဇ္ဇာ အကြောင်းတရားမှာ – (၁၉၉၀ နံပါတ် ၁)

၃။ လူ့လောက၌ ပြောဆိုနေကြသည့် အပေါင်းအသင်း မကောင်း၍ ပျက်စီးရသည်။ အပေါင်းအသင်းကောင်း၍ တိုးတက်ကြီးပွားရသည်ဟူသော စကားကို မြတ်ဗုဒ္ဓ အဘိဓမ္မာနှင့် ညီမညီ စိစစ်ပြ၍ ပရမတ္တဓမ္မများကို အနှစ်ချုပ်ပါက မည်မျှ ရှိသည်ကိုလည်း ဖြေဆိုပါ။
လူ့လောက၌ ပြောဆိုနေကြသည့် အပေါင်းအသင်း မကောင်း၍ ပျက်စီးရသည်။ အပေါင်းအသင်းကောင်း၍ တိုးတက်ကြီးပွားရသည်ဟူသော စကားကို မြတ်ဗုဒ္ဓ အဘိဓမ္မာနှင့်ညီညွတ်မှု ရှိပါသည်။
အကြောင်းမှာ – ပဋ္ဌာန်းဒေသနာတော်၌ ပကတူပနိဿယပစ္စည်းအရ အပေါင်းအသင်း ပုဂ္ဂိုလ်သည် ထုက်သည့် အားလျော်စွာ် အဇ္ဈတ္တသန္တာန် ၊ ဗဟိဒ္ဓသန္တာန် တို့၌ (တိုးတက်ကြီးပွားခြင်း) ကုသိုလ် ၊ (ပျက်စီးခြင်း) အကုသိုလ် စသည့်တို့အား ပကတိ သဘောအားဖြင့် အားကြီးသော မှီရာ အဖြစ် ကျေးဇူးပြုတတ်သည်ဟု ဆိုးထားသောကြောင့် ဖြစ်ပါသည်။

ပရမတ္ထတရားများမှာ – စိတ် ၊ စေတသိက် ၊ ရုပ် ၊ နိဗ္ဗာန် ဟူ၍ ၄-ပါးရှိရာဝယ် စိတ် ၊ စေတသိက် နှင့် နိဗ္ဗာန် ကို နာမ်ဟု သတ်မှတ် ခေါ်ဆိုထားခြင်းကြောင့် ပရမတ္ထတရားများ၏ အနှစ်ချုပ်မှာ နာမ်နှင့်ရုပ်သာ ဖြစ်ပါသည်။

၁၉၉၇-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ အောက်ပါတရားများကို ဖော်ပြပါ။
(က) ဇာတိ၏ အကျိုးဆက် ၊ အကျိုးရင်းတရား
(ခ) အို နာ သေ ဝဋ် ဒုက္ခမှ ကင်းဝေးရန် ပတ်သက်ရမည့်တရား
(ဂ) ရဟန္တာမှတစ်ပါး အခြားပုဂ္ဂိုလ်များအား အနာဂတ်ဘဝ၌ မလွဲဧကန် တွေ့ကြုံရမည့်တရား
(က) ဇာတိ၏အကျိုးဆက်တရားများ = သောက ၊ ပရိဒေဝ ၊ ဒုက္ခ ၊ ဒေါမနဿ ၊ ဥပါယာသ

ဇာတိ၏အကျိုးရင်းတရားများ = ဇရာ ၊ မရဏ
(ခ) အို နာ သေ ဝဋ်ဒုက္ခမှ ကင်းဝေးရန် ပယ်သတ်ရမည့်တရား = အဝိဇ္ဇာနှင့် တဏှာဟူသော မူလတရား ၂-ပါး
(ဂ) ရဟန္တာမှတစ်ပါး အခြားပုဂ္ဂိုလ်များအား အနာဂတ်ဘဝ၌ မလွဲဧကန် တွေ့ကြုံရမည့် တရား = (ဥပပတ္တဘဝ) ဇာတိ၊ ဇရာ-မရဏ
(တစ်နည်း) = ဝိညာဏ် ၊ နာမ်ရုပ် ၊ သဠာယတန ၊ ဖဿ ၊ ဝေဒနာ

၂။ နာမ်တရားသည် နာမ်၊ရုပ်တရား နှစ်ပါးအား ကျေးဇူးပြုသော ပစ္စည်းများကို ဖော်ပြ၍ အာရမ္မဏာဓိပတိပစ္စည်း ကျေးဇူးပြုပုံကိုလည်း ကြောင်းကျိုး ပေါ်လွင်အောင် ဖြေဆိုခဲ့ပါ။
နာမ်တရားသည် နာမ် ၊ ရုပ်တရားနှစ်ပါးအာ်း ကျေးဇူးပြုသော ပစ္စည်းများမှာ –
ဟေတုပစ္စည်း ၊ ကမ္မပစ္စည်း ၊ ဝိပါကပစ္စည်း ၊ ဈာနပစ္စည်း ၊ မဂ္ဂပစ္စည်း – ပေါင်း ၅-ပစ္စည်းဖြစ်ပါသည်။

အာရမ္မဏာဓိပတိပစ္စည်း၏ ကျေးဇူးပြုပုံ
အာရ မ္မဏာဓိပတိပစ္စည်းဟူသည် သာမာန်အာရုံမျှမကဘဲ စိတ်၊ စေတသိက်တရားတို့ကို အာရုံသဘောအားဖြင့် လွှမ်းမိုး အစိုးရ၍ ကျေးဇူးပြုသောပစ္စည်းဖြစ်၏ ၎င်း၏ ကျေးဇူးပြုပုံကို ကြောင်းကျိုး ပေါ်လွင်အောင် ဖြေဆိုရသော် –
အလေးအမြတ်ပြုအပ်သော ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ် ၁၈-ပါး (ဒေါသမူဒွေး ၊ မောဟမူဒွေး ၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ် တို့ကြဉ်သော) စေတသိက် ၄၇-ပါး၊ နိဗ္ဗာန် ဤပစ္စည်းတရားတို့သည် –
အလေးအမြတ် ပြုတတ်သော (လောဘမူစိတ်-၈ ၊ မဟာကုသိုလ်-၈ ၊ မဟာကြိယာ ဉာဏသမ္ပယုတ်-၄ ၊ လောကုတ္တရာ-၈ ) ပေါင်းစိတ် ၂၈-ပါး (ဒေါသ ၊ ဣဿာ ၊ မစ္ဆရိယ ၊ ကုက္ကုစ္စ ၊ ဝိစိကိစ္ဆာ ၊ အပ္ပမညာဒွေးကြဉ်) စေတသိက် ၄၅-ပါး ဤပစ္စယုပ္ပန် တရားတို့အား အာရမ္မဏာဓိပတိသတ္တိဖြင့် ကျေးဇူးပြုပါသည်။

၃။ ပညတ်နှစ်မျိုးကို အဓိပ္ပါယ်နှင့်တကွ ဖော်ပြ၍ ၊ အောက်ပါပညတ်များကိုလည်း အမည်ပေးခဲ့ပါ။
(က) ခန္ဓာ ၅-ပါးကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောပညတ်
(ခ) ခြောက်ပါးသောအဘိညာဉ်ကိုရသူ
(ဂ) မင်း၏သားတော်
ပညတ် ၂-မျိုးမှာ = အတ္တပညတ် နှင့် သဒ္ဒပညတ်တို့ဖြစ်ကြသည်။
အတ္တပညာဟူသည်မှာ = သူတစ်ပါး နားလည်းအောင် အမည်အမျိုးမျိုးတပ်ကာ ခေါ်ဝေါ်အပ်သိစေအပ်သော အနက် ဒြပ်ဝတ္ထုမျိုးဖြစ်၏
သဒ္ဒပညတ်ဟူသည်မှာ = အတ္ထပညတ်ဖြစ်သော အနက်ဒြပ်ဝတ္ထုမျိုးကို သိစေတတ်သော ခေါ်ဝေါ်ကြောင်း၊ အမည်သညာ၊ စကားသံများသည် သဒ္ဒပညတ်မည်၏

ပညတ်အမည်များ
(က) ခန္ဓာ ၅-ပါးကို အကြောင်းပြ၍ = ဇာတိပညတ် ၊ ဥပါဒါပညတ် (အတ္တပညတ်) ဖြစ်ပေါ်လာသောပညတ်
(ခ) ခြောက်ပါးသော အဘိညာဉ်ကို ရသူ = ဝိဇ္ဇာမာနေန-အဝိဇ္ဇာမာနပညတ် (သဒ္ဒပညတ်)
(ဂ) မင်း၏သားတော် = အဝိဇ္ဇာမနေန-အဝိဇ္ဇာမာနပညတ် (သဒ္ဒပညတ်)

၁၉၉၈-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ပဋိစ္စသမုပ္ပါဒ် အရ တရားကိုယ်တော်ကောက်ပြ၍ အောက်ပါအကျိုးတရားများ၏ အကြောင်းတရားများကိုလည်း ပဋိစ္စသမုပ္ပါဒ် နည်းအရ ဖြေဆိုပါ။
(က) လှပသော ရူပါရုံကို တပ်မက်ချစ်ခင်လိုချင်မှု
(ခ) လှပသော ရူပါရုံကို မေ့ပျောက်မရအောင် စွဲလမ်းမှု
ပဋိစ္စသမုပ္ပါဒ် အရ တရားကိုယ်မှာ – လောကီစိတ်-၈၁ ၊ စေတသိက်-၅၂ ။ ရုပ် ၂၈-ပါး တို့ဖြစ်ပါသည်။

ပဋိစ္စသမုပ္ပါဒ်နည်းအရ
(က) လှပသော ရူပါရုံကို တပ်မက် ချစ်ခင်လိုချင်မှု တဏှာ၏အကြောင်းတရားမှာ – ဝေဒနာ ဖြစ်ပါသည်။
(ခ) လှပသော ရူပါရုံကို မေ့ပျောက်မရအောင် စွဲလမ်းမှု ဥပါဒါန် ၏ အကြောင်းတရားမှာ – တဏှာဖြစ်ပါသည်။

၂။ အသက်ရှည်စွာ အနာမဲ့ရေးအတွက် အဓိကလိုအပ်သော ပစ္စည်းတရား ၊ ပစ္စယုပ္ပန်တရား များကို ပဋ္ဌာန်းနည်းအရ ရှာဖွေရေးသားပြီးလျှင် လှပသော ရူပါရုံသည် ကြည့်ရှုသူ၏ မြင်သိစိတ်အား ကျေးဇူးပြုရာ၌ ပါဝင်သော ပစ္စည်းတရားများကို လည်း ဖော်ပြပါး။
အသက်ရှည်စွာ အနာမဲ့ရေးအတွက် အဓိကလိုအပ်သော ပစ္စည်းတရားသည် အာဟာရပစ္စည်းဖြစ်ပါသည်။ အာဟာရပစ္စည်းဟူသည် ထောက်ပံ့ခိုင်စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား ဖြစ်ပါသည်။ အာဟာရပစ္စည်းသည် (၁) ရုပ်အာဟာရပစ္စည်း (၂) နာမ်အာဟာရပစ္စည်း ဟူ၍ ၂-ပါး အပြားရှိပါသည်။

(၁) ရုပ်အာဟာရပစ္စည်းနှင့် ပစ္စယုပ္ပန်တရားများ
အဇ္ဈတ္တသန္တာန်၌ရှိသော စတုသမုဋ္ဌာနိက သြဇာ နှင့် ဗဟိဒ္ဓသန္တာန်၌ရှိသော ဥတုဇသြဇာဟူသော ပစ္စည်းတရားတို့သည် အချင်းချင်း ပေါင်းဆုံမိ၍၊ ဌီသို့ အရောက်၌ အာဟာရဇရုပ် ပစ္စယုပ္ပန်တရားများကို ဖြစ်ပွားစေခြင်းဖြင့် ကျေးဇူးပြုပါသည်။

(၂) နာမ်အာဟာရပစ္စည်းနှင့် ပစ္စယုပ္ပန်တရားများ
ဖဿ ၊ စေတနာ ၊ ဝိညာဏ် ဟူသော နာမ်အာဟာရ ၃-ပါး ပစ္စည်းတရားတို့သည် တကွဖြစ်ဖက် စိတ်-၈၉ ၊ စေတသိက် -၅၂၊ စိတ္တဇရုပ် ၊ ပဋသန္ဓေ ကမ္မဇရုပ် ဟူသော ပစ္စယုပ္ပန် တရားတို့အား ကျေးဇူးပြုပါသည်။
လှပသော ရူပါရုံသည် ကြည့်ရှုသူ၏ မြင်သိစိတ်အား ကျေးဇူးပြုသော ပစ္စည်းတရားများမှာ –
(၁) အာရမ္မဏပစ္စည်း
(၂) ပုရေဇာတပစ္စည်း
(၃) အတ္ထိပစ္စည်း
(၄) အဝိရဂတပစ္စည်း တို့ဖြစ်ပါသည်။

၃။ ရုပ်နာမ်နှစ်ပါး၊ ကွဲတုံငြား ၊ မှတ်သားကလျာဏ ဟူသည်နှင့်အညီ ကလျာဏပုထုဇဉ်စာရင်းဝင်ရန် ပရမတ္တတရားများကို ရုပ် ၊ နာမ်ခွဲပြပြီးလျှင် အောက်ပါတို့တွင် (က) အတ္ထပညတ် ၊ (ခ) ကို သဒ္ဒပညတ် အမည်ပေးပါ။
(က) စပယ်ပန်း (ခ) ပညာဗိမာန်
ပရမတ္ထတရား ၄-ပါး ကို ရုပ်၊ နာမ် ခွဲပြရသော် –
စိတ် ၈၉-ပါး ၊ စေတသိက် ၅၂-ပါး နှင့် နိဗ္ဗာန် တို့သည် နာမ်တရား ၊ ရုပ် ၂၈-ပါး သည် ရုပ်တရားဖြစ်ပါသည်။

ပညတ်အမည်များ
(က) စပယ်ပန်း = သဏ္ဌာနပညတ် (အတ္ထပညတ်)
(ခ) ပညာဗိမာန် = ဝိဇ္ဇမာနေန-အဝိဇ္ဇာမာနပညတ် (သဒ္ဒပညတ်)

၁၉၉၉-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ဇာတိ၏ အကျိုးရင်းနှင့် အကျိုးဆက်ကို ခွဲခြားဖော်ပြ၍ ပဋိစ္စသမုပ္ပါန်ကို အလွှာလေးပါးဖြင့် ခွဲပြပါ။
ဇာတိ၏အကျိုးရင်းနှင့် အကျိုးဆက် = ၁၉၉၇ နံပါတ် ၁(က)
ပဋိစ္စသမုပ္ပါဒ်ကို အလွှာလေးပါဖြင့် ခွဲပြရသော် –
(၁) အတိတ်အကြောင်းလွှာ = အဝိဇ္ဇာ၊ သင်္ခါရ
(၂) ပစ္စုပ္ပန် အကျုးလွှာ = ဝိညာဏ် ၊ နာမ်ရုပ် ၊ သဠာယတန ၊ ဖဿ ၊ ဝေဒနာ
(၃) ပစ္စုပ္ပန် အကြောင်းလွှာ = တဏှာ ၊ ဥပါဒါန် ၊ ကမ္မဘဝ
(၄) အနာဂတ်အကျိုးလွှာ = (ဥပပတ္တိဘဝ) ဇာတိ၊ ဇရာ-မရဏ် တို့ဖြစ်ပါသည်။

၂။ လူသားတိုင်း မွေးသည်မှာ သေသည်အထိ နေ့စဉ် ခံစားနေရသော ဆင်းရဲဒုက္ခစုကြီးသည် အဘယ်အကြောင်းကြောင့် ဖြစ်ရသည်ကို ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ရှင်းပြ၍ ၊ ဝဋ်သုံးပါး၏ သရုပ်ကိုလည်း ရေးခဲ့ပါ။
(၁၉၉၃ နံပါတ် ၁)

၃။ ရေဒီယိုမှ သီးချင်းသံသည် နားဆင်သူ၏ စိတ်အစဉ်အား အဘယ်ပဋ္ဌာန်းပစ္စည်းများဖြင့် ကျေးဇူးပြုသည်ကို ရေး၍၊ ကျန်းမာသက်ရှည်ရေးအတွက် အရေးကြီးသော ပစ္စည်းသည် မည်သည့်ပစ္စည်းဖြစ်ပါသနည်း။ ဖြေဆိုပါ။
ရေဒီယိုမှ သီးချင်းသံသည် နားဆင်သူ၏ စိတ်အစဉ်အား ပဋ္ဌာန်းပစ္စည်းများဖြင့် ကျေးဇူးပြုပုံ – (၁၉၉၃ နံပါတ် ၂)
ကျန်းမာသက်ရှည်ရေးအတွက် အရေးကြီးသော ပစ္စည်းမှာ – (၁၉၈၉ နံပါတ် ၂)

၂၀၀၀-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ကြောင်းကျိုးဆက်သွယ်မှုပြ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် နည်းအားဖြင့် အောက်ပါအကျိုးတရားများ၏ အကြောင်းတရားများကို ဆက်နွယ်ဖော်ပြပါ။
(က) တပ်မက်ခင်မင် လိုချက်မှု
(ခ) အငမ်းမရ စွဲလမ်းမှု
(ဂ) စိုးရမ်ပူဆွေး ငိုကြွေးမှု
ကြောင်းကျိုးဆက်သွယ်ပြ ပဋိစ္စသမုပ္ပါဒ်
ဒေသနာတော်နည်းအားဖြင့်
(က) တပ်မက်ခင်မင်လိုချင်မှု (တဏှာ)၏ အကြောင်းတရားမှာ –
ဝေဒနာပစ္စယာ တဏှာ အရ တပ်မက်ခင်မင် လိုချင်မှု (တဏှာ)၏ အကြောင်းတရားမှာ ဝေဒနာ ဖြစ်ပါသည်။

(ခ) အငမ်းမရ စွဲလမ်းမှု (ဥပါဒါန်)၏ အကြောင်းတရားမှာ –
တဏှာပစ္စယာ ဥပါဒါန် အရ အငမ်းမရ စွဲလမ်းမှု (ဥပါဒါန်)၏ အကြောင်းတရားမှာ တဏှာ ဖြစ်ပါသည်။

(ဂ) စိုးရမ်ပူဆွေးငိုကြွေးမှု (သောက၊ ပရိဒေဝ) ၏ အကြောင်းတရားမှာ –
ဇာတိပစ္စယာ ဇရာ မရဏ် သောက ပရိဒေဝ ဒုက္ခ … အရ စိုးရိမ်ပူဆွေးငိုကြွေးမှု (သောကပရိဒေဝ) ၏ ဝေသောအကြောင်း တရားမှာ ဇာတိ ဖြစ်၍၊ အနီးဆုံးသော အကြောင်းတရားမှာ အာသဝေါတရား (၄)ပါးသာ ဖြစ်ပါသည်။

၂။ ဘုံသုံးပါး၌ မပြတ်လည်နေသော ပဋိစ္စသမုပ္ပါဒ်စက်ကြီး အပြီးတိုင်ရပ်သွားစေရန် အဓိက ဦးတည်ပယ်သတ်ရမည့် အခြေခံမူလဘူတတို့ကို ရေးသား၍ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ အင်္ဂါတို့ကိုလည်း ဖော်ပြပါ။
ပဋိစ္စသမုပ္ပါဒ် စက်ကြီး အပြီးတိုင်ရပ်သွားစေရန် အဓိက ဦးတည်ပယ်သတ်ရမည့် အခြေခံမူလဘူတတို့မှာ – အဝိဇ္ဇာ နှင့်တဏှာ တို့ဖြစ်ပါသည်။

ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် ၏ အင်္ဂါတို့မှာ –
အဝိဇ္ဇာ ၊ သင်္ခါရ ၊ ဝိညာဏ် ၊ နာမ်ရုပ် ၊ သဠာယတန ၊ ဖဿ ၊ ဝေဒနာ ၊ တဏှာ ၊ ဥပါဒါန် ၊ ဘဝ ၊ ဇာတိ ၊ ဇရာ-မရဏ ဟူသော အင်္ဂါ ၁၂-ပါး ဖြစ်ပါသည်။

၃။ ပဋ္ဌာန်းပစ္စည်းများကို ထိုက်သလိုသွင်းယူ၍ အကျဉ်းချုပ်လျှင် ပစ္စည်းပေါင်းမည်မျှရှိသည်ကို ရေတွက်ပြ၍ ၊ ထိုပဋ္ဌာန်း ပစ္စည်း အဖြစ်ဖြင့် ဟောအပ်သောတရားတို့ကိုလည်းဖော်ပြပါ။
ပဋ္ဌာန်းပစ္စည်းများကို ထိုက်သလိုသွင်းယူ၍ အကျဉ်းချုပ်လျှင် ပစ္စည်းပေါင်း – ၄-ပစ္စည်း ရပါသည်။
၎င်းတို့မှာ –
(၁) အတ္ထိပစ္စည်း
(၂) ဥပနိဿယ ပစ္စည်း
(၃) အာရမ္မဏပစ္စည်း
(၄) ကမ္မပစ္စည်း တို့ဖြစ်ပါသည်။

ပဋ္ဌာန်းပစ္စည်း အဖြစ်ဖြင့် ဟောအပ်သောတရားတို့မှာ – ပညတ် ၊ နာမ် ၊ ရုပ်
(တစ်နည်း) စိတ် ၈၉-ပါး ၊ စေတသိက် ၅၂-ပါး ၊ ရုပ် ၂၈-ပါး ၊ နိဗ္ဗာန် ၊ ပညတ်တရားတို့ ဖြစ်ပါသည်။

၂၀၀၁-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ဤလောက၌ သတ္တဝါတစ်ယောက် ဖြစ်ပေါ်လာခြင်းသည် တန်ခိုးကြီးမား ထာဝရဘုရားသခင် စသည်တို့ ဖန်ဆင်းလိုက်သောကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသလော၊ ကြောင်းကျိုးဆက်နွယ်မှုပြ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ ဖြေဆိုပါ။
ဤလောက၌ သတ္တဝါတစ်ယောက် ဖြစ်ပေါ်လာခြင်းသည် တန်ခိုးကြီးမား ထာဝရဘုရားသခင် စသည်တို့ ဖန်ဆင်းလိုက်သောကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။

ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ –
သတ္တဝါများသည် တန်ခိုးရှင်တို့၏ ဖန်ဆင်းမှုကြောင့်မဟုတ်ဘဲ အဝိဇ္ဇာနှင့်တဏှာတည်းဟူသော ပဋိစ္စသမုပ္ပါဒ် သံသရာဝဋ်ဆင်းရဲ၌ လည်ပတ်ရခြင်း၏ အကြောင်းရင်းဖစ်ြသော ဝဋ်မြစ် (မူလ) ၂-ပါးကြောင့်ပင် ဖြစ်လေသည်။ ဤဝဋ်မြစ် ၂-ပါးကို အခြေခံ၍ ကျန်တရားစုများဖြစ်သော သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ် စသည့်တရားများသည်လည်း ဆက်စပ်၍ ကြောင်းကျိုးမပြတ် လည်ပတ်ကြရလေသည်။

ဤသို့ဖြင့် မိမိတို့ရရှိထားသော ရုပ်နာမ်စုကို အရင်းတည်၍ နောက်ရုပ်နာမ်အသစ်ရစေရန် သုခမရောယှက် ဒုက္ခတုံး ဒုက္ခစုသာဖြစ်သော အဝိဇ္ဇာစသော အကြောင်းတရားများကို ကြောင်းကျိုးဆက်စပ်ပြုလုပ်ခြင်းဖြင့် သံသရာတစ်ခွင်တွင် ဘဝအမျိုးမျိုး ခန္ဓာအမျိုးမျိုး ကျင်လည်ခဲ့ကြခြင်းဖြစ်ပါသည်။ ထာဝရ ဘုရားသခင် စသည်တို့က ဖန်ဆင်းလိုက်သောကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။
(တစ်နည်း)
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၌ မြတ်စွာဘုရားရှင်သည် အဝိဇ္ဇာ၏အကြောင်းကြော့် သင်္ခါရတရားတို့သည် ဖြစ်ကုန်၏ စသည်ဖြင့် ဟောကြားတော်မူပြီးလျှင် ၊ ဧဝ မေ တဿ … = ဤအဝိဇ္ဇာ အစရှိသော အကြောင်းတို့ကြောင့်သာ သုခမဖက် သက်သက်သော ဤဒုက္ခအစု၏ ဖြစ်ခြင်းသည် ထင်ရှား၏ ဟု နိဂုံးအဆုံးသတ်ထားသော အကြောင်းတရားတို့ကြောင့်သာ သုခမဖက် သက်သက်သော ဤဒုက္ခအစု၏ ဖြစ်ခြင်းသည် ထင်ရှား၏ ဟု နိဂုံးအဆုံးသတ်ထားသော ဟောတော်မူချက်အရ
သတ္တဝါဟု သမုတ်အပ်သော ခန္ဓာ ၅-ပါးအစု = ဒုက္ခအစု ဖြစ်ပေါ်လာခြင်းသည် ထာဝရဘုရားသခင် စသည်တို့သာ ဖန်ဆင်းခြင်းကြောင့်မဟုတ် ၊ အဝိဇ္ဇာ ၊ သင်္ခါရ အစရှိသော အကြောင်းတရားတို့ကြောင့်သာ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

၂။ ဝဋ်သုံးပါးကို ရေတွက်ပြ၍ ၊ အဝိဇ္ဇာ၏ အကြောင်းတရားကိုလည်း ဖြေဆိုပါ။
ဇရာ-မရဏ၊ သောက၊ ပရိဒေဝ စသော တွေဝေမိန်းမောစေတတ်သောတရားအပေါင်းသည် သတ္တဝါတို့သန္တာန်၌ မပြတ်နှိပ်စက်တတ်၏။ ထိုသို့ နှိပ်စက်ခံရသော သတ္တဝါတို့၌ သောက စသည်တို့ ဖြစ်ခြင်းကြောင့် အာသဝေါတရားတို့သည် လည်း ဖြစ်ပေ၏။ ထိုသို့ အာသဝေတရားတို့ဖြစ်ခြင်းကြောင့် အဝိဇ္ဇာသည်လည်း ဖြစ်ပြန်၏ ထို့ကြောင့် အဝိဇ္ဇာ၏ အကြောင်းတရားမှာ အာသဝေါတရား ဖြစ်ပါသည်။

၃။ အဘယ်ကို အစွဲပြု၍ နေ့နှင့်ည ဖြစ်ပေါ်လာသည်ကိုရေး၍ ၊ သဒ္ဒပညတ် (၆)ပါးကိုလည်း ရေတွက်ပြပါ။
နေ့ နှင့်ည ဖြစ်ပေါ်လာပုံမှာ –
နေ ၊ လ နက္ခတ်တို့၏ မြင်းမိုရ်တောင်ကို လက်ယာရစ်၍ လှည့်လည်သွားခြင်း စသော အခြင်းအရာကို စွဲ၍ ပညတ်အပ်သော နံနက် ၊ ည စသည့် ကာလပညတ် ဖြစ်ပေါ်လာပါသည်။

သဒ္ဒပညတ်(၆)ပါးမှာ –
(၁) ဝိဇ္ဇမာန ပညတ်
(၂) အဝိဇ္ဇမာန ပညတ်
(၃) ဝိဇ္ဇမာနေန-အဝိဇ္ဇမာနပညတ်
(၄) အဝိဇ္ဇမာနေန-ဝိဇ္ဇမာနပညတ်
(၅) ဝိဇ္ဇမာနေန-ဝိဇ္ဇမာနပညတ်
(၆) အဝိဇ္ဇမာနေန-အဝိဇ္ဇမာနပညတ် တို့ဖြစ်ပါသည်။

၂၀၀၂-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ သတ္တဝါမှန်သမျှ အိုခြင်း ၊ သေခြင်း မကင်းနိုင်ကြရာ ထိုအိုခြင်း၊ သေခြင်း တို့၏လက်ရင်း တရားခံကို ပဋိစ္စသမုပ္ပါဒ်အရ ညွန်ပြ၍၊ ထိုလက်ရင်းတရားခံ၏ အကျိုးဆက်တရားများကိုလည်း ဖြေဆိုပါ။
သတ္တဝါမှန်သမျှ အိုခြင်း ၊ သေခြင်း မကင်းနိုင်ကြရာ ထိုအိုခြင်း၊ သေခြင်း တို့၏လက်ရင်း တရားခံကို ပဋိစ္စသမုပ္ပါဒ်အရ ညွန်ပြ၍၊ ထိုလက်ရင်းတရားခံမှာ – ဇာတိတရား ဖြစ်ပါသည်။

ထိုလက်ရင်းတရားခံ (ဇာတိ) ၏ အကျိုးဆက်တရားများမှာ –
သောက၊ ပရိဒေဝ ၊ ဒုက္ခ ၊ ဒေါမနဿ ၊ ဥပါယာသ တရားတို့ ဖြစ်ပါသည်။

၂။ အဓွန့် (၃)ပါးကို တရားကိုယ်နှင့်တကွ ရေး၍ ၊ ဝဋ်မြစ် နှစ်ပါးကိုလည်း ဖြေဆိုပါ။
အဓွန့် (၃)ပါးကို တရားကိုယ်နှင့်တကွ ဖော်ပြရသော် –
(၁) အတိတ်အဓွန့် = အတိတ်ကာလ၌ ဖြစ်ခဲ့သောတရား၊
= အဝိဇ္ဇာ ၊ သင်္ခါရ။
(၂) ပစ္စုပ္ပန်အဓွန့် = ပစ္စုပ္ပန်ကာလ၌ ဖြစ်သောတရား ၊
= ဝိညာဏ် ၊ နာမ်ရုပ် ၊ သဠာယတန ၊ ဖဿ ၊ ဝေဒနာ ၊ တဏှာ ၊ ဥပါဒါန် ၊ ဘဝ (ကမ္မဘဝ)
(၃) အနာဂတ်အဓွန့် = အနာဂတ် ကာလ၌ ဖြစ်လတ္တံ့သောတရား၊
= (ဥပပတ္တိဘဝ) ဇာတိ ၊ ဇရာ-မရဏ
ဝဋ်မြစ်နှစ်ပါးမှာ – အဝိဇ္ဇာ နှင့် တဏှာ ဖြစ်ပါသည်။
အဝိဇ္ဇာ = အတိတ်ဘဝအကြောင်းမှစ၍ ပစ္စုပ္ပန်ဘဝအကျိုးဖြစ်သည့်တိုင်အောင် ဖြစ်သော ရှေ့ပိုင်း ဘဝစက်၏ အရင်းမူလ (ဝဋ်မြစ်)
တဏှာ = ပစ္စုပ္ပန် အကြောင်းမှစ၍ အနာဂတ်အကျိုးတိုင်အောင်ဖြစ်သော နောက်ပိုင်းဘဝစက်၏ အရင်းမူလ (ဝဋ်မြစ်)

၃။ နိဗ္ဗာန်တရားကို ရုပ်အကျိုး နာမ်အထူးဟု အချို့ပုဂ္ဂိုလ်တို့ ပြောဟောနေကြရာ မည်သည့် စကားမှန်သည်ကို စိစစ်ပြ၍ ၊ အတ္တပညတ် အပြားကိုလည်း သိသာရုံမျှ ရေတွက်ပြပါ။
နိဗ္ဗာန်တရားကို ရုပ်အကျိုး နာမ်အထူးဟု အချို့ပုဂ္ဂိုလ်တို့ ပြောဟောနေကြရာတွင် -နိဗ္ဗာန်သည် နာမ်အထူးဟူသော စကားမှန်ပါသည်။
အကြောင်းမှာ – နိဗ္ဗာန်သည် အာရမ္မဏိက တရားတို့ကို မိမိ၌ ညွတ်စေတတ်သောကြောင့် နာမ်မည်ခြင်းကြောင့် ဖြစ်ပါသည်။

အတ္တပညတ်အပြားကို သိသာရုံမျှ ရေတွက်ပြရသော် –
(၁) တဇ္ဇာပညတ်
(၂) ဥပါဒါနပညတ်
(၃) သမူဟပညတ်
(၄) သဏ္ဌာနပညတ်
(၅) သန္တတိပညတ်
(၆) ကာလပညတ်
(၇) ဒိသာပညတ်
(၈) အဒ္ဓါပညတ်
(၉) အာကာသပညတ်
(၁၀) ဒေသပညတ်
(၁၁) ကသိုဏ်းပညတ်
(၁၂) ဥပနိဓာပညတ် စသည်တို့ ဖြစ်ပါသည်။

၂၀၀၃-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်သည်ဟူသော အဋိစ္စသမုပ္ပါဒ်နည်းအရ အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်လျှင် အဝိဇ္ဇာသည် အဘယ်တရားကြောင့် ဖြစ်သည်ကို ရေး၍ ၊ ပဋိစ္စသမုပ္ပါဒ် လည်ပတ်ရာတွင် ဆက်စပ်မှု သုံးခုကိုလည်း ဖြေဆိုပပါ။
အဝိဇ္ဇာသည် အဘယ်တရားကြောင့် ဖြစ်သည်ဟူသော – ၂၀၀၁ နံပါတ် ၂
ပဋိစ္စသမုပ္ပါဒ် လည်ပတ်ရာတွင် ဆက်စပ်မှု သုံးခုမှာ – ၁၉၉၀ နံပါတ် ၂

၂။ စိတ်ထောင်းတော့ကိုယ်ကြေ စိတ်ပျိုတော့ကိုယ်နု ဟုဆိုရိုးစကားရှိလေရာ စိတ်သည် ဤရုပ်ကိုယ်အား မည်သည့်ပစ္စည်းဖြင့် ကျေးဇူးပြုပါသနည်း ။ ပစ္စည်း ပစ္စယုပ္ပန်နှင့်တကွက ဖော်ပြပါ။
စိတ်ထောင်းတော့ကိုယ်ကြေ စိတ်ပျိုတော့ကိုယ်နု ဟုဆိုရိုးစကားရှိလေရာ စိတ်သည် ဤရုပ်ကိုယ်အား- ပစ္ဆာဇာတ ပစ္စည်းဖြင့် ကျေးဇူးပြုပါသည်။
ပစ္ဆာဇာတပစ္စည်း ဟူသည် နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရားဖြစ်သည်။ ရှေးက ပေါက်နှင့်ပြီးသော သစ်ပင်အား နောက်မှ ရွာသွန်းအပ်သော မိုးရေသည် စည်ပင်ကြီးပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ နောက်နောက်၌ဖြစ်သော စိတ်တို့သည် ရှေ့က ဖြစ်နှင့်ပြီး ဌီသို့ရောက်နေသော ရုပ်တို့အား တည်ခိုင် သန်စွမ်းစေသောအားဖြင့် ကျေးဇူးပြုတတ်သော ကြောင့် ပစ္ဆာဇာတပစ္စည်း မည်၏။

ပစ္စည်းတရား = (ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက်ဖြစ်နေ) အရူပဝိပါတ် ၄-ပါးကြဉ်သော ပထမဘဝင် အစရှိသော နောက်နောက်သော စိတ် ၈၅-ပါး စေတသိက် ၅၂-ပါး

ပစ္စယုပ္ပန်တရား = ပဋိသန္ဓေအစရှိသော ရှေးရှေးစိတ်နှင့်တကွ ဥပါဒ်၍ ရုပ်၏ဌီသို့ ရောက်သော ဧကဇယာယ ၊ ဒွိဇကာယ ၊ တိဇကာယ ၊ စတုဇကာယ

၃။ ရုပ်တရားသည် နာမ်တရားအား ကျေးဇူးပြုတတ်သောပစ္စည်းကို ဖော်ပြ၍ ပဋ္ဌာန်း ၂၄-ပစ္စည်းကို အကျဉ်းချုပ်လျှင် ပစ္စည်းပေါင်း မည်မျှရှိသည်ကိုလည်း ရေတွက်ပြပါ။
ရုပ်တရားသည် နာမ်တရားအား ကျေးဇူးပြုတတ်သောပစ္စည်းမှာ – ပုရေဇာတပစ္စည်း ဖြစ်ပါသည်။

ပုရေဇာတပစ္စည်းဆိုသည်မှာ – ကမ္ဘာဦးမှ ပေါ်ပေါက်ခဲ့သော နေ ၊ လ တို့သည် ယခုတိုင် ထင်ရှားရှိကာ ၎င်းတို့နောက်မှ ဖြစ်ပေါ်လာသော သတ္တဝါတို့အား အလင်းရောင်ပေးကာ ကျေဇူးပြုသကဲ့သို့) ပစ္စယုပ္ပန်တရားတို့၏ ရှေးဦးစွာ ဖြစ်နှင့်သည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် ပုရေဇာတပစ္စည်း မည်ပါသည်။
ပဋ္ဌာန်း ၂၄-ပစ္စည်းကို အကျဉ်းချုပ်လျှင် – (၂၀၀၀ နံပါတ် ၃)

၎။ အောက်ပါတို့သည် မညသ်ည့် သဒ္ဒပညတ်မား ဖြစ်သည်ကို စိစစ်ပြပါ။
(က) ကမ္ဘာ (ခ) ရုပ်နာမ်နှစ်ပါးရှိသောပုဂ္ဂိုလ် (ဂ) လူ၏အသံ (ဃ) တရားသံ (င) လွှတ်တော်အဆောက်အဦး
(က) ကမ္ဘာ = ပရမတ္တအားဖြင့် ထင်ရှားမရှိသော အနက်ကြောင့် အဝိဇ္ဇမာနပညတ်
(ခ) ရုပ်နာမ်နှစ်ပါးရှိသောပုဂ္ဂိုလ် = ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ကြောင့် ဝိဇ္ဇမာနေန-အဝိဇ္ဇမာနပညတ်

(ဂ) လူ၏အသံ = ပရမတ္ထအားဖြင့် ထာင်ရှားမရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ကြောင့် အဝိဇ္ဇမာနေန-ဝိဇ္ဇာမာနပညတ်
(ဃ) တရားသံ = ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ကြောင့် ဝိဇ္ဇမာနပညတ်
(င) လွှတ်တော်အဆောက်အဦး = ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ကြောင့် အဝိဇ္ဇမာနေန-အဝိဇ္ဇမာနပညတ်

၂၀၀၄-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ နိဗ္ဗာန်သည် အကြောင်း (ပစ္စည်း) တရာလော၊ အကျိုး (ပစ္စယုပ္ပန်) တရားလော ပစ္စည်းပိုင်းအမြင်ဖြင့် ဖြေဆို၍ ၊ ဇာတိ၏ အကျိုးရင်း၊ အကျိုးဆက် တို့ကိုလည်း ခွဲခြားဖြေဆိုပါ။
နိဗ္ဗာန်သည် ပစ္စည်းပိုင်းအမြင်ဖြင့် အကြောင်း(ပစ္စည်း) တရားဖြစ်ပါသည်။ အကြောင်းမှာ –
အသင်္ခတရားဖြစ်သော နိဗ္ဗာန်သည် ပစ္စယုပ္ပန်အကျိုးတရားတို့အား အရာမ္မဏ သတ္တိ စသည်တို့ဖြင့် ကျေးဇူးပြုနိုင်သောကြောင့် နိဗ္ဗာန်သည် အကြောင်း (ပစ္စည်း) တရားဖြစ်ရခြင်း ဖြစ်ပါသည်။

ဇာတိ၏ အကျိုးရင်း = ဇရာ-မရဏ
(ဇရာနှင့်မရဏတို့သည် ဇာတိဖြစ်လျှင် မုချဖြစ်ရသောကြောင့် ဇာတိ၏ အကျိုးရင်း တရားဖြစ်ရခြင်း ဖြစ်ပါသည်။

ဇာတိ၏အကျိုးဆက် = သောက ၊ ပရိဒေဝ ၊ ဒုက္ခ ၊ ဒေါမနဿ ၊ ဥပါယာသ
(သောက ၊ ပရိဒေဝ ၊ ဒုက္ခ် ၊ ဒေါမနဿ ၊ ဥပါယာသတရားတို့ကား ဇာတိကြောင့် ဖြစ်သော်လည်း ဗြဟ္မာနှင့် အချို့သောနတ်လူများ၌ ဖြစ်လေ့မရှိသောကြောင့် အကျိုးရင်းမဟုတ် အကျိုးဆက်တရားသာ ဖြစ်ပါသည်။

၂။ ကျန်းမာသက်ရှည်ရေးအတွက် အရေးကြီးသောပစ္စည်းသည် မည်သည့်ပစ္စည်း ဖြစ်ပါသနည်း ဖြေဆို၍ အတ္ထိပစ္စည်း ၅-မျိုး ကိုလည်း ရေတွက်ပြပါ။
ကျန်းမသက်ရှည်ရေးအတွက် အရေးကြီးသောပစ္စည်းသည် – အာဟာရပစ္စည်း ဖြစ်ပါသည်။

အကြောင်းမှာ- အာဟာရ ၄-ပါးသည် ပစ္စုပ္ပန်ဖြစ်ကြကုန်သော ရုပ်နာမ်တရားတို့အား ထောက်ပံ့ ခိုင်စေတတ်သည့်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် ဖြစ်ပါသည်။
အတ္ထိပစ္စည်း ၅-မျိုးမှာ –
(၁) သဟဇာတတ္တိ
(၂) ပုရေဇာတတ္တိ
(၃) ပစ္ဆာဇာတတ္တိ
(၄) အာဟာရတ္တိ
(၅) ဣန္ဒြိယတတ္တိ

၃။ ရုပ်နာမ်နှစ်ပါး ကွဲတုံငြားမှတ်သားကလျာဏ ဟူသည်နှင့်အညီ ကလျာဏပုထုဇဉ်စာရင်းဝင်ရန် ပရမတ္ထတရားများကို ရုပ်နာမ်ခွဲပြပြီးလျှင် ပညတ်နှစ်မျိုးကိုလည်း အဓိပ္ပါယ်နှင့်တကွ ဖြေဆိုပါ။
ပရမတ္ထတရားများကို ရုပ်နာမ်ခွဲပြရသော်-
စိတ် ၈၉-ပါး ၊ စေတသိက် ၅၂-ပါး နှင့် နိဗ္ဗာန်တို့သည် – နာမ်တရား
ရုပပ် ၂၈-ပါးသည် – ရုပ်တရားဖြစ်ပါသည်။
ပညတ်နှစ်မျိုးမှာ – အတ္ထပညတ် နှင့် သဒ္ဒပညတ်တို့ဖြစ်ပါသည်။

(၁) အတ္ထပညတ် = သူတစ်ပါး နားလည်အောင် အမည်အမျိုးမျိုးတပ်သော ခေါ်ဝေါ်အပ် သိစေအပ်သော အနက်၊ ဒြပ်ဝတ္ထုမျိုးကို ခေါ်ပါသည်။
(၂) သဒ္ဒပညတ် = အတ္ထပညတ်ဖြစ်သော အနက်ဒြပ်ဝတ္ထုမျိုးကို သိစေတတ်သော ခေါ်ဝေါ်ကြောင့် အမည်သညာ (စကားသံ)၊
= သဒ္ဓါအမျိုးမျိုး ဘာသာအမျိုးမျိုး ၊ အမည်အမျိုးမျိုး ၊ အသံအမျိုးမျိုး ကိုခေါ်ပါသည်။

၂၀၀၅-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ဘဝသံသရာ၌ အဆက်မပြတ်လည်ပတ်၍ ဘုံသုံးပါး၌ ဖြစ်တတ်ကုန်သော ဝဋ်(၃)ပါးတို့ကို သရုပ်ထုတ်လျက် ရေတွက်ပြပြီးလျှင် ဝဋ်မြစ် ၂-ပါးကိုလည်း ဖြေဆိုပါ။
ဝဋ် ၃-ပါး – (၂၀၀၁ နံပါတ် ၂)
ဝဋ်မြစ် ၂-ပါး – (၂၀၀၂ နံပါတ် ၂)

၂။ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် ပဋ္ဌာန်းတရားတော်၏ ထူးခြားပုံကို လူအများ နားလည်အောင် ရှင်းပြ၍ အဓွန့်(၃)ပါးကိုလည်း ရေတွက်ပြပါ။
ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် ပဋ္ဌာန်းတရားတော်၏ ထူးခြားပုံမှာ –
ပဋိစ္စသမုပ္ပါဒ် တရား
(၁) အဝိဇ္ဇာ အစရှိသော (အကြောင်း) ပစ္စည်း တရားတို့၏ ဖြစ်ခြင်းကြောင့် သင်္ခါရ အစရှိသော (အကျိုး) ပစ္စယုပ္ပန်တရား တို့၏ ဖြစ်ပုံအခြင်းအရာမျှသာ ပြသောနည်း။
(၂) ပစ္စည်း(အကြောင်း) ပစ္စယုပ္ပန် (အကျိုး) မျှကိုသာပြ၍ ပစ္စယသတ္တိကို မပြသောနည်း

ပဋ္ဌာန်းတရား
(၁) ဟေတု – စသော (အကြောင်း)ပစ္စည်တို့၏ ဆိုင်ရာ (အကျိုး) ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုတတ်သော (အခြင်းအရာအထူး) ပစ္စယသတ္တိကိုပါ ပြသောနည်း
(၂) ပစ္စည်း (အကြောင်း) ပစ္စယုပ္ပန်(အကျိုး) ကိုသာမက ပစ္စယသတ္တိကို ပြသောနည်း
အဓွန့် (၃)ပါး ၂၀၀၂ နံပါန် ၂

၃။ နာမ်တရားအချင်းချင်း ကျေးဇူးပြုကြရာ၌ ကျေးဇူးပြုနိုင်သော ပစ္စည်းအမည်များကို ဖော်ပြ၍ ပညတ်နာမ်ရုပ်တရားအား ကျေးဇူးပြုနိုင်သော ပစ္စည်းအမည်များကိုလည်း ဖော်ပြပါ။
နာမ်တရားအချင်းချင်း ကျေးဇူးပြုကြရာ၌ ကျေးဇူးပြုနိုင်သော ပစ္စည်းအမည်များမှာ
(၁) အနန္တရပစ္စည်း
(၂) သမနန္တရပစ္စည်း
(၃) အာသေဝနပစ္စည်း
(၄) သမ္ပယုတ္တပစ္စည်း
(၅) နတ္ထိပစ္စည်း
(၆) ဝိရတပစ္စည်း တို့ဖြစ်ပါသည်။

ပညတ်နာမ်တရားအား ကျေးဇူးပြုနိုင်သော ပစ္စည်းအမည်များမှာ –
(၁) အာရမ္မဏပစ္စည်း
(၂) ဥပနိဿယပစ္စည်း တို့ဖြစ်ပါသည်။

၂၀၀၆-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ လောက၌ လူချမ်းသာ၊ နတ်ချမ်းသာဟု ရှိနိုင် မရှိနိုင် ပဋစ္စသမုပ္ပါယ်နည်းအရ ဆုံးဖြတ်ပြီးလျှင် အိုခြင်း သေခြင်းတို့၏ လက်ရင်းတရားခံဖြစ်သောတရားနှင့် ယင်းတရား၏ အကျိုးဆက် ဖြစ်သောတရားတို့ကိုလည်း ဖော်ပြခဲ့ပါ။
ပဋိစ္စသမုပ္ပါဒ်နည်းအရ လောက၌ လူချမ်းသား နတ်ချမ်းသာ ဟု မရှိနိုင်ပါ။
အကြောင်းမှာ – အဝိဇ္ဇာအစရှိသော အကြောင်းအဆက်ဆက်ကြောင့် ဖြစ်ပေါ်လာသော ရုပ် နာမ် ဓမ္မ အကျိုးအဆက်ဆက် မှန်သမျှသည် ချမ်းသာမဖက် ဒုက္ခစုသက်သက်မျှသာ ဖြစ်သည်ဟု ဆိုထားသောကြောင့် ဖြစ်ပါသည်။

အိုခြင်း သေခြင်း တို့၏ …. အကျိုးဆက်များမှာ – (၂၀၀၁ နံပါတ် ၁)

၂။ ရဟန်တစ်ပါးကို ချစ်ကြိုက်သောစိတ်ဖြင့် ဆွမ်းလောင်းလှူလျှင် ကုသိုလ် ရနိုင် မရနိုင် အဘိဓမ္မာ အမြင်ဖြင့် ဆုံးဖြတ်၍ စိတ်ဆိုတာ ဖို နှင့်မတို့၏ စပန်း နှင့် အိုဗရီခေါ် ရုပ်နှစ်မျိုးပေါင်းမိခြင်းကြောင့် ဖြစ်ပေါ်လာသော ရုပ်တစ်မျိုးသာဖြစ်သည်ဟု အချို့ ပြောဆိုနေကြသော အယူအဆသည် အဘိဓမ္မာနည်းအရ မှန် မမှန်ကိုလည်း ဆုံးဖြတ်ခဲ့ပါ။
ရဟန်းတစ်ပါးကို ချစ်ကြို့်သောစိတ်ဖြင့် ဆွမ်းလောင်းလှူလျှင် ကုသိုလ်ရနိုင်ပါသည်။
အကြောင်းမှာ – မကတူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုရာ၌ ရာဂစသော အကုသိုလ်တရားများသည် အဇ္ဈတ္တသန္တာန် (မိမိ၊ သူတစ်ပါး) တို့၌ ကုသိုလ်၊ အကုသိုလ် စသော တရားတို့အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏ဟု ဟောကြားထားသောကြောင့် ဖြစ်ပါသည်။

စိတ်ဆိုတာ ရုပ်နှစ်မျိုးပေါင်းမိခြင်းကြောင့် ဖြစ်ပေါ်လာသော ရုပ်တစ်မျိုးသာဖြစ်သည်ဟူသော အယူအဆသည် မမှန်ပါ။
အကြောင်းမှာ – အဘိဓမ္မာ၌ စိတ် ၊ စေတသိက် ၊ နိဗ္ဗာန် သည် နာမ်မည်၏ဟု ဟောကြားချက်အရ စိတ်သည် နာမ်တရားသာဖြစ်၍ ရုပ်တရား မဟုတ်သောကြောင့် ဖြစ်ပါသည်။

၃။ အောက်ပါတို့၏ ပညတ်အမည်တို့ကို ဖော်ပြခဲ့ပါ။
(က) တိုက်ပုံအင်္ကျီ (ခ) မြင်းလှည်း (ဂ) ပုပ္ပါးတောင် (ဃ) ဥမင်လိုဏ်ခေါင်း (င) မင်းသမီး
အတ္တပညတ် သဒ္ဒပညတ်
(က) တိုက်ပုံအင်္ကျီ = သမူဟပညတ် အဝိဇ္ဇမာနေန-အဝိဇ္ဇမာနပညတ်
(ခ) မြင်းလှည်း = သမူဟပညတ် အဝိဇ္ဇမာနေန-အဝိဇ္ဇမာနပညတ်
(ဂ) ပုပ္ပါးတောင် = သဏ္ဌာနပညတ်` အဝိဇ္ဇမာနေန-အဝိဇ္ဇမာနပညတ်
(ဃ) ဥမင်လိုဏ်ခေါင်း = အာကာသပညတ် အဝိဇ္ဇမာနပညတ်
(င) မင်းသမီး = ဇာတိပညတ် အဝိဇ္ဇမာနေန-အဝိဇ္ဇမာနပညတ်

၂၀၀၇-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ အများသိနေကြသော နိဗ္ဗာန်သည် သင်္ခတ ၊ အသင်္ခတတရား နှစ်မျိုးတွင် မည်သည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို ပစ္စည်းပိုင်းအမြင်အရ ဖြေဆို၍ ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်း နှစ်ခုတို့တွင် ထူးခြားဟန်ကိုလည်း ရေးသားပြပါ။

အများသိနေကြသော နိဗ္ဗာန်သည် သင်္ခတ ၊ အသင်္ခတ တရား နှစ်မျိုးတွင် – အသင်္ခတ တရား၌ ပါဝင်ပါသည်။

အသင်္ခတတရားဆိုသည်မှာ – ကံစသော၊ အဝိဇ္ဇာ ၊ တဏှာ စသော အကြောင်းတရားတို့ဖြင့် ပြုစီမံခြင်း မရှိသောတရား ဖြစ်ပါသည်။
ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်းနှစ်ခုတို့၏ ထူးခြားဟန်မှာ (၂၀၀၅ နံပါတ် ၁)

၂။ လူ့ဘဝ လူ့လောက အလယ်ဝယ် အမြဲထာဝရ ပျိုမြစ်နုနယ် အလှကြွယ်လျက် အသက်ရှည်ရှည် နေချင်ကြသော်လည်း အိုခြင်း၊ သေခြင်း နှင့် မကင်းနိုင်က်ြသေးရာ အိုခြင်း ၊ သေခြင်းတို့၏ အကြောင်းရင်း တရားခံကို ရှာပြ၍ ၊ ထိုတရား၏ နောက်ဆက်တွဲ အကျိုးရင်း အကျိုးဆက်တို့ကိုလည်း ဖြေဆိုပြပါ။
အိုခြင်း၊ သေခြင်း တို့၏ အကြောင်းရင်းခံ = ဇာတိတရား ဖြစ်ပါသည်။

ဇာတိ၏ နောက်ဆက်တွဲ အကျိုးရင်းတရား = ဇရာ ၊ မရဏ ဖြစ်၍
အကျိုးဆက်တရား = သောက ၊ ပရိဒေဝ ၊ ဒုက္ခ ၊ ဒေါမနဿ ၊ ဥပါယာသတရား တို့ ဖြစ်ပါသည်။

၃။ မမုန်းဘဲ ဝေးနေကြရတဲ့ အဝေးနေ ချစ်သူထံ လက်ဆောင်ပစ္စည်း ပေးလှူရာ၌ ကုသိုလ်ရ-မရ ပစ္စည်းပိုင်းအလို အကြောင်းပြဖြေဆို၍၊ နေနှင့်လ ရွှေနှင့်မြ ဟုဆိုကြရာ ထိုနေနှင့်လတို့ ဖြစ်ပေါ်လာရခြင်း အကြောင်း တို့ကိုလည်း ရေးသားပြပါ။
မမုန်းဘဲ ဝေနေကြရတဲ့ အဝေးနေချစ်သူထံ လက်ဆောင်ပစ္စည်းပေးလှူရာ၌ ပစ္စည်းပိုင်းအလိုအရ ဖြေဆိုရသော် – ကုသိုလ် ရနိုင်ပါသည်။
အကြောင်းမှာ – ပကတူပနိဿယ ပစ္စည်းဖြင့် ကျေးဇူးပြုရာ၌ ရာဂ စသော အကုသိုလ်တရားများသည် အဇ္ဈတ္တသန္တာန် (မိမိ ၊ သူတစ်ပါး) တို့၌ ကုသိုလ် ၊ အကုသိုလ် စသောတရားတို့အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏ ဟောကြားထားသောကြောင့် ဖြစ်ပါသည်။

နေနှင့်လ၊ ရွှေနှင့်မြဟု ဆိုကြရာ ထိုနေနှင့်လ တို့ ဖြစ်ပေါ်လာရခြင်းအကြောင်းမှာ – နေလ နက္ခတ်တို့ မြင်းမိုရ်တောင်ကို လက်ယာရစ် လှည့်ပတ်၍ သွားလာခြင်းကို စွဲ၍ သိအပ်သော ခဏငယ်မှစ၍ နေ့နှင့်ညဟု ကာလပညတ်(အတ္ထပညတ်)အရ ပညတ်ရာမှ နေ့နှင့်ည တို့ ဖြစ်ပေါ်လာပါသည်။ ဤတွင် နေ့အခါ နေထွက်၍ ညအခါ လထွက်လာခြင်းဖြင့် နေနှင့်လ တို့ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

၂၀၀၈-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ ဗုဒ္ဓဘာသာဝင် မြန်မာများ ပြောဆိုလေ့ရှိသည့် ပဋ္ဌာန်းဆက် ဟူသော စကား၏အဓိပ္ပာယ်ကို ရှင်းပြပြီးလျှင် ပဋိစ္စသမုပ္ပါဒ်နည်း၌ အင်္ဂါတို့ကိုလည်း ရေတွက်ပြခဲ့ပါ။
ဗုဒ္ဓဘာသာဝင် မြန်မာများ ပြောဆိုလေ့ရှိသည့် ပဋ္ဌာန်းဆက် ဟူသော စကား၏အဓိပ္ပာယ်မှာ – အကျိုး (ပစ္စယုပ္ပန်) တရားများ ဖြစ်ပွားပေါ်ပေါက် တည်တံ့အောင် အကြောင်း(ပစ္စည်း) တရားများက သက်ဆိုင်ရာ စွမ်းအင် (သတ္တိ) များဖြင့် ပံ့ပိုးပေးမှုဟူသော အကြောင်းအကျိုး၊ သတ္တိတို့ ဆက်နွယ်မှုမျိုး ဖြစ်ပါသည်။

ပဋိစ္စသမုပ္ပါဒ်နည်း၌ အင်္ဂါတို့မှာ – အဝိဇ္ဇာ၊ သင်္ခါရ ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန ဖဿ၊ ဝေဒနာ ၊ တဏှာ ၊ ဥပါဒါန် ၊ ဘဝ(ကမ္မဘဝ) ၊ ဇာတိ (ဥပပတ္တိဘဝ)၊ ဇရာ-မရဏ တို့ဖြစ်ပါသည်။

၂။ အပေါင်းအသင်း မကောင်း၍ ပျက်စီးရသည်။ အပေါင်းအသင်းကောင်း၍ တိုးတက်ကြီးပွားရသည်ဆိုသော စကား မှန်/မမှန် အကြောင်းပြဖြေဆို၍၊ အဓိပတိပစ္စည်း၏ အမျိုးအစားများကိုလည်း ဖြေဆိုပါ။
အပေါင်းအသင်း မကောင်း၍ ပျက်စီးရသည်။ အပေါင်းအသင်းကောင်း၍ တိုးတက်ကြီးပွားရသည်ဆိုသော စကား မှန်ပါသည်။ ၁၉၉၆ နံပါတ် ၃
အဓိပတိပစ္စည်း၏ အမျိုးအစားများမှာ – အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားဖြစ်၍
(၁) အာရုံအဖြစ် စိုးမိုးခြင်း – အရမ္မဏာဓိပတိ
(၂) ဖြစ်ဖက်တရားတို့အပေါ် စိုးမိုးခြင်း – သဟဇာတာဓိပတိ (အဓိပတိ ၄-ပါး) တို့ ဖြစ်ကြပါသည်။

၃။ အရှေ့အရပ်၊ အနောက်အရပ် စသည် ခေါ်ဝေါ်သတ်မှတ်ရခြင်း၏အကြောင်းကို ဖြေဆိုပြီးလျှင် သဒ္ဒပညတ်တို့တွင် မဟာပထဝီမြေကြီး၊ မြင်းမိုရ်တောင်တို့သည် မည်သည့် သဒ္ဒပညတ်အမျိုးအစားတွင် ပါဝင်ပါသနည်း။ ဖြေဆိုပြပါ။
အရှေ့အရပ်၊ အနောက်အရပ် စသည် ခေါ်ဝေါ်သတ်မှတ်ရခြင်း၏အကြောင်းမှာ –
နေ လ နက္ခတ်တို့ ထွက်ဝင်ရာကို စွဲ၍ အရှေ့အရပ်၊ အနောက်အရပ် စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်ရခြင်း ဖြစ်ပါသည်။ အရှေ့အရပ်၊ အနောက်အရပ် စသည်သည် ဒိသာပညတ် (အတ္ထပညတ်) ဖြစ်ပါသည်။

သဒ္ဒပညတ်တို့တွင် –
မဟာပထဝီမြေကြီး = ဝိဇ္ဇမာနေန-အဝိဇ္ဇမာနညတ်
မြင်းမိုရ်တောင် = အဝိဇ္ဇမာနေန-အဝိဇ္ဇမာနပညတ်

၂၀၀၉-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ တစ်နွယ်ငင် တစ်စင်ပါ ဟူသော စကားအရ အဝိဇ္ဇာကို ယူလျှင် မည်သည့်တရားများ ပါဝင်လာရသည်ကို အကြောင်းပြဖြေဆို၍ ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်၏ တရားကိုယ်ကိုလည်း ကောက်ပြပါ။
တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို ကိလေသဝဋ်နွယ်ချင်းတူသော တဏှာ၊ ဥပါဒါန်တရားများ ပါဝင်လာရမည် ဖြစ်ပါသည်။

ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်၏ တရားကိုယ်မှာ –
လောကီစိတ် ၈၁ပါး၊ စေတသိက် ၅၂ပါး၊ ရုပ် ၂၈ပါး တို့ ဖြစ်ပါသည်။

၂။ အာရမ္မဏဓိပတိပစ္စည်းတရားက ကျေးဇူးပြုရာ၌ ပါဝင်သော ပရမတ္ထတို့ကို ဖြေဆို၍၊ နာမ်တရားသည် နာမ်တရားအား ကျေးဇူးပြုတတ်သော ပစ္စည်းများကိုလည်း အမည်မျှ ဖော်ပြပါ။
အာရမ္မဏဓိပတိပစ္စည်းတရားက ကျေးဇူးပြုရာ၌ ပါဝင်သော ပရမတ္ထဓမ္မတို့မှာ – အလေးအမြတ် ပြုအပ်သော ဣဋ္ဌဖြစ်သော စိတ်၊ စေတသိက်၊ ရုပ်နှင့် နိဗ္ဗာန်တရား တို့ဖြစ်ပါသည်။ (တစ်နည်း) နာမ်၊ ရုပ်၊ နိဗ္ဗာန်တရားတို့ ဖြစ်ပါသည်။

နာမ်တရားသည် နာမ်တရားအား ကျေးဇူးပြုတတ်သော ပစ္စည်းများမှာ –
အနန္တရ၊ သမနန္တရ၊ အာသေဝန၊ သမ္ပယုတ္တ၊ နတ္ထိ၊ ဝိဂတ ပစ္စည်း ပေါင်း (၆)ပစ္စည်း ဖြစ်ပါသည်။

၃။ ပညတ်၏ သဘောသွားကို အဘိဓမ္မာပညာရှင်ပီပီ နားလည်အောင် ရှင်းပြ၍၊ အောက်ပါတို့၏ ပညတ်အမည် တို့ကိုလည်း ဖြေဆိုပါ။
(က) ရဟန်း (ခ) တွန်းလှည်း (ဂ) အသုဘကောင်။
ပညတ် ဟူသည် – သူတစ်ပါး နားလည်အောင် အမည်အမျိုးမျိုး တပ်ကာ ခေါ်ဝေါ်အပ်၊ သိစေအပ်သော အမည်သညာဖြစ်၍ ပညတ် (၂)မျိုး ရှိပါသည်။ အတ္ထပညတ်နှင့် သဒ္ဒပညတ်တို့ ဖြစ်ကြပါသည်။

အတ္ထပညတ် ဟူသည် – သူတစ်ပါးနားလည်အောင် အမည်အမျိုးမျိုးတပ်ကာ ခေါ်ဝေါ်အပ်၊ သိစေအပ်သော အနက်ဒြပ်ဝတ္ထမျိုး ဖြစ်၏။
သဒ္ဒပညတ် ဟူသည် – အတ္ထပညတ်ဖြစ်သော အနက်ဒြပ်ဝတ္ထုမျိုးကို သိစေတတ်သော ခေါ်ဝေါ်ကြောင်း အမည်သညာ၊ စကားများ ဖြစ်ပါသည်။

အတ္ထပညတ် ၊ သဒ္ဒပညတ်
(က) ရဟန်း = ဥပါဒါပညတ် ၊ အဝိဇ္ဇမာနပညတ်
(ခ) တွန်းလှည်း = သမူဟပညတ် ၊ ဝိဇ္ဇမာနေန – အဝိဇ္ဇမာနပညတ်
(ဂ) အသုဘကောင် = ဥပါဒါပညတ် ၊ အဝိဇ္ဇမာနေန – အဝိဇ္ဇမာနပညတ်

၂၀၁၀-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ တို့၌ သင်္ခါရနှစ်ခုတို့၏ တရားကိုယ်များကို အသီးသီး ကောက်ပြ၍၊ တဏှာနှင့် ဥပါဒါန်တို့၏ အထူးကိုလည်း သိသာရုံမျှ ခွဲခြား ဖော်ပြပါ။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၌ပါသော အကျိုးသင်္ခါရ၏ တရားကိုယ်မှာ – လောကီကုသိုလ်၊ အကုသိုလ်စေတနာ အားလုံး ဖြစ်ပါသည်။

သင်္ခါရပစ္စယာ ဝိညာဏံ တို့၌ ပါသော အကြောင်းသင်္ခါရ၏ တရားကိုယ်မှာ –
(ဥဒ္ဓစ္စစေတနာနှင့် အဘိညာဉ်စေတနာကြဉ်သော) လောကီကုသိုလ်၊ အကုသိုလ်စေတနာ အားလုံး ဖြစ်ပါသည်။
တဏှာနှင့် ဥပါဒါန်တို့၏ အထူးကိုလည်း ဖော်ပြရသော် –
တဏှာ
(၁) အားသေးသော လိုချင်မှု (လောဘ)
(၂) မရသေးခင်က လိုချင်တောင့်တမှု၊
(၃) တောင့်တမှု-ရှာဖွေမှု ဒုက္ခစု၏အကြောင်း
(၄) ဝေဒနာ၏အကျိုး ဆန့်ကျင်ဘက် (မရှိ-တောင့်တ)

ဥပါဒါန်
(၁) အားကြီးသော လိုချင်မှု (လောဘ)
(၂) ရပြီးနောက် စိုးရိမ်ကြောင့်ကြမှု၊
(၃) စောင့်ရှောက်ရမှု၊ ကြောင့်ကြရမှု ဒုက္ခစု၏ အကြောင်းရင်း
(၄) တဏှာ၏အကျိုး ဘဝ၏အကြောင်း
(၅) တင်းတိမ်ရောင့်ရဲမှု၏ ဆန့်ကျင်ဘက် (ရှိ-ကြောင့်ကြ)

၂။ ငါ၊ သူတစ်ပါး ယောက်ျား၊ မိန်းမ် ဟူ၍ အမှန်တကယ် ရှိနိုင်၊ မရှိနိုင် အဘိဓမ္မာနည်းအရ စိစစ်တင်ပြ၍ ၂၄ပါးသော ပဋ္ဌာန်းပ္စစည်းတို့တွင် ပညတ်တရား ပါဝင်သော ပစ္စည်းအမည်တို့ကိုလည်း သိသာရုံမျှ ဖော်ပြပါ။
ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဟူ၍ အမှန်တကယ် မရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် – ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တွင် အဝိဇ္ဇာ စသော အကြောင်း အဆက်ဆက်ကြောင့် ဖြစ်ပေါ်လာသော ရုပ်၊ နာမ် ဓမ္မသင်္ခါရတို့သည် ချမ်းသာမဖက်၊ ဒုက္ခတုံး၊ ဒုက္ခစုသာ ဖြစ်သည်ဟု ဟောကြားထားသောကြောင့် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဟူ၍ အမှန် တကယ် မရှိနိုင်ခြင်း ဖြစ်ပါသည်။

၂၄-ပါးသော ပဋ္ဌာန်းပစ္စည်းတို့တွင် ပညတ်တရား ပါဝင်သော ပစ္စည်းအမည်တို့ကို ဖော်ပြရသော် –
(၁) အာရမ္မဏပစ္စည်း၊
(၂) ဥပနိဿယပစ္စည်း တို့ ဖြစ်ပါသည်။

၃။ နာမ်တရားသည် ရုပ်တရားအား ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုရာ၌ မည်သည့်နာမ်တရားသည် မည်သည့် ရုပ်တရားအား ကျေးဇူးပြုပါသနည်း။ ဖြေဆို၍ ပဋ္ဌာန်း ၂၄ပစ္စည်းတို့တွင် ပစ္စပ္ပုန်ကာလ၌သာဖြစ်သော ပစ္စည်းများကိုလည်း အစဉ်ကျကျ ရေတွက်ပြပါ။
နာမ်တရားသည် ရုပ်တရားအား ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုပုံ –
ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄ခုကြဉ်သော ပထမဘဝင် အစရှိသော နောက်နောက်သော စိတ် ၈၅ခု၊ စေတသိက် ၅၂ခု၊ နာမက္ခန္ဓာ ၄ပါး (နာမ်) ပစ္စည်းတရားသည် ပဋိသန္ဓေအစရှိသော ရှေးရှေးသောစိတ်နှင့် အတူဥပါဒ်၍ ရုပ်၏ ဌီသို့ရောက်သော ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယ (ရုပ်) ပစ္စယုပ္ပန် တရားအား ပစ္ဆာဇာတ ပစ္စည်းဖြင့် ကျေးဇူးပြုပါသည်။

ပဋ္ဌာန်း ၂၄ပစ္စည်းတို့တွင် ပစ္စုပ္ပန်ကာလ၌သာဖြစ်သော ပစ္စည်းများမှာ –
(၁) ဟေတုပစ္စည်း
(၂) သဟဇာတပစ္စည်း
(၃) အညမညပစ္စည်း
(၄) နိဿယပစ္စည်း
(၅) ပုရေဇာတပစ္စည်း
(၆) ပစ္ဆာဇာတပစ္စည်း
(၇) ဝိပါကပစ္စည်း
(၈) အာဟာရပစ္စည်း
(၉) ဣနြ္ဒိယပစ္စည်း
(၁၀) ဈာနပစ္စည်း
(၁၁) မဂ္ဂပစ္စည်း
(၁၂) သမ္ပယုတ်တ္တပစ္စည်း
(၁၃) ဝိပ္ပယုတ္တပစ္စည်း
(၁၄) အတ္ထိပစ္စည်း
(၁၅) အဝိဂတပစ္စည်း တို့ဖြစ်ပါသည်။

၂၀၁၁-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၎။ ပုစ္ဆာတစ်ပုဒ်၏ အဖြေမှန်ကို တွေးကြံ၍ မသိသူအား အဝိဇ္ဇာများလိုက်တာ ဟုဆိုလျှင် သင့်/မသင့် အဘိဓမ္မာအမြင်ဖြင့် ရှင်းပြ၍၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာနာမရူပံ ၌ ဝိညာဏနှစ်ခု အရကိုလည်း ခွဲခြားကောက်ပြပါ။
ပုစ္ဆာတစ်ပုဒ်၏ အဖြေမှန်ကို တွေးကြံ၍ မသိသူအား အဝိဇ္ဇာများလိုက်တာ ဟုဆိုလျှင် မသင့်ပါ။
အဘိဓမ္မာအမြင်ဖြင့် ရှင်းပြရသော် – ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ၊ ပုဗ္ဗန္တ၊ အပရန္တု၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ်ဟူသော ဌာန (၈)မျိုးဆိုင်ရာတို့၌ မသိမှု မောဟသည်သာ အဝိဇ္ဇာ ဖြစ်သောကြောင့် ပုစ္ဆာတစ်ပုဒ်၏ အဖြေမှန်ကို တွေးကြံ၍ မသိမှုမှာ အဝိဇ္ဇာမဟုတ်ပါ။ ထိုပုစ္ဆာကို လေ့လားဖူးခြင်း မရှိ၍သော်လည်းကောင်း၊ ပုစ္ဆာ၏အဖြေမှန်ကို တွေးကြံ၍ သိနိုင်သော ဉာဏ်အားနည်း၍သော်လည်းကောင်း ဖြစ်နိုင်ပါသည်။

သင်္ခါရပစ္စယာ ဝိညာဏံ
အကျိုးဝိညာဏ၏ တရားကိုယ်မှာ – ပဋိသန္ဓေအခါ ပဋိသန္ဓေစိတ် ၁၉ပါးနှင့် ပဝတ္တိအခါ လောကီဝိပါက်စိတ် ၃၂ပါး ဖြစ်ပါသည်။

ဝိညာဏပစ္စယာ နာမရူပံ
အကြောင်းဝိညာဏ၏ တရားကိုယ်မှာ – အတိတ်ဘဝ၌ လောကီကုသိုလ် အကုသိုလ်ကံဟူသော ကမ္မဝိညာဏ်နှင့် ပစ္စုပ္ပန်ဘဝ၌ဖြစ်သော လောကီဝိပါက် ဝိညာဏ်များ ဖြစ်ပါသည်။
ဤသို့ ဝိညာဏနှစ်ခု ထူးပါသည်။

၅။ အမိဝမ်း၌ အဘယ်အကြောင်းတရားများကြောင့် အဘယ်သဘာဝတရားများ ပေါင်းစပ်ဖြစ်ပေါ်လာမှုကို ပဋိသန္ဓေ နေသည်ဟု ခေါ်ပါသနည်း။ ပဋိစ္စသမုပ္ပါဒ်ဒေသနာအရ ရှင်းပြ၍၊ သင်္ခါရနှင့် ကမ္မဘဝအထူးကိုလည်း သိသာခြားနားအောင် ဖြေဆိုပါ။
လောကီကုသိုလ်၊ အကုသိုလ်ဟူသော ကမ္မဘဝအကြောင်းကြောင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော လောကီဝိပါက်ဆိုင်ရာ စိတ်၊ စေတသိက်နှင့် ကမ္မဇရုပ်များ စတင်ဥပါဒ် ဖြစ်ပေါ်လာခြင်းကို ပဋိသန္ဓေနေ (သန္ဓေတည် ကိုယ်ဝန်ရှိ) ဟု ခေါ်ပါသည်။

သင်္ခါရနှင့်ကမ္မဘဝ (အထူး)
သင်္ခါရ
(လောကီကုသိုလ်၊ အကုသိုလ်စေတနာ ၂၉-ပါး)
(၁) မသိမှု အဝိဇ္ဇာ (ကိလေသဝဋ်)ကို အခြေခံ၍ ပြုလုပ်ခဲ့သော အတိတ်လောကီကုသိုလ် အကုသိုလ်စေတနာ (ကမ္မဝဋ်)။
(၂) ပစ္စုပ္ပန်အကျိုးတရား (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ) တည်းဟူသော ဝိပါကဝဋ်ကို ဖြစ်စေသော အတိတ် အကြောင်းတရား (သင်္ခါရ = လောကီကုသိုလ်၊ အကုသိုလ်စေတနာ) ကမ္မဝဋ်တရား။
(၃) ပစ္စုပ္ပန်(၁၀)ကာလတွင် အကျိုးပေးဖို့ရန် အတိတ် (ဘဝ) ကာလ၌ ပြုလုပ်ခဲ့သမျှသော လောကီ ကုသိုလ်၊ အကုသိုလ် စေတနာ။

ကမ္မဘဝ
(လောကီ ကုသိုလ်၊ အကုသိုလ်စေတနာ ၂၉ပါး)
(၁) လိုချင်မှု တဏှာ၊ စွဲလန်းမှု ဥပါဒါန် (ကိလေသဝဋ်)ကို အခြေခံ၍ ပြုလုပ်နေသော ပစ္စုပ္ပန် လောကီကုသိုလ် အကုသိုလ် စေတနာ (ကမ္မဝဋ်)။
(၂) အနာဂတ် အကျိုးတရား (ဥပပတ္တိဘဝ – ဇာတိ၊ ဇရာ-မရဏ) တည်းဟူသော ဝိပါကဝဋ်ကို ဖြစ်စေသော ပစ္စုပ္ပန်အကြောင်း တရား (ကမ္မဘဝ = လောကီကုသိုလ်၊ အကုသိုလ်စေတနာ) ကမ္မဝဋ်တရား။
(၃) အနာဂတ် (ဘဝ) ကာလတွင် အကျိုးပေးဖို့ရန် ယခု ပစ္စုပ္ပန်(ဘဝ)ကာလ၌ ပြုလုပ်နေသော လောကီ ကုသိုလ်၊ အကုသိုလ် စေတနာ။
ဤသို့အားဖြင့် အတိတ်နှင့် ပစ္စုပ္ပန် လောကီကုသိုလ် – အကုသိုလ်စေတနာချင်း ထူးခြားမှု ရှိပါသည်။

၆။ ပဋ္ဌာန်း (၂၄) ပစ္စည်းတို့ကို ပစ္စည်း၊ ပစ္စယုပ္ပန်အားလျော်စွာ သဘောတူရာ ပေါင်းစုခွဲခြားလိုက်လျှင် ဖြစ်ပေါ်လာသည့် ပစ္စည်း ၆-မျိုးကို ဖော်ပြ၍၊ ရူပဇီဝိတိနြေ္ဒပစ္စည်း၏ ပစ္စယုပ္ပန္နဓမ္မ တို့ကိုလည်း ထုတ်ပြပါ။
ပစ္စည်း
(၁) နာမ်-သည်
(၂) နာမ်-သည်

(၃) နာမ်-သည်
(၄) ရုပ်-သည်
(၅) ပညတ်၊ နာမ်၊ ရုပ်-သည်
(၆) နာမ်ရုပ်-သည် ပစ္စယုပ္ပန် ပစ္စယသတ္တိ
နာမ်-အား = အနန္တရ၊ သမနန္တရ၊ အာသေဝန၊ သမ္ပယုတ္တ၊ နတ္ထိ၊ ဝိဂတ။
နာမ်ရုပ်-အား = ဟေတု၊ ကမ္မ၊ ဝိပါက၊ ဈာန၊ မဂ္ဂ။ ဤ ၅-ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ရုပ်-အား = ပစ္ဆာဇာတ။ ဤ ၁-ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ရုပ်-အား = ပုရေဇာတ။ ဤ ၁-ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
နာမ်-အား = အာရမ္မဏ၊ ဥပနိဿယ။ ဤ ၂-ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
နာမ်ရုပ်-အား = အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ အာဟာရ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ။
ဤ ၉-ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

ရူပဇီဝိတိနြေ္ဒိယပစ္စည်း၏ ပစ္စယုပ္ပန္နဓမ္မတို့မှာ – ရုပ်ဇီဝိတိနြေ္ဒကြဉ်သော ကလာပ်တူ ကမ္မဇရုပ် ၉ပါး ဖြစ်ပါသည်။

၇။ ပညတ်၏ သဘောသွားကို လေ့လာထားသူများ ဖြစ်သည့်အားလျော်စွာ အဆိုတော်၏ အသံ ဟူသည် မည်သည့် သဒ္ဒပညတ် ဖြစ်ပါသနည်း။ ရှင်းပြ၍ အောက်ပါသဒ္ဒပညတ်တို့၏ အမည်တို့ကိုလည်း တိကျစွာ ဖော်ပြပါ။
(က) စေတနာ (ခ) မြန်မာ (ဂ) ဗေလုဝ
အဆိုတော်၏ အသံဟူသည် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက် (အဆိုတော်) နှင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသောအနက် (အသံ)တို့ကို ပေါင်းစပ်ထားခြင်းကြောင့် အဝိဇ္ဇာမာနေန-ဝိဇ္ဇမာန သဒ္ဒပညတ် ဖြစ်ပါသည်။

(က) စေတနာ = ဝိဇ္ဇာမာန သဒ္ဒပညတ်
(ခ) မြန်မာ = အဝိဇ္ဇမာန သဒ္ဒပညတ်
(ဂ) ဗေလုဝ = အဝိဇ္ဇမာန သဒ္ဒပညတ်

၂၀၁၂-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၁။ မအိုချင်ရင် မမွေးနှင့်၊ မသေချင်ရင် မမွေးနှင့် ဟူသော စကား အဘိဓမ္မာသဘာဝ ကျ/မကျ ပဋိစ္စသမုပ္ပါဒ်ဒေသနာ တော်အရ စိစစ်ပြ၍၊ မြတ်စွာဘုရားရှင်သည် အဘယ်တရားတို့ကို ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် ဟု ဟောတော်မူခဲ့ပါသနည်း။ ဖြေဆိုပါ။
မအိုချင်ရင် မမွေးနှင့်၊ မသေချင်ရင် မမွေးနှင့် ဟူသော စကားသည် အဘိဓမ္မာသဘာဝ ကျပါသည်။
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ စိစစ်ပြရသော် –
ဇာတိ (မွေးဖွားခြင်း) ဖြစ်သောသူအား ဇရာ၊ မရဏ (အိုခြင်း၊ သေခြင်း)သည် မုချဖြစ်၏။ ဇာတိ (မွေးဖွားခြင်း) မဖြစ်လျှင် ဇရာ၊ မရဏ (အိုခြင်း၊ သေခြင်း)တို့ မဖြစ်ပါ။ သို့ဖြစ်၍ မအိုချင်ရင် မမွေးနှင့် မသေချင်ရင် မမွေးနှင့် ဟူသော စကားသည် အဘိဓမ္မာသဘာဝကျရခြင်း ဖြစ်ပါသည်။

ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် ဟု ဟောတော်မူရခြင်းမှာ –
အဆက်မပြတ် ဖွဲ့စပ်အပ်သော ဘုံသုံးပါး၌ အကျုံးဝင်သော ၊ အစလည်း မရှိသော (ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ဟူသော) သုံးပါးသော ဝဋ်တရားကို ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ဟု မြတ်စွာဘုရားရှင်က ဟောတော်မူခဲ့ခြင်း ဖြစ်ပါသည်။

၂။ ဘုရားရှင်ကို ရှိခိုးပူဇော်သူတစ်ဦး၏ သန္တာန်၌ ဖြစ်သင့်သော ပစ္စည်း၊ ပစ္စယုပ္ပန်တရားတို့ကို ဖော်ပြ၍၊ သဟဇာတာဓိပတိ၏ ပစ္စည်းအရတွင် ပါဝင်ခွင့်မရှိသော ဇောတို့ကိုလည်း တိကျစွာ ကောက်ပြပါ။
ဘုရားရှင်ကို ရှိခိုးပူဇော်သူတစ်ဦး၏ သန္တာန်၌ ဖြစ်သင့်သော ပစ္စည်းတရားမှာ – ဘုရားရှင်တည်းဟူသော အာရမ္မဏပစ္စည်း ဖြစ်ပါသည်။
ဘုရားရှင်ကို ရှိခိုးနေသူ၌ ဖြစ်သင့်သော ပစ္စယုပ္ပန်တရားများမှာ – မဟာကုသိုလ်စိတ် ၈-ပါး၊ စေတသိက် ၃၃-ပါး ဖြစ်ပါသည်။
သဟဇာတာဓိပတိ၏ ပစ္စည်းအရတွင် ပါဝင်ခွင့်မရှိသော ဇောတို့မှာ – အဟိတ်ဇော(ဟသိတုပ္ပါဒ်) နှင့် ဧကဟိတ်ဇော (မောဟမူဒွေ) တို့ ဖြစ်ပါသည်။

၃။ အချိန်ကာလအလိုက် အမည်အမျိုးမျိုးရသောရုပ်စု၏ ရသောအမည်နှင့် ကာလတို့ကို ဖော်ပြ၍ ပဋ္ဌာန်း ၂၄ပစ္စည်းတို့ကိုလည်း ပရမတ်အနေဖြင့် အကျဉ်းချုပ် ကောက်ပြပါ။
အချိန်ကာလအလိုက် အမည်အမျိုးမျိုးရသော ရုပ်စုမှာ သဟဇာတရုပ် ဖြစ်ပါသည်။
ထိုရုပ်စု၏ ရသောအမည်တို့ကို ကာလနှင့်တွဲ၍ ဖော်ပြရသော် –
ပဝတ္တိအခါ – စိတ္တဇရုပ် အမည်ရပါသည်။

ပဋိသန္ဓေအခါ – ကမ္မဇရုပ် (ကဋတ္တာရုပ်) အမည်ကို ရပါသည်။
ပဋ္ဌာန်း ၂၄ပစ္စည်းတို့ကို ပရမတ်အနေဖြင့် အကျဉ်းချုပ်ကောက်ပြရသော် –
(စိတ်၊ စေတသိက်၊ နိဗ္ဗာန်) နာမ်နှင့် ရုပ် တို့ ဖြစ်ပါသည်။

၎။ ပညတ်၏ သဘောသွားကို လေ့လာထားသူများ ဖြစ်သည့်အားလျော်စွာ အောက်ပါဝေါဟာရတို့၌ ဖြစ်သင့်သော သဒ္ဒပညတ်အမည်တို့ကို အကြောင်းပြ၍ ပြည့်စုံစွာ ဖြေဆိုပါ။
(က) ကြက်တွန်သံ (ခ) မဂ်ပုဂ္ဂိုလ် (ဂ) လောဘ၊ ဒေါသ။
(က) ကြက်တွန်သံ = အဝိဇ္ဇမာနေန – ဝိဇ္ဇမာနပညတ်။
ကြက်သည် ပရမတ္ထအားဖြင့် ထင်ရှားမရှိသောအနက်ကြောင့် အဝိဇ္ဇမာနဖြစ်၏။ တွန်သံ (အသံ)သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ကြောင့် ဝိဇ္ဇမာန ဖြစ်၏။ ထို မရှိနှင့်ရှိ နှစ်ရပ်ကို ပေါင်းစပ်၍ အဝိဇ္ဇမာနေန-ဝိဇ္ဇမာနပညတ် ဖြစ်၏။

(ခ) မဂ်ပုဂ္ဂိုလ် = ဝိဇာမာနေန – အဝိဇ္ဇမာနပညတ်
မဂ်သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ဝိဇ္ဇမာန ဖြစ်၏။ ပုဂ္ဂိုလ်သည် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အဝိဇ္ဇမာန ဖြစ်၏။ ထို ရှိနှင့်မရှိ နှစ်ရပ်ကို ပေါင်းစပ်၍ ဝိဇ္ဇမာနေန – အဝိဇ္ဇမာနပညတ် ဖြစ်၏။

(ဂ) လောဘ၊ ဒေါသ = ဝိဇ္ဇမာနေန-ဝိဇ္ဇမာနပညတ်
လောဘသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသောအနက်ကြောင့် ဝိဇ္ဇမာနဖြစ်၏။ ဒေါသသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသောအနက်ကြောင့် ဝိဇ္ဇမာနပညတ်ဖြစ်၏။ ထို ရှိနှင့်မရှိ နှစ်ရပ်ပေါင်းစပ်၍ ဝိဇ္ဇမာနေန-ဝိဇ္ဇမာနပညတ် ဖြစ်၏။

၂၀၁၃-ခုနှစ် ပစ္စည်းပိုင်း မေးခွန်းဟောင်းများ

၎။ သတ္တဝါတစ်ဦးတစ်ယောက် ဖြစ်တည်လာပြီးလျှင် မအို၊ မသေ၊ အမြဲနေရသော သတ္တဝါမျိုးဟူ၍ ရှိနိုင်၊ မရှိနိုင် ရေးသားဖြေဆို၍၊ အောက်ပါတို့၏ အကြောင်းတရားများကိုလည်း ဖြော်ပပါ။
(က) တပ်မက်ခင်မင် လိုချင်မှု၊ (ခ) အငမ်းမရ စွဲလမ်းမှု (ဂ) စိုးရိမ်ပူဆွေး ငိုကြွေးမှု

သတ္တဝါတစ်ဦးတစ်ယောက် ဖြစ်တည်လာပြီးလျှင် မအို၊ မသေ၊ အမြဲနေရသော သတ္တဝါမျိုးဟူ၍ မရှိနိုင်ပါ။
သတ္တဝါတစ်ဦးတစ်ယောက် ဖြစ်တည်လာခြင်းသည် ဇာတိဖြစ်ပါသည်။ ထိုဇာတိဖြစ်ပေါ်လာလျှင် ဧကန်မုချ အိုခြင်း (ဇရာ)၊ သေခြင်း (မရဏ) တရားတို့ကို မလွဲမသွေ ကြုံတွေ့ရပါမည်။

ထို့ကြောင့် သတ္တဝါတစ်ဦးတစ်ယောက် ဖြစ်တည်လာလျှင် မအိုမသေ အမြဲနေရသောသတ္တဝါဟူ၍ မရှိနိုင်ခြင်း ဖြစ်ပါသည်။
(က) တပ်မက်ခင်မင် လိုချင်မှု (တဏှာ) ၏ အကြောင်းတရား – စေတနာ၊
(ခ) အငမ်းမရ စွဲလမ်းမှု (ဥပါဒါန်) ၏ အကြောင်းတရား – တဏှာ၊
(ဂ) စိုးရိမ်ပူဆွေး ငိုကြွေးမှု (သောက၊ ပရိဒေဝ) ၏ နီးသော အကြောင်းတရား – အာသဝေါတရား ၄ပါး

၅။ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ ချုပ်ပြတ်ပုံကို ရေးသားဖြေဆို၍ စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နု ဟူသော ဆိုရိုးစကားရှိလေရာ စိတ်သည် ကိုယ်အား မည်သို့ မည်ပုံ ကျေးဇူးပြုပါသနည်း။ ပဌာန်းနည်းဖြင့် ရှင်းလင်းပြပါ။
ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ ချုပ်ပြတ်ပုံမှာ –
အဝိဇ္ဇာတဏှာဟူသော ရင်းမြစ်အစ မူလနှစ်ပါးဖြစ်သော ဝဋ်မြစ်နှစ်ပါးကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ဖျက်ဆီး ပယ်သတ်လိုက်သောအခါ ကြောင်းကျိုးဆက်စပ်လည်ပတ်နေသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး ချုပ်ပြတ်ရပါသည်။

စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နု ဟူသော ဆိုရိုးစကား ရှိလေရာ စိတ်သည် ကိုယ့်အား – ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြပါသည်။
ကျေးဇူးပြုပုံမှာ – (အဖြေကို ၂၀၀၃-ခုနှစ်၊ မေးခွန်း(၃) ကြည့်ပါ။)

၆။ ချစ်ကြိုက်၍ ပေးလှူလျှင် ကုသိုလ်ရနိုင်-မရနိုင် ပဋ္ဌာန်းနည်းကို ရှုမျှော်ဖြေဆို၍၊ ယောက်ျားဟူသော စကားလုံး၌ ဝီထိစဉ်အားဖြင့် သဒ္ဒပညတ်၊ အတ္တပညတ်တို့ သိရပုံကို အဘိဓမ္မာပညာရှင်ပီပီ ရှင်းလင်းဖြေဆိုပါ။
ချစ်ကြိုက်၍ ပေးလှူလျှင် ကုသိုလ် ရနိုင်ပါသည်။ ပဋ္ဌာန်းနည်းဖြင့် ဖြေဆိုရသော် –
ပကတူပနိဿယ ပစ္စည်းဖြင့် ကျေးဇူးပြုရာ၌ – ရာဂစသော အကုသိုလ်တရားများသည် ထိုက်သည့်အားလျော်စွာ အဇ္ဈတ္တသန္တာန်၊ ဗဟိဒ္ဓသန္တာန်တို့၌ ကုသိုလ်စသော တရားတို့အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်ဟု ဟောကြားထားသောကြောင့် ချစ်ကြိုက်၍ ပေးလှူခြင်းသည် ကုသိုလ်ရနိုင်ပါသည်။

ယောက်ျားဟူသော စကားလုံး၌ ဝီထိစဉ်အားဖြင့် သဒ္ဒပညတ်၊ အတ္တပညတ်တို့ သိရပုံကို ဖြေဆိုရသော် –
(၁) ယောက် ဟူသော ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြု၍ – ပထမသောတဒွါရဝီထိဖြစ်၏။
(၂) ထိုယောက်ဟူသော အတိတ်သဒ္ဒါရုံကို အာရုံပြု၍ – တဒနုဝတ္တက မနောဒွါရဝီထိဖြစ်၏။
(၃) ကျား ဟူသော ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြု၍ – ပထမ သောတဒွါရဝီထိဖြစ်၏။
(၄) ထို ကျား ဟူသော အတိတ်သဒ္ဒါရုံကို အာရုံပြု၍ – တဝနုဝတ္တက မနောဒွါရဝီထိ ဖြစ်၏။
(၅) ထို ယောက်ျား ဟူသော နာမပညတ် (သဒ္ဒပညတ်)ကို အာရုံပြု၍ သုဒ္ဓမနောဒွါရ ဝီထိ ဖြစ်၏။
(၆) ထို ယောက်ျား ၏ ခန္ဓာပဉ္စက အနက်ဒြပ် အတ္ထပညတ်ကို အာရုံပြု၍ သုဒ္ဓမနောဒွါရ ဝီထိ ဖြစ်၏။
ဤသို့ ခြောက်ဝီထိကျပြီးမှ ယောက်ျား ဟူသော အက္ခရာ နှစ်လုံးအတွက် အနက်ကို သိရ၏။

Leave a Reply

Your email address will not be published. Required fields are marked *