Kammatthana

တတိယဆင့် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁၉၈၉-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ တို့သည် ကျင့်သုံးအပ်သော ဗြဟ္မစိုရ်တရားများ ဖြစ်ကြ၏၊ သို့ရာတွင် (က) မည်သို့သော ပုဂ္ဂိုလ်များအတွက် အထူးသင့်လျော်သနည်း၊ (ခ) မည်မျှအထိ ကျေးဇူးရရှိနိုင်ပါသနည်း၊ အသီးသီးဖြေဆိုပါ။
(က) မေတ္တာ၊ ကရုဏာ ၊ မုဒိတာ ဟူသော ဗြဟ္မစိုရ်တရားများနှင့် အထူးသင့်လျော်သောပုဂ္ဂိုလ်များမှာ – ဒေါသစရိုက်ထူပြောသော ပုဂ္ဂိုလ်ဖြစ်ပါသည်
(ခ) ရရှိနိုင်သော အကျိုးကျေးဇူးများမှာ – ရူပါဝစရ စတုက္ကဈာန် ဖြစ်ပါသည်။
(ရူပါဝစရ ပထမဈာန်သည် စတုတ္ထဈာန်တိုင်အောင် ရနိုင်ပါသည်။)

၂။ မီးပွတ်ယောက်ျားကဲ့သို့ နေ့မအား ညမအား တရားအားထုတ်သဖြင့် ပုထုဇဉ်မှ အရိယာသို့ ကူးပြောင်းရာတွင် တံတားသဖွယ် ဆက်သွယ်ပေးသောစိတ်ကို ဖော်ပြပြီးလျှင် ၊ မဂ်ကိစ္စလေးချက်ကိုလည်း ဖြေဆိုပါ။
မီးပွတ်ယောက်ျားကဲ့သို့ နေ့မအား ညမအား တရားအားထုတ်သဖြင့် ပုထုဇဉ်မှ အရိယာသို့ ကူးပြောင်းရာတွင် တံတားသဖွယ် ဆက်သွယ်ပေးသောစိတ်မှာ – ဂေါတြဘူစိတ် ဖြစ်ပါသည်။

မဂ်ကိစ္စလေးချက်မှာ –
(၁) ပရိညာကိစ္စ = ဒုက္ခသစ္စာကို ပိုင်းခြား၍သိခြင်း
(၂) ပဟာနကိစ္စ = သမုဒယသစ္စာကို အကြွင်းမဲ့ ပယ်ခြင်း
(၃) သစ္ဆိကရဏကိစ္စ = နိရောဓသစ္စာသို့ ဆိုက်ရောက်ခြင်း
(၄) ဘာဝနာကိစ္စ = မဂ္ဂသစ္စာကို ပွားများခြင်းတို့ ဖြစ်ပါသည်။

၃။ သကဒါဂါမိမဂ်နှင့် အနာဂါမိမဂ်တို့သည် (က) အဘယ်တရားများကို (ခ) အဘယ်နည်းဖြင့် ပယ်ပါသနည်း။ အသီးသီး ဖြေဆိုပါ။
သကဒါဂါမိမဂ်သည် = ရုန့်ရင်းသော ကာမရာဂနှင့် ပဋိဃသံယောဇဉ်တရားများကို ခေါင်းပါးစေခြင်းဖြင့် ပယ်ပါသည်။
အနာဂါမိမဂ်သည် = သိမ်မွေ့သော ကာမရာဂနှင့် ပဋိဃသံယောဇဉ်တရားများကို အကြွင်းမဲ့ ပယ်ပါသည်။

၁၉၉၀-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ ကမ္မဋ္ဌာန်းပိုင်းလာ သမထနှင့် ဝိပဿနာတို့ကို အဓိပ္ပါယ်ကို ကွဲပြား ခြားနားအောင် ရေးပြပြီးလျှင် ဗုဒ္ဓဘာသာဝင်တိုင်း အစဉ်အောက်မေ့ ပွားများရမည့် တရားဆယ်ပါးကိုလည်း ထုတ်ဖော် ရေးသားခဲ့ပါ။
သမထ
(၁) နီဝရဏတရားတို့ကိုလည်းကောင်း၊ ဝိတက်စသော အောက်အောက်ဈာန် အင်္ဂါများကိုလည်းကောင်း၊ ငြိမ်သက် စေနိုင်သော သမာဓိကို ခေါ်၏။
(လောကီကုသိုလ် ကြိယာနှင့် ယှဉ်သော ဧကဂ္ဂတာစေတသိက်)
(၂) တည်ရာအာရုံ = ပထဝီကသိုဏ်း စသော ၄၀သော ကမ္မဋ္ဌာန်းအာရုံများ၊
(၃) အကျိုး = မဟဂ္ဂုတ်ဈာန်၊ အဘိညာဉ်များ ရနိုင်၏၊ (လောကီဈာန်ကို ရ၏။)

ဝိပဿနာ
(၁) တေဘူမကရုပ်နာမ်တရားတို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော ရှုတတ်သောဉာဏ်ပညာကို ခေါ်၏။
(မဟာကုသိုလ် ကြိယာနှင့် ယှဉ်သော ပညာစေတသိက်)
(၂) တည်ရာအာရုံ = တေဘူမက ရုပ်နာမ် အာရုံများ။
(၃) အကျိုး = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ရနိုင်၏။ (လောကုတ္တရာ တရားကို ရ၏)

ဗုဒ္ဓဘာသာဝင်တိုင်း အစဉ်အောက်မေ့ပွားများရမည့် တရားဆယ့်ပါးမှာ –
(၁) ဗုဒ္ဓါနုဿတိ
(၂) ဓမ္မာနုဿတိ
(၃) သံဃာနုဿတိ
(၄) သီလာနုဿတိ
(၅) စာဂါနုဿတိ
(၆) ဒေဝတာနုဿတိ
(၇) ဥပသမာနုဿတိ
(၈) မရဏနုဿတိ
(၉) ကာယဂတာသတိ
(၁၀) အာနာပါနဿတိ တို့ ဖြစ်ပါသည်။

၂။ လောကတွင် သူတစ်ဦးထက် ထူး၍ အလွန်အကျူး သိတတ်မြင်တတ် ကြားတတ်သော သူကို အကြားအမြင်ရ ပုဂ္ဂိုလ် ဟု ခေါ်ဆိုရာ အဘယ်သို့သော တရားထူးများကို ရရှိသောကြောင့် အကြားအမြင်ရပုဂ္ဂိုလ် ခေါ်ဆိုရပါသနည်း။ ဖြေဆို၍ ရရှိအပ်သော တရားထူးများကိုလည်း ဖော်ပြရေးသားခဲ့ပါ။
အကြားအမြင်အရ ပုဂ္ဂိုလ်ဟူသည် …
အဘိညာဉ် ဟူသော တရားထူးကို ရရှိသူကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။

အဘိညာဉ် ဆိုသည်မှာ အထူးအားဖြင့် သိတတ်သော ရူပါဝစရကုသိုလ်၊ ကြိယာပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်ကို ခေါ်ပါသည်။
ထို အကြားအမြင်ရပုဂ္ဂိုလ် ရရှိအပ်သော တရားထူး (အဘိညာဉ်)မှာ – ဒိဗ္ဗသောတအဘိညာဉ်နှင့် ဒိဗ္ဗစက္ခုအဘိညာဉ်တို့ ဖြစ်ပါသည်။

၃။ လောကီနယ်ပယ်တွင် လှေယာဉ် လှည်းယာဉ်တို့ဖြင့် လိုရာခရီးသို့ အရောက်သွားနိုင်သကဲ့သို့ လောကုတ္တရာ နယ်ပယ်တွင် နိဗ္ဗာန်ခရီးသို့ အဘယ်ယာဉ်ရထားတို့ဖြင့် အရောက်သွားနိုင်ကြမည်နည်း။ ပြည့်စုံအောင် ဖြေဆို၍ ဝိပဿနာညစ်နွမ်းကြောင်း အန္တရယ် ၁၀ပါးကိုလည်း ထုတ်ဆောင်ရေးသားခဲ့ပါ။
လောကုတ္တရာနယ်ပယ်တွင် နိဗ္ဗာန်ခရီးသို့ အရောက်သွားနိုင်ကြမည့် ယာဉ်ရထားတို့ကို ဖော်ပြရသော် –
(၁) သီလဝိသုဒ္ဓီ
(၂) စိတ္တဝိသုဒ္ဓီ
(၃) ဒိဋ္ဌိဝိသုဒ္ဓိ
(၄) ကင်္ခါဝိတရဏဝိသုဒ္ဓိ
(၅) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ
(၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ
(၇) ဉာဏဒဿနဝိသုဒ္ဓိ ဟူသော ဝိသုဒ္ဓိ ၇ပါး ဖြစ်ပါသည်။

ဝိပဿနာညစ်နွမ်းကြောင်း အန္တရာယ် ၁၀ပါးမှာ
(၁) သြဘာသ
(၂) ပီတိ
(၃) ပဿဒ္ဓိ
(၄) အဓိမောက္ခ
(၅) ပဂ္ဂတ
(၆) သုခ
(၇) ဉာဏ
(၈) ဥပဋ္ဌာန
(၉) ဥပေက္ခာ
(၁၀) နိကန္တိ တို့ဖြစ်ပါသည်။

၁၉၉၁-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ သမထကမ္မဋ္ဌာန်းအရ ကသိုဏ်းရှုပုံကို အကျဉ်းချုပ် ဖော်ပြ၍ အောက်ပါပုဂ္ဂိုလ်တို့နှင့် သင့်လျော်မည့် ကမ္မဋ္ဌာန်းကိုလည်း ညွှန်ပြခဲ့ပါ။
(က) ကာမဂုဏ် လိုက်စားမှုများသူ၊
(ခ) နေရာတိုင်း ဒေါသခက်ထန်သူ၊
(ဂ) ရတနာသုံးပါးကို အလွန်ကြည်ညိုသူ

သမထကမ္မဋ္ဌာန်း ကသိုဏ်းရှုပုံ အကျဉ်းချုပ်မှာ –
(၁) ကမ္မဋ္ဌာန်းကို စတင် အားထုတ်သော ယောဂီသည် ပထဝီကသိုဏ်းစသော အာရုံတစ်ခုခုကို မျက်စိဖြင့်ကြည့်၍ ပထဝီ-ပထဝီ ဟုလည်းကောင်း၊ မြေ-မြေ ဟု လည်းကောင်း ပွားများရပါသည်။ ထိုသို့ မျက်စိဖြင့် ကြည့်ရှုအပ်သော ကသိုဏ်းဝန်း အာရုံကို ပရိကမ္မနိမိတ် ဟု ခေါ်ပြီး၊ ကြည့်ရှု၍လည်းကောင်း၊ မှန်းဆ၍လည်းကောင်း ပွားများမှုဘာဝနာကို ပရိကမ္မဘာဝနာ ဟု ခေါ်ပါသည်။

(၂) ဤသို့ မှိတ်တံဖွင့်တုံ အဖန်ဖန် အာရုံပြု၍ ဆက်လက်အားထုတ်သောအခါ ကသိုဏ်း ဝန်းအာရုံသည် မျက်စိဖြင့် တိုက်ရိုက်မြင်နေရသကဲ့သို့ စိတ်၌ ထင်ရှားစွာ ဖြစ်ပေါ်လာပါသည်။ ဤအာရုံကို ဥဂ္ဂဟနိမိတ် ဟုခေါ်ပါသည်။ ၎င်းဥဂ္ဂဟနိမိတ်ကို အာရုံပြုကာ ပွားများကာ ဘာဝနာသည် ပရိကမ္မဘာဝနာပင် ဖြစ်သော်လည်း ရှေးကထက် သမာဓိရ၍ တည်ကြည်လှသော ပရိကမ္မဘာဝနာ ဖြစ်ပါသည်။

(၃) ၎င်းဥဂ္ဂဟနိမိတ်ကို ဆက်လက်အားထုတ်သည်ရှိသော် ဘာဝနာကြောင့် ဖြစ်ပေါ်လာသော ပညတ်အာရုံသည် ဥဂ္ဂဟနိမိတ်ထက် အဆရာထောင်မက သာလွန်၍ ကြည်နူးဖွယ်ရာ ကြည်လင်လှသောကြောင့် ၎င်းအာရုံကို ပဋိဘာဂနိမိတ် ဟုခေါ်ပါသည်။
ထိုအချိန်မှစ၍ ကာမစ္ဆန္ဒနီဝရဏ စသော နီဝရဏတရားများ ကင်းကွာ၍ ဝိတက်စသော ဈာန်အင်္ဂါ ၅-ပါးတို့သည် မိမိတို့ဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ကြသဖြင့် ဈာန်၏အနီးသို့ရောက်သော ဥပစာရဘာဝနာ အဆင့်သို့ ရောက်ပြီဖြစ်၏။

(၄) ပဋိဘာဂနိမိတ်ကိုပင် အာရုံပြု၍ ဆက်လက်အားထုတ်သည်ရှိသော် မကြာမီ အပ္ပနာ ဘာဝနာခေါ် ရူပါဝစရပထမဈာန်ကို ရလေသည်။
(က) ကာမဂုဏ်လိုက်စားမှုများသူနှင့် အထူးသင့်လျော်သော ကမ္မဋ္ဌာန်းမှာ – အသုဘ ၁၀-ပါး + ကာယဂတာသတိ = ၁၁-ပါး ဖြစ်ပါသည်။
(ခ) နေရာတိုင်းဒေါသခက်ထန်သူနှင့် အထူးသင့်လျော်သော ကမ္မဋ္ဌာန်းမှာ –
နီလ ၊ ပီတ ၊ လောဟိတ ၊ သြဒါတ ဟူသော အရောင်ကသိုဏ်း = ၄-ပါး
မေတ္တာ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာဟူသော အပ္ပမညာ = ၄-ပါး
ပေါင်း = ၈-ပါး
(ဂ) ရတနာသုံးပါးကို အလွန်ကြည်ညိုသူနှင့် အထူးသင့်လျော်သော ကမ္မဋ္ဌာန်းမှာ –
ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ = ပေါင်း အနုဿတိ ၆-ပါး တို့ ဖြစ်ပါသည်။

၂။ ယောဂီပုဂ္ဂိုလ်တိုင်း ခန္ဓာကိုယ်၌လည်းကောင်း၊ စားသောက်ရာ၌လည်းကောင်း ရှုမှတ်ဆင်ခြင်ရမည့် ကမ္မဋ္ဌာန်းများကို မြန်မာလို ရေးပြ၍ ဒေဝတာနုဿတိ၏ အဓိပ္ပါယ်ကိုလည်း မှန်ကန်အောင် ရေးပြခဲ့ပါ။
ယောဂီပုဂ္ဂိုလ်တိုင်း ခန္ဓာကိုယ်၌ ရှုမှတ်ရမည့် ကမ္မဋ္ဌာန်းများမှာ –
(၁) ကာယဂတာသတိ = ဆံပင် စသော ၃၂ပါးသော ကောဋ္ဌာသအပေါင်းကို ထင်မြင်လာအောင် အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့မှု၊
(၂) စတုဓာတုဝဝတ္ထာန် = ပုဂ္ဂိုလ်၊ သတ္တဝါပျောက်အောင် ခန္ဓာကိုယ်၌ တည်ကုန်သော ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဓာတ် ၄ပါးတို့ဖြင့် ပိုင်းခြား ရှုဆင်ခြင်သောဉာဏ်။

ယောဂီပုဂ္ဂိုလ်တိုင်း စားသောက်ရာ၌ ရှုမှတ်ရမည့် ကမ္မဋ္ဌာန်းမှာ –
အာဟာရပဋိကူလသညာ = ခဲဖွယ်ဘောဇဉ် စသော အာဟာရ၌ စက်ဆုပ်ဖွယ်ရာထင်မြင်အောင် ရှုတတ်သောသညာ၊
ဒေဝတာနုဿတိ = နတ်၊ ဗြဟ္မာတို့ကို သက်သေပြု၍ နတ်တို့၏ သဒ္ဒါစသော ဂုဏ်နှင့်တူသော မိမိ၏ သဒ္ဒါ စသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ဆင်ခြင်မှု။

၃။ လောက၌ အဘယ်ပုဂ္ဂိုလ်မျိုးကို ရဟန္တာဟု ခေါ်ဆိုအပ်ပါသနည်း။ ရှင်းပြ၍ ရဟန္တာဟု ခေါ်ဆိုအပ်ပါသနည်း။ ရှင်းပြ၍ ရဟန္တာဖြစ်နည်း အရိယာကျင့်စဉ်ကို မဂ်လေးပါးပယ်စဉ်ကို မှီး၍ ရှင်းပြပါ။
ရဟန္တာဟူသည် –
ကိလေသာတို့ကို အကြွင်းမရှိ ပယ်ခြင်းကြောင့် ကုန်ပြီးသော အာသဝေါရှိသော၊ လောက၌ မြတ်သောအလှူကို ခံယူထိုက်သော (အမြတ်ဆုံးအလှူခံဖြစ်သော) ပုဂ္ဂိုလ်ကို ခေါ်ပါသည်။

ရဟန္တာဖြစ်နည်း အရိယာကျင့်စဉ်ကို မဂ်လေးပါးပယ်စဉ်အရ ဖော်ပြရသော် –
(၁) သောတာပတ္တိမဂ်သည် = ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ်၏။
(ကြွင်းကိလေသာတို့၏ အပါယသတ္တိကိုလည်း ပယ်သတ်၏။)
(၂) သကဒါဂါမိမဂ်သည် = ရုန့်ရင်းကြမ်းတမ်းသော လောဘ၊ ဒေါသ၊ မောဟ တို့ကို ခေါင်းပါးအောင် ပြု၏။
(၃) အနာဂါမိမဂ်သည် = ကာမရာဂနှင့် ဗျာပါဒတို့ကို အကြွင်းပယ်သတ်၏။
(၄) အရဟတ္တမဂ်သည် = ကြွင်းကိလေသာများ ဖြစ်သော ရူပရာဂ၊ အရူပရာဂ ဟူသော လောဘတစ်စိတ်၊ မောဟ၊ မာန၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ဟူသော ကိလေသာ ၇ပါးတို့ကို ကြွင်းမဲ့ ပယ်သတ်၏။
ဤသို့အားဖြင့် ယောဂီပုဂ္ဂိုလ်သည် ကိလေသာတို့ကို မဂ် ၄ပါးဖြင့် အဆင့်ဆင့် ပယ်သတ်ကာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွား ပါသည်။

၁၉၉၂-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ သာယာဖွယ်ကောင်းသည့် ဈာန်၊ မဂ်၊ ဖိုလ်ချမ်းသာ၊ ပဋိပတ်အရသာကို ခံစားလိုလျှင် ဘာဝနာနှစ်ရပ် အားထုတ်အပ်သည်ဟု အရှင်အနုရုဒ္ဓါက လမ်းညွှန်ခဲ့ပါသည်။ ယင်းဘာဝနာ နှစ်ရပ်ဟူသည် အဘယ်တို့နည်း။ ယင်းတို့၏ အကျိုးသက်ရောက်မှု မည်သို့ ခြားနားသည်ကိုလည်း ဖြေဆိုပါ။
ဘာဝနာနှစ်ရပ်ဟူသည် –
(၁) သမထဘာဝနာ = ကမ္မဋ္ဌာန်း ၄၀-ကို ပွားများခြင်းဖြင့် နီဝရဏ စသော ကိလေသာတို့ကို ငြိမ်းစေတတ်သော၊ ဝိတတ် စသော အောက်အောက် ဈာန်အင်္ဂါတို့ကို ငြိမ်သက်စေတတ်သော သမာဓိကို ခေါ်၏။ (လောကီကုသိုလ်၊ ကြိယာ၌ယှဉ်သော ဧကဂ္ဂတာစေတသိက်ကို ရ၏။)
(၂) ဝိပဿနာဘာဝနာ = တေဘူမက သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု အဖန်ဖန် ရှုတတ်သော ဉာဏ်ကို ခေါ်၏။
(မဟာကုသိုလ်၊ ကြိယာ၌ယှဉ်သော ပညာစေတသက်ကို ရ၏)
ယင်းဘာဝနာနှစ်ရပ်၏ အကျိုးသက်ရောက်မှုမှာ –
(၁) သမထဘာဝနာကို ပွားများလျှင် = မဟဂ္ဂုတ်ဈာန်နှင့် အဘိညာဉ်ဟူသော လောကီဈာန်တို့ကို ရနိုင်ပါသည်။
(၂) ဝိပဿနာဘာဝနာကို ပွားများလျှင် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဟူသော လောကုတ္တရာ တရားတို့ကို ရနိုင်ပါသည်။

၂။ ဗြဟ္မာတို့ နေခြင်းနှင့် တူသောကြောင့် ဗြဟ္မာဝိဟာရ အမည်ရသော ဘာဝနာတို့ကို ရှာဖွေပြ၍၊ အဘယ်စရိုက်ဆိုးရှိသူသည် ယင်းဘာဝနာတို့နှင့် အထူးသင့်လျော်သည်ကိုလည်း ဖြေဆိုခဲ့ပါ။
ဗြဟ္မာဝိဟာရ အမည်ရသော ဘာဝနာတို့ကို ဖော်ပြရသော် –
(က) မေတ္တာဘာဝနာ
(ခ) ကရုဏာဘာဝနာ
(ဂ) မုဒိတာဘာဝနာ
(ဃ) ဥပေက္ခာဘာဝနာ တို့ ဖြစ်ကြပါသည်။

ယင်းဘာဝနာတို့နှင့် အထူးသင့်လျော်သော စရိုက်ဆိုးရှိသူမှာ – ဒေါသ စရိုက်ထူပြောသော ပုဂ္ဂိုလ် ဖြစ်ပါသည်။

၃။ ယနေ့ လောကတွင် အလှူဒါန ပြုကြသူများသည် မိမိအလှူ၏ မှတ်တမ်းတင် ရုပ်မြင်သံကြား သတင်းကားများကို အဖန်ဖန် ကြည့်ရှု၍ သဒ္ဓါပွားပြီး သတိရနေခြင်းသည် မည်သည့် ဘာဝနာ ဖြစ်ပါသနည်း။ ယင်းဘာဝနာဖြင့် ဈာန်၊ မဂ်၊ ဖိုလ်ဟူသော အပ္ပနာ အဆင်သို့ ရောက်နိုင်၊ မရောက်နိုင်ကိုလည်း ဆုံးဖြတ်ပြပါ။
မိမိအလှူ၏ မှတ်တမ်းတင် ရုပ်မြင်သံကြား သတင်းကားများကို အဖန်ဖန် ကြည့်ရှု၍ သဒ္ဓါပွားပြီး သတိရနေခြင်းသည် စာဂါ နုဿတိ တည်းဟူသော သမထကမ္မဋ္ဌာန်း ဘာဝနာ ဖြစ်ပါသည်။
ယင်းဘာဝနာဖြင့် ဈာန်တည်းဟူသော အပ္ပနာအဆင့်ကို မရောက်နိုင်ပါ။
အဘယ်ကြောင့်ဆိုသော် ယင်းဘာဝနာ၏ အာရုံတရားသည် ပရမတ်တရားဖြစ်၍ အလွန် နက်နဲ၏။ နက်သောရေ၌ ထိုးဝါးဖြင့် ထောက်၍ မမှီသဖြင့် လှေသည် ငြိမ်သက်စွာ မတည်နိုင်သကဲ့သို့ ယင်းအာရုံ၌ ဝိတက်စသော ဈာန် အင်္ဂါတို့ ခိုင်မြဲစွာ မထောက်တည်နိုင်သဖြင့် ဈာန်ဟူသော အပ္ပနာအဆင့်ကို မရောက်နိုင်ပါ။
သို့ရာတွင် ဥပစာရသမာဓိဟူသော စိတ္တဝိသုဒ္ဓိကို အခြေခံ၍ ၎င်းရုပ်-နာမ် ပရမတ်တို့အပေါ် ဝိပဿနာဘာဝနာ ဆက်လက် ရှုပွားလျှင်မှု မဂ်၊ ဖိုလ်တည်းဟူသော အပ္ပနာအဆင်သို့ ရောက်နိုင်ပါသည်။

၎။ ဝိပဿနာဘာဝနာကို စတင်ပွားများသူ ယောဂီပုဂ္ဂိုလ်၌ မည်သည့် ဝိပဿနာဉာဏ် စတင်ဖြစ်ပါသနည်း။ ၎င်းဉာဏ်စဉ်တို့ အဆင့်ဆင့် မြင့်၍ ရင့်သည်ထက်ရင့်ကာ အမြင်သန်လာပုံကို ဝိပဿနာဉာဏ်ဆုံးသည့်တိုင်အောင် ဆက်လက်ဖော်ပြပါ။
ဝိပဿနာဘာဝနာကို စတင်ပွားများသူ ယောဂီပုဂ္ဂိုလ်ု၌ စတင်ဖြစ်သော ဝိပဿနာဉာဏ်မှာ – သမ္မသနဉာဏ် ဖြစ်ပါသည်။

၎င်းဉာဏ်စဉ်ကို အဆင့်ဆင့်မြင်၍ ရင့်သည်ထက် ရင့်ကာ အမြင်သန်လာပုံကို ဝိပဿနာဉာဏ်ဆုံးသည့်တိုင်အောင် ဖော်ပြရသော် –
(၁) ဥဒယဗ္ဗယဉာဏ်
(၂) ဘင်္ဂဉာဏ်
(၃) ဘယဉာဏ်
(၄) အာဒီနဝဉာဏ်
(၅) နိဗ္ဗိဒါဉာဏ်
(၆) မုဉ္စိတုကမျတာဉာဏ်
(၇) ပဋိသင်္ခါဉာဏ်
(၈) သင်္ခါရုပေက္ခာဉာဏ်
(၉) အနုလောမဉာဏ် တို့ ဖြစ်ပါသည်။

၁၉၉၃-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ ယောဂီပုဂ္ဂိုလ်များ အစာအာဟာရ စားသုံးရာ၌ ကမ္မဋ္ဌာန်းကို ရှုမှတ်ဆင်ခြင်ပုံနှင့် တကွ ရေးသား၍ တပ်မက် စွဲလမ်းမှု အားကြီးသော ပုဂ္ဂိုလ်အား သင့်လျော်မည့် ကမ္မဋ္ဌာန်းကိုလည်း ညွှန်ကြားခဲ့ပါ။
ယောဂီပုဂ္ဂိုလ်များ အစာအာဟာရ စားသုံးရာ၌ ရှုမှတ်ရမည့် ကမ္မဋ္ဌာန်းမှာ –
အာဟာရေပဋိကုလသညာကမ္မဋ္ဌာန်း ဖြစ်ပါသည်။ ဆင်ခြင်ပုံမှာ – မိမိစားမျိုအပ်သော အစာအာဟာရတို့၌ စက်ဆုပ်ရွံရှာဖွယ်အဖြစ်ကို အောက်မေ့ဆင်ခြင်မှု အမှတ်သတိထား၍ ဆင်ခြင်ရမည် ဖြစ်ပါသည်။

တပ်မက်စွဲလမ်းမှု အားကြီးသော ပုဂ္ဂိုလ်အား အထူးသင့်လျော်မည့် ကမ္မဋ္ဌာန်းများမှာ –
အသုဘကမ္မဋ္ဌာန်း = ၁၀ပါး
ကာယဂတာသတိကမ္မဋ္ဌာန်း = ၁ပါး


ပေါင်း = ၁၁ပါး ဖြစ်ပါသည်။

၎င်း ၁၁ပါးအပြင် သင့်လျော်မည့်ကမ္မဋ္ဌာန်းများမှာ –
(၁) ပထဝီကသိုဏ်း
(၂) အာပေါကသိုဏ်း
(၃) တေဇောကသိုဏ်း
(၄) ဝါယောကသိုဏ်း
(၅) အာလောကကသိုဏ်း
(၆) အာကာသကသိုဏ်း
(၇) အာရုပ္ပ ၄ပါး တို့ ဖြစ်ကြပါသည်။

၂။ အသုဘကမ္မဋ္ဌာန်းကို ရှုခြင်းနှင့် မေတ္တာပို့သခြင်းသည် အဘယ်အရက အကျိုးပို၍ ကြီးပါသနည်း။ အကြောင်းပြ ဖြေဆို၍ ပုဂ္ဂိုလ်မရွေး စီဖြန်းနိုင်သော ကမ္မဋ္ဌာန်းတို့ကိုလည်း ထုတ်ဖော် ရေးသားခဲ့ပါ။
အသုဘကမ္မဋ္ဌာန်းကို ရှုခြင်းနှင့်မေတ္တာပို့သခြင်းတို့တွင် မေတ္တာပို့သခြင်း က အကျိုး ပိုကြီးပါသည်။ အကြောင်းမှာ –
(၁) အသုဘကမ္မဋ္ဌာန်းကို ပွားများအားထုတ်လျှင် – ပထမဈာန်သာ ရရှိနိုင်ပြီး
(၂) မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လျှင် – ပထမဈာန်မှသည် … စတုတ္ထဈာန်အထိ ရရှိနိုင်သောကြောင့် ဖြစ်ပါသည်။

ပုဂ္ဂိုလ်မရွေး စီးဖြန်းနိုင်သော ကမ္မဋ္ဌာန်းတို့မှာ –
ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော ဘူတကသိုဏ်း = ၄ပါး
အာကာသကသိုဏ်း၊ အာလောကကသိုဏ်း = ၂ပါး
အာရုပ္ပ (အရူပ) ကမ္မဋ္ဌာန်း = ၄ပါး


ပေါင်း = ၁၀ပါး

၃။ အယူ၏စင်ကြယ်မှုဖြစ်အောင် ပွားများအားထုတ်ရမည့် ကမ္မဋ္ဌာန်းကို ထုတ်ဖော်ပြ၍ သောတာပန်ပုဂ္ဂိုလ်တို့၏ ဂုဏ်ရည်များကိုလည်း စုံညီအောင် ရေးသားဖြေဆိုပါ။
အယူစင်ကြယ်မှုဖြစ်အောင် ပွားများအားထုတ်ရမည့် ကမ္မဋ္ဌာန်း (သမထကမ္မဋ္ဌာန်း)မှာ –
စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် – ခန္ဓာကိုယ်၌ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဟူသော ဓာတ်ကြီး ၄ပါးတို့ကို ဉာဏ် (ပညာ)ဖြင့် ပိုင်းခြား ရှုဆင်ခြင်မှု (စတုဓာတုဝဝတ္ထာန်)ဖြင့် ငါ၊ သူတစ်ပါး၊ ကျား၊ မ အယူစင်ကြယ်စေနိုင်သောကြောင့် ဖြစ်ပါသည်။
(တစ်နည်း) အယူစင်ကြယ်မှု (ဒိဋ္ဌိဝိသုဒ္ဓိ)ဖြစ်စေရန် ပွားများအားထုတ်ပုံ (အကျဉ်း) ကို ဖော်ပြရသော် – သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိနှင့် ပြည့်စုံသော ယောဂီပုဂ္ဂိုလ်သည် ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်ဟူသော အချက်ကြီး ၄ချက်ဖြင့် ပိုင်းခြား ရှုဆင်ခြင်ပါက နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်ပေါ်လာပြီး သတ္တ၊ ဇီဝ၊ ပုဂ္ဂလ၊ အတ္တအယူမှ အထူး စင်ကြယ်လာပါမည်။

သောတာပန်ပုဂ္ဂိုလ်၏ ဂုဏ်ရည်များမှာ –
(၁) ကိလေသာတို့တွင် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်၏။
(၂) ကြွင်းကိလေသာတို့တွင် အပါယ်သို့ ကျစေနိုင်သော သတ္တိကိုပယ်သဖြင့် သောတာပန် ပုဂ္ဂိုလ်အဆင့်သို့ ရောက်လျှင် အပါယ်သို့ လားခြင်း (ရောက်ခြင်း) မရှိတော့ပါ။
(၃) ကာမဘုံ၌ အလွန်ဆုံး ၇-ဘဝသာ နေ၍ ပရိနိဗ္ဗာန် စံဝင်၏။
(ဗြဟ္မာဘုံ၌ကား ၇ကြိမ်ထက်ပို၍ ပဋိသန္ဓေ နေနိုင်သေး၏)

၁၉၉၄-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ ယောဂီသူတော်စင်များ အားထုတ်ကြသော ကမ္မဋ္ဌာန်းအလုပ်ကို ဈာန်လမ်း၊ ဉာဏ်လမ်းဟု ဆိုရာ၌ ထင်ရှားအောင် ခွဲခြားပြ၍ ယင်းတို့၏ တရားကိုယ်များကို ညွှန်ပြပါ။
ယောဂီသူတော်စင်များ အားထုတ်ကြသော ကမ္မဋ္ဌာန်းအလုပ်တို့တွင် –
ဈာန်လမ်းဟူသည် – သမာဓိတရားများ ဈာန်တရားရရှိရန်အတွက် နီဝရဏတရားများ ငြိမ်သက်အောင် အားထုတ်သော သမထကမ္မဋ္ဌာန်း အလုပ် ဖြစ်ပါသည်။ (တရားကိုယ်မှာ – လောကီကုသိုလ်ကြိယာ၌ ယှဉ်သော ဧကဂ္ဂတာစေတသိက် ဖြစ်ပါသည်။

ဉာဏ်လမ်းဟူသည် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရရှိရန်အတွက် ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ရှုမှတ်ပွားများ အားထုတ်သော ဝိပဿနာကမ္မဋ္ဌာန်းအလုပ် ဖြစ်ပါသည်။

(တရားကိုယ်မှာ – မဟာကုသိုလ် – ကြိယာ၌ ယှဉ်သော ပညာစေတသိက် ဖြစ်ပါသည်။)
(မှတ်ချက်။ ၁၉၉၀-ခုနှစ်၊ နံပါတ် (၁)
(၁၉၉၂-ခုနှစ်၊ နံပါတ် (၁) ၁၉၉၄-ခုနှစ်၊ နံပါတ်(၁)တို့သည် အကြောင်းအရာ တူသော်လည်း မေးခွန်းပုံစံ ကွဲသဖြင့် အဖြေတင်ပုံ အနည်းငယ် ကွဲပုံကို ဖြေဆိုပုံ နမူနာယူပါ။)

၂။ ယောဂီ၏ သြဝါတကသိုဏ်း ရူပွားမှုတွင် ဘာဝနာဘေဒကို ဖော်ပြ၍ ဒေဝတာနုဿတိပွားများနည်းကိုလည်း စနစ်တကျ ဖော်ညွှန်းခဲ့ပါ။
သြဒါတကသိုဏ်းကို ရှုပွားလျှင် ရူပါဝစရဈာန် ၅ပါးလုံး ရနိုင်ပြီး၊ နိမိတ်နှင့် ဘာဝနာအားဖြင့်လည်း ၃မျိုးစလုံး ရနိုင်ပါသည်။

ထိုနိမိတ် ၃ပါးနှင့် ဘာဝနာကို တွဲစပ်ပြရသော် –
(၁) ပရိကမ္မနိမိတ် = ပရိကမ္မဘာဝနာ
(၂) ဥဂ္ဂဟနိမိတ် = ရှေးကထက် သမာဓိရသော ပရိကမ္မဘာဝနာ
(၃) ပဋိဘာဂနိမိတ် = ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာ တို့ ဖြစ်ပါသည်။

၃။ သဒ္ဓါတရား အားကောင်းသူများ ရှုပွားသင့်လှသော ကမ္မဋ္ဌာန်းများကို ပြည့်စုံစွာ ထုတ်ပြပြီးလျှင် ဥဂ္ဂဟနိမိတ် ထင်ပုံကိုလည်း ရေးသားဖြေဆိုပါ။
သဒ္ဓါတရား အားကောင်းသူများ ရှုပွားသင့်လှသော ကမ္မဋ္ဌာန်းများမှာ –
(၁) ဗုဒ္ဓါနုဿတိ
(၂) ဓမ္မာနုဿတိ
(၃) သံဃာနုဿတိ
(၄) သီလာနုဿတိ
(၅) စာဂါနုဿတိ
(၆) ဒေဝတာနုဿတိ တို့ ဖြစ်ပါသည်။

ဥဂ္ဂဟနိမိတ်ထင်ပုံ –
ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်းစသော အာရုံနိမိတ် (ပရိကမ္မနိမိတ်)ကို မျက်စိဖြင့် ဖွင့်တုံမှိတ်တုံ အဖန်ဖန် အာရုံပြု၍ ပွားများအားထုတ်သည်ရှိသော် မျက်စိမှိတ်၍ စိတ်ဖြင့် ဆင်ခြင်သောအခါ ထိုပထဝီကသိုဏ်းဝန်း အာရုံနိမိတ်သည် မျက်စိဖြင့် တိုက်ရိုက်မြင်နေရသကဲ့သို့ မနောဒွါရ၌ ထင်ရှားစွာ ပေါ်၏။ ဤသို့ စိတ်ဖြင့် ကောင်းစွာ ယူအပ်သော နိမိတ်ကို ဥဂ္ဂဟနိမိတ်ဟု ခေါ်ပါသည်။

၎။ အဘယ်ပုဂ္ဂိုလ်မျိုးကို အနာဂါမ်ဟု ခေါ်ပါသနည်း။ ဖြေဆိုပြီးလျှင် ဖလသမာပတ်နှင့် နိရောဓသမာပတ်ဝင်စားနိုင် သော ပုဂ္ဂိုလ်တို့ကိုလည်း ဖော်ပြပါ။
အနာဂါမ်ပုဂ္ဂိုလ်ဟူသည်မှာ – ကာမရာဂ၊ ဗျာပါဒတို့ကို အကြွင်းမဲ့ ပယ်သတ်ပြီးသောကြောင့် ကာမဘုံသို့ ပဋိသန္ဓေ မနေတော့ သောပုဂ္ဂိုလ်ကို ခေါ်ဆိုပါသည်။

ဖလသမာပတ်ဝင်စားနိုင်သော ပုဂ္ဂိုလ်များမှာ –
(၁) သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်
(၂) သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်
(၃) အနာဂါမိဖိုလ်ပုဂ္ဂိုလ်
(၄) အရဟတ္တိဖိုလ်ပုဂ္ဂိုလ် တို့ ဖြစ်ကြပါသည်။

နိရောဓသမာပတ်ဝင်စားနိုင်သော ပုဂ္ဂိုလ်များမှာ –
ကာမဘုံ၊ ရူပဘုံ၌ သမာပတ် ၈ပါး၊ ၉ပါး ရပြီးသော အနာဂါမ်ပုဂ္ဂိုလ်နှင့် ရဟန္တာပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။

၁၉၉၅-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ ကာမရောဂါ ကိုယ်တွင်းနားကား ကုရာနတ္ထိ ဆေးမရှိဟု အဆိုရှိလေရာ မြတ်ဗုဒ္ဓ အဘိဓမ္မာအရ ပျောက်ကင်းနိုင်သော နည်းလမ်းများကို ညွှန်ပြ၍ ပုဂ္ဂိုလ်မရွေး စီးဖြန်းနိုင်သော ကမ္မဋ္ဌာန်းတို့ကိုလည်း ဖြေဆိုပါ။
မြတ်ဗုဒ္ဓ အဘိဓမ္မာအရ ကာမရောဂါ ကိုယ်တွင်းနာကို ပျောက်ကင်းနိုင်သော နည်းလမ်းများမှာ –
ကာမရောဂါဟု ဆိုအပ်လောက်သော ရာဂစရိုက် ထူပြောသော ပုဂ္ဂိုလ်သည် အသုဘ ၁၀ပါးနှင့် ကာယဂတာဿတိ ၁ပါး၊ ပေါင်း ၁၁ပါးသော ကမ္မဋ္ဌာန်းတို့ကို အားထုတ်ခြင်းအားဖြင့် ပျောက်ကင်းနိုင်ပါသည်။

ပုဂ္ဂိုလ်မရွေး စီဖြန်းနိုင်သော ကမ္မဋ္ဌာန်းများမှာ – (၁၉၉၃-ခုနှစ်၊ နံပါတ် (၂) အဖြေ၌ ကြည့်ပါ။)

၂။ အောက်ပါယောဂီတို့ အကျိုးရပုံချင်း ခြားနားဟန်ကို စိစစ်ပြပါ။
(က) ထွက်လေဝင်လေရှုမှတ်နေသော ယောဂီ၊
(ခ) အသုဘကမ္မဋ္ဌာန်း စီးဖြန်းနေသော ယောဂီ၊
(ဂ) မေတ္တာတရား ပွားများနေသော ယောဂီ၊
(က) ထွက်လေဝင်လေ ရှုမှတ်နေသော ယောဂီသည် –
ရူပါဝစရ ပထမဈာန်မှ ပဉ္စမဈာန်အထိ အကျိုးရရှိနိုင်ပါသည်။
(ခ) အသုဘကမ္မဋ္ဌာန်း စီးဖြန်းနေသော ယောဂီသည် –
ရူပါဝစရ ပထမဈာန်အကျိုးကိုသာ ရရှိနိုင်ပါသည်။
(ဂ) မေတ္တာတရား ပွားများနေသော ယောဂီသည် –
ရူပါဝစရ ပထမဈာန်မှ စတုတ္ထဈာန်အထိ ရနိုင်ပါသည်။

၃။ မိုးပျံမြေလျှိုး တန်ခိုးပြသူသည် မည်သည့် အဘိညာဉ်ပိုင်ရှင်ဖြစ်သည်ကို ဖြေဆို၍၊ နိရောဓသမာပတ် ဝင်စားနေစဉ် သေနိုင်-မသေနိုင်ကိုလည်း ခိုင်လုံသော အကြောင်းပြချက်နှင့် ဆုံးဖြတ်ချက်ချပြပါ။
မိုးပျံမြေလျှိုး တန်းခိုပြသူသည် – ဣဒ္ဓိဝိဓ အဘိညာဉ်ပိုင်ရှင် ဖြစ်ပါသည်။
နိရောဓသမာပတ် ဝင်စားနေခိုက် မသေနိုင်ပါ။
အဘယ်ကြောင့်ဆိုသော် – နိရောဓသမာပတ် မဝင်စားခင် ပုဗ္ဗကိစ္စ ၄ချက်ကို ပြုကြရာ မိမိ၏ အသက် ဇီဝိတိနြေ္ဒဖြစ်ရာ ကာလအပိုင်းအခြားကို ဆင်ခြင်သည့် ပုဗ္ဗကိစ္စကိုလည်း ပြုရပါသည်။ မိမိ အသက်ကြွင်းရှိမှသာ နိရောဓသမာပတ် ဝင်စားခြင်း ဖြစ်နိုင်သဖြင့် နိရောဓသမာပတ် ဝင်စားနေစဉ်အတွင်း မသေနိုင်ခြင်း ဖြစ်ပါသည်။

၁၉၉၆-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ လောကတွင် လူအမျိုးမျိုးရှိသည့်အနက် (က) သည်းမခံတတ် စိတ်ဆတ်သူ၊ (ခ) ကံတရားကို ယုံကြည်အားထားသူ တို့အား သင့်လျော်သော ကမ္မဋ္ဌာန်းလုပ်ငန်းများကို ဖြေဆိုပါ။
(က) သည်းမခံတတ် စိတ်ဆတ်သူအား သင့်လျော်သော ကမ္မဋ္ဌာန်းများမှာ –
နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟူသော အရောင်ကသိုဏ်း ၄ပါး၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော အပ္ပမညာ ၄ပါး တို့ ဖြစ်ကြပါသည်။
(ခ) ကံတရားကို ယုံကြည်အားထားသူအား သင့်လျော်သော ကမ္မဋ္ဌာန်းများမှာ – (၁၉၉၄-ခုနှစ်၊ နံပါတ် ၃အဖြေကြည့်ပါ)။

၂။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဟု ဆိုစကားရှိရာ အသုဘစီးဖြန်း ပွားများလျှင် ရရှိနိုင်သော အကျိုးတရားကို ရေး၍ မေတ္တာပွားများနေသော ယောဂီသည် မည်သည့် ဈာန်များ ရရှိနိုင်သည်ကိုလည်း ဖြေဆိုပါ။
(၁၉၉၃-ခုနှစ်၊ နံပါတ်-၂ အဖြေကြည့်ပါ။)

၃။ ဝိပဿနာတရား အားထုတ်နေသော ယောဂီ၌ မဂ်ရခါနီး ဖြစ်နိုင်သော စိတ်များကို ရေး၍ ယင်းစိတ်များသည် မည်သည့်အာရုံကို အာရုံပြုသည်ကိုလည်း ဖြေဆိုပါ။
ဝိပဿနာတရား အားထုတ်နေသော ယောဂီ၌ မဂ်ရခါနီးဖြစ်နိုင်သောစိတ်များနှင့် ယင်းစိတ်တို့၏ အာရုံများမှာ –
မဂ်ရခါနီး၌ ဘ၀င်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ ဟု ဘဝင်အစဉ်က ပြတ်ပြီးနောက် မနောဒွါရာ ဝဇ္ဇန်းစိတ် ဖြစ်ပေါ်လာပါသည်။ ထိုစိတ်၏ အခြားမဲ့ တိက္ခုပုဂ္ဂိုလ်ဖြစ်လျှင် ဥပစာ၊ အနုလုံ ဟူသော ဝိပဿနာဇောစိတ် ၂ကြိမ်၊ မန္ဒပုဂ္ဂိုလ်ဖြစ်လျှင် ပရိကံ၊ ဥပစာ၊ အနုလုံ ဟူသော ဝိပဿနာဇောစိတ် ၃ကြိမ် ဖြစ်ပါသည်။ ထို့နောင် ဂေါတြဘူစိတ်ဖြစ်ပါသည်။ ဤစိတ်တို့ကား မဂ်ရခါနီးဖြစ်သော စိတ်များတည်း။

ယင်းတို့၏ အာရုံမှာ –
(၁) ဘဝင်္ဂစလနနှင့် ဘဝဂုင်္စ္ဆေဒတို့၏အာရုံ
ကံ၊ ကမ္မ၊ ဂတိနိမိတ် ၃ပါးအနက် ၁ပါးပါး
(၂) မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၏အာရုံ
တေဘူမကသင်္ခါရတရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာ၊
(၃) ဂေါတြဘူစိတ်၏ အာရုံ = နိဗ္ဗာန်

၎။ ပုထုဇဉ်နှင့် အရိယာ ကွဲပြားသွားအောင် လူတန်းစား ခွဲခြားသော ကာမဇော၏ (က) အမည်၊ (ခ) အာရုံ၊ (ဂ) လုပ်ဆောင်ချက်တို့ကို ဖြေဆိုပါ။
ပုထုဇဉ်နှင့် အရိယာ ကွဲပြားသွားအောင် လူတန်းစား ခွဲခြားအောင် ကာမဇော၏
(က) အမည် = ဂေါတြဘူ
(မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇောစိတ် ၄ပါး)
(ခ) အာရုံ = နိဗ္ဗာန်
(ဂ) လုပ်ဆောင်ချက် = ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယာအနွယ်သို့ ရောက်စေ၏။

၁၉၉၇-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ ဝိတက်များ၍ အိပ်မပျော်သောသူအား သင့်လျော်သည့် ကမ္မဋ္ဌာန်းကို ညွှန်ကြား၍ မောဟရိုက်၊ ဝိတတ်စရိုက် ရှိသူတို့ ပွားများသင့်သော ကသိုဏ်းဝန်းပမာဏကိုလည်း ဖော်ပြခဲ့ပါ။
ဝိတတ်များ၌ အိပ်မပျော်သောသူအား သင့်လျော်သည့် ကမ္မဋ္ဌာန်းမှာ – အာနာပါနာဿတိ ကမ္မဋ္ဌာန်း ဖြစ်ပါသည်။
မောဟစရိုက်ရှိသူ ပွားများသင့်သော ကသိုဏ်းဝန်း ပမာဏမှာ – ကောက်နုတ် တလင်းခန့် ပမာဏရှိသော ကြီးမားသော ကသိုဏ်းဝန်း ဖြစ်ပါသည်။
ဝိတတ်စရိုက်ရှိသူ ပွားများသင့်သော် ကသိုဏ်းဝန်း ပမာဏမှာ – အိုးဝ ခွက်ဝခန့် ပမာဏရှိသော သေးငယ်သည့် ကသိုဏ်းဝန်း ဖြစ်ပါသည်။

၂။ ပထမဈာန်ုရစေနိုင်သော ကမ္မဋ္ဌာန်းများကို ဖော်ပြ၍ နိမိတ် ၃ပါးနှင့် ဘာဝနာ ၃ပါးကိုလည်း မမှားအောင် တွဲစပ်ပြပါ။
ပထမဈာန်ရနိုင်သော ကမ္မဋ္ဌာန်းများမှာ –
ကသိုဏ်း = ၁၀ပါး
အသုဘ = ၁၀ပါး
ကာယဂတာသတိ = ၁ပါး
အာနာပါနဿတိ = ၁ပါး
မေတ္တာ၊ ကရုဏာ၊ မုဒိတာ = ၃ပါး


ပေါင်း = ၂၅ပါး

နိမိတ်သုံးပါးနှင့် ဘာဝနာသုံးပါး တွဲစပ်ပြရသော် –
ပရိကမ္မနိမိတ် = ပရိကမ္မဘာဝနာ၊
ဥဂ္ဂဟနိမိတ် = ရှေးကထက် တည်ကြည်၍ သမာဓိရသော ပရိက္မဘာဝနာ၊
ပဋိ့ဘာဂနိမိတ် = ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာ။

၃။ မြတ်ဗုဒ္ဓဂုဏ်တော်များကို ပွားများသဖြင့် လက်ငင်းရနိုင်သော အကျိုးနှင့် ဖြစ်နိုင်သော ဘာဝနာများကို ဖော်ပြပြီးလျှင် ဝိပဿနာတရားအားထုတ်မည့် ယောဂီများ စင်ကြယ်အောင် စောင့်ထိန်းရမည့် သီလလေးမျိုးကိုလည်း ဖြေဆိုခဲ့ပါ။
မြတ်ဗုဒ္ဓဂုဏ်တော်များကို ပွားများသဖြင့် လက်ငင်းရနိုင်သော အကျိုးနှင့် ဖြစ်နိုင်သော ဘာဝနာများမှာ –
မြတ်ဗုဒ္ဓဂုဏ်တော်ကို ပွားများသူသည် သဒ္ဓါတရား လွန်စွာ တိုပွားခြင်း ၊ နီဝရဏ တရားများ ငြိမ်သက်ခြင်း စသော ကာမာဝစရကုသိုလ်အကျိုးကို ရရှိနိုင်ပါသည်။

ဘာဝနာအားဖြင့်ကား – ပရိကမ္မဘာဝနာနှင့် ဥပစာရဘာဝနာ ၂-ပါးသာ ရရှိနိုင်ပါသည်။
ဝိပဿနာတရားအားထုတ်မည့် ယောဂီများ စင်ကြယ်အောင် စောင့်ထိန်းရမည့် သီလလေးမျိုးမှာ –
(၁) ပါတိမောက္ခသံဝရသီလ
(၂) ဣန္ဒြိယသံဝရသီလ
(၃) အာဇီဝပါရိသုဒ္ဓိသီလ
(၄) ပစ္စယသန္နိဿိတသီလ တို့ဖြစ်ပါသည်။

၎။ ဝုဋ္ဌာနဂါမိနီဝိပဿနာ အမည်ရနိုင်သော ဉာဏ်တို့ကိုဖော်ပြ၍ ရဟန္တာပုဂ္ဂိုလ်များ ဧကန်ဆင်ခြင်အေသာ ပစ္စဝေက္ခဏာဝီထိ နှင့် အနေကန် ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများကိုလည်း ရေးခဲ့ပါ။
ဝုဋ္ဌာနဂါမိနီဝိပဿနာ အမည်ရနိုင်သော ဉာဏ်များမှာ –
(၁) သင်္ခါရုပေက္ခာဉာဏ်အရင့်ပိုင်း
(၂) အနုလောမဉာဏ် တို့ဖြစ်ပါသည်။

ရဟန္တာပုဂ္ဂိုလ်များ ဧကန်ဆင်ခြင်အေသာ ပစ္စဝေက္ခဏာဝီထိများမှာ
(၁) မဂ္ဂပစ္စဝေက္ခဏာဝီထိ
(၂) ဖလပစ္စဝေက္ခဏာဝီထိ
(၃) နိဗ္ဗာနပစ္စဝေက္ခဏာဝီထိ တို့ဖြစ်ပါသည်။
ရဟန္တာပုဂ္ဂိုလ်များအနေကန် ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများမှာ-ပဟီနကိလေသာပစ္စဝေက္ခဏာဝီထိ ဖြစ်ပါသည်။

၁၉၉၈-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ လူအမျိုးမျိုး စရိုက်အထွေထွေ ရှိကြလေရာ လူ့ယဉ်ကျေးတို့အား ဖြစ်လေ့ဖြစ်ထရှိသော စရိုက်များကို ရေးသား၍ ဒေဝတာနုဿတိ အဓိပ္ပာယ်နှင့် ယင်းဒေဝတာနုဿတိ ပွားများအားထုတ်ရန် သာမာန်သင့်လျော်သော ပုဂ္ဂိုလ်နှင့် အထူးသင့်လျော်သော ပုဂ္ဂိုလ်များသည် အသီးသီးဖော်ပြပါ။
လူ့ယဉ်ကျေးမှုတို့အား ဖြစ်လေ့ဖြစ်ထရှိသော စရိုက်များမှာ – သဒ္ဒါစရိုက်နှင့် ဗုဒ္ဓစရိုက်တို့ ဖြစ်ပါသည်။
ဒေဝတာနုဿတိ = နတ်တို့ကို သက်သေပြု၍ နတ်တို့၏ သဒ္ဓါ စသော ဂုဏ်နှင့်တူသော မိမိ၏ သဒ္ဓါစသော ဂုဏ်တို့ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ ဆင်ခြင်ခြင်း။

ဒေဝတာနုဿတိ ပွားများအားထုတ်ရန်
သာမန် သင့်လျော်သောပုဂ္ဂိုလ်မှာ = သဒ္ဓါတရားရှိသောပုဂ္ဂိုလ်
အထူး သင့်လျော်သောပုဂ္ဂိုလ်မှာ = သဒ္ဓါစရိုက် ထူပြောသော ပုဂ္ဂိုလ်

၂။ အရူပဈာန်လေးပါးတို့၏ အာရုံများကို အသီးသီး ဖော်ပြပြီးလျှင် တစ်ပါးသူ၏ စိတ်ဓာတ်ကို သိသောသူသည် မည်သည့် အဘိညာဉ်ပိုင်ရှင် ဖြစ်သည်ကိုလည်း ရေးသားပါ။
အရူပဈာန်လေးပါးတို့၏ အာရုံများ –
ပထမအရူပဈာန်၏ အာရုံမှာ – ကောင်းကင်ပညတ်
ဒုတိယအရူပဈာန်၏ အာရုံမှာ – ပထမရုပ္ပဝိညာဏ် (အာကာဈာန်စိတ်)
တတိယအရူပဈာန်၏ အာရုံမှာ – နတ္ထိဘောပညတ်၊
စတုတ္ထအရူပဈာန်၏ အာရုံမှာ – တတိယာရုပ္ပဝိညာဏ်၊ (အာကိံဈာန်စိတ်)
တစ်ပါးသူ၏ စိတ်ဓာတ်ကို သိသောသူသည် စေတောပရိယအဘိညာဉ် ပိုင်ရှင် ဖြစ်ပါသည်။

၃။ ပစ္စယသန္နိဿိတသီလနှင့် ပြည့်စုံစေရန် ပွားများနည်းကို ရေးသား၍ ဥဒယဗ္ဗယဉာဏ်သို့ ဆိုက်ရောက်သော ယောဂီ တစ်ယောက်အား တွေ့ကြုံတတ်သော အခက်အခဲနှင့် ယင်းအခက်အခဲမှ လွန်မြောက်အောင် မည်ကဲ့သို့ အားထုတ်ရမည် ကိုလည်း ဖြေဆိုပါ။
ပစ္စယသန္နိဿိတသီလနှင့် ပြည့်စုံစေရန် ပွားများနည်းမှာ –
အသက်ရှည်ကြာ၊ ဘေးဘယာတို့၊ ကိုယ်မှာမကပ်၊ ပရိယတ်နှင့် ပဋိပတ်ရေး၊ မျှော်ထောက်တွေး၍၊ ဤဆေး၊ ဤသင်္ကန်းနှင့် ရွှင်လန်းဖွယ်ကောင်း၊ ဤစံကျောင်းကို မှီအောင်း သုံးစွာပါသတည်းဟု ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဟူသော ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်၍ ဉာဏ်ဖြင့် သုံးစွဲလျှင် ဤသီလ လုံခြုံပြည့်စုံ နိုင်ပါသည်။

ဥဒယဗ္ဗယဉာဏ်သို့ ဆိုက်ရောက်သော ယောဂီတစ်ယောက်အား တွေ့ကြုံတတ်သော အခက်အခဲများမှာ –
(၁၉၉၀-ခုနှစ်၊ နံပါတ်-၃ အဖြေ၌ ကြည့်ပါ။)
ယင်းအခက်အခဲမှ လွန်မြောက်အောင် အားထုတ်ရပုံမှာ –
ထိုသြဘာသ စသည်တို့သည် တဏှာ၊ မာန၊ ဒိဋ္ဌိတို့၏ တည်ရာဖြစ်၍ ဝိပဿနာဉာဏ်ကို ညစ်နွမ်းစေတတ်သော ဘေးရန်များတည်း၊ ထိုသြဘာသ စသည်ကို နှစ်သက်စွဲလမ်းနေမှုသည် မဂ်ဖိုလ်ရကြောင်း လမ်းကောင်းလမ်းမှန် မဟုတ်သဖြင့် အမဂ္ဂ (လမ်းမှား) သာလျှင်တည်း၊ ဝိပဿနာဉာဏ် အစဉ်အတိုင်း ဆက်လက်၍ အားထုတ်မှသာ မဂ်ဖိုလ်ရကြောင်း လမ်းကောင်းလမ်းမှန်ဖြစ်၍ မဂ္ဂ (လမ်းမှန်) အစစ်ဖြစ်၏ဟု ပိုင်းခြားသတ်မှတ်ပြီး ဥဒယဗ္ဗယဉာဏ်မှစ၍ အနုလောမဉာဏ်တိုင်အောင် ဆက်လက် အားထုတ်ခြင်းဖြင့် ဤအခက်အခဲတို့မှ လွန်မြောက်နိုင်ပါသည်။

၎။ မည်သို့သော ပုဂ္ဂိုလ်မျိုးကို လောက၌ ရဟန္တာ ဟု ခေါ်ဆိုကြ၍၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အရိယာများ အိမ်ထောင်သားမွေးခြင်းကိစ္စ ရှိ၊ မရှိ အဘိဓမ္မာပညာရှင်ပီပီ ခွဲခြားဖြေဆိုပါ။
ရဟန္တာ = အရဟတ္တမဂ်ဖြင့် ကိလေသာတို့ကို အကြွင်းမကျန်မရှိ ပယ်ပြီးသော၊ အာသဝေါတရားများ ကုန်ခန်းပြီးဖြစ်သည့် လောက၌ အမြတ်ဆုံးအလှူကို ခံတော်မူထိုက်သော အရိယာပုဂ္ဂိုလ်ကို ရဟန္တာ ဟု ခေါ်ပါသည်။

သောတာပန်နှင့် သကဒါဂါမ်အရိယာများသည် = ကာမရာဂ၊ ကိလေသာကို အကြွင်းမဲ့မပယ်ရသေး၍ အိမ်ထောင်သားမွေး ခြင်း ကိစ္စ ရှိနိုင်သေးသည်။
အနာဂါမ်အရိယာမှာမူ = ကာမရာဂကိလေသာကို အကြွင်းမဲ့ပယ်ပြီးဖြစ်၍ အိမ်ထောင်သားမွေးခြင်း ကိစ္စ မရှိတော့ပါ။

၁၉၉၉-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ ကမ္မဋ္ဌာန်းပိုင်းလာ သမထနှင့် ဝိပဿနာတို့၏ အဓိပ္ပါယ်ကို ကွဲပြားခြားနားအောင် ရေးပြပြီးလျှင် ဗုဒ္ဓဘာသာတိုင်း အစဉ်အောက်မေ့ ပွားများရမည့် တရားဆယ်ပါးကိုလည်း ထုတ်ဖော်ရေးသားခဲ့ပါ။
(၁၉၉၀-ခုနှစ်၊ နံပါတ်-၁ အဖြေ၌ ကြည့်ပါ။)

၂။ ဆင်းရဲနွမ်းပါးသူတို့ကို ကူညီသော ပုဂ္ဂိုလ်တို့သန္တာ၌ ဖြစ်သောတရားကို အာရုံနှင့် တွဲဖက်ဖော်ပြ၍၊ ထိုတရားကို နည်းလမ်တကျ ဆက်လက်အားထုတ်ပါက မည်သည့်ဈာန်တရားများ ရနိုင်သည်ကိုလည်း ဖြေဆိုပါ။
ဆင်းရဲနွမ်းပါးသူတို့ကို ကူညီသူ၌ ကရုဏာဗြဟ္မဝိဟာရတရား ဖြစ်ပွားပါသည်။ ထိုတရားသည် ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြုပါသည်။
ဤတရားကို နည်းလမ်းတကျ အားထုတ်ပါက ဘာဝနာ အဆင့်ဆင့် မြင့်တက်၍ ရူပါဝစရ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်အထိ ရနိုင်ပါသည်။

၃။ ကာမရောဂါ၊ ကိုယ်တွင်းနာကား၊ ကုရာနတ္ထိ၊ ဆေးမရှိ ဟု ဆိုသော်လည်း မြတ်ဗုဒ္ဓ အလိုအားဖြင့်မူ ကာမရောဂါကို ပျောက်ကင်းစေနိုင်သော ဆေးတို့ကို ဖော်ထုတ်ပြပါ။
(၁၉၉၅-ခုနှစ်၊ နံပါတ်-၁ အဖြေကြည့်ပါ။)

၎။ တရားအားထုတ်လျက်ရှိသော ယောဂီပုဂ္ဂိုလ်အား တရားသားတက်၍ ရင့်ကျက်လာသည့်အခါ အပ္ပနာဘာဝနာအထိ ရရှိစေနိုင်သော ကမ္မဋ္ဌာန်းတို့ကို ဖြေဆိုပါ။
အပ္ပနာဘာဝနာအထိ ရနိုင်သော ကမ္မဋ္ဌာန်းတို့မှာ –
ကသိုဏ်း = ၁၀ပါး
အသုဘ = ၁၀ပါး
ကာယဂတာသတိ = ၂-ပါး
အာနာပါနဿတိ= ၁-ပါး
အပ္ပမညာ = ၄-ပါး
အရူပ = ၄-ပါး


ပေါင်း = ၃၀-ပါး ဖြစ်ပါသည်။

၂၀၀၀-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ မိမိစားသောက်သော အစာအဟာရကို စက်ဆုပ် ရွံရှာဖွယ်အဖြစ် ရှုဆင်ခြင်လျှင် မည်သည့်ကမ္မဋ္ဌာန်းဖြစ်သည်ကို ရေး၍၊ ယင်းကမ္မဋ္ဌာန်းကို မည်သို့သော ပုဂ္ဂိုလ်များသာ ဆင်ခြင်း ပွားများနိုင်သည်ကိုလည်း ဖြေဆိုပါ။
မိမိစားသောက်သော အစာအာဟာရကို စက်ဆုပ်ရွံ့ရှာဖွယ်အဖြစ် ရှုဆင်ခြင်လျှင် – အာဟာရေပဋိကူလသညာ ကမ္မဋ္ဌာန်း ဖြစ်ပါသည်။

၎င်းကမ္မဋ္ဌာန်းကို ဆင်ခြင်ပွားများနိုင်သော ပုဂ္ဂိုလ်မှာ –
ဗုဒ္ဓစရိုက် ရှိသော ပုဂ္ဂိုလ် မျိုးသာ ဆင်ခြင်ပွားများနိုင်ပါသည်။ အကြောင်းမှာ – သိမ်မွေ့နက်နဲသည်ဖြစ်၍ ပညာ၏ အရာသာ ဖြစ်သောကြောင့် ဖြစ်ပါသည်။

၂။ ပုဂ္ဂိုလ်မရွေး စီးဖြန်းနိုင်သော ကမ္မဋ္ဌာန်းတို့ကို ရေး၍၊ ထွက်လေဝင်လေကို ရှုမှတ်နေသော ယောဂီပုဂ္ဂိုလ်က ငါ သောတာပန်ဖြစ်ပြီ ဟု ဆိုလာလျှင် လက်ခံနိုင်/မခံနိုင် အကြောင်းပြချက်နှင့် ဆုံးဖြတ်ချက်ချပြပါ။
ပုဂ္ဂိုလ်မရွေး စီးဖြန်းနိုင်သော ကမ္မဋ္ဌာန်းမှာ – (၁၉၉၃-ခုနှစ်၊ မေးခွန်း-၂)
ထွက်လေဝင်လေကိုသာ ရှုမှတ်နေသော ယောဂီပုဂ္ဂိုလ်က ငါ သောတာပန်ဖြစ်ပြီဟု ဆိုလာလျှင် လက်မခံနိုင်ပါ။ အကြောင်းမှာ –
ထွက်လေဝင်လေကို ရှုမှတ်လျှင် ရူပပဉ္စကဈာန်ကိုသာ ရနိုင်သောကြောင့် ဖြစ်ပါသည်။ (ထိုအပ္ပနာဈာန်မှ ဝိပဿနာသို့ ပြောင်း၍ ရုပ်နာမ်ခန္ဓာတို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ရှုမှတ်သော ယောဂီပုဂ္ဂိုလ်က ငါ သောတာပန်ဖြစ်ပြီး ဟု ဆိုလျှင်ကား လက်ခံနိုင်ဖွယ် ရှိပါသည်။)

၃။ ပုထုဇဉ်၏ အနွယ်ကိုဖြတ်တောက်သောစိတ်ကို ဖော်ပြ၍၊ ၎င်းစိတ်၏ အာရုံကိုလည်း ဖြေဆိုပါ။
ပုထုဇဉ်၏အနွယ်ကိုဖြတ်တောက်သောစိတ်မှာ – ဂေါတြဘူစိတ် ဖြစ်ပါသည်။
၎င်းစိတ်၏ အာရုံမှာ – နိဗ္ဗာန် ဖြစ်ပါသည်။

၎။ နိရောဓသမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ်တို့ကို ဖော်ပြ၍၊ နိရောဓသမာပတ် ဝင်စားနေစဉ် သေနိုင်/မသေနိုင်ကို လည်း ခိုင်လုံသော အကြောင်းပြချက်နှင့် ဆုံးဖြတ်ချက် ချပြပါ။
နိရောဓသမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ် (၁၉၉၄-ခုနှစ်၊ မေးခွန်း-၄။)
နိရောဓသမာပတ် ဝင်စားနေစဉ် မသေနိုင်ပါ။ (၁၉၉၅-ခုနှစ်၊ မေးခွန်း-၃။)

၂၀၀၁-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ အောက်ပါ ပုဂ္ဂိုလ်များ သမထကမ္မဋ္ဌာန်းကို အားထုတ်လိုလျှင် မည်သည့် ကမ္မဋ္ဌာန်းမျိုးကို အားထုတ်ရပါသနည်း။ စရိုက်နှင့် ကမ္မဋ္ဌာန်း ကိုက်ညီအောင် ဖြေဆိုပါ။
(က) ပညာဉာဏ်ကြီးသူ၊ (ခ) သဒ္ဓါတရား ထက်သန်သူ။
(က) ပညာဉာဏ်ကြီးသူ (ဗုဒ္ဓိစရိုက်ရှိသူ) ပုဂ္ဂိုလ်များ အားထုတ်ရမည့်ကမ္မဋ္ဌာန်းမှာ –
(၁) ဥပသမာနုဿတိ
(၂) မရဏနုဿတိ
(၃) အာဟာရေပဋိကကူလသညာ
(၄) စတုဓာတုဝဝတ္ထာန် တို့ ဖြစ်ပါသည်။

(ခ) သဒ္ဓါတရားထက်သန်သူ (သဒ္ဓါစရိုက်ရှိသူ) ပုဂ္ဂိုလ်များ အားထုတ်ရမည့် ကမ္မဋ္ဌာန်းမှာ –
(၁၉၉၄-ခုနှစ်၊ မေးခွန်း-၃ အဖြေကို ကြည့်ပါ။)
မည်သည့်စရိုက်မဆို မသင့်လျော်သော ကမ္မဋ္ဌာန်းမည်သည် မရှိပါ။ အထူးအားဖြင့် ကိုက်ညီသော စရိုက်နှင့် ကမ္မဋ္ဌာန်းကို ဖော်ပြထားခြင်း ဖြစ်ပါသည်။

၂။ မောဟစရိုက်ရှိသူနှင့် သင့်လျော်သော ကသိုဏ်းဝန်းကို သတ်မှတ်ပြ၍၊ အသုဘကမ္မဋ္ဌာန်းရှုခြင်းနှင့် မေတ္တာပို့ ခြင်းသည် အဘယ်အရာက အကျိုးပိုကြီးသည်ကိုလည်း အဘိဓမ္မာ ပညာရှင်ပီပီ ဖြေဆိုပါ။
မောဟစရိုက်ရှိသူနှင့် သင့်လျော်သောကသိုဏ်းဝန်းမှာ –
ကောက်နယ်တလင်းခန့် ပမာဏရှိသော ကြီးမားသော ကသိုဏ်းဝန်း ဖြစ်ပါသည်။ အကြောင်းမှာ – မောဟစရိုက်ရှိသူ သည် စိတ်တွေဝေ ငေးငိုင်တတ်သောကြောင့် ဖြစ်ပါသည်။
အသုဘကမ္မဋ္ဌာန်းရှုခြင်းနှင့် မေတ္တာပို့သခြင်းအနက်- (၁၉၉၃-ခုနှစ်၊ မေးခွန်း-၂ အဖြေကို ကြည့်ပါ။)

၃။ နိမိတ် ၃ပါးနှင့်တွဲစပ်ပြ၍ ဝိပဿနာအားထုတ်ရမည့်ယောဂီများ စင်ကြယ်အောင် စောင့်ထိန်းရမည့် သီလ ၄မျိုးကိုလည်း ဖြေဆိုပါ။
နိမိတ် ၃ပါးနှင့် ဘာဝနာ ၃ပါးကို တွဲစပ်ပြရသော် – (၁၉၉၇-ခုနှစ်၊ မေးခွန်း-၂ အဖြေကို ကြည့်ပါ။)
ဝိပဿနာအားထုတ်မည့် ယောဂီများ စင်ကြယ်အောင် စောင့်ထိန်းရမည့် သီလ ၄မျိုး –
(၁၉၉၇-ခုနှစ်၊ မေးခွန်း-၃ အဖြေကို ကြည့်ပါ။)

၎။ လက်ရှိ လူသားတို့ ခံစားနေကြသော လောကီချမ်းသားထက် သာလွန်ကောင်းမြတ်သော ချမ်းသာ ရှိ/မရှိ စိစစ်ပြ၍ ထို ချမ်းသာမျိုးရရှိအောင် မည်သည့်တရားကို အားထုတ်ရမည်ကိုလည်း အဘိဓမ္မာပညာရှင်ပီပီ ဖြေဆိုပါ။
လက်ရှိ လူသားတို့ ခံစားနေကြသော လောကီချမ်းသားထက် သာလွန်ကောင်းမြတ်သော ချမ်းသာရှိပါသည်။

၎င်းတို့မှာ – ဈာန်ချမ်းသာနှင့် မဂ်ဖိုလ် နိဗ္ဗာန်ချမ်းသာ တို့ ဖြစ်ပါသည်။ ဈာန်ချမ်းသာသည် လောကီ ကာမဂုဏ် ချမ်းသာထက် သာလွန်သော လောကီချမ်းသာ၊ မဂ် ဖိုလ် နိဗ္ဗာန်သည် လောကုတ္တရာချမ်းသာ ဖြစ်ပါသည်။
ထိုချမ်းသာမျိုး ရရှိရန်မှာ –
လောကီ ကာမဂုဏ်ချမ်းသာထက် သာလွန်သော မဟဂ္ဂုတ်ဈာန်၊ အဘိညာဉ်များ ရရှိရန် သမထဘာဝနာကို ပွားများ အားထုတ်ခြင်း မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာ ချမ်းသာရရန် ဝိပဿနာဘာဝနာကို ပွားများအားထုတ်ခြင်းတို့ကို ပြုလုပ်ရပါမည်။

၂၀၀၂-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ ဈာန်မဂ်ဖိုလ်ချမ်းသာကို ခံစားလိုသော အမျိုးသားသည် ဘာဝနာနှစ်ရပ်ကို အားထုတ်ရမည်ဟု အရှင်အနုရုဒ္ဓါဆရာ လမ်းညွှန်ခဲ့ရာ ယင်းဘာဝနာနှစ်ရပ်ကို ဖြေဆို၍၊ ယင်းတို့၏ အကျိုးသက်ရောက်မှု မည်သို့ ခြားနားသည်ကိုလည်း ဖြေဆိုပါ။
(၁၉၉၂-ခုနှစ်၊ မေးခွန်း-၁ အဖြေကို ကြည့်ပါ။)

၂။ မိမိစားသောက်သော အစာအာဟာရကို စက်ဆုပ်ရွံ့ရှာဖွယ်အဖြစ် ရှုဆင်ခြင်လျှင် မည်သည့် ကမ္မဋ္ဌာန်းမျိုး ဖြစ်သည်ကို ရေး၍၊ ယင်း ကမ္မဋ္ဌာန်းကို မည်သို့သော ပုဂ္ဂိုလ်မျိုးသာ ဆင်ခြင်ပွားများနိုင်သည်ကိုလည်း ဖြေဆိုပါ။
(၂၀၀၀-ခုနှစ်၊ မေးခွန်း-၁ အဖြေကို ကြည့်ပါ။)

၃။ အရိယာပုဂ္ဂိုလ်သည် မိမိကိုယ်ကို အရိယာဖြစ်မှန်း သိ-မသိ စိစစ်ပြ၍၊ မည်သည့်အဆင့်သို့ ရောက်မှ သောတာပန် ဖြစ်သည်ကိုလည်း အဘိဓမ္မာသဘာဝကျအောင် ဖြေဆိုပါ။
အရိယာပုဂ္ဂိုလ်သည် မိမိကိုယ်ကို အရိယာဖြစ်မှန်း သိနိုင်ပါသည်။
အရိယာအဖြစ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည် မဂ္ဂဝီထိအဆုံး၌ ဘဝင်ကျ၏။ ထိုဘဝင်ကို ဖြတ်၍ ပစ္စဝေက္ခဏာဝီထိ တို့သည် ဖြစ်၏။ ထို ပစ္စဝေက္ခဏာဇောဝီထိတို့သည် မိမိတို့ဆိုင်ရာ ပယ်ပြီး ကိလေသာနှင့် ကြွင်းကျန်ကို ဆင်ခြင်ခြင်းနှင့် မိမိရရှိသော မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့ကို ဆင်ခြင်းဖြစ်၍ အရိယာပုဂ္ဂိုလ်သည် မိမိကိုယ်ကို အရိယာဖြစ်မှန်း သိနိုင်ပါသည်။
သောတာပန် ပုဂ္ဂိုလ်၏အဆင့်မှာ – အ(၁၉၉၃-ခုနှစ်၊ မေးခွန်း-၃ အဖြေ၌ကြည့်ပါ။)
(၁) သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ်နိုင်၏။
(၂) ကြွင်းကိလေသာတို့တွင် အပါယ်သို့ ကျစေနို်င်သော သတ္တိကို ပယ်သတ်နိုင်၏။
(၃) ကာမဘုံသို့ အလွန်ဆုံး (၇)ကြိမ်ထက် မပိုဘဲ နေပြီး ပရိနိဗ္ဗာန်စံဝင်ကြ၏။
ဤသို့သော ဂုဏ်အထူးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အဆင့်ရောက်မှသာ သောတာပန် ဖြစ်နိုင်ပါသည်။

၂၀၀၃-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ ကမ္မဋ္ဌာန်းပိုင်းလာ သမထနှင့်ဝိပဿနာတို့၏အဓိပ္ပါယ်ကို ကွဲပြားခြားနားအောင် ဖြေဆိုပြီးလျှင် ဗုဒ္ဓဘာသာဝင်တိုင်း အစဉ်အောက်မေ့ပွားများရမည့် တရားဆယ်ပါးကိုလည်း ဖြေဆိုပါ။
သမထနှင့်ဝိပဿနာတို့၏အဓိပ္ပါယ် – (၁၉၉၂-ခုနှစ်၊ မေးခွန်း-၁ အဖြေ၌ကြည့်ပါ။)
ဗုဒ္ဓဘာသာဝင်တိုင်း အစဉ်အောက်မေ့ ပွားများရမည့် တရားဆယ်ပါးမှာ – အနုဿတိ ၁၀-ပါး (၁၉၉၀ နံပါတ် ၁)

၂။ အောက်ပါပုဂ္ဂိုလ်များ သမယကမ္မဋ္ဌာန်းကို အားထုတ်လိုလျှင် မည်သည့် ကမ္မဋ္ဌာန်းမျိုးကို အားထုတ်ရပါသနည်း၊ စရိုက်နှင့် ကမ္မဋ္ဌာန်း ကိုက်ညီအောင် ဖြေဆိုပါ။
(က) နေရာတိုင်း ဒေါသခက်ထန်သူ၊
(ခ) ရတနာသုံးပါးကို အလွန်ကြည်ညိုသူ၊

(က) နေရာတိုင်း ဒေါသခက်ထန်သူ (ဒေါသစရိုက်)
(ခ) ရတနာသုံးပါးကို အလွန်ကြည်ညိုသူ (သဒ္ဓါစရိုက်) (၁၉၉၆-ခုနှစ်၊ မေးခွန်း-၁ အဖြေ၌ကြည့်ပါ။)

၃။ အောက်ပါယောဂီတို့ အကျိုးရပုံချင်း ခြားနားဟန်ကို စိစစ်ပြပါ။
(က) ထွက်လေ ဝင်လေ ရှုမှတ်နေသော ယောဂီ။
(ခ) မေတ္တာတရား ပွားများနေသော ယောဂီ။

(က) ထွက်လေဝင်လေရှုမှတ်နေသောယောဂီသည် – ရူပပဉ္စမဈာန်ထိ ရနိုင်ပါသည်။
(ခ) မေတ္တာတရားပွားများနေသောယောဂီသည် ရူပစတုတ္ထဈာန်ကိုသာ ရနိုင်ပါသည်။
ထို့ကြောင့် ထိုယောဂီတို့၏ အကျိုးရပုံချင်းမှာ ခြားနားကြပါသည်။

၂၀၀၄-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ မောဟစရိုက်ရှိသူ၊ ဝိတက်စရိုက်ရှိသူတို့နှင့် သင့်လျော်သော ကသိုဏ်းဝန်းကို ခွဲခြားဖြေဆို၍ ဗြဟ္မာဝိဟာရ တရား ၄ပါးတို့၏ အာရုံကိုလည်း ဖြေဆိုပါ။
မောဟစရိုက်ရှိသူနှင့်သင့်လျော်သော ကသိုဏ်းဝန်းမှာ –
တစ်ထွာနှင့် လက်သေးတစ် (တစ်ပေခန့်) ပမာဏရှိသော အိုးဝ၊ ခွက်ဝ၊ ဆန်ကောမျှ ပမာဏရှိသော သေးငယ်သည့် ကသိုဏ်းဝန်း ဖြစ်ပါသည်။
ဗြဟ္မဝိဟာရတရား ၄ပါးတို့၏ အာရုံမှာ – သုခိတ၊ ဒုက္ခိတ သတ္တဝါပညတ် အာရုံ ဖြစ်ပါသည်။

၂။ ရုပ်နာမ်ဖြစ်ပျက်ကို အဆက်မပြတ် တရစပ် ရှုမှတ်နေသော ယောဂီပုဂ္ဂိုလ်အား ဖြစ်ပေါ်လာတတ်သော ဘေးရန်များကို ဖြေဆို၍ မဂ်ရခါနီးဖြစ်သော ဝိပဿနာစိတ်တို့၏ အာရုံကိုလည်း ဖြေဆိုပါ။
ရုပ်နာမ်ဖြစ်ပျက်ကို အဆက်မပြတ် တရစပ် ရှုမှတ်နေသော ယောဂီပုဂ္ဂိုလ်အား ဖြစ်ပေါ်လာတတ်သော ဘေးရန်များမှာ –
(၁၉၉၀-ခုနှစ်၊ မေးခွန်း-၃ အဖြေ၌ ကြည့်ပါ။)
မဂ်ရခါနီးဖြစ်သော ဝိပဿနာစိတ်တို့၏ အာရုံမှာ – (၁၉၉၆-ခုနှစ်၊ မေးခွန်း-၃ အဖြေ၌ ကြည့်ပါ။)
(၁) ပရိကံ၊ ဥပစာ၊ အနုလုံ၏အာရုံမှာ – တေဘူမက သင်္ခါရတရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာ။
(၂) ဂေါတြဘူစိတ်၏အာရုံမှာ – နိဗ္ဗာန်ဖြစ်ပါသည်။

၃။ ရဟန္တာပုဂ္ဂိုလ်များ ဧကန်ဆင်ခြင်သောပစ္စဝေက္ခဏာဝီထိနှင့် အနေကန်ဆင်ခြင်သောပစ္စဝေက္ခဏာဝီထိတို့ကို ဖြေဆို၍၊ ၎င်း ရဟန္တာပုဂ္ဂိုလ်များ၏ ဂုဏ်ထူးသောဝိသေသကိုလည်း ဖြေဆိုပါ။
ရဟန္တာပုဂ္ဂိုလ်များ ဧကန်နှင့် အနေကန်ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ – (၁၉၉၇-ခုနှစ်၊ မေးခွန်း-၄ အဖြေ၌ ကြည့်ပါ။)
(၁) အာသဝေါတရား ၄ပါးကုန်ခြင်းကြောင့် ခီဏာသဝပုဂ္ဂိုလ် ဖြစ်ခြင်း၊
(၂) အရဟတ္တမဂ်ဖြင့် ကိလေသာတို့ကို အကြွင်းမဲ့ပယ်ခြင်းကြောင့် ကိလေသာကင်းစင်၍ လောက၌ အမြတ်ဆုံးအလှူခံ ပုဂ္ဂိုလ် အဂ္ဂဒက္ခိဏေယျပုဂ္ဂိုလ် ဖြစ်ခြင်းတို့ ဖြစ်ပါသည်။

၂၀၀၅-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ ယောဂီသူတော်စင်များ အားထုတ်ကြသော ကမ္မဋ္ဌာန်းတရားများကို အကျဉ်းမာတိကာအားဖြင့် ရေတွက်ပြ၍၊ ဗုဒ္ဓဘာသာဝင်တိုင်း အစဉ်အောက်မေ့ပွားများရမည့် တရားဆယ်ပါးကိုလည်း ဖြေဆိုပါ။
ယောဂီသူတော်စင်များ အားထုတ်ကြသော ကမ္မဋ္ဌာန်းတရားများကို အကျဉ်း မာတိကာအားဖြင့် ရေတွက်ပြရသော် –
(၁) ကသိုဏ်း = ၁၀ပါး
(၂) အသုဘ = ၁၀ပါး
(၃) အနုဿတိ = ၁၀ပါး
(၄) အပ္ပမညာ = ၄ပါး
(၅) အာဟာရေပဋိကူလသညာ = ၁ပါး
(၆) စတုဓာတုဝဝတ္ထာန် = ၁ပါး
(၇) အာရုပ္ပ (အရူပ) = ၄ပါး


ပေါင်း = ၄၀ပါး တို့ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တိုင်း အစဉ်အောက်မေ့ ပွားများရမည့် တရားဆယ်ပါး – (၁၉၉၀-ခုနှစ်၊ မေးခွန်း-၁ အဖြေ၌ ကြည့်ပါ)။

၂။ ယောဂီသူတော်စင်များ အားထုတ်ကြသော ကမ္မဋ္ဌာန်းတရားတို့တွင် –
(က) ပုဂ္ဂိုလ်တစ်ယောက်စီသာ ဆိုင်သော ကမ္မဋ္ဌာန်း၊
(ခ) ပုဂ္ဂိုလ်အများဆိုင်သော ကမ္မဋ္ဌာန်းတရားတို့ကို ခွဲခြားပြပါ။

(က) ပုဂ္ဂိုလ်တစ်ယောက်စီသာ ဆိုင်သော ကမ္မဋ္ဌာန်းများမှာ –
ဝဏ္ဏကသိုဏ်း = ၄ပါး
အသုဘ = ၁၀ပါး
အနုဿတိ = ၁၀ပါး
အပ္ပမညာ = ၄ပါး
အာဟာရေပဋိကူလသညာ = ၁ပါး
စတုဓာတုဝဝတ္ထာန် = ၁ပါး


ပေါင်း = ၃၀ပါး တို့ ဖြစ်ကြပါသည်။

(ခ) ပုဂ္ဂိုလ်အများဆိုင်သော ကမ္မဋ္ဌာန်းတရားများမှာ – (၁၉၉၃-ခုနှစ်၊ မေးခွန်း-၂ အဖြေ၌ ကြည့်ပါ။)

၃။ ဈာန်တရားကို ရစေနိုင်သော ကမ္မဋ္ဌာန်းတရားတို့တွင် –
(က) ပထမဈာန်ကိုသာ ရစေနိုင်သော ကမ္မဋ္ဌာန်း၊
(ခ) ပဉ္စမဈာန်ကိုသာ ရစေနိုင်သော ကမ္မဋ္ဌာန်း၊

(က) ပထမဈာန်ကိုသာ ရစေနိုင်သော ကမ္မဋ္ဌာန်းမှာ –
အသုဘ = ၁၀ပါး
ကာယဂတာသတိ = ၁ပါး


ပေါင်း = ၁၁ပါး ဖြစ်ပါသည်
(ခ) ပဉ္စမဈာန်ကိုသာ ရစေနိုင်သော ကမ္မဋ္ဌာန်းမှာ –
ရူပပဉ္စမဈာန်ကိုသာ ရစေနိုင်သော ကမ္မဋ္ဌာန်း (ဥပေက္ခာဗြဟ္မာဝိဟာရ) = ၁ပါး
အရူပပဉ္စမဈာန်ကိုသာ ရစေနိုင်သော ကမ္မဋ္ဌာန်း (အာရုပ္ပတရား) = ၄ပါး

၎။ မဂ်ကိစ္စ ၁၆-ချက်ကို ရေတွက်ပြ၍၊ နိရောဓသမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ်တို့ကိုလည်း ဖြေဆိုပါ။
မဂ်ကိစ္စ ၁၆ချက်ကို ရေတွက်ပြရသော် –
မဂ်စိတ်တစ်ခုသည် –
(၁) ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း (ပရိညာကိစ္စ)၊
(၂) သမုဒယသစ္စာကို ပယ်ခြင်း (ပဟာနကိစ္စ)၊
(၃) နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း (သစ္ဆိကရဏကိစ္စ)၊
(၄) မဂ္ဂသစ္စာကို ပွားများမှု ပြီးစီးခြင်း (ဘာဝနာကိစ္စ) ဟူသော
ကိစ္စ ၄ပါးကို တစ်ပြိုင်နက် ပြီးစေ၏။ မဂ်စိတ်မှာ – ၄ပါး ရှိခြင်းကြောင့် ကိစ္စ ၄ပါးဖြင့် ပွားသော် မဂ်ကိစ္စ ၁၆ချက် ဖြစ်ပါသည်။
နိရောဓသမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ် – (၁၉၉၄-ခုနှစ်၊ မေးခွန်း-၄ အဖြေ၌ ကြည့်ပါ။)

၂၀၀၆-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ ယခုခေတ်တွင် အကြားအမြင်ရသည်ဟု ပြောဆိုနေကြသောသူတို့သည် ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ အဘိညာဉ်ရရှိသော ပုဂ္ဂိုလ်များ ဖြစ်နိုင်/မဖြစ်နိုင် အဘိညာဉ်ဖြစ်ပုံကို ရှုမျှော်၍ ဆုံးဖြတ်ခဲ့ပါ။
ယခုခေတ်တွင် အကြားအမြင်ရသည်ဟု ပြောဆိုနေကြသောသူတို့သည် ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ အဘိညာဉ်ရရှိသော ပုဂ္ဂိုလ်များ မဖြစ်နိုင်ပါ။
(၁၉၉၀-ခုနှစ်၊ မေးခွန်း-၂ အဖြေ၌ ကြည့်ပါ။)
အကြောင်းမှာ –
အဘိညာဉ်ရပုဂ္ဂိုလ် ဟူသည် သမာပတ် ၈ပါး၊ ၉ပါးရရှိပြီး၊ ကသိုဏ်း ၁၀ပါးလုံး၌ ဝသီသော်နိုင်လှစွာ အားထုတ်ထားသော ပုဂ္ဂိုလ်မျိုး ဖြစ်ပါသည်။

အဘိညာဉ်ဖြစ်ပုံမှာ – ဒိဗ္ဗစက္ခုအဘိညာဉ်ဖြစ်လျှင် …
(၁) အဘိညာဉ်၏အခြေံဖြစ်သော ရူပပဉ္စမဈာန်ကို ဝင်စားရ၏။
(၂) ထို့နောက် ဈာန်မှထကာ အဓိဋ္ဌာန်အပ်သောအာရုံ (မိမိမြင်လိုသောအဆင်း)ကို ဆင်ခြင်၍ ပရိကံပြုရ၏။
(၃) ထို့နောက် ပါဒကပဉ္စမဈာန်ကို (အခြေခံဖြစ်သော ရူပပဉ္စမဈာန်ကို) ပြန်ဝင်စားရ၏။
(၄) ၎င်းနောက် အဘိညာဉ်ဝီထိဖြစ်သော အဘိညာဉ်အစွမ်းဖြင့် မိမိမြင်လိုသော အဆင်းကို မြင်ရခြင်းဟူသော ဒိဗ္ဗစက္ခု အဘိညာဉ် ဖြစ်၏။

သို့ဖြစ်၍ ယခုခေတ်တွင် အကြားအမြင်ရသည်ဟု ပြောဆိုနေကြသော သူတို့သည် ရူပပဉ္စမဈာန်တိုင် ရခြင်း၊ ဈာန်ဝင်စားခြင်း စသည် မရှိခဲ့လျှင်မူ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ အဘိညာဉ်ရရှိသော ပုဂ္ဂိုလ်များ မဖြစ်နိုင်ပါ။

၂။ ယောဂီပုဂ္ဂိုလ်များ ဝိပဿနာတရား အားထုတ်ရာ၌ ဖြစ်လေ့ရှိသော အန္တာရယ်များကို ဖော်ပြ၍ မဂ်ရပြီးသောပုဂ္ဂိုလ် ဖိုလ် စိတ်ဖြစ်ရန် အားထုတ်ဖို့ လို-မလိုကိုလည်း အဘိဓမ္မာအမြင်ဖြင့် ဆုံးဖြတ်ပါ။
ဝိပဿနာတရား အားထုတ်ရာ၌ ဖြစ်လေ့ရှိသော အန္တာရယ်များ (၁၉၉၀-ခုနှစ်၊ မေးခွန်း-၃။)
မဂ်ရပြီးသောပုဂ္ဂိုလ် ဖိုလ်စိတ်ဖြစ်ရန် အားထုတ်ဖို့ မလိုပါ။

အကြောင်းမှာ – စိတ္တနိယာမအရ မဂ္ဂဝီထိ၌ မဂ်ဇောတစ်ကြိမ် စောပြီးနောက် ဖိုလ်ဇောတို့သည် မန္ဒပုဂ္ဂိုလ်ဖြစ်လျှင် (၂)ကြိမ်၊ တိက္ခပုဂ္ဂိုလ်ဖြစ်လျှင် (၃)ကြိမ်ဖြစ်ပြီး ဘဝင်ကျ၏၊ ဤသို့ မဂ်စိတ်ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် ဖိုလ်စိတ်တို့သည် ဆက်တိုက်ဖြစ်သောကြောင့် အားထုတ်ရန် မလိုရခြင်း ဖြစ်ပါသည်။

၃။ အရိယာပုဂ္ဂိုလ်သည် မိမိကိုယ်ကို အရိယာဖြစ်မှန်း သိနိုင်-မသိနိုင် အဘိဓမ္မာအမြင်ဖြင့် ဆုံးဖြတ်၍၊ နိရောဓသမာပတ် ဝင်စားနိုင်သောပုဂ္ဂိုလ်တို့ကိုလည်း ဖော်ပြခဲ့ပါ။
မိမိကိုယ်ကို အရိယာဖြစ်မှန်း သိနိုင်ပါသည်။ (၂၀၀၂-ခုနှစ်၊ မေးခွန်း-၃)
နိရောဓသမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ် (၁၉၉၄-ခုနှစ်၊ မေးခွန်း-၄)

၎။ အဘယ်သို့သော တရားကို ပယ်မှ သောတာပန်ပုဂ္ဂိုလ်ဟု ခေါ်ဆိုထိုက်ပါသနည်း။ ယင်းသောတာပန် ပုဂ္ဂိုလ်၏ ပဋိသန္ဓေနေခွင့်ရှိသော အကြိမ်အရေအတွက်ကို ဖော်ပြ၍၊ သောတာပန်ပုဂ္ဂိုလ်၏ ပဋိသန္ဓေနေခွင့်ရှိသော အကြိမ်အရေ အတွက်ကို ဖော်ပြ၍ သောတာပန် ပုဂ္ဂိုလ်သေလျှင် အပါယ်ဘုံသို့ ရောက်နိုင်-မရောက်နိုင်ကိုလည်း အကြောင်းပြ ဆုံးဖြတ်ခဲ့ပါ။
သောတာပန်ပုဂ္ဂိုလ်ဟူသည် – သောတာမတ္တိမဂ်ဖြင့် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတရားတို့ကို အကြွင်းမဲ့ ပယ်သတ်၍၊ ကြွင်းကိလေသာ တရားတို့၏ အပါယသတ္တိကို ပယ်နိုင်မှသာ သောတာပန်ပုဂ္ဂိုလ်ဟု ခေါ်ဆိုထိုက်ပါသည်။

သောတာပန်ပုဂ္ဂိုလ်၏ ပဋိသန္ဓေနေခွင့်ရှိသော အကြိမ်အရေအတွက်မှာ –
ကာမသုဂတိဘုံ၌ အများဆုံး (၇)ကြိမ်နှင့် အနည်းဆုံး (၂)ကြိမ်မှ (၆)ကြိမ်အထိ ပဋိသန္ဓေနေခွင့်ရှိပါသည်။ ဗြဟ္မာဘုံ၌ကား (၇)ကြိမ်ထက်ပို၍ နေခွင့်ရှိပါသည်။
သောတာပန်သေလျှင် – အပါယ်ဘုံသို့ မရောက်နိုင်ပါ။

အကြောင်းမှာ – သောတာပန်ပုဂ္ဂိုလ်သည် အယူမှားမှု (ဒိဋ္ဌိ)နှင့် ယုံမှားမှု (ဝိစိကိစ္ဆာ)ကို အကြွင်းမဲ့ ကုန်စင်အောင် ပယ်သတ်၏။ ကျန်သော အကုသိုလ်တို့၏ အပါယ်ကို ကျစေနိုင်သော သတ္တိကို ပယ်၏။ ထို့ကြောင့် သောတာပန်ပုဂ္ဂိုလ်သည် သေပြီးနောက် အပါယ်ဘုံသို့ မရောက်နိုင်တော့ခြင်း ဖြစ်ပါသည်။
(၁၉၉၃-ခုနှစ်၊ မေးခွန်း(၃) နှင့် ၂၀၀၂-ခုနှစ်၊ မေးခွန်း (၃)တို့ဖြင့် ယှဉ်ကြည့်ပါ။)

၂၀၀၇-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ ငါးအာရုံ ဘင်စု ခင်မှုနဲ့ နေ့ကုန်ဆိုသလို ကာမလိုက်စားနေသော ရာဂဝေဒနာရှင်အား တိုက်ကျွေးရမည့် ကမ္မဋ္ဌာန်းဆေးများကို ဖော်ပြ၍၊ မြတ်ဗုဒ္ဓ ချမှတ်ခဲ့သော အာနာပါနကမ္မဋ္ဌာန်းလမ်းစဉ်လိုက်စားလျှင် မည်သို့သော ဈာန်ထူးများ ရနိုင်သည်ကိုလည်း ဖြေဆိုပြပါ။
ရာဂဝေဒနာရှင်အား တိုက်ကျွေးရမည့် ကမ္မဋ္ဌာန်းဆေး (တရား)များမှာ –
အသုဘ ၁၀-ပါး + ကာယဂတာသတိ = ပေါင်း ၁၁-ပါး ဖြစ်ပါသည်။

အာနာပါနကမ္မဋ္ဌာန်းလမ်းစဉ် လိုက်စားလျှင် –
ပထမဈာန်မှ ပဉ္စမဈာန်တိုင်အောင် ရူပဈာန် ၅ပါးလုံး ရနိုင်ပါသည်။

၂။ ပုထုဇဉ်နှင့် အရိယာလူတန်းစား ခွဲခြားပေးသော ဂေါတြဘူတရား၏ အာရုံ၊ လုပ်ဆောင်ချက်တို့ကို စိစစ်ပြဆို၍၊ ပစ္စဝေက္ခဏာဉာဏ် ၁၉တန်ကိုလည်း သိသာရုံမျှ ရေးသားဖြေဆိုပြပါ။
ပုထုဇဉ်နှင့် အရိယာ လူတန်းစား ခွဲခြားပေးသော ဂေါတြဘူတရား၏ –
(က) အာရုံ = နိဗ္ဗာန်
(ခ) လုပ်ဆောင်ချက် = ပုထုဇဉ်အနွယ်ကိုဖြတ်၍ အရိယာအနွယ်သို့ ရောက်စေ၏။

ပစ္စဝေက္ခဏာ ၁၉တန်မှာ
(၁) သောတာပတ္တိမဂ္ဂဝီထိနောင် –
(မဂ္ဂ၊ ဖလ၊ နိဗ္ဗာန၊ ပဟီနကိလေသာ၊ ဝိက္ခမ္ဘိတကိလေသာ) ပစ္စဝေက္ခဏာ = ၅-ဝီထိ
(၂) သကဒါဂါမိမဂ္ဂဝီထိနောင် ပစ္စဝေက္ခဏာ = ၅-ဝီထိ
(၃) အနာဂါမိမဂ္ဂဝီထိနောင် ပစ္စဝေက္ခဏာ = ၅-ဝီထိ
(၄) အရဟတ္တမဂ္ဂဝီထိနောင်
(ဝိက္ခမ္ဘိတ ကိလေသာ ပစ္စဝေက္ခဏာဝီထိကြဉ်သော်) ပစ္စဝေက္ခဏာ = ၄-ဝီထိ
ပေါင်း မဂ္ဂဝီထိနောင် ပစ္စဝေက္ခဏာ = ၁၉-ဝီထိ ဖြစ်ပါသည်။

၃။ နှလုံးသားဝယ် ဘုရားတည်ဟုဆိုသည့်အတိုင်း နှလုံးသားဝယ် ဘုရားတည်ရုံ (ဗုဒ္ဓါနုဿတိ ပွားများရုံ) သက်သက်ဖြင့် ဈာန်တရား၊ မဂ်တရားများ ရနိုင်/မရနိုင် အကြောင်းပြဖြေဆို၍၊ ဥဂ္ဂဟနိမိတ်၏ သဘောအဓိပ္ပါယ်ကိုလည်း ရေးသား ဖြေဆိုပြပါ။
နှလုံးသားဝယ် ဘုရားတည်ရုံ (ဗုဒ္ဓါနုဿတိ ပွားများရုံ) သက်သက်ဖြင့် –
ဈာန်တရားများ မရနိုင်ပါ။ သို့သော် မဂ်တရား ရနိုင်ပါသည်။
အကြောင်းမှာ – ဗုဒ္ဓါနုဿတိဘာဝနာသည် ခက်ခဲနက်နဲသော ပရမတ်ဂုဏ်တရားဖြစ်သဖြင့် ပရိကမ္မဘာဝနာနှင့် ဥပစာရဘာဝနာ ၂ပါးသော ရရှိနိုင်ပါသည်။ အပ္ပနာဘာဝနာခေါ် ဈာန်မရနိုင်ပါ။ သို့သော် ရရှိထားသော ဥပစာရသမာဓိဖြင့် ဝိပဿနာပြောင်း၍ ရှုနိုင်လျှင်မူ မဂ်တရား ရနိုင်ပါသည်။

ဥဂ္ဂဟနိမိတ်၏ သဘောအဓိပ္ပါယ် –
ပထဝီကသိုဏ်းဝန်းစသော အာရုံနိမိတ်ဖြင့် မျက်စိဖြင့် အဖန်ဖန် အာရုံပြု၍ ပွားများအားထုတ်နေရာမှ မျက်စိမှိတ်၍ စိတ်ဖြင့် ဆင်ခြင်သောအခါ ထိုပထဝီကသိုဏ်းဝန်းအာရုံ နိမိတ်သည် မျက်စိဖြင့် တိုက်ရိုက်မြင်နေရဘိသကဲ့သို့ မနောဒွါရ၌ ထင်ရှားစွာ ပေါ်လာ၏။ ဤသို့ စိတ်ဖြင့် ကောင်းစွာ ယူအပ်သော နိမိတ်ကို ဥဂ္ဂဟနိမိတ်ဟု ခေါ်ပါသည်။

၎။ သံသရာခရီးကြမ်းမှ လွတ်မြောက်ဖို့ ရည်မှန်းပြီး အဖြစ်၊ အပျက်ကို အဖန်ဖန် ရှုနေသော ယောဂီ ပုဂ္ဂိုလ်သူတော်စင် သန္တာန်၌ ရံဖန်ရံခါ ပေါ်လာတတ်သော ဝိပဿနာဘေးရန်တို့ကို အစစ်၊ အတုအားဖြင့် ခွဲခြားပြ၍ နိရောဓသမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ်တို့ကိုလည်း အပိုအလိုမရှိ ရေးသားပြပါ။
အဖြစ်အပျက်ကို အဖန်ဖန် ရှုနေသော ယောဂီပုဂ္ဂိုလ်သူတော်စင်သန္တာ၌ ရံဖန်ရံခါ ပေါ်လာတတ်သော ဝိပဿနာဘေးရန်တို့တွင် –
နိကန္တိ ၁ပါးသည်သာ ဘေးရန်အစစ်ဖြစ်၍ ကျန် ၉ပါးမှာ ဘေးရန်အတုသာ ဖြစ်သည်။ ၎င်းတို့မှာ –
(၁) သြဘာသ
(၂) ပီတ
(၃) ပဿဒ္ဓိ
(၄) အဓိမောက္ခ
(၅) ပဂ္ဂဟ
(၆) သုခ
(၇) ဉာဏ
(၈) ဥပဋ္ဌာန
(၉) ဥပေက္ခာ တို့ဖြစ်ပါသည်။
နိရောဓသမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ်တို့မှာ –
ကာမဘုံ၊ ရူပဘုံရှိ သမာပတ် ၈ပါး၊ ၉ပါး ရပြီးသော အနာဂါမ်ပုဂ္ဂိုလ်နှင့် ရဟန္တာပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။

၂၀၀၈-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ သံသရာ ဝဋ်ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်ဖို့ရန်အတွက် ပုဂ္ဂိုလ်မရွေး စီးဖြန်းနိုင်သော ကမ္မဋ္ဌာန်းများကို ဖော်ပြ၍၊ အာနာပါနကမ္မဋ္ဌာန်းနည်းသည် မည်သည့်ပုဂ္ဂိုလ်အား သင့်လျော်လျှောက်ပတ်ပါသနည်း။ ရေးသားပြပါ။
ပုဂ္ဂိုလ်မရွေး စီးဖြန်းနိုင်သော ကမ္မဋ္ဌာန်းများမှာ – (၁၉၉၃-ခုနှစ်၊ မေးခွန်း-၂ အဖြေ၌ ကြည့်ပါ။)
အာနာပါန ကမ္မဋ္ဌာန်းနည်းသည် – ဝိတက်စရိုက်နှင့် မောဟစရိုက်ရှိသော ပုဂ္ဂိုလ်များနှင့် အထူးသင့်လျော်ပြီး ဝိတက် မကင်းသူ၊ မောဟ မကင်းသူ ပုဂ္ဂိုလ်များလည်း ပွားများ အားထုတ်သင့်ပါသည်။

၂။ လောကမှာ လူတစ်ကိုယ် စရိုက်တစ်မျိုးလို့ အဆိုရှိရာ ကမ္မဋ္ဌာန်းနည်းအားဖြင့် စရိုက်အမျိုးအစား မည်မျှရှိသည်ကို ဖော်ပြ၍ မြင့်မြတ်သော ပုဂ္ဂိုလ်တို့ အမြဲ လက်ကိုင်ပြု၍ ကျင့်သုံးနေသော တရားတို့ကိုလည်း ရေးသားဖြေဆိုပါ။
ကမ္မဋ္ဌာန်းနည်းအားဖြင့် စရိုက်အမျိုးအစား ၆မျိုး ရှိပါသည်။
ထိုစရိုက်တို့မှာ –
(၁) ရာဂစရိုက်
(၂) ဒေါသစရိုက်
(၃) မောဟစရိုက်
(၄) ဝိတက်စရိုက်
(၅) သဒ္ဓါစရိုက်
(၆) ဗုဒ္ဓိစရိုက် တို့ ဖြစ်ပါသည်။

မြင့်မြတ်သော ပုဂ္ဂိုလ်တို့ အမြဲလက်ကိုင်ပြု၍ ကျင့်သုံးနေထိုင်သော တရားတို့မှာ –
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရား ၄ပါး ဖြစ်ပါသည်။

၃။ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရရှိရန် နည်းလမ်းမှန်ဖြစ်သော ဝိပဿနာတရားပွားများ အားထုတ်နေသည့် ယောဂီပုဂ္ဂိုလ်သည် မိမိကိုယ်မိမိ သောတာပန် ဖြစ်-မဖြစ် သိနိုင်/မသိနိုင်ကို ဆုံးဖြတ်၍ စတုပါရိသုဒ္ဓိသီလကိုလည်း ရေတွက်ပြခဲ့ပါ။
မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရရှိရန် နည်းလမ်းမှန်ဖြစ်သော ဝိပဿနာတရားပွားများအားထုတ်နေသည့် ယောဂပုဂ္ဂိုလ်သည် – မိမိကိုယ်မိမိ သောတာပန် ဖြစ်၊ မဖြစ် သိနိုင်ပါသည်။

သောတာပန်အဖြစ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည် သောတာပတ္တိမဂ္ဂဝီထိ အဆုံး၌ ဘဝင်ကျ၏။ ထိုဘဝင်ကို ဖြတ်၍ ပစ္စဝေက္ခဏာဝီထိတို့သည် ဖြစ်၏၊ ထိုပစ္စဝေက္ခဏာဇောဝီထိတို့သည် ရရှိသော မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့ကို ဆင်ခြင်ခြင်းနှင့် ပယ်ပြီး ကိလေသာနှင့် ကြွင်းကျန်ကိလေသာကို ဆင်ခြင်ခြင်းဖြစ်၍ သောတာပန်ပုဂ္ဂိုလ်သည် မိမိကိုယ်ကို သောတာပန်ဖြစ်မှန်း သိနိုင်ပါသည်။
စတုပါရိသုဒ္ဓိသီလများမှာ –
(၁) ပါတိမောက္ခသံဝရသီလ
(၂) ဣန္ဒြိယသံဝရသီလ
(၃) အာဇီဝပါရိသုဒ္ဓိသီလ
(၄) ပစ္စယသန္နိဿိတသီလ တို့ ဖြစ်ပါသည်။

၎။ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာသုံးပါးတို့ကို ဒုက္ခဟု ဝိပဿနာရှုခြင်း၏ အကျိုးတရားကို ပြဆို၍ ရဟန္တာပုဂ္ဂိုလ်ထူး၏ ဂုဏ်ရည်အင်္ဂါတို့ကိုလည်း အပြည့်အစုံ ရေးသားဖြေဆိုပါ။
အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာသုံးပါးတို့ကို ဒုက္ခဟု (ဝုဋ္ဌောနဂါမိနိဝိပဿာနာဉာဏ်ဖြင့်) ဝိပဿနာရှုခြင်း၏ အကျိုးတရားမှာ –
သာယာတောင့်တချမ်းသာဖွယ် ပဏိဓိကင်းစင်၍ ဆင်းရဲဖွယ်ချည်းသာဟု ရှုသော ဒုက္ခာနုပဿာနာဉာဏ်ဖြင့် သာယာ တောင့်တသော တဏှာပဏီဓိ ကင်းစင်သော ကိလေသာတို့မှလွတ်သော အပ္ပဏိဟိတဝိမောက္ခ မဂ်၊ ဖိုလ်ကို ရရှိနိုင်ပါသည်။
ရဟန္တာပုဂ္ဂိုလ်ထူး၏ ဂုဏ်ရည် (၂၀၀၄-ခုနှစ်၊ မေးခွန်း-၃ အဖြေ၌ ကြည့်ပါ။)

၂၀၀၉-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ ဒေါသပင်လယ်ဝေနေရသူများအတွက် ဒေါသပြေကြောင်း ကျင့်နည်းကောင်းများကို အဘိဓမ္မာအမြင်ဖြင့် ရှာဖွေ တင်ပြ၍၊ အထူးအားဖြင့် မေတ္တာတရား လက်ကိုင်ထားသင့်သော ပုဂ္ဂိုလ်ကိုလည်း ဖြေဆိုပါ။
ဒေါသပြေကြောင်း ကျင့်နည်းကောင်းများကို အဘိဓမ္မာအမြင်ဖြင့် တင်ပြရသော် –
(၁) နီလကသိုဏ်း
(၂) ပီတကသိုဏ်း
(၃) လောဟိတကသိုဏ်း
(၄) သြဒါတကသိုဏ်း ဟူသော အရောင်ကသိုဏ်း ၄ပါးနှင့်
(၅) မေတ္တာ
(၆) ကရုဏာ
(၇) မုဒိတာ
(၈) ဥပေက္ခာ-ဟူသော ဗြဟ္မာဝိဟာရတရား ၄ပါး။

စုစုပေါင်း ၈ပါးသော ကမ္မဋ္ဌာန်းတရားများကို ပွားများ အားထုတ်ရပါမည်။
အထူးအားဖြင့် မေတ္တာတရား လက်ကိုင်ထားသင့်သော ပုဂ္ဂိုလ်မှာ – ဒေါသစရိုက် ထူပြောသော ပုဂ္ဂိုလ် ဖြစ်ပါသည်။

၂။ အဓိဋ္ဌာန်ပေါက်၍ အကြားအမြင်သို့ ရောက်သော ဘိုးတော်အစစ်များ …
ရှိရမည့် အခြေခံတရားမှာ = ရူပါဝစရပဉ္စမဈာန် ဖြစ်ပါသည်။

ရှိရမည့် အဘိညာဉ်တန်ခိုးများမှာ = ဒိဗ္ဗသောတအဘိညာဉ်နှင့် ဒိဗ္ဗစက္ခုအဘိညာဉ်တို့ ဖြစ်ပါသည်။

၃။ အောက်ပါတို့ကို အဘိဓမ္မာလိုက်စားသူများပီပီ ရှာဖွေတင်ပြခဲ့ပါ။
(က) ပဋိဘာဂနိမိတ်၌ ရနိုင်သော ဘာဝနာများ
(ခ) နိရောဓသမာပတ် မဝင်စားနိုင်သော ပုဂ္ဂိုလ်များ

(က) ပဋိဘာဂနိမိတ်၌ ရနိုင်သော ဘာဝနာများ –
ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာ တို့ ဖြစ်ပါသည်။
(ခ) နိရောဓသမာပတ် မဝင်စားနိုင်သော ပုဂ္ဂိုလ်များ –
ကာမဘုံ၊ ရူပဘုံရှိ သမာပတ် ၈ပါး၊ ၉ပါး ရပြီးသော အနာဂါမ်ပုဂ္ဂိုလ်နှင့်ရဟန္တာပုဂ္ဂိုလ်တို့မှ လွဲ၍ ကြွင်းပုဂ္ဂိုလ်များ –
(တစ်နည်း)
ပုထုဇဉ်ပုဂ္ဂိုလ်များ၊ သောတာပန်ပုဂ္ဂိုလ်များ၊ သကဒါဂါမ်ပုဂ္ဂိုလ်များ၊ သမာပတ် ၈ပါး၊ ၉ပါး မရသော အနာဂါမ်နှင့် ရဟန္တပုဂ္ဂိုလ် များ ဖြစ်ပါသည်။

၎။ ဝုဋ္ဌောနဂါမိနိဝိပဿနာအမည်ရသော ဉာဏ်အမည်တို့ကို ဖော်ပြ၍၊ သောတာပန်ပုဂ္ဂိုလ်သည် အကြွင်းမရှိ ပယ်သော ကိလေသာနှင့် လုံးဝမပယ်နိုင်သော ကိလေသာတို့ကိုလည်း ခွဲခြားဖြေဆိုပါ။
ဝုဋ္ဌာနဂါမိနိဝိပဿနာအမည်ရသော ဉာဏ်အမည်များမှာ –
သင်္ခါရုပေက္ခာဉာဏ် (အရင့်ပိုင်း)နှင့် အနုလောမဉာဏ်တို့ ဖြစ်ပါသည်။
သောတာပန်ပုဂ္ဂိုလ် အကြွင်းမရှိ ပယ်သော အားကြီးသော ကိလေသာ (အနုသယ) တို့မှာ –
အပါယ်ကျစေနိုင်သော ကိလေသာတို့မှ ဒိဋ္ဌိကိလေသာနှင့် ဝိစိကိစ္ဆာ ကိလေသာတို့ ဖြစ်ပါသည်။

လုံးဝမပယ်နိုင်သော ကိလေသာတို့မှာ – ဥဒ္ဓစ္စ ဖြစ်ပါသည်။
မှတ်ချက် ။ သောတာပတ္တိမဂ်သည် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့ကို အကြွင်းမဲ့ ပယ်သတ်၏။ ကြွင်း အကုသိုလ်များ၏ အပါယ်ကျစေနိုင်သော သတ္တိကိုလည်း ပယ်သတ်၏။ (ဥဒ္ဓစ္စသည် အပါယ်သို့ ကျစေနိုင်သောသတ္တိ မရှိပါ။)

၂၀၁၀-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ ကမ္မဋ္ဌာန်းပိုင်းလာ သမထနှင့် ဝိပဿနာဟူသော စကားတို့၏ အဓိပ္ပါယ် ကွဲပြားအောင် ဖော်ပြ၍၊ ယင်းတရားတို့၏ အရ တရားကိုယ်နှင့် အကျိုးခြားနားချက်တို့ကိုလည်း တိကျစွာ ဖြေဆိုပါ။
(၁၉၉၀-ခုနှစ်၊ နံပါတ်(၁) အဖြေကို ကြည့်ပါ။)

၂။ လောက၌ လူအမျိုးမျိုး စရိုက်အထွေထွေ ရှိကြရာ လူယဉ်ကျေးတို့၌သာ ဖြစ်နိုင်သော စရိုက်များကို အဘိဓမ္မာ အမြင်ဖြင့် ရှာဖွေ တင်ပြ၍၊ မောဟစရိုက်ရှိသူများ ပွားများအားထုတ်သင့်သည့် ကမ္မဋ္ဌာန်းတရားကိုလည်း တိကျစွာ ညွှန်ပြပါ။
လူယဉ်ကျေးတို့၌သာ ဖြစ်နိုင်သော စရိုက်များမှာ – သဒ္ဒါစရိုက်နှင့် ဗုဒ္ဓစရိုက်တို့ ဖြစ်ကြပါသည်။
မောဟစရိုက်ရှိသူများ ပွားများ အားထုတ်သင့်သည့် ကမ္မဋ္ဌာန်းတရားမှာ –
အာနာပါနဿတိကမ္မဋ္ဌာန်း ဖြစ်ပါသည်။ ၎င်းအပြင် ဝဏ္ဏကသိုဏ်း ၄-ပါးကြဉ်သော ကသိုဏ်း ၆-ပါးနှင့် အရူပ ၄-ပါး ကိုလည်း အားထုတ်သင့်ပါသည်။
(မောဟစရိုက်ရှိသူသည် စိတ်တွေဝေ၊ ငေးငိုင်တတ်သောကြောင့် ကောက်နယ်တလင်းခန့် ကျယ်ဝန်းသော ကသိုဏ်းဝန်းပမာဏကို အသုံးပြုရပါသည်။)

၃။ ဘာဝနာတို့တွင် အမြတ်ဆုံးဖြစ်သော ဗုဒ္ဓါနုဿတိ ဘာဝနာပွားများပုံ ပွားများနည်းကို ဖော်ပြ၍၊ ထိုသို့ပွားများလျှင် မည်သည့်အချိန်အခါမျိုး၌ မည်သည့် သမာဓိများ ရနိုင်ပါသနည်း။ ဖြေဆိုပါ။
ဗုဒ္ဓါနုဿတိဘာဝနာပွားများပုံ
(၁) ဗုဒ္ဓါနုဿတိဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလိုသော ယောဂီပုဂ္ဂိုလ်သည် အရဟံဂုဏ်တော်ကို စီးဖြန်းပွားများလိုလျှင် အရဟံ၊ အရဟံဟု အဖန်ဖန် တလဲလဲ စီးဖြန်းမှု ပရိကံ ပြုရပါမည်။ (အရဟံဂုဏ်တော်သည် ပရိကမ္မနိမိတ်၊ စီးဖြန်းမှုသည် ပရိကမ္မဘာဝနာ၊ ပရိကမ္မသမာဓိ ဖြစ်၏။)
(၂) ထိုအရဟံဂုဏ်တော် အာရုံကို ကောင်းစွာယူမိ၍ ဥဂ္ဂဟနိမိတ် ထင်လာသောအခါ ပရိကမ္မဘာဝနယသည်လည်း ရှေးကထက် သမာဓိရကာ တည်ကြည်လာပြီး ဖြစ်ပါသည်။ (ဥဂ္ဂဟနိမိတ် – ရှေးကထက် သမာဓိရသော ပရိကမ္မဘာဝနာ)
(၃) ထိုထက် သမာဓိရလာသောအခါ နီဝရဏကင်းကွာသဖြင့် ဥပစာရဘာဝနာအဆင့်အတန်းသို့ တက်လှမ်းနိုင်ပါသည်။ (ဥဂ္ဂဟနိမိတ်၊ ဥပစာရဘာဝနာ၊ ဥပစာရသမဓိ)
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ဂုဏ်တော် ပရမတ်အာရုံဖြစ်၍ နက်နဲသောကြောင့် အပ္ပနာဘာဝနာ၊ အပ္ပနာသမာဓိ အဆင့်သို့ကား မရောက်နိုင်ပါ။

၎။ နိရောဓသမာပတ် ဝင်စားနေခိုက် ဖြစ်ပေါ်ခွင့်ရှိသော ပရမတ်တရားနှင့် ဖြစ်ပေါ်ခွင့်မရှိသော ပရမတ်တရားတို့ကို ခွဲခြား ဖော်ပြ၍၊ နိရောဓသမာပတ်မှ ထသောအခါ အစဦးဆုံး ဖြစ်ခွင့်ရှိသော စိတ်တို့ကိုလည်း ပုဂ္ဂိုလ်အလိုက် ထိုက်သင့်သလို ဖော်ပြပါ။
နိရောဓသမာပတ် ဝင်စားနေခိုက်၌ –
ဘုံသား
ကာမသုဂတိဘုံသား
ဖြစ်ပေါ်ခွင့်ရှိသော ပရမတ်တရား
ကမ္မဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်၊
ဖြစ်ပေါ်ခွင့်မရှိသော ပရမတ်တရား
စိတ်၊ စေတသိက်၊ စိတ္တဇရုပ်၊

ဘုံသား
ကမ္မဇရုပ်၊ ဥတုဇရုပ်
ဖြစ်ပေါ်ခွင့်ရှိသော ပရမတ်တရား
ရူပ ၁၅-ဘုံသား
ဖြစ်ပေါ်ခွင့်မရှိသော ပရမတ်တရား
စိတ်၊ စေတသိက်၊ စိတ္တဇရုပ်

နိရောဓသမာပတ်မှ ထသောအခါ အစဦးဆုံး ဖြစ်ခွင့်ရှိသော စိတ်တို့ကို ပုဂ္ဂိုလ်အလိုက် ဖော်ပြရသော် –
အနာဂါမ်ပုဂ္ဂိုလ်ဖြစ်မူ = အနာဂါဖိုလ်ဇော ၁ကြိမ်ဖြစ်၍၊
ရဟန္တာပုဂ္ဂိုလ်ဖြစ်မူ = အရဟတ္တဖိုလ်ဇော ၁ကြိမ် ဖြစ်ပါသည်။

၂၀၁၁-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၈။ ငါးဖြာအာရုံ ကာမဂုဏ်ကို အလွန်အကျွံ လိုက်စားသူတို့အား သီးခြားပေးရမည့် ကမ္မဋ္ဌာန်းတရားများကို ဖော်ပြ၍၊ တစ်ကမ္ဘာလုံး အေးချမ်းသာယာစွာ နေနိုင်ရေးမှာ မေတ္တာအရေးပါပေရာ ယင်းမေတ္တာကို ပွားများခြင်းကြောင့် ရရှိသော အကျိုး တရားများကိုလည်း ဖြေဆိုပါ။
ငါးဖြာအာရုံ ကာမဂုဏ်ကို အလွန်အကျွံလိုက်စားသူတို့အား သီးခြားပေးရမည့် ကမ္မဋ္ဌာန်းတရားများမှာ –
အသုဘ ကမ္မဋ္ဌာန်း = ၁၀ပါး
ကာယဂတာသတိ ကမ္မဋ္ဌာန်း = ၁ပါး


ပေါင်း ကမ္မဋ္ဌာန်း = ၁၁ပါး ဖြစ်ပါသည်။

မေတ္တာကို ပွားများခြင်းကြောင့် ရရှိနိုင်သော အကျိုးများမှာ –
ရူပ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ထိတိုင်အောင် စတုက္ကဈာန် ၄ပါးလုံးကို ရနိုင်ပါသည်။

၉။ (က) ရုပ်တရား၏ အကြောင်း (ခ) စေတသိက်နာမ်တရား၏ အကြောင်း (ဂ) စိတ်နာမ်တရား၏ အကြောင်းတို့ကို ဖော်ပြ၍ ဈာန်ရတိုင်း ကောင်းကင်ပျံနိုင်၊ မပျံနိုင် ရှင်းပြပါ။
(က) ရုပ်တရား၏ အကြောင်းမှာ – အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ အာဟာရ တို့ဖြစ်ပါသည်။
(ခ) စေတသိက်နာမ်တရား၏ အကြောင်းမှာ – အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဖဿ တို့ဖြစ်ပါသည်။
(ဂ) စိတ်နာမ်တရား၏ အကြောင်းမှာ – အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ နာမ်ရုပ် တို့ဖြစ်ပါသည်။

ဈာန်ရတိုင်း ကောင်းကင်သို့ မပျံနိုင်ပါ။
အကြောင်းမှာ – အနည်းဆုံး ရူပါဝစရ ပဉ္စမဈာန်ရပြီးနောက် ပုဂ္ဂိုလ်သည် ဣဒ္ဓိဝိဓအဘိညာဉ်အဆင့်သို့ ရောက်အောင် အားထုတ်နိုင်ပြီးမှသာ ကောင်းကင်ပျံနိုင်ပါသည်။ ထို့ကြောင့် ဈာန်ရတိုင်း ကောင်းကင်မပျံနိုင်ပါ။

၁၀။ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား အဘယ်အခါ၌ ပုထုဇဉ်အနွယ်ဆုံး၍ အရိယာအနွယ်သို့ ရောက်ပါသနည်း။ ဖြေဆို၍ နိရောဓသမာပတ် ဝင်စားနေခိုက် သေနိုင် မသေနိုင်ကိုလည်း အဘိဓမ္မာ နည်းအရ ဆုံးဖြတ်ချက်ချခဲ့ပါ။
ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား ဂေါတြဘူစိတ်ဖြစ်သောအခါ၌ ပုထုဇဉ်အနွယ်ဆုံး ၍ အရိယာအနွယ်သို့ ရောက်ရှိပါသည်။
နိရောဓသမာပတ် ဝင်စားနေခိုက် မသေနိုင်ပါ။

အကြောင်းမှာ – သေခြင်းဆိုသည်မှာ စုတိစိတ်ဖြစ်၍ ချုပ်မှသာ သေသည်ဟု ဆိုနိုင်သည်။ နိရောဓသမာပတ် ဝင်စားနေချိန်၌ စိတ်အစဉ်ချုပ်နေသည့်အတွက် စုတိစိတ် မဖြစ်နိုင်ပါ။ ထို့ကြောင့် နိရောဓသမာပတ် ဝင်စားနေခိုက် မသေနိုင်ပါ။

၂၀၁၂-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၁။ ကမ္ဘာ့နိုင်ငံအချို့၌ စစ်ပွဲများ ဖြစ်ပွားလျက်ရှိကြရာ ငြိမ်းချမ်းရေးရအောင် မည်သည့် ကမ္မဋ္ဌာန်းမျိုး ပွားများအားထုတ် သင့်သည်ကို ဖော်ပြ၍၊ လူမျိုးဘာသာမရွေး ပွားများအားထုတ်နိုင်သော ကမ္မဋ္ဌာန်းများကိုလည်း ညွှန်ပြပါ။
ကမ္ဘာ့နိုင်ငံအချို့၌ စစ်ပွဲများ ဖြစ်ပွားလျက်ရှိကြရာ ငြိမ်းချမ်းရေးရအောင် အားထုတ်သင့်သည့် ကမ္မဋ္ဌာန်းများမှာ –
(၂၀၀၉-ခုနှစ်၊ မေးခွန်းနံပါတ်-၁ အဖြေကို ကြည့်ပါ။)
လူမျိုးဘာသာမရွေး ပွားများအားထုတ်နိုင်သော ကမ္မဋ္ဌာန်းများမှာ –
(၁၉၉၃-ခုနှစ်၊ မေးခွန်းနံပါတ်-၂ အဖြေကို ကြည့်ပါ။)

၂။ သမ္မသနဉာဏ်ဖြင့် လက္ခဏာယာဉ်သုံးသပ်ပုံကို သိသာရုံမျှ ဖော်ပြ၍၊ သစ္စာလေးပါး သိမြင်၊ ကိလေသာအချို့ ကင်းစင်ပြီးသော သောတာပန်ပုဂ္ဂိုလ်သည် မိမိကိုယ်ကို အရိယာဖြစ်မှန်းသိနိုင်/မသိနိုင်ကိုလည်း အဘိဓမ္မာအမြင်ဖြင့် ရှင်းပြပါ။
သမ္မသနဉာဏ်ဖြင့် လက္ခဏာယာဉ်သုံးပါး သုံးသပ်ပုံကို သိသာရုံမျှ ဖော်ပြရသော် –
ရုပ်နာမ်တရားများကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာယာဉ် သုံးပါးဖြင့် သုံးသပ်ရသောဉာဏ်သည် သမ္မသနဉာဏ် ဖြစ်သည်။
သုံးသပ်ပုံမှာ – ကုန်ခန်းခြင်းအနက်သဘောကြောင့် အနိစ္စ၊ ဖြစ်ပျက်မှုတို့ဖြင့် နှိပ်စက်တတ်သော အနက်သဘောကြောင့် ဒုက္ခ၊ အနှစ်သာရ ရှာမရသည်၏ အဖြစ်ဟူသော အနက်သဘောကြောင့် အနတ္တဟု သုံးသပ်ရပါသည်။

သောတာပန်ပုဂ္ဂိုလ်သည် မိမိကိုယ်ကို အရိယာဖြစ်မှန်းသိနိုင်/မသိနိုင်ကိုလည်း အဘိဓမ္မာအမြင်ဖြင့် ရှင်းပြရသော် – ၂၀၀၈ နံပါတ် ၃

၃။ လောက၌ မည်သို့သော ပုဂ္ဂိုလ်မျိုးကို ရဟန္တာဟု သတ်မှတ်ပါသနည်း၊ ဖြေဆိုပြီးလျှင် ၎င်းရဟန္တာပုဂ္ဂိုလ်များ ပယ်အပ်သော ကိလေသာနှင့် အကုသိုလ်စိတ်တို့ကိုလည်း တိကျစွာ ကောက်ပြပါ။
လောက၌ ရဟန္တာ ဟု သတ်မှတ်ပုံမှာ – ၁၉၉၈ နံပါတ် ၎
၎င်းရဟန္တာပုဂ္ဂိုလ်များ ပယ်အပ်သော ကိလေသာမှာ –
ရဟန္တာပုဂ္ဂိုလ်သည် အောက်မဂ်များ မပယ်နိုင်၍ ကြွင်းကျန်နေသာ ရူပရာဂ၊ အရူပရာဂဟူသော လောဘတစ်စိတ်၊ မောဟ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ဟူသော ကိလေသာ ၇-ပါးတို့ကို အကြွင်းမဲ့ ပယ်ပါသည်။

သံသရာခရီးအစမှ လိုက်ပါလာပြီး နောက်ဆုံးမဂ်ဖြင့် ပယ်ချမှ ကွာကျသော အနုသယဓာတ်များမှာ –
(၁) ကာမရာဂါနုသယ
(၂) ဘဝရာဂါနုသယ
(၃) ပဋိဃာနုသယ
(၄) မာနာနုသယ
(၅) ဒိဋ္ဌာနုသယ
(၆) ဝိစိကိစ္ဆာနုသယ
(၇) အဝိဇ္ဇာနုသယ ဟူသော အနုသယ ၇-ပါး တို့ဖြစ်ပြီး
ယင်းတို့အနက်မှ နောက်ဆုံးမဂ် (အရဟတ္တမဂ်) ဖြင့် ပယ်ချမှ ကွာကျသော အနုသယဓာတ်များမှာ –
(၁) ဘဝရာဂါနုသယ
(၂) မာနနုသယ
(၃) အဝိဇ္ဇာနုသယ တို့ဖြစ်ပါသည်။

၂၀၁၃-ခုနှစ် ကမ္မဋ္ဌာန်းပိုင်း မေးခွန်းဟောင်းများ

၇။ ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်ထားသော စားသောက်ဖွယ်ရာတို့ကို စက်ဆုပ်ရွံရှာဖွယ်အဖြစ် ရှုမှတ် ဆင်ခြင်နိုင်လျှင် ဖြစ်သောကမ္မဋ္ဌာန်းကို ဖော်ပြ၍၊ ၎င်းကမ္မဋ္ဌာန်းကို ပွားများရန် သင့်လျော်သော ပုဂ္ဂိုလ်ကိုလည်း ညွှန်ပြပါ။
ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်ထားသော စားသောက်ဖွယ်ရာတို့ကို စက်ဆုပ်ရွံရှာဖွယ်အဖြစ် ရှုမှတ် ဆင်ခြင်နိုင်လျှင် ဖြစ်သောကမ္မဋ္ဌာန်းမှာ – အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်း ဖြစ်ပါသည်။

၎င်းကမ္မဋ္ဌာန်းကို ပွားများရန် သင့်လျော်သောပုဂ္ဂိုလ်မှာ – ဗုဒ္ဓိစရိုက်ရှိသော ပုဂ္ဂိုလ် ဖြစ်ပါသည်။

၈။ နိဗ္ဗာန်ကို မျက်မှောက်ပြုလို၍ တရားကျင့်သော ယောဂီပုဂ္ဂိုလ်သည် ထွက်လေဝင်လေကို ရှုမှတ်နေရုံမျှဖြင့် နိဗ္ဗာန်သို့ ရောက်နိုင်-မရောက်နိုင် အဘိဓမ္မာအမြင်ဖြင့် သုံးသပ်ဖြေဆို၍၊ သည်းမခံတတ် စိတ်ဆက်သောသူအား သင့်လျော်သော ကမ္မဋ္ဌာန်းကိုလည်း ညွှန်ပြပါ။
နိဗ္ဗာန်ကို မျက်မှောက်ပြုလို၍ တရားကျင့်သော ယောဂီပုဂ္ဂိုလ်သည် ထွက်လေဝင်လေကို ရှုမှတ်နေရုံမျှဖြင့် နိဗ္ဗာန်သို့ မရောက်နိုင်ပါ။ အဘိဓမ္မာအမြင်ဖြင့် သုံးသပ်ဖြေဆိုရသော် –
ထွက်လေဝင်လေ ရှုမှတ်နေခြင်းသည် (သမထဘာဝနာကမ္မဋ္ဌာန်း) အာနာပါနကမ္မဋ္ဌာန်း ဖြစ်ပါသည်။ ထို အာနပါနကမ္မဋ္ဌာန်းသည် ရူပပဉ္စက ဈာန်ငါးပါးကိုသာ ရနိုင်ပါသည်။ သမထကမ္မဋ္ဌာန်းသက်သက်မျှဖြင့် နိဗ္ဗာန်သို့ မရောက်နိုင်ပါ။ (ထိုဈာန်မှ ဝိပဿနာသို့ ပြောင်း၍ ရုပ်နာမ်ခန္ဓာတို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ရှုမှတ်သော ယောဂီ ပုဂ္ဂိုလ်ဖြစ်လျှင်မူ နိဗ္ဗာန်သို့ ရောက်နိုင်ပါသည်။
သည်းမခံတတ် စိတ်ဆက်သောသူအား သင့်လျော်သော ကမ္မဋ္ဌာန်းမှာ –
(နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ) ဟူသော အရောင်ကသိုဏ်း = ၄ပါး၊
(မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) ဟူသော အပ္ပမညာတရား = ၄ပါး၊ ပေါင်း ၈-ပါးတို့သည် အထူးသင့်လျော်ပါသည်။
၎င်းအပြင် –
(ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော) ဟူသော ဓာတ်ကသိုဏ်း ၄ပါးနှင့် အာလောကနှင့် အာကာသ ကသိုဏ်း ၂ပါး၊ အရူပ ၄ပါးတို့သည်လည်း သင့်လျော်ပါသည်။

၉။ ဝိပဿနာ ရှုကောင်းသော တရားတို့ကို တိကျစွာ ဖော်ပြ၍၊ သမ္မသနဉာဏ်နှင့် စပ်၍ သိသင့်သိထိုက်သော သုံးသပ်ပွားများနည်းတို့တွင် အောက်ပါနည်းတို့၏ အဓိပ္ပါယ်ကိုလည်း ရှင်းလင်း ဖြေဆိုပါ။
(က) အဒ္ဒါန သမ္မသနနည်း၊ (ခ) သန္တတိ သမ္မသနနည်း (ဂ) ခဏ သမ္မသနနည်း
ဝိပဿနာ ရှုကောင်းသော တရားတို့မှာ – တေဘူမက ရုပ်နာမ်သင်္ခါရတရားတို့ ဖြစ်ပါသည်။
(က) အဒ္ဒါန သမ္မသနနည်း = ရုပ်နာမ်တရားတို့ကို အတိတ်ပစ္စုပ္ပန် အနာဂတ် ကာလအားဖြင့် ခွဲခြား၍ သုံးသပ်ပွားများနည်း ဖြစ်ပါသည်။
(ခ) သန္တတိ သမ္မသနနည်း = တစ်ဘဝတည်း၌ပင် အအေးရုပ်စဉ် အပူရုပ်စဉ် စသည်ဖြင့် ရုပ်နာမ်တို့၏ အတိတ် ပစ္စုပ္ပန် အနာဂတ် အစဉ် အမျိုးမျိုးကို ခွဲခြား၍ သုံးသပ်ပွားများနည်းဖြစ်ပါသည်။
(ဂ) ခဏ သမ္မသနနည်း = ရုပ်နာမ်အစဉ်တို့ကို အတိတ်ခဏ၊ ပစ္စုပ္ပန်ခဏ၊ အနာဂတ်ခဏအားဖြင့် ခွဲခြား၍ သုံးသပ်ပွားများနည်း ဖြစ်ပါသည်။

၁၀။ သောတာပတ္တိမဂ်၏ ရှေ့၌ရှိသော ဝီထိစိတ်၏အမည်ကို အဓိပ္ပယ်နှင့်တကွ ဖော်ပြ၍၊ သောတာပတ္တိမဂ်၏ တစ်ပြိုင်နက် ဆောင်ရွက်သော ကိစ္စ(၄)ချက်ကိုလည်း ပေါ်လွင်အောင် ရေးသားဖြေဆိုပါ။
သောတာပတ္တိမဂ်၏ ရှေ့၌ရှိသော ဝီထိစိတ်၏အမည်မှာ – ဂေါတြဘူစိတ်ဖြစ်သည်။ ထိုစိတ်သည် ပုထုဇဉ်အနွယ်ကို လွှမ်းမိုးနှိပ်စက် ဖျက်ဆီး၍ အရိယာနွယ်သို့ ရောက်စေတတ်သောကြောင့် ဂေါတြဘူစိတ် ဟု အမည်ရပါသည်။
သောတာပတ္တိမဂ်၏ တစ်ပြိုင်နက် ဆောင်ရွက်သော ကိစ္စ(၄)ချက်မှာ –
သောတာပတ္တိမဂ်စိတ်သည် –
(၁) ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း (ပရိညာကိစ္စ)
(၂) သမုဒယသစ္စာကို ပယ်ခြင်း (ပဟာနကိစ္စ)
(၃) နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း (သစ္ဆိကရဏကိစ္စ)
(၄) မဂ္ဂသစ္စာကို ပွားများခြင်း (ဘာဝနာကိစ္စ) ဟူသောကိစ္စ (၄)ချက်တို့ကို စိတ္တက္ခဏ ၁-ချက် အတွင်း တစ်ပြိုင်နက် ဆောင်ရွက်နိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *