Vithi

ဒုတိယဆင့် ၀ီထိပိုင်း မေးခွန်းဟောင်းများ

၁၉၈၉-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ စိတ်တစ်ခုကို အဘိဓမ္မာနည်းအရ အသေးစိတ် လေ့လာပါက အချက်သုံးချက်ကို တစ်ခုစီ ရေတွက်ပြပြီးလျှင် အဝိဘူတာရုံဝိထိ၌ ဖြစ်ခွင့်ရှိသော ဝီထိစိတ်တို့ကိုလည်း အမည် ဖော်ပြပါ။
စိတ်တစ်ခုကို အဘိဓမ္မာနည်းအရ အသေးစိတ် လေ့လာပါက အချက်သုံးချက်ကို တစ်ခုစီ ရေတွက်ပြရသော် –
(၁) ဥပါဒ် = စိတ်၏ ဖြစ်ပေါ်လာမှု။
(၂) ဌီ = စိတ်၏ ဖြစ်ပြီးနောက် တည်နေမှု၊
(၃) ဘင် = စိတ်၏ တည်ပြီးနောက် ပျက်စီး ချုပ်ကွယ်မှုတို့ ဖြစ်ပါသည်။

အဝိဘူတာရုံဝီထိ၌ ဖြစ်ခွင့်ရှိသော ဝီထိစိတ်တို့ကို အမည်ဖော်ပြရသော် –
(၁) မနောဒွါရာဝဇ္ဇန်း
(၂) ကာမဇော ၂၉ပါး ဖြစ်ပါသည်။

၂။ စိတ်၏စွမ်းအင်အထူးကို ရရှိထားကြသော ဈာနလာဘီပုဂ္ဂိုလ်များ အစဦးစွာ ဖြစ်စဉ်အခါဝယ် ပါဝင်ခဲ့သော ကာမဇောတို့၏ အမည်နှင့် စိတ်သရုပ်တို့၏ အမည်မှာ-

စိတ်၏စွမ်းအင်အထူးကို ရရှိထားကြသော ဈာနလာဘီပုဂ္ဂိုလ်များ အစဦးစွာ ဖြစ်စဉ်အခါဝယ် ပါဝင်ခဲ့သော ကာမဇောတို့၏ အမည်မှာ –
(၁) မန္ဒပုဂ္ဂိုလ်၌ = ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူဟူသော ဥပစာရသမာဓိဇော ၄-ကြိမ်
(၂) တိက္ခပုဂ္ဂိုလ်၌ = ဥပစာ၊ အနုလုံ၊ ဂေါတြဘူ ဟူသော ဥပစာရသမဓိဇော ၃-ကြိမ် တို့ဖြစ်ကြပါသည်။

ထိုကာမဇောတို့၏ စိတ်သရုပ်မှာ –
ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်ဖြစ်က = မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄-ပါး
ရဟန္တာဖြစ်က = မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ၄-ပါးတို့ ဖြစ်ကြပါသည်။

၃။ (က) ချစ်သူကိုမြင်သောအခါ၊ (ခ) မုန်းသူကိုမြင်သောအခါတို့၌ စက္ခုဝိညာဏ် (မြင်စိတ်) ချင်း၊ ခြားနားပုံကို ရှင်းပြပြီးလျှင် လူ့လောကတွင် ဒေါသမရှိသော ပုဂ္ဂိုလ်များ ရှိကောင်းပါက ထုတ်ပြပါ။
စက္ခုဝိညာဏ် (မြင်စိတ်)ချင်း ခြားနားပုံကို ရှင်းပြရသော်-
(က) ချစ်သူကို မြင်သောအခါ = ချစ်သူသည် ဣဋ္ဌာရုံဖြစ်၍ အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ်စိတ် ဖြစ်သည်။
(ခ) မုန်းသူကို မြင်သောအခါ = မုန်းသူသည် အနိဋ္ဌာရုံဖြစ်၍ အကုသလဝိပါက် စက္ခုဝိညာဏ်စိတ် ဖြစ်သည်။
ဤသို့ စက္ခုဝိညာဏ် (မြင်စိတ်)ချင်း ခြားနားမှု ရှိပါသည်။

လူ့လောကတွင် ဒေါသမရှိသော ပုဂ္ဂိုလ်များ ရှိ ကောင်းပါသည်။
၎င်းပုဂ္ဂိုလ်များမှာ – အနာဂါမ်နှင့် ရဟန္တာပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။

၁၉၉၀-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ သင်္ဂြိုဟ်ကျမ်းလာ ဝီထိ၏ အဓိပ္ပါယ်ကို အဘိဓမ္မာအားဖြင့် ရှင်းပြ၍၊ ပဉ္စဒွါရဝီထိစိတ်၏ ဝိသယပ္ပဝတ္တိများကိုလည်း ဆိုင်ရာ လေးဝါရဖြင့် တွဲစပ်ပြပါ။
သင်္ဂြိုဟ်ကျမ်းလာ ဝီထိ၏ အဓိပ္ပါယ်ကို အဘိဓမ္မာစကားဖြင့် ရှင်းပြရသော် –
အာရုံနှင့် ဒွါရတို့ တိုက်ဆိုင်သောအခါ ဖြစ်ပေါ်လာသည့် စိတ်တို့၏ ဖြစ်စဉ် (အစဉ်အတန်း)ကို ဝီထိ ဟု ခေါ်ပါသည်။
ပဉ္စဒွါရဝီထိစိတ်၏ ဝိသယပ္ပဝတ္တိများကို ဆိုင်ရာ လေးဝါရဖြင့် တွဲစပ်ပြရသော် –
ပဉ္စဒွါရဝီထိစိတ်၏ ဝိသယပ္ပဝတ္တိ ဝါရ
(၁) အတိမဟန္တာရုံ ၊ တဒါရမ္မဏဝါရ
(၂) မဟန္တာရုံ ၊ ဇဝနဝါရ
(၃) ပရိတ္တာရုံ ၊ ဝုဋ္ဌောဝါရ
(၄) အတိပရိတ္တာရုံ ၊ မောဃဝါရ

၂။ လောကတွင် စိတ်ရှည်သည်၊ စိတ်တိုသည် ဟု ပြောကြရာ၌ စိတ်၏ သက်တမ်းသည် အဘိဓမ္မာသဘောအားဖြင့် မည်မျှ ရှည်လျားသည်ကို တွက်ချက်ပြ၍၊ ထိတ်လန့်ဖွယ်ရာ အသံကို ကြားရသောအခါ သင့် သန္တာန်၌ ဖြစ်ပေါ်လာနိုင်သည့် ဝီထိစိတ်အစဉ်ကိုလည်း မှန်ကန်စွာ ရေးပြပါ။
လောကတွင် စိတ်ရှည်သည်၊ စိတ်တိုသည် ဟု ပြောကြရာ၌ စိတ်၏ သက်တမ်းသည် အဘိဓမ္မာသဘောအားဖြင့် –
စိတ္တလက္ခဏ ၁ချက်၊ တစ်နည်း ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏ ဟူ၍ ခဏငယ်အားဖြင့် ၃ချက်သာ ရှိပါသည်။

ထိတ်လန့်ဖွယ်ရာ အသံကို ကြားရသောအခါ ကျွန်ုပ်သန္တာ၌ ဖြစ်ပေါ်လာနိုင်သည့် ဝီထိစိတ်အစဉ်ကို မှန်ကန်စွာ ရေးပြရသော်-
အနိဋ္ဌသဒ္ဒါရုံဖြစ်၍
– ပဉ္စဒွါရာဝဇ္ဇန်း = ၁ကြိမ်
– အကုသလဝိပါက်သောတဝိညာဏ် = ၁ကြိမ်
– အကုသလဝိပါက် သမ္ပဋိစ္ဆိုင်း = ၁ကြိမ်
– အကုသလဝိပါက် ဥပေက္ခာသန္တီရဏ = ၁ကြိမ်
– ဝုဋ္ဌော = ၁ကြိမ်
– ကာမဇော = ၇ကြိမ်
– (အကုသလဝိပါက် ဥပေက္ခာသန္တီရဏ ဥပေက္ခာတဒါရုံ ၁ပါး = ၂ကြိမ်
– (ကာမဇောတွင် ယောနိသော မနသိကာရဖြစ်လျှင် = ကုသိုလ်ဇော၊ အယောနိသော မနသိကာရဖြစ်လျှင် = အကုသိုလ်ဇော စောနိုင်ပါသည်။)
ဤဝီထိအစဉ်သည် တဒါရမ္မဏဝါရ သောတဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။

၃။ ကမ္မဋ္ဌာန်းတရားကို အစဦးဆုံး အားထုတ်သော (အာဒိကမ္မိက) ပုဂ္ဂိုလ်သန္တာ၌ အဘယ်ဇောစိတ်များ ဖြစ်ပေါ်လာနိုင်ပါသနည်း။ ရှင်းပြ၍၊ ဤလောကဝယ် ဈာန်မဂ်ဖိုလ် မရထိုက်သော ပုဂ္ဂိုလ်များကိုလည်း အကြောင်းနှင့်တကွ ဖော်ထုတ်ပြပါ။
သမထကမ္မဋ္ဌာန်းတရားကို အစဦးဆုံး အားထုတ်သော (အာဒိကမ္မိက) ပုဂ္ဂိုလ်သန္တာ၌ ဖြစ်ပေါ်လာနိုင်သော ဇောစိတ်များမှာ –
အာဒိကမ္မိကဈာနဝီထိ၌ …
(မန္ဒပုဂ္ဂိုလ်ဖြစ်လျှင်) ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူဟူ၍ ကာမတိဟိတ်ဇော ၄-ကြိမ်၊ (တိက္ခပုဂ္ဂိုလ်ဖြစ်လျှင်) ဥပစာ၊ အနုလုံ၊ ဂေါတြဘူ ဟူ၍ ကာမတိဟိတ်ဇော ၃ကြိမ်နှင့် အာဒိကမ္မိကဈာန်ဇော (မဟဂ္ဂုတ်ဇော) ၁ကြိမ် တို့ ဖြစ်ပါသည်။

ဝိပဿနာကမ္မဋ္ဌာန်းတရားကို အစဦးဆုံး အားထုတ်သော (အာဒိကမ္မိက) ပုဂ္ဂိုလ်သန္တာ၌ ဖြစ်ပေါ်လာနိုင်သော ဇောစိတ်များမှာ –
သောတာပတ္တိမဂ္ဂဝီထိ၌ …
(မန္ဒပုဂ္ဂိုလ်ဖြစ်လျှင်) ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဟူ၍ ကာမတိဟိတ်ဇော ၄ကြိမ်၊ သောတာပတ္တိမဂ်ဇော ၁ကြိမ်၊ သောတာပတ္တိဖိုလ်ဇော ၂ကြိမ်တို့ ဖြစ်ပါသည်။
(တိက္ခပုဂ္ဂိုလ်ဖြစ်လျှင်) ဥပစာ၊ အနုလုံ၊ ဂေါတြဟူ၍ ကာမတိဟိတ်ဇော ၃ကြိမ်၊ သောတာပတ္တိမဂ်ဇော ၁ကြိမ်နှင့် သောတာပတ္တိဖိုလ်ဇော ၃ကြိမ် တို့ ဖြစ်ပါသည်။

ဤလောကဝယ် ဈာန်၊ မဂ်၊ ဖိုလ် မရထိုက်သော ပုဂ္ဂိုလ်များမှာ –
(၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၊
(၂) သုဂတိအဟိတ်ပုဂ္ဂိုလ်၊
(၃) ဒွိဟိတ်ပုဂ္ဂိုလ် တို့ ဖြစ်ပါသည်။
ထိုပုဂ္ဂိုလ်တို့ ဈာန်၊ မဂ်၊ ဖိုလ် မရထိုက်ခြင်း အကြောင်းမှာ –
ဈာန်၊ မဂ်၊ ဖိုလ် ရထိုက်သော အကြောင်းရင်းဖြစ်သော အမောဟဟိတ်တည်းဟူသော ဉာဏ်နှင့် ယှဉ်သည့် တိဟိတ်ပဋိသန္ဓေစိတ် မရှိခြင်းကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ထိုပုဂ္ဂိုများ၏ စိတ်ရကို ပုဂ္ဂလဘေဒအရကြည့်လျှင် ဈာန်၊ မဂ်၊ ဖိုလ်၊ ဇောဖြစ်သော အပ္ပနောဇောများ မပါဝင်ပါ။

ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၏စိတ်ရ –
အကုသိုလ်စိတ် = ၁၂ပါး
ဟသိတုပ္ပါဒ်စိတ်ကြဉ်သော အဟိတ်စိတ် = ၁၇ပါး
မဟာကုသိုလ်စိတ် = ၈ပါး


ပေါင်း = ၃၇ပါး

သုဂတိအဟိတ်နှင့်ဒွိဟိတ်ပုဂ္ဂိုလ်၏စိတ်ရ –
အကုသိုလ်စိတ် = ၁၂ပါး
ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ် = ၁၇ပါး
မဟာကုသိုလ်စိတ် = ၈ပါး
မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် = ၄ပါး


ပေါင်း = ၄၁ပါး

၁၉၉၁-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ ဝီထိပိုင်းလာ ဝိသယပ္ပဝတ္တိ ဟူသော စကား၏ အဓိပ္ပါယ်ကို ရှင်းပြ၍၊ ယင်း ဝိသယပ္ပဝတ္တိ ခြောက်ပါးသရုပ်ကိုလည်း ဖော်ထုတ်ရေးသားခဲ့ပါ။
ဝီထိပိုင်းလာ ဝိသယပ္ပဝတ္တိ ဟူသော စကား၏ အဓိပ္ပါယ်ကို ရှင်းပြရသော် –
ဝီထိစိတ်တို့၏ ဝိသယပ္ပဝတ္တိ = အာရုံတို့၏ ဒွါရတို့၌ဖြစ်ခြင်း
ဝီထိမုတ်စိတ်တို့၏ ဝိသယပ္ပဝတ္တိ = အာရုံတို့၏ စိတ်တို့၏ ဖြစ်ခြင်း။
ယင်း ဝိသယပ္ပဝတ္တိခြောက်ပါး သရုပ်မှာ –
(၁) အတိမဟန္တာရုံ
(၂) အဟန္တာရုံ
(၃) ပရိတ္တာရုံ ပဉ္စဒွါရဝီထိ
(၄) အတိပရိတ္တာရုံ
(၅) ဝိဘူတာရုံ
(၆) အဝိဘူတာရုံ မနောဒွါရဝီထိ
ဤဝိသယပ္ပဝတ္တိ ၆ပါးသည် ဝီထိစိတ်တို့၏ ဝိသယပ္ပဝတ္တိ ဖြစ်ပါသည်။

၂။ လူသားတို့၌ဖြစ်သော ဘဝင်စိတ်နှင့် ဝီထိစိတ်ဖြစ်ပုံကို ခွဲခြားပြ၍ စာဖြေသူ၏ မနောဒွါရ၌ ထင်ရှားသော အာရုံတစ်ခု ထင်မြင်လာသောအခါ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်ကိုလည်း မှန်ကန်အောင် ရေးသားခဲ့ပါ။
လူသားတို့၌ဖြစ်သော ဘဝင်စိတ်နှင့် ဝီထိစိတ်ဖြစ်ပုံကို ခွဲခြားပြရသော် –
အာရုံနှင့်ဒွါရ တိုက်ဆိုင်မှုမရှိသောအခါ = ဘဝင်စိတ် (ဝီထိမုတ်စိတ်) ဖြစ်၍၊
အာရုံနှင့်ဒွါရ တိုက်ဆိုင်သောအခါ = ဝီထိစိတ် ဖြစ်ပါသည်။
(ချဲ့ဦးအံ့) – လူသားတို့၏ စိတ်သည် ပဝတ္တိအခါ၌ ဘဝင်စိတ်နှင့် ဝီထိစိတ်ဖြစ်ပုံကို ရှိရာဝယ် ဝီထိစိတ်ဟူသည် အာရုံတစ်ပါးပါးသည် ဆိုင်ရာဒွါရ၌ ထိခိုက် တိုက်ဆိုင်လျှင် ဖြစ်ပေါ်လာပါသည်။ ထို့ကြောင့် လှုပ်ရှားသောသဘော ရှိပါသည်။ ဘဝင်စိတ်သည်ကား အာရုံ ၆ပါးတွင် တစ်ပါးပါးကိုမျှ အာရုံမပြုနိုင် (တစ်နည်း) ဒွါရမှ အလွတ်ဖြစ်၍၊ ဒွါရဝိမုတ်စိတ်လည်း မည်၏။

ဘဝင်စိတ်သည် များသောအားဖြင့် လွန်ခဲ့သောဘဝ မရဏာသန္နဇောသည် ယူအပ်သော ကံ၊ ကမ္မ၊ ဂတိနိမိတ် ၃ပါးတွင် တစ်ပါးပါးကို အာရုံပြုပါသည်။ ဘဝင်စိတ်သည် အိပ်ပျော်နေစဉ် ဖြစ်ပေါ်သော၊ ငြိမ်သက်သော သဘောရှိသော စိတ်ဖြစ်၏။ ထို့ပြင် ဝီထိတစ်ခုနှင့်တစ်ခု ကြားတွင်လည်း ဘဝင်စိတ်များ ဖြစ်ပေါ်ပါသည်။
စာဖြေသူ၏ မနောဒွါရ၌ ထင်ရှားသော အာရုံတစ်ခု ထင်မြင်လာသောအခါ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်ကို ဖော်ပြရသော်-
မနောဒွါရ၊ ဝိဘူတာရုံဝီထိဖြစ်၍ –
မနောဒွါရာဝဇ္ဇန်း = ၁ကြိမ်
ကာမဇော = ၇ကြိမ်
တဒါရုံ = ၂ကြိမ် တဒါရမ္မဏဝါရ။

၃။ ဇောနောင်တဒါရုံကျနိုင်သော အင်္ဂါရပ်များကို ဖော်ပြ၍၊ သုံးဆယ့်တစ်ဘုံတွင် စိတ်၊ စေတသိက် အလျင်းမရှိသော ဘုံကိုလည်း ညွှန်ပြခဲ့ပါ။
ဇောနောင် တဒါရုံကျနိုင်သော အင်္ဂါရပ်များကို ဖော်ပြရသော် –
(၁) ကာမဇော၊
(၂) ကာမသတ္တဝါ၊
(၃) အတိမဟန္တ၊ ဝိဘူတဖြစ်သော ကာမအာရုံ
ဤသုံးချက်ညီမှ ဇောနောင် တဒါရုံကျနိုင်၏။
၃၁-ဘုံတွင် စိတ်၊ စေတသိက် အလျင်းမရှိသောဘုံမှာ – အသညသတ်ဘုံ ဖြစ်ပါသည်။

၁၉၉၂-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ ဝီထိမုတ်စိတ်တို့၏ ဝိသယပ္ပဝတ္တိများကို ဖော်ပြ၍၊ စာဖြေသူ၏ စိတ်ဝိညာဉ်နှင့် ဆက်စပ်လျက် ဖြစ်ပေါ်လာနိုင်သော ဝီထိ ၆မျိုး၏ အမည်နာမများကိုလည်း ဖြေဆိုပါ။
ဝီထိမုတ်စိတ်တို့၏ ဝိသယပ္ပဝတ္တိများကို ဖော်ပြရသော် –
(က) ကံနိမိတ်၊
(ခ) ကမ္မနိမိတ်၊
(ဂ) ဂတိနိမိတ် တို့ ဖြစ်ပါသည်။

စိတ်ဝိညာဉ်နှင့်ဆက်စပ်လျက် ဖြစ်ပေါ်လာနိုင်သော ဝီထိ ၆မျိုး၏ အမည်နာမများကို ဖော်ပြရသော် –
(၁) စက္ခုဝိညာဏဝီထိ၊
(၂) သောတဝိညာဏဝီထိ၊
(၃) ဃာနဝိညာဏဝီထိ၊
(၄) ဇိဝှါဝိညာဏဝီထိ၊
(၅) ကာယဝိညာဏဝီထိ၊
(၆) မနောဝိညာဏဝီထိ တို့ဖြစ်ပါသည်။

၂။ ဤမေးခွန်းလွှာကို ကြည့်ရှုနေခိုက် စာဖြေသူ၏ သန္တာ၌ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်ကို တိကျမှန်ကန်စွာ ရေးသားဖြေဆို၍၊ ဝီထိစိတ် လုံးဝ မဖြစ်သောဝီထိ၏ အမည်ကိုလည်း ညွှန်ပြပါ။
ဤမေးခွန်းလွှာကို ကြည့်ရှုနေခိုက် စာဖြေသူ၏ သန္တာ၌ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်ကို ဖော်ပြရသော် –
ဣဋ္ဌရူပါရုံဖြစ်၍ – ပဉ္စဒွါရာဝဇ္ဇန်း = ၁ကြိမ်
– အဟိတ် ကုသလဝိပါက် စက္ခုဝိညာဏ် = ၁ကြိမ်
– အဟိတ်ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း = ၁ကြိမ်
– အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ = ၁ကြိမ်
– ဝုဋ္ဌော = ၁ကြိမ်
– ကာမဇော = ၇ကြိမ်
– (အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ -၁+ မဟာဝိပါက် ဥပေက္ခာ-၄)
ပေါင်း ဥပေက္ခာတဒါရုံ ၅ပါးမှ တစ်ပါးပါး ၂ကြိမ်
(ကာမဇောတွင် ယောနိသော မနသိကာရဖြစ်လျှင် = ကုသိုလ်ဇော၊ အယောနိသော မနသိကာရဖြစ်လျှင် = အကုသိုလ်ဇော စောနိုင်ပါသည်။)
ဤဝီထိသည် တဒါရမ္မဏဝါရ စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။

ဝီထိစိတ် လုံးဝမဖြစ်သော ဝီထိ၏အမည်ကို ဖော်ပြရသော် – အတိပရိတ္တာရုံဝီထိ ဖြစ်ပါသည်။

၃။ အရိယာပုဂ္ဂိုလ်တို့၏ ကိုယ်ပိုင်စိတ်တို့ကို ဆိုင်ရာ ပုဂ္ဂိုလ်နှင့် တွဲစပ်ဖော်ပြ၍၊ နိရောဓသမာပတ် ဝင်စားခါနီးမှာ စောသည့်ဇောနှင့် စောသောအကြိမ် အရေအတွက်ကိုလည်း ဖြေဆိုပါ။
အရိယာပုဂ္ဂိုလ်တို့၏ ကိုယ်ပိုင်စိတ်တို့ကို ဆိုင်ရာပုဂ္ဂိုလ်နှင့် တွဲစပ်ဖော်ပြရသော် –
အရိယာပုဂ္ဂိုလ် ကိုယ်ပိုင်စိတ်
(၁) သောတာပတ္တိမဂ်ပုဂ္ဂိုလ် = သောတာပတ္တိမဂ်စိတ်
(၂) သကဒါဂါမိမဂ်ပုဂ္ဂိုလ် = သကဒါဂါမိမဂ်စိတ်
(၃) အနာဂါမိမဂ်ပုဂ္ဂိုလ် = အနာဂါမိမဂ်စိတ်
(၄) အရဟတ္တမဂ်ပုဂ္ဂိုလ် = အရဟတ္တမဂ်စိတ်
(၅) သောတာပတ္တိဖိုလ်ပုဂ္ဂိုလ် = သောတာပတ္တိဖိုလ်စိတ်
(၆) သကဒါဂါမိဖိုလ်ပုဂ္ဂိုလ် = သကဒါဂါမိဖိုလ်စိတ်
(၇) အနာဂါမ်ဖိုလ်ပုဂ္ဂိုလ် = အနာဂါမိဖိုလ်စိတ်
(၈) အရဟတ္တဖိုလ်ပုဂ္ဂိုလ် = အရဟတ္တဖိုလ်စိတ် (၁)ပါးနှင့် ကြိယာစိတ် (၁၈)ပါး

နိရောဓသမာပတ် ဝင်စားခါနီးမှ စောသည့်ဇောနှင့် စောသောအကြိမ် အရအတွက်ကို ဖော်ပြရသော် –
အနာဂါမ်ဖြစ်လျှင် – နေဝသညာ နာသညာယတနကုသိုလ်ဇော =၂ကြိမ်
ရဟန္တာဖြစ်လျှင် – နေဝသညာ နာသညာယတနကြိယာဇော = ၂ကြိမ် တို့ဖြစ်ပါသည်။

၁၉၉၃-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ ဝီထိစိတ်တို့၏ အာရုံဖြစ်သော ဝိသယပ္ပဝတ္တိများကို အဓိပ္ပာယ်များနှင့်တကွ ဖော်ပြ၍ ဝီထိစိတ်တိုင်း တဒါရုံ မဖြစ်ခြင်းအကြောင်းကိုလည်း ရှင်းလင်း ရေးသားခဲ့ပါ။
ဝီထိစိတ်တို့၏ အာရုံဖြစ်သော ဝိသယပ္ပဝတ္တိများကို အဓိပ္ပာယ်များနှင့်တကွ ဖော်ပြရသော် –
(၁) အတိမဟန္တာရုံ = အလွန်ထင်ရှားသော အာရုံ၊
= အာရုံ ထင်ပြီးသည်မှစ၍ ရေတွက်လျှင် အလွန်များသော စိတ္တက္ခဏအသက်ရှိသော အာရုံ၊
(၂) မဟန္တာရုံ = ထင်ရှားသောအာရုံ၊
= အာရုံထင်ပြီးသည်မှစ၍ ရေတွက်လျှင် များသော စိတ္တလက္ခဏ အသက်ရှိသော အာရုံ၊
(၃) ပရိတ္တာရုံ = မထင်ရှားသောအာရုံ၊
= အာရုံထင်ပြီးသည်မှစ၍ ရေတွက်လျှင် နည်းသော စိတ္တလက္ခဏ အသက်ရှိသော အာရုံ၊
(၄) အတိပရိတ္တာရုံ = အလွန် မထင်ရှားသောအာရုံ၊
= အာရုံထင်ပြီးသည်မှစ၍ ရေတွက်လျှင် အလွန်နည်းသော စိတ္တလက္ခဏအသက်ရှိသော အာရုံ။
(၅) ဝိဘူတာရုံ = မနောဒွါရ၌ ထင်ထင်ရှားရှား ထင်သောအာရုံ၊
(၆) အဝိဘူတာရုံ = မနောဒွါရ၌ မထင်မရှား ထင်သောအာရုံ၊

ဝီထိတိုင်း တဒါရုံ မဖြစ်ခြင်းအကြောင်းကို ဖော်ပြရသော် –
(၁) ကာမဇော၊
(၂) ကာမသတ္တဝါ၊
(၃) အတိမဟန္တ ဝိဘူတဖြစ်သော ကာမအာရုံ၊
ဤသုံးချက်ညီမှ တဒါရုံ ဖြစ်နိုင်ပါမည်၊ ဤသုံးချက် မညီလျှင် တဒါရုံ မဖြစ်နိုင်ပါ။ ထို့ကြောင့် ဝီထိတိုင်း တဒါရုံ မဖြစ်ရခြင်း ဖြစ်ပါသည်။

၂။ ယခုခေတ် အသက်ရာကျော်ရှည်သော ပုဂ္ဂိုလ်တို့၏ စိတ်နှင့်ရုပ်တို့သည် ထိုပုဂ္ဂိုလ်၏ အသက်နှင့်အမျှ ရှည်ပါသလော၊ ယင်းတို့၏ သက်တမ်းကို ဝီထိသဘောအရ ဖြေဆိုခဲ့ပါ။
အသက်ရာကျော်ရှည်သော ပုဂ္ဂိုလ်တို့၏ စိတ်နှင့်ရုပ်တို့သည် –
ထိုပဂ္ဂိုလ်တို့၏ အသက်နှင့်အမျှ မရှည်ပါ။

စိတ်နှင့် ရုပ်တို့၏ သက်တမ်းသည် လွန်စွာ တိုတောင်းလှရာ –
(၁) စိတ်၏သက်တမ်း = စိတ္တက္ခဏ ၁-ချက် (တစ်နည်း ) ခဏငယ် ၃-ချက်
(၂) ရုပ်၏သက်တမ်း
– (ဝိညတ်ဒွေးနှင့် လက္ခဏရုပ် ၄-ပါးကြဉ်) = စိတ္တက္ခဏ ၁၇ချက်
ရုပ် ၂၂-ပါး၏ သက်တမ်း (ခဏငယ် ၅၁ချက်)
– ဝိညတ်ဒွေး၏သက်တမ်း = စိတ္တက္ခဏ ၁ချက် (ခဏငယ် ၃ချက်)
– ဥပစယ၊ သန္တတိ၏သက်တမ်း (ဥပါဒ်) = (ခဏငယ် ၁ချက်)
– ဇရတာ၏သက်တမ်း (ဌီ) = (ခဏငယ် ၄၉ချက်)
– အနိစ္စတာ၏သက်တမ်း (ဘင်) = (ခဏငယ် ၁ချက်) အသီးသီး ဖြစ်ကြပါသည်။

၃။ စာဖြေရှင်သည် ဤမေးခွန်းလွှာကို မိမိလက်ဖြင့် ထိတွေ့လိုက်စဉ် စိတ်သန္တာ၌ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်ကို မမှားအောင် ရေးပြ၍၊ ဝီထိစိတ် မဖြစ်သော ပုဂ္ဂိုလ်ကိုလည်း ညွှန်ပြခဲ့ပါ။
စာဖြေရှင်သည် ဤမေးခွန်းလွှာကို မိမိလက်ဖြင့် ထိတွေ့လိုက်စဉ် စိတ်သန္တာန်၌ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်ကို မမှားအောင် ရေးပြရသော် –
ဣဋ္ဌ-ဖောဋ္ဌဗ္ဗာရုံဖြစ်၍ –
– ပဉ္စဒွါရာဝဇ္ဇန်း = ၁ကြိမ်
– အဟိတ်ကုသလဝိပါက် ကာယဝိညာဏ် = ၁ကြိမ်
– အဟိတ်ကုသလဝိပက် သမ္ပဋိစ္ဆိုင်း = ၁ကြိမ်
– အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ = ၁ကြိမ်
– ဝုဋ္ဌော = ၁ကြိမ်
– ကာမဇော
– (အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ – ၁+ မဟာဝိပါက် ဥပေက္ခာ – ၄) ၂-ကြိမ်
ပေါင်း ဥပေက္ခာတဒါရုံ ၅ပါးမှ တစ်ပါးပါး

(ကာမဇောတွင် ယောနိသော မနသိကာရဖြစ်လျှင် = ကုသိုလ်ဇော၊
အယောနိသော မနသိကာရဖြစ်လျှင် = အကုသိုလ်ဇော စောနိုင်ပါသည်။)
ဤဝီထိသည် တဒါရမ္မဏဝါရ ကာယဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။

ဝီထိစိတ်မဖြစ်သော ပုဂ္ဂိုလ်ကို ဖော်ပြရသော် –
(၁) အသညသတ်ဘုံ၌ရှိသော (နာမ်မရှိသည့်) သုဂတိအဟိတ်ပုဂ္ဂိုလ်
(၂) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်၍ ဘဝင်စိတ်ချည်းသာ ဖြစ်နေသော ပုဂ္ဂိုလ်၊
(၃) စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တို့ ချုပ်ငြိမ်းခြင်းသို့ ရောက်ရှိနေသော နိရောဓသမာပတ် ဝင်စားခိုက် ပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။

၎။ ရဟန္တာပုဂ္ဂိုလ်တို့သည် အဘယ်ကြောင့် ကုသိုလ်မရ၊ ငရဲမကြီးပါသနည်း။ အကြောင်းပြဖြေဆို၍၊ ယင်းပုဂ္ဂိုလ်တို့ ရရှိအပ်သော ဝီထိစိတ်တို့ကိုလည်း ရေတွက်ပြခဲ့ပါ။
ရဟန္တာပုဂ္ဂိုလ်တို့သည် အဘယ်ကြောင့် ကုသိုလ်မရ၊ ငရဲမကြီးရခြင်းအကြောင်းမှာ –
ရဟန္တာပုဂ္ဂိုလ်တို့သည် အဝိဇ္ဇာနှင့် တဏှာတည်းဟူသော ဝဋ်မြစ် ၂ပါးကို အမြစ်ပြတ် ပယ်သတ်ပြီး ဖြစ်သဖြင့် –
(က) အကုသိုလ် မပြုတော့ပါ။ ထို့ကြောင့် ငရဲမကြီးတော့ပါ။
(ခ) အနုသယမရှိတော့သဖြင့် လောကီကုသိုလ်လည်း မရတော့ပါ။
(ဂ) ပယ်ဖွယ်ကိလေသာတရားများ မရှိတော့သဖြင့် လောကုတ္တရာကုသိုလ်လည်း မရှိတော့ပါ။
ထို့ကြောင့် ၎င်းတို့ ရရှိသော စိတ်တို့တွင်လည်း အကုသိုလ်စိတ်နှင့် လောကီ၊ လောကုတ္တရာ ကုသိုလ်စိတ်များ မပါဝင်တော့ပါ။

ရဟန္တာပုဂ္ဂိုလ်တို့ ရရှိအပ်သော ဝီထိစိတ်တို့မှာ (ကာမဘုံသားဖြစ်အံ့)
အဟိတ်စိတ် = ၁၈ပါး
မဟာဝိပါက်စိတ် = ၈ပါး
မဟာကြိယာစိတ် = ၈ပါး
အရဟတ္တဖိုလ်စိတ် = ၁ပါး


ပေါင်း = ၃၅ပါး
(ဈာန်ရလျှင် ဆိုင်ရာ မဟဂ္ဂုတ် ကြိယာဈာန်စိတ် ၉ပါးကို ထည့်ပေါင်းလျှင် ၄၄ပါး ဖြစ်ပါသည်။)

၁၉၉၄-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ တရားတော်သံကို ရိုသေစွာ နာယူနေသူသန္တာ၌ဖြစ်သော ဝီထိစိတ်အစဉ်ကို သိသာရုံ ဖော်ပြ၍၊ ယင်းဝီထိစိတ်တို့၏ တာဝန် အသီးသီး ဆောင်ရွက်ပုံကိုလည်း အဘိဓမ္မာအမြင်ဖြင့် ရှင်းပြပါ။
တရားတော်သံကို ရိုသေစွာ နာယူနေသူသန္တာ၌ဖြစ်သော ဝီထိစိတ်အစဉ်ကို သိသာရုံ ဖော်ပြရသော် –
အတိဣဋ္ဌ-သဒ္ဒါရုံဖြစ်၍ –
– ပဉ္စဒွါရာဝဇ္ဇန်း = ၁ကြိမ်
– အဟိတ်ကုသလဝိပါက် ကာယဝိညာဏ် = ၁ကြိမ်
– အဟိတ်ကုသလဝိပက် သမ္ပဋိစ္ဆိုင်း = ၁ကြိမ်
– အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ = ၁ကြိမ်
– ဝုဋ္ဌော = ၁ကြိမ်
– ကာမဇော (မဟာကုသိုလ်ဇော(သို့) မဟာကြိယာဇော) = ၇ကြိမ်
– (အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ – ၁+ မဟာဝိပါက် သောမနဿ – ၄) ၂-ကြိမ်
– ပေါင်း သောမနဿ တဒါရုံ ၅ပါးမှ တစ်ပါးပါး – ၂-ကြိမ်
(ယောနိသော မနသိကာရဖြစ်ပြီးဖြစ်၍ ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်ဖြစ်လျှင် မဟာကုသိုလ်ဇော၊ အသေက္ခပုဂ္ဂိုလ်ဖြစ်လျှင် – မဟာကြိဇော)
ဤဝီထိသည် မနသိကာရဖြစ်ပြီးဖြစ်၍ ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်ဖြစ်လျှင် – မဟာကုသိုလ်ဇော၊ အသေက္ခပုဂ္ဂိုလ်ဖြစ်လျှင် – မဟာကြိယာဇော)
ဤဝီထိသည် တဒါရမ္မဏဝါရ သောတဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။

ယင်းဝီထိစိတ်တို့၏ တာဝန်အသီးသီး ဆောင်ရွက်ပုံကို အဘိဓမ္မာအမြင်ဖြင့် ရှင်းပြရသော် –
ပဉ္စဒွါရာဝဇ္ဇန်း = သောတဒွါရာ၌ ထင်လာသော သဒ္ဒါရုံကို ဆင်ခြင်ခြင်း၊
သောတဝိညာဏ် = ပဉ္စဒွါရာဝဇ္ဇန်း ဆင်ခြင်အပ်ပြီးသော သဒ္ဒါရုံကို ကြားသိခြင်း။
သမ္ပဋိစ္ဆိုင်း = သောတဝိညာဏ် ယူအပ်ပြီးသော သဒ္ဒါရုံကို လက်ခံခြင်း။
သန္တီရဏ = သမ္ပဋိစ္ဆိုင်း ခံယူအပ်ပြီးသော သဒ္ဒါရုံကို စုံစမ်းခြင်း။
ဝုဋ္ဌော = သန္တီရဏ စုံစမ်းအပ်ပြီးသော သဒ္ဒါရုံကို မှတ်သား ဆုံးဖြတ်ခြင်း။
ကာမဇော = သဒ္ဒါရုံ၏ အရသာကို အဟုန်ပြင်းစွာ ခံစားခြင်း။
တဒါရုံ = ဇောခံစားပြီးသော အာရုံကို ထပ်မံ ခံစားခြင်း။

၂။ ကြိုတင်ပြင်ဆင်မှု (ပရိကံ) ရှိမှ ရည်မှန်းချက်ပန်းတိုင်သို့ အလွယ်တကူ ရောက်နိုင်ကြရာ ပရိကံအရကို အရှင်အနုဒ္ဓါ အလိုကျ ဖော်ပြ၍၊ ပရိကံသည် ဥပေက္ခာကုသိုလ် ဖြစ်ခဲ့သော် ယင်း၏ နောက်၌ ဖြစ်ပေါ်လာနိုင်သော ဈန်၊ မဂ် ၊ ဖိုလ်တို့ကိုလည်း ရေတွက်ပြပါ။
ကြိုတင်ပြင်ဆင်မှု (ပရိကံ) ရှိမှ ရည်မှန်းချက်ပန်းတိုင်သို့ အလွယ်တကူ ရောက်နိုင်ကြရာ ပရိကံအရကို အရှင်အနုဒ္ဓါ အလိုကျ ဖော်ပြရသော် –
ဈာနဝီထိ၊ အဘိညာဉ်ဝီထိများ၌ = မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄ပါး (သို့)
မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ၄ပါး
မဂ္ဂဝီထိ၌ = မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄ပါး ဖြစ်ပါသည်။

ပရိကံသည် ဥပေက္ခာကုသိုလ် ဖြစ်ခဲ့သော် ယင်း၏နောက်၌ ဖြစ်ပေါ်လာနိုင်သော ဈာန်၊ မဂ်၊ ဖိုလ်တို့ကိုလည်း ရေတွက်ပြရသော် –
မဟဂ္ဂုတ်ကုသိုလ်ဈာန် (ဥပေက္ခာ) = ၅ပါး
မဂ် (ဥပေက္ခာ) = ၄ပါး
အောက်ဖိုလ် (ဥပေက္ခာ) = ၃ပါး

၃။ စက်ဆုပ်ဖွယ် မစင်ကို တွေ့မြင်ရသော ခွေးကလေး၏ သန္တာ၌ဖြစ်သော ဝီထိစိတ်၊ ဝီထိမုတ်စိတ်တို့ကို တိကျစွာ ညွှန်ပြ၍၊ ယင်းခွေးကလေး သေခါနီး၌ ဇောစိတ် အကြိမ်မည်မျှ ဖြစ်သည်ကိုလည်း အကြောင်းပြဖြေဆိုပါ။
စက်ဆုပ်ဖွယ် မစင်ကို တွေ့မြင်ရသော ခွေးကလေး၏ သန္တာ၌ဖြစ်သော ဝီထိစိတ်၊ ဝီထိမုတ်စိတ်တို့ကို တိကျစွာ ညွှန်ပြရသော်-
အနိဋ္ဌ-ရူပါရုံဖြစ်၍ –
– ပဉ္စဒွါရာဝဇ္ဇန်း = ၁ကြိမ်
– အဟိတ်ကုသလဝိပါက် ကာယဝိညာဏ် = ၁ကြိမ်
– အဟိတ်ကုသလဝိပက် သမ္ပဋိစ္ဆိုင်း = ၁ကြိမ်
– အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ = ၁ကြိမ်
– ဝုဋ္ဌော = ၁ကြိမ်
– ကာမဇော (အကုသိုလ် လောဘဇော) = ၇ကြိမ်
– (အကုသလဝိပါက် ဥပေက္ခာသန္တီရဏ) ဥပေက္ခာတဒါရုံ = ၂ကြိမ်

ဝီထိမုတ်စိတ်တို့မှာ –
– အတီတဘွင်
– ဘဝင်္ဂစလန
– ထို့နောင်တွင်အများ တည်းဟူသော
(အကုသလဝိပါက် ဥပေက္ခာသန္တီဏစိတ် ၁ပါး) ဖြစ်ပါသည်။

ယင်းခွေးကလေး သေခါနီး၌ မရဏသန္နဇောစိတ် ၅ကြိမ် ဖြစ်ပါသည်။
အကြောင်းပြ ဖြေဆိုရသော် –
သေခါနီးအခါတွင် စိတ်တို့၏ မှီရာဝတ္ထုရုပ်က အလွန်အားနည်းလှသောကြောင့် မှီသော ဇောစိတ်တို့သည်လည်း အားနည်းကုန်၏။ သို့ဖြစ်၍ သေခါနီး၌ မရဏာသန္နဇော စိတ်တို့သည် ၇ကြိမ်တိုင်အောင် မဖြစ်နိုင်ဘဲ ၅ကြိမ်သာ ဖြစ်ရခြင်း ဖြစ်ပါသည်။

၎။ ရူပဗြဟ္မာဘုံ၌ ဖြစ်ခွင့်ရှိသော ဝီထိစိတ်သရုပ်ကို ဖော်ထုတ်ပြ၍ အရိယာပုဂ္ဂိုလ်များ မဖြစ်ရာ ဘုံဌာနကိုလည်း ရေးပါ။
ရူပဗြဟ္မာဘုံ၌ ဖြစ်ခွင့်ရှိသော ဝီထိစိတ်သရုပ်ကို ဖော်ထုတ်ပြရသော် –
ဒေါသမူးကြဉ်သော အကုသိုလ်စိတ် = ၁၀ပါး
ဃာနာဒိ (၆)ကြဉ်သော အဟိတ်စိတ် = ၁၂ပါး
မဟာကုသိုလ်စိတ် = ၈ပါး
မဟာကြိယာစိတ် = ၈ပါး
မဟဂ္ဂုတ်ကုသိုလ်စိတ် = ၉ပါး
မဟဂ္ဂုတ်ကြိယာစိတ် = ၉ပါး
လောကုတ္တရာစိတ်အကျဉ်း = ၈ပါး
ပေါင်း ရူပဗြဟ္မာဘုံ၌ ဖြစ်ခွင့်ရှိသော ဝီထိစိတ် = ၆၄ပါး


အရိယာပုဂ္ဂိုလ်များ မဖြစ်ရာဘုံဌာနမှာ –
အပါယ် ၄ဘုံနှင့် အသညသတ်ဘုံတို့ ဖြစ်ကြပါသည်။

၁၉၉၅-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ တေးသီချင်း နားထောင်သူ၏ သန္တာန်ဝယ် ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်ကို သိသာရုံမျှ ဖော်ပြ၍၊ ယင်းတေး သီချင်းသံ၏ (က) ပရမတ်အမည် (ခ) သက်တမ်းတို့ကို ရေးသားပြပါ။
တေးသီချင်း နားထောင်သူ၏ သန္တာန်ဝယ် ဖြစ်ပေါ်လာသော ဝီိထိစိတ်အစဉ်ကို သိသာရုံမျှ ဖော်ပြရသော် –
ဣဋ္ဌ-သဒ္ဒါရုံဖြစ်၍ –
– ပဉ္စဒွါရာဝဇ္ဇန်း = ၁ကြိမ်
– အဟိတ်ကုသလဝိပါက် သောတဝိညာဏ် = ၁ကြိမ်
– အဟိတ်ကုသလဝိပက် သမ္ပဋိစ္ဆိုင်း = ၁ကြိမ်
– အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ = ၁ကြိမ်
– ဝုဋ္ဌော = ၁ကြိမ်
– ကာမဇော = ၇ကြိမ်
– (အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ – ၁+ မဟာဝိပါက် ဥပေက္ခာ-၄) = ၂ကြိမ်
ပေါင်း ဥပေက္ခာတဒါရုံ ၅-ပါးမှ တစ်ပါးပါး
(ကာမဇောတွင် ယောနိသော မနသိကာရဖြစ်လျှင် – ကုသိုလ်ဇော၊ အယောနိသော မနသိကာရဖြစ်လျှင် – အကုသိုလ်ဇော)
ဤဝီထိသည် တဒါရမ္မဏဝါရ သောတဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။

ယင်းတေးသီချင်းသံ၏
(က) ပရမတ်အမည် = သဒ္ဒါရုံရုပ်
(ခ) သက်တမ်း = စိတ္တက္ခဏ ၁၇ချက် (ခဏငယ် ၅၁ချက်)

၂။ မဂ်ပေါက် ဖိုလ်ဝင် ဟူသော စကား မှန်ကုန်ပုံကို ရှင်းပြ၍၊ နိရောဓသမာပတ် ဝင်စားသူနှင့် သေသူ ကွာခြားပုံကိုလည်း ရှင်းပြပါ။
မဂ်ပေါက် ဖိုလ်ဝင် ဟူသော စကား မှန်ကန်ပုံကို ရှင်းပြရသော် –
မဂ္ဂဝီထိများ၌ မဂ်ဇောတစ်ကြိမ် ဖြစ်ပြီးလျှင် (မန္ဒပုဂ္ဂိုလ်၌) ဖိုလ်ဇော ၂ကြိမ်၊ (တိက္ခုပုဂ္ဂိုလ်၌) ဖိုလ်ဇော ၃ကြိမ် ဆက်တိုက်ဖြစ် သော်ကြောင့် မဂ်ပေါက် ဖိုလ်ဝင် ဟူသော စကား မှန်ကုန်ပါသည်။

နိရောဓသမာပတ် ဝင်စားသူနှင့် သေသူကွာခြားပုံကို ရှင်းပြရသော် –
နိရောဓသမာပတ်ဝင်စားသူ သေသူ (သံသေဒဇ + ဂဗ္ဘသေယျက)
(၁) စိတ်၊ စေတသိက်၊ စိတ္တဇရုပ်များ ချုပ်နေပါသည်။
(၂) ကမ္မဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်များ ဖြစ်နေပါသည်။ (၁) စိတ်၊ စေတသိက်၊ ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ အာဟာရဇရုပ် များ ချုပ်နေပါသည်။
(၂) ဥတုဇရုပ်သာ ဖြစ်နေပါသည်။
(ဥပပါတ်ပုဂ္ဂိုလ်ဖြစ်လျှင် – ဥတုဇရုပ်များလည်း မျက်စေ့တစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်း ချုပ်ငြိမ်းစေပါမည်။)

ဤသို့ နိရောဓသမာပတ် ဝင်စားသူနှင့် သေသူ ကွာခြားပါသည်။

၃။ လူတန်းစား ညီမျှရေးသည် တရားသဘောအရ အရာရာ မဖြစ်နိုင်ကြောင်းကို မွေးရာပါဆွံ့၊ အသူနှင့် တိဟိတ်ပဋိသန္ဓေနေ ပကတိလူကောင်းတို့ကို ပမာထား၍ ပုဂ္ဂလဘေဒအတိုင်း ရှင်းပြပြီးလျှင်၊ မဂ္ဂဌာန်ပုဂ္ဂိုလ်တို့ကို ယင်းတို့ ပိုင်ဆိုင်ရာ စိတ်အသီးသီးနှင့် တွဲလျက် ဖော်ပြပါ။
လူတန်းစား ညီမျှရေးသည် တရားသဘောအရ အရာရာ မဖြစ်နိုင်ကြောင်းကို ပုဂ္ဂလဘေဒ ရှုထောင့်မှ ရှင်းပြရသော် –
မွေးရာပါ ဆွံ့၊ အသူသည် – အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်နှင့် ပဋိသန္ဓေနေသူ ဖြစ်သဖြင့် ယခုဘဝတွင် မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ဈာန်၊ မဂ်၊ ဖိုလ်တို့ မရနိုင်ပါ။
(ပဋိသန္ဓေစိတ်သည် အမောဟတည်းဟူသော ဉာဏ်ကင်း သောကြောင့်တည်း။)
ထို့ကြောင့် ပဝတ္တိအခါ၌ ၎င်း၏စိတ်ရမှာ –
အကုသိုလ်စိတ် = ၁၂ပါး
ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် = ၁၇ပါး
အဟာကုသိုလ်စိတ် = ၈ပါး
မဟာဝိပါက် – ဉာဏဝိပ္ပယုတ်စိတ် = ၄ပါး


ပေါင်း = ၄၁ပါး ဖြစ်ပါသည်။

တိဟိတ်လူကောင်းသည် – မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄ပါးမှ တစ်ပါးပါးနှင့် ပဋိသန္ဓေ နေသူဖြစ်သဖြင့် (အမောဟ = ဉာဏ်ယှဉ်သောကြောင့်) ပဝတ္တိအခါ၌ ကြိုးစား အားထုတ်လျှင် ဈာန်၊ မဂ်၊ ဖိုလ်တို့ ရနိုင်ပါသည်။
ထို့ကြောင့် ပဝတ္တိအခါ၌ ၎င်း၏စိတ်ရမှာ –
အကုသိုလ်စိတ် = ၁၂ပါး
ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် = ၁၇ပါး
မဟာကုသိုလ်စိတ် = ၈ပါး
မဟာဝိပါက်စိတ် = ၈ပါး


ပေါင်း = ၄၅ပါး အပြင်
ဆိုင်ရာ ဈာန်၊ မဂ်၊ ဖိုလ်စိတ်များ ရရှိနိုင်ပါသည်။

မဂ္ဂဌာန်ပုဂ္ဂိုတို့၏ ပိုင်ဆိုင်ရာ စိတ်အသီးသီးနှင့် ယှဉ်တွဲဖော်ပြရသော် –
မဂ်ပုဂ္ဂိုလ် ၊ ကိုယ်ပိုင်စိတ်
(၁) သောတာပတ္တိမဂ်ပုဂ္ဂိုလ် ၊ သောတာပတ္တိမဂ်စိတ်
(၂) သကဒါဂါမိမဂ်ပုဂ္ဂိုလ် ၊ သကဒါဂါမိမဂ်စိတ်
(၃) အနာဂါမိမဂ်ပုဂ္ဂိုလ် ၊ အနာဂါမိမဂ်စိတ်
(၄) အရဟတ္တမဂ်ပုဂ္ဂိုလ် ၊ အရဟတ္တမဂ်စိတ်

၁၉၉၆-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ ချစ်ခြင်းအစ မျက်စိက ဟူသော စကားနှင့် အချစ်မှာ မျက်စိမရှိဟူသော စကားနှစ်ရပ်လုံးတို့၏ ဆန့်ကျင်မှု မရှိပုံကို သင်္ဂဟသဘောသွားနှင့် ရှင်းလင်းဖြေဆိုပါ။
ချစ်ခြင်းအစ မျက်စိက ဟူသော စကားနှင့် အချစ်မှာ မျက်စိမရှိဟူသော စကားနှစ်ရပ်လုံးတို့၏ ဆန့်ကျင်မှု မရှိပုံကို သင်္ဂဟသဘောသွားနှင့် ရှင်းလင်းဖြေဆိုရသော် –
(၁) အဆင်း (ရူပါရုံ) နှင့် မျက်စိ (စက္ခုပသာဒ) တိုက်ဆိုင်သောအခါ
စက္ခုဒွါရ (အတိမဟန္တာရုံ) ဝီထိဖြစ်၏။ ဝီထိအစဉ်မှာ – အတီတဘွင်၊ ဘဝင်္ဂုစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခု ဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ကာမဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ်ဖြစ်၏။
ထိုစက္ခုဒွါရဝီထိတွင် ကာမဇော၌ ချစ်ခြင်းဆိုသော လောဘဇော ဖြစ်နိုင်၏။ သို့ဖြစ်၍ ချစ်ခြင်းဆိုသော လောဘဇောသည် အဆင်း(ရူပါရုံ)နှင့် မျက်စိ (စက္ခုပသာဒ)တို့ တိုက်ဆိုင်သောကြောင့် ဖြစ်လာပါသည်။ ထို့ကြောင့် ချစ်ခြင်း အစ မျက်စိက ဟူသော စကား မှန်ကန်ပါသည်။
(၂) ထိုအချစ်ဆိုတာ လောဘဇော(စိတ်)သည် နှလုံးသား (ဟဒယဝတ္ထုရုပ်) ၌သာ မှီ၍ ဖြစ်ပြီး၊ မျက်စိ (စက္ခုပသာဒရုပ် တွင်) မမှီသောကြောင့် အချစ်မှာ မျက်စိမရှိ ဟူသော စကား မှန်ကန်ပါသည်။
သို့ဖြစ်ပါ၍ ချစ်ခြင်းအစ မျက်စိက ဟူသော စကားနှင့် အချစ်မှာ မျက်စိမရှိဟူသော စကားနှစ်ရပ်တို့သည် မှန်ကန်ပါသည်။ ဆန့်ကျင်မှု မရှိပါ။

၂။ ဝမ်းမြောက်မှု (သောမနဿ)ဖြင့် အမိဝမ်းတွင်း ကိန်းအောင်း (ပဋိသန္ဓေနေ) ခဲ့သူ၏ အဆုံးစွန်သော ဒေါသ၏ အခြားမဲ့၌ (က) ဖြစ်သင့်သောစိတ်၊ (ခ) ထိုစိတ်၏ အခြားနာမည်တစ်မျိုး (ဂ) ဖြစ်ရာအခါ၊ (ဃ) အာရုံတို့ကို မှန်ကန်စွာ ဖြေဆိုပါ။
ဝမ်းမြောက်မှု (သောမနဿ)ဖြင့် အမိဝမ်းတွင်း ကိန်းအောင်း (ပဋိသန္ဓေနေ)ခဲ့သူ၏ အဆုံးစွန်သော ဒေါသ၏ အခြားမဲ့၌ –
(က) ဖြစ်သင့်သောစိတ် = ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်၊
(ခ) ထိုစိတ်၏ အခြားနာမည်တစ်မျိုး = အာဂန္တုကဘဝင်စိတ်၊
(ဂ) ဖြစ်ရာအခါ = တဒါရုံလည်း ဖြစ်ခွင့်မရ၊ ဘဝင်လည်း မကျသာဘဲ အခက်အခဲကြုံရာအခါ၊
(ဃ) အာရုံ = ရှေးက အလေ့အလာများသော ကာမအာရုံ တစ်ပါးပါး၊

၃။ သဗ္ဗညုတ ရွှေဉာဏ်တော်ရှင်၏ (က) ရေမီးအစုံ တန်ခိုးပြတ်တော်မူရာအခါ၊ (ခ) နိရောဓသမာပတ် ဝင်စားတော်မူရာအခါ၊ (ဂ) နိရောဓသမာပတ်မှ ထတော်မူရာအခါတို့၌ ဖြစ်သင့်သော ဇော စိတ်တို့၏ အမည်များကို ဖြစ်ခွင့်ရှိသော အကြိမ်နှင့်တကွ တွဲစပ် ဖြေဆိုပြပါ။
သဗ္ဗညုတ ရွှေဉာဏ်တော်ရှင်၏ –
(က) ရေမီးအစုံ တန်ခိုးပြတော်မူရာအခါ – ကာမကိဟိတ်ကြိယာဇော ၄-ကြိမ်၊
(ခ) နိရောဓ သမာပတ် ဝင်စားတော်မူရာအခါ – မည်သည့်ဇောစိတ်မျှ မဖြစ်၊
(ဂ) နိရောဓသမာပတ်မှ ထတော်မူရာအခါ – အရဟတ္တဖိုလ်ဇော ၁ကြိမ် ဖြစ်ပါသည်။

၁၉၉၇-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရှု တိုက်ဆိုင်မိကြရာဝယ် (က) မည်သည့်အခါ၌ ထင်ခြင်းသို့ ရောက်ပါသနည်း။ (ခ) မည်မျှ အသက်ရှည်ပါသနည်း။ (ဂ) မည်သည့်အခါ ချုပ်ပါသနည်း။ သင်္ဂဟနှင့်အညီ ဖြေဆိုပါ။
ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရှု တိုက်ဆိုင်မိသော် (အတိမဟန္တာရုံဝီထိဖြစ်လျှင်)
(က) အတီတဘွင်တစ်ချက်အလွန်ဖြစ်သော ဘဝင်္ဂစလန၏ ဥပါဒ်၌ ထင်ခြင်းသို့ ရောက်ပါသည်။
(ခ) ထင်ခြင်း ရောက်သည်မှစ၍ ရေတွက်သည်ရှိသော် – စိတ္တလက္ခဏ ၁၆ချက် အသက် ရှည်ပါသည်။
(ဂ) ဒုတိယတဒါရုံ၏ ဘင်နှင့်ပြိုင်၍ ချုပ်ပါသည်။

၂။ ဓမ္မကထိကဆရာတော်၏ တရားသံကို ကြားနာနေသော ဗုဒ္ဓဘာသာတစ်ဦးသန္တာန်၌ ဖြစ်ပေါ်လာသော စိတ်တို့၏ ဖြစ်စဉ်ကို ဖော်ပြပါ။
ဓမ္မကထိကဆရာတော်၏ တရားသံကို ကြားနာနေသော ဗုဒ္ဓဘာသာတစ်ဦးသန္တာန်၌ ဖြစ်ပေါ်လာသော စိတ်တို့၏ ဖြစ်စဉ်ကို ဖော်ပြရသော် –
အတိဣဌ သဒ္ဒါရုံဖြစ်၍
– အတီတဘွင် – ၁ကြိမ်
– ဘဝင်္ဂစလန – ၁ကြိမ်
– ဘဝင်္ဂုပစ္ဆေဒ – ၁ကြိမ်
– ပဉ္စဒွါရာဝဇ္ဇန်း – ၁ကြိမ်
– အဟိတ်ကုသလဝိပါက် သောတဝိညာဏ် – ၁ကြိမ်
– အဟိတ်ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း – ၁ကြိမ်
– အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ – ၁ကြိမ်
– ဝုဋ္ဌော – ၁ကြိမ်
– ကာမဇော (ယောနိသော မနသိကာရဖြစ်၍) မဟာကုသိုလ်ဇော – ၇ကြိမ်
– (အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ – ၁ + မဟာဝိပါက် သောမနဿ – ၄) = ၂ကြိမ်
– ထို့နောင် ဘွင်အများ၊
ဤဝီထိသည် တဒါရမ္မဏဝါရ သောတဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။

၃။ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ အမည်ရသော စိတ်တို့ကို ဖော်ပြပြီး၊ သောမနဿဖြင့် ပဋိသန္ဓေနေခဲ့သော ပုဂ္ဂိုလ်၏ ဒေါသဇောနောင် (က) ဖြစ်သင့်သောစိတ် (ခ) ထိုစိတ်၏ အမည် (ဂ) ထိုစိတ်၏ အာရုံတို့ကိုလည်း ဖြေဆိုပါ။
ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ အမည်ရသော စိတ်တို့ကို ဖော်ပြရသော် – မဟာကုသိုလ်-ကြိယာဉာဏသမ္ပယုတ်စိတ် ၈-ပါး တို့ဖြစ်ပါသည်။
သောမနဿဖြင့် ပဋိသန္ဓေနေခဲ့သော ပုဂ္ဂိုလ်၏ ဒေါသဇောနောင် – (က) ဖြစ်သင့်သောစိတ် = ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ၂-ပါး
(ခ) ထိုစိတ်၏ အမည် = အာဂန္တုကဘဝင်စိတ်
(ဂ) ထိုစိတ်၏ အာရုံ = ရှေးက အလေ့အလာများသော ကာမအာရုံ တစ်ပါးပါးတို့ဖြစ်ပါသည်။

၎။ တဒါရုံကျနိုင်သော အင်္ဂါရပ်တို့ကို တင်ပြပြီး ဘုရားရှင်၏ ယမက ပြာဋိဟာကို ပြရာအခါ၌ အဘယ်ဇောများ အကြိမ်မည်မျှ စောကြသည်ကိုလည်းရေးသားပြပါ။
တဒါရုံကျနိုင်သော အင်္ဂါရပ်တို့မှာ –
(က) ကာမဇော
(ခ) ကာမသတ္တဝါ
(ဂ) အတိမဟန္တ ဝိဘူတဖြစ်သော ကာမအာရုံတို့ ဖြစ်ပါသည်။
ဘုရားရှင်၏ ယမကပြာဋိဟာကို ပြရာအခါ၌ – (ပစ္စဝေက္ခဏာဇောဖြစ်သော) ထိဟိတ် ကာမကြိယာဇောများ ၄-ကြိမ် စောကြပါသည်။

၁၉၉၈-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ အလွန်ကြီးမားသည့် အာရုံ၌ ဝီထိစိတ်တ္တုပ္ပါဒ်တို့ကို ရေတွက်ပြ၍ ထက်မြက် လျင်မြန် အသိဉာဏ်ပညာရှိသော ပုဂ္ဂိုလ်၏ အစဆုံး ရအပ်သော ဈာနဝီထိ ဖြစ်ပုံကိုလည်း တင်ဆက်ပြပါ။
အလွန်ကြီးမားသည့် အာရုံ၌ ဝီထိစိတ်တ္တုပ္ပါဒ်တို့ကို ရေတွက်ပြရသော်-
ပဉ္စဒွါရာဝဇ္ဇန်း = ၁-ကြိမ်
ပဉ္စဝိညာဏ် = ၁-ကြိမ်
သမ္ပဋိစ္ဆိုင်း = ၁-ကြိမ်
သန္တီရဏ = ၁-ကြိမ်
ဝုဋ္ဌော = ၁-ကြိမ်
ကာမဇော = ၇-ကြိမ်
တဒါရုံ = ၂-ကြိမ်


ပေါင်း = ၁၄-ကြိမ်

ထက်မြက် လျင်မြန် အသိဉာဏ်ပညာရှိသော ပုဂ္ဂိုလ် (တိက္ခပုဂ္ဂိုလ်)၏ အစဆုံးရအပ်သော ဈာနဝီထိဖြစ်ပုံကို ဖော်ပြရသော် –
(၁) ဘဝင်္ဂစလန
(၂) ဘဝဂုၤပေစၧဒ
(၃) မနောဒွါရာဝဇ္ဇန်း
(၄) ဥပစာ
(၅) အနုလုံ
(၆) ဂေါတြဘူ
(၇) အာဒိကမ္မိကဈာန်ဇော ၁-ကြိမ်
(၈) ထို့နောင် တိဟိတ်ဘွင်အများ တို့ ဖြစ်ပါသည်။

၂။ ကိုးကွယ်ရာသခင် ဘုရားရှင်ကို ဖူးမြင်သောအခါ ဖြစ်နိုင်သော တဒါရုံစိတ်တို့ကို ဖော်ပြ၍၊ အစဆုံးကမ္မဋ္ဌာန်း အားထုတ်ရမှုရှိသော ယောဂီပုဂ္ဂိုလ်၏ ရှေးဦးစွာသော အပ္ပနာ၌ စောနိုင်သောဇောတို့ကို အကြိမ်နှင့်တကွ ဖော်ပြပါ။
ကိုးကွယ်ရာသခင် ဘုရားရှင်ကို ဖူးမြင်သောအခါ ဖြစ်နိုင်သော တဒါရုံစိတ်တို့ကို ဖော်ပြရသော် –
အတိဣဋ္ဌ-ရူပါရုံဖြစ်၍ –
အဟိတ်ကုသလဝိပါက် သောမနဿ သန္တီရဏ = ၁ပါး
မဟာဝိပါက် သောမနဿစိတ် = ၄ပါး


ပေါင်း သောမနဿ တဒါရုံစိတ် = ၅ပါး

အစဆုံးကမ္မဋ္ဌာန်း အားထုတ်မှုရှိသော ယောဂီပုဂ္ဂိုလ်၏ ရှေးဦးစွာသော အပ္ပနာ၌ စောနိုင်သော ဇောတို့ကို အကြိမ်နှင့်တကွ ဖော်ပြရသော် –
သမထကမ္မဋ္ဌာန်းဖြစ်မှု – အာဒိကမ္မိကဈာန်ဇော = ၁-ကြိမ်
ဝိပဿနာကမ္မဋ္ဌာန်းဖြစ်မှု – သောတပတ္တိမဂ်ဇော = ၁-ကြိမ် နှင့် သောတာပတ္တိဖိုလ်ဇော = ၂/၃ ကြိမ် တို့ဖြစ်ပါသည်။

၃။ လူချင်းတူသော်လည်း အသက်ရှုခြင်း ကွာသည်ဟု ပြောဆိုကြရာ ထိုစကား မှန်ကုန်ပုံကို ဒွိဟိတ်၊ တိဟိတ်ပုဂ္ဂိုလ်တို့ ကို ပမာပြုကာ ပုဂ္ဂလဘေဒ လာသည့်အတိုင်း ရှင်းပြ၍ ရူပဗြဟ္မာကြီးများ စိတ်ဆိုးမှု ရှိ-မရှိကိုလည်း ရှင်းပြပါ။
လူချင်းတူသော်လည်း အသက်ရှုခြင်း ကွာသည်ဟု ပြောဆိုကြရာ ထိုစကား မှန်ကုန်ပုံကို ဒွိဟိတ်၊ တိဟိတ်ပုဂ္ဂိုလ်တို့ ကို ပမာပြုကာ ပုဂ္ဂလဘေဒ လာသည့်အတိုင်း ရှင်းပြရသော် –
ဒွိဟိတ်ပုဂ္ဂိုလ်၏စိတ်ရမှာ –
အကုသိုလ်စိတ် = ၁၂ပါး
ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ် = ၁၇ပါး
မဟာကုသိုလ်စိတ် = ၈ပါး
မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် = ၄ပါး


ပေါင်း = ၄၁ပါး
(၎င်းဒွိဟိတ်ပုဂ္ဂိုလ်သည် ပဋိသန္ဓေစိတ်ထဲက အမောဟဟိတ် မယှဉ်ခြင်းကြောင့် ယခုဘဝ မည်မျှပင် အားထုတ်စေကာမူ ဈာန်၊ မဂ်၊ ဖိုလ် မရနိုင်ပါ။)

တိဟိတ်ပုဂ္ဂိုလ်၏စိတ်ရမှာ –
အကုသိုလ်စိတ် = ၁၂ပါး
ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ် = ၁၇ပါး
မဟာကုသိုလ်စိတ် = ၈ပါး
မဟာဝိပါက်စိတ် = ၈ပါး


ပေါင်း = ၄၅ပါး
တိဟိတ်ပုဂ္ဂိုလ်သည် ဆက်လက် ကျင့်ကြံအားထုတ်ပါက ဈာန်၊ မဂ်၊ ဖိုလ်ဇောတို့ ရနိုင်ပါသည်။
(အဘယ်ကြောင့်ဆိုသော် – တိဟိတ်ပုဂ္ဂိုလ်တို့သည် ပဋိသန္ဓေတည်စကပင် အမောဟ ဟိတ်ယှဉ်သည့် တိဟိတ်ပဋိသန္ဓေ စိတ်ဖြင့် နေခဲ့သောကြောင့် ဈာန်၊ မဂ်၊ ဖိုလ် ဟူသော အပ္ပနာဇောတို့ကို ရရှိနိုင်ခြင်း ဖြစ်ပါသည်။)

ရူပဗြဟ္မာကြီးများသည် စိတ်ဆိုးခြင်း မရှိပါ။
အကြောင်းပြရသော် –
ရူပဘုံ၌ ရနိုင်သမျှစိတ်တို့မှာ –
ဒေါသမူဒွေးကြဉ်သော အကုသိုလ်စိတ် = ၁၀ပါး
ဃာနာဒိ ၆ပါးကြဉ်သော အဟိတ်စိတ် = ၁၂ပါး
မဟာကုသိုလ်၊ ကြိယာစိတ် = ၁၆ပါး
မဟဂ္ဂုတ်ကုသိုလ်၊ ကြိယာစိတ် = ၁၈ပါး
လောကုတ္တရာစိတ် = ၈ပါး
ရူပဝိပါက်စိတ် = ၅ပါး


ပေါင်း ၆၉ပါး တို့ဖြစ်ပါသည်။
ထို ၆၉ပါးသော စိတ်တို့တွင် ဒေါသမူဒွေး မပါသဖြင့် ရူပဗြဟ္မာကြီးများသည် စိတ်ဆိုးခြင်း မရှိသည်ဟု ထင်ရှားပါသည်။

၁၉၉၉-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ ဝီထိအဓိပ္ပယ်ကို ရေး၍၊ ထင်ထင်ရှားရှား ဖြစ်ပေါ်လာသော အာရုံ (ဝိဘူတာရုံ)ဝယ် ပါဝင်သော ဝီထိစိတ်တို့ကိုလည်း ရေးသာပြပါ။
ဝီထိဟူသည် – အာရုံနှင့်ဒွါရ တိုက်ဆိုင်မှုကြောင့် ထိုထိုဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်စသော အစဉ်အားဖြင့် စိတ်တို့၏ ဖြစ်ခြင်းပင်တည်း။
တစ်နည်း ၁၉၉၀-ခုနှစ် နံပါတ် ၁ အဖြေကို ကြည့်ပါ။
ဝိဘူတာရုံ ဝီထိဝယ် ပါဝင်သောဝီထိစိတ်များမှာ –
(၁) မနောဒွါရာဝဇ္ဇန်း
(၂) ကာမဇော
(၃) တဒါရုံတို့ ဖြစ်ပါသည်။

၂။ ကောင်းသောအာရုံကို တွေ့မြင်အခါ၌ဖြစ်သော စိတ်တို့ကို ဖော်ပြ၍၊ တဒါရုံကျခွင့်ရှိသော ဝီထိစိတ်တို့ကိုလည်း ဖော်ပြပါ။
ကောင်းသော အာရုံကို တွေ့မြင်ရာအခါ၌ဖြစ်သော ဝီထိစိတ်များ –
(၁) အလိုရှိသော ထမင်း၊ အိပ်ရာနေရာ စသော ဣဋ္ဌမဇ္ဈတ္တာရုံဖြစ်လျှင် …
ကုသလဝိပါက်ဖြစ်သော စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သောမနဿသဟဂုတ်ဖြစ်သော သန္တီရဏနှင့် တဒါရုံစိတ် ဖြစ်ပါမည်။
အထက်ပါ ဖော်ပြချက်သည် ဝိပါက်စိတ်များအတွက် ဖြစ်ပါသည်။
ဇောစိတ်မှာမူ (ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်ဖြစ်အံ့)
– ယောနိသော မနသိကာရ ရှိလျှင် ကာမကုသိုလ်ဇော၊
– အယောနိသော မနသိကာရ ရှိလျှင် အကုသိုလ်ဇော စောပါမည်။
– (အသေက္ခ ရဟန္တာပုဂ္ဂိုလ် ဖြစ်အံ့)
– ကာမကြိယာဇော စောပါမည်။

တဒါရုံကျခွင့်ရှိသော ဝီထိများမှာ –
(၁) ကာမဇော
(၂) ကာမသတ္တဝါ
(၃) ကာမအာရုံ ၃ချက်စုံညီသော အတိမဟန္တာရုံနှင့် ဝိဘူတာရုံဝီထိများ ဖြစ်ပါသည်။

၃။ ဘုရားရဟန္တာများ ဒါနစသော ကောင်းမှုပြုလုပ်သော ကုသိုလ် ရ၊ မရ အချက်ကျကျ ဆုံးဖြတ်ပြ၍၊ စိတ်မရှိသောပုဂ္ဂိုလ်များ ရှိပါက ဖော်ပြပါ။
(၁၉၉၃-ခုနှစ်၊ နံပါတ် ၄အဖြေ နှင့် နံပါတ် ၃အဖြေတို့ကို ကြည့်ပါ။)

၂၀၀၀-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ မေးခွန်းလွှာကို ကြည့်ရှုနေသော စာဖြေသူ၏သန္တာ၌ဖြစ်သော စိတ်အစဉ်ကို ဖော်ပြ၍၊ ပဉ္စဒွါရ၌ ဖြစ်ခွင့်ရှိသော ဝီထိ(၄)မျိုးကိုလည်း ဆိုင်ရာဝါရနှင့် တွဲစပ်ဖော်ပြပါ။
မေးခွန်းလွှာကို ကြည့်ရှုနေသော စာဖြေသူ၏ သန္တာန်၌ဖြစ်သော စိတ်အစဉ်မှာ – ဣဋ္ဌရူပါရုံဖြစ်၍ –
– အတီတဘွင် – ၁ကြိမ်
– ဘဝင်္ဂစလန – ၁ကြိမ်
– ဘဝင်္ဂုပစ္ဆေဒ – ၁ကြိမ်
– ပဉ္စဒွါရာဝဇ္ဇန်း – ၁ကြိမ်
– အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ် – ၁ကြိမ်
– အဟိတ်ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း – ၁ကြိမ်
– အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ – ၁ကြိမ်
– ဝုဋ္ဌော – ၁ကြိမ်
– ကာမဇော – ၇ကြိမ်
(ယောနိသော မနသိကာရဖြစ်၍ – ကုသိုလ်ဇော၊ အယောနိသော မနသိကာရဖြစ်လျှင် – အကုသိုလ်ဇော (အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ – ၁ + မဟာဝိပါက် ဥပေက္ခာ – ၄)
ပေါင်း ဥပေက္ခာတဒါရုံ ၅ပါးမှ တစ်ပါးပါး = ၂ကြိမ်
– ထို့နောင် ဘွင်အများ၊
ဤဝီထိသည် တဒါရမ္မဏဝါရ စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။

ပဉ္စဒွါရ၌ ဖြစ်ခွင့်ရှိသော ဝီထိ (၄)မျိုးကိုလည်း ဆိုင်ရာဝါရနှင့် တွဲစပ်ဖော်ပြရသော် –
ဝီထိ ဝါရ
၁။ အတိမဟန္တာရုံ = တဒါရမ္မဏဝါရ
၂။ မဟန္တာရုံ = ဇဝနဝါရ
၃။ ပရိတ္တာရုံ = ဝုဋ္ဌောဝါရ
၎။ အတိပရိတ္တာရုံ = မောဃဝါရ

၂။ ရဟန္တာအရှင်မြတ်များ၌ ဖြစ်ခွင့်ရှိသော ဥပစာရသမာဓိဇော၊ အပ္ပနာသမာဓိဇောများကို ဖော်ပြ၍၊ မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၄-ခုနောင် ဖြစ်ခွင့်ရှိသော တဒါရုံကိုလည်း ဝေဒနာအားလျော်စွာ ဖော်ပြပေးခဲ့ပါ။
ရဟန္တာအရှင်မြတ်များ၌ ဖြစ်ခွင့်ရှိသော –
ဥပစာရသမာဓိဇော = မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၄ပါး၊
အပ္ပနာသမာဓိဇော = မဟဂ္ဂုတ်ကြိယာဇော ၉ပါး၊ အရဟတ္တဖိုလ်ဇော ၁ပါး တို့ဖြစ်ပါသည်။

မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၄ခုနောင် ဖြစ်ခွင့်ရှိသော တဒါရုံကိုလည်း ဝေဒနာ အားလျော်စွာ ဖော်ပြရသော် –
ဥပေက္ခာ မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၂ပါးနောင် –
(၁) ဥပေက္ခာ သန္တီရဏ = ၂ပါး
(၂) ဥပေက္ခာ မဟာဝိပါက် = ၄ပါး
သောမနဿ မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၂ပါးနောင် –
(၁) သောမနဿ သန္တီရဏ = ၂ပါး
(၂) သောမနဿ မဟာဝိပါက် = ၄ပါး
ထို့ကြောင့် မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၄ခုနောင် ထိုက်သည့်အားလျော်စွာ တဒါရုံ ၁၁ပါး ဖြစ်နိုင်ပါသည်။

၃။ အပ္ပနာဇောများနောင် တဒါရုံဖြစ်ခွင့် ရှိ၊ မရှိ အကြောင်းပြ ဆုံးဖြတ်ပြီးလျှင် နိရောဓသမာပတ် ဝင်စားခါနီး၌ ဖြစ်သောဇော၊ ထိုသမာပတ်မှ ထရာအခါ၌ ဖြစ်သောဇောများကို ဖြစ်ရာ အကြိမ်နှင့်တကွ ဖော်ပြပါ။
အပ္ပနာဇောများနောင် – တဒါရုံဖြစ်ခွင့် မရှိပါ။
အကြောင်းမှာ –
တဒါရုံတို့မည်သည် –
(၁) ကာမဇော
(၂) ကာမသတ္တဝါ
(၃) အတိမန္တာရုံ၊ ဝိဘူတာရုံဖြစ်သော ကာမအာရုံ
ဤ၃ချက် စုံညီမှသာ တဒါရုံကျနိုင်သောကြောင့် ဖြစ်ပါသည်။

နိရောဓသမာပတ် ဝင်စားခါးနီး၌ –
အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ပါက – နေဝသညာနာသညာယတန ကုသိုလ်ဇော = ၂ကြိမ်
ရဟန္တာပုဂ္ဂိုလ် ဖြစ်ပါက – နေဝသညာနာသညာယတန ကြိယာဇော = ၂ကြိမ် ဖြစ်ပါသည်။
နိရောဓသမာပတ်မှ ထရာအခါ၌-
အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ပါက – အနာဂါမိဖိုလ်ဇော = ၁ကြိမ်
ရဟန္တာပုဂ္ဂိုလ် ဖြစ်ပါက – အရဟတ္တဖိုလ်ဇော = ၁ကြိမ် ဖြစ်ပါသည်။

၎။ ကြောင်တစ်ကောင်၏သန္တာ၌ ရနိုင်သော ဝီထိစိတ်တို့ကို ဖော်ပြ၍၊ အရူပဗြဟ္မာများ၌ ရယ်ရွှင်မှု ရှိ၊ မရှိကိုလည်း ရှင်းပြပါ။
ကြောင်တစ်ကောင်၏သန္တာ၌ ရနိုင်သော ဝီထိစိတ်တို့မှာ –
အကုသိုလ်စိတ် = ၁၂ပါး
ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ် = ၁၇ပါး
မဟာကုသိုလ်စိတ် = ၈ပါး


ပေါင်း = ၃၇ပါး ဖြစ်ပါသည်။

အရူပဗြဟ္မာများ၌ ရယ်ရွှင်မှု မရှိပါ။
အကြောင်းမှာ – အရူပဗြဟ္မာများသည် ရုပ်ကိုစက်ဆုပ်သော ရူပဝိဘာဂဘာဝနာ၏ အစွမ်းဖြင့် ရုပ်တရားများကို ပယ်ခွာထားသဖြင့် ပြုံးရယ်စရာ ရူပကာယ မရှိသောကြောင့် ဖြစ်ပါသည်။

၂၀၀၁-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ ဝီထိစိတ်တို့တွင် မပါဝင်သော စိတ်တို့ကို ဖော်ပြ၍၊ ထိုစိတ်ရုံ၏ အာရုံတို့၌ ဖြစ်ခြင်း (ဝိသယပ္ပဝတ္တိ)တို့ကိုလည်း ဖော်ပြပါ။
ဝီထိစိတ်တို့တွင် မပါဝင်သော စိတ်တို့မှာ –
ဝီထိမုတ်စိတ်များဖြစ်သော – ရှေ့ဘဝင်စိတ်များ (အတီဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ) နှင့် နောက်ဘဝင်စိတ်များ ဖြစ်ပါသည်။
ထိုစိတ်တို့၏ အာရုံတို့၌ ဖြစ်ခြင်း (ဝီထိမုတ်စိတ်တို့၏ ဝိသယပ္ပဝတ္တိ) မှာ –
ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃မျိုးတို့ ဖြစ်ပါသည်။

၂။ ပရိကမ္မ စသည် လေးလီတို့၏ အရကောက် ပရမတ်တရားတို့ကို ဖော်ပြ၍၊ သမားရိုးကျ ဖြစ်ရိုးဖြစ်စဉ် အာဝါသိကဘဝင် မဟုတ်ဘဲ လတ်တလော ဖြစ်ပေါ်လာသော အာဂန္တုက ဘဝင်အရကိုလည်း အာရုံနှင့်တကွ တွဲစပ်ဖော်ပြပါ။
ပရိကမ္မ စသည်လေးလီတို့၏ အရကောက် ပရမတ်တရားတို့မှာ –
မဟာကုသိုလ်/ကြိယာ ဉာဏသမ္ပယုတ်ဇော ၈ပါး ဖြစ်ပါသည်။

အာဂန္တုကဘဝင်၏ –
အရ = ဥပေက္ခာ သန္တီရဏစိတ် ၂ပါး
အာရုံ = ရှေးက အလေ့အကျက်များသော ကာမအာရုံတစ်ပါးပါး ဖြစ်ပါသည်။

၃။ နိရောဓသမာပတ္တိ ဝယ် နိရောဓ ချုပ်ဟူသည် အဘယ်တရားတို့ကို မဖြစ်ခြင်းကို ချုပ်ဟု ဆိုပါသနည်း ရေး၍၊ အသညသတ္တ ၌ အသည ဟု ဆိုသဖြင့် သညာသ မရှိဟု မှတ်ရပါမည်လော ရှင်းလင်းပြပါ။
နိရောဓသမာပတ္တိ ဝယ် နိရောဓ ချုပ် ဟူသည်
စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တို့ ကောင်းစွာချုပ်ခြင်း (မဖြစ်ခြင်း)ကို ခေါ်ဆိုရပါသည်။

အသညသတ္တ၌ အသည ဟု ဆိုသဖြင့် သညာသာ မရှိဟု မမှတ်ရပါ။
သညာဟုသာ ခေါင်းတပ်ထားသော်လည်း နာမ်၌တပ်ခြင်းကင်းသော ဘာဝနာ (အရူပဝိရာဂဘာဝနာ၊ သညာဝိရာဂဘာဝနာ) ၏ အစွမ်းဖြင့် သညာနှင့် ယှဉ်ဘက်ဖြစ်သော စိတ်၊ စေတသိက် (နာမ်တရား) အားလုံး မရှိခြင်း ဖြစ်ပါသည်။

၂၀၀၂-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ သေးငယ်သော အာရုံ၌ဖြစ်သော ဝီထိစိတ်နှင့် မဖြစ်သောဝီထိစိတ်တို့ကို ခွဲခြားပြ၍ မိမိစိတ်ကို ရှေ့ရှုဆောင်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော ဇောစိတ်တို့ကိုလည်း ဖော်ထုတ်ပြပါ။
သေးငယ်သောအာရုံ (ပရိတ္တာရုံ)၌ ဖြစ်သော ဝီထိစိတ်တို့မှာ –
ပဉ္စဒွါရာဝဇ္ဇန်း = ၁ကြိမ်
ပဉ္စဝိညာဏ် = ၁ကြိမ်
သမ္ပဋိစ္ဆိုင်း = ၁ကြိမ်
သန္တီရဏ = ၁ကြိမ်
ဝုဋ္ဌော = ၂ကြိမ် (သို့) ၃ကြိမ် ဖြစ်ပါသည်။
သေးငယ်သောအာရုံ (ပရိတ္တာရုံ၌ မဖြစ်သော ဝီထိစိတ်တို့မှာ –
ဇောစိတ်နှင့် တဒါရုံစိတ် တို့ ဖြစ်ပါသည်။

မိမိစိတ်ကို ရှေ့ရှုဆောင်ခြင်း၏ အစွမ်းဖြင့် ဖြစ်သော ဇောစိတ်မှာ –
မဟဂ္ဂုတ်ကုသိုလ်၊ ကြိယာ (၁၈)ပါး၊ လောကုတ္တရာဇော (အကျဉ်း ၈/အကျယ် ၄၀)ပါး၊ ပေါင်း အပ္ပနာဇော (အကျဉ်း ၂၆/အကျယ် ၅၈ပါး) ဖြစ်ပါသည်။

၂။ စင်စစ် အလိုမရှိထိုက်သော အာရုံကို တွေ့မြင်တာချင်း တူပါလျက် နှလုံးသွင်းချင်း မတူပုံကို ပုဂ္ဂိုလ်အလိုက် ခွဲခြားပြ၍၊ သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင် တန်ခိုးပြရာအခါ၌ စောသော ဇောစိတ်တို့ကိုလည်း အကြိမ်နှင့်တကွ ရေးပြပါ။
စင်စစ် အလိုမရှိထိုက်သော အာရုံ (အနိဋ္ဌာရုံ)ကို တွေ့မြင်တာချင်း တူပါလျက် နှလုံးသွင်းချင်း မတူပုံကို ပုဂ္ဂိုလ်အလိုက် ခွဲခြားပြရသော် –
ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်ဖြစ်အံ့ –
ယောနိသော မနသိကာရ ရှိလျှင် – ကာမကုသိုလ်ဇော
အယောနိသော မနသိကာရ ရှိလျှင် – အကုသိုလ်ဇော
အသေက္ခ(ရဟန္တာပုဂ္ဂိုလ်)ဖြစ်အံ့ –
ယောနိသောမနသိကာရ ရှိပြီး (အနုသယကင်း၍) ကာမကြိယာဇော စောကြပါသည်။

သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင် တန်ခိုးပြရာအခါ၌ စောသော ဇောစိတ်မှာ –
မြတ်စွာဘုရား၏ ရေအစုံ၊ မီးအစုံ စသော တန်ခိုးပြဋိဟာကို ပြရာအခါ၌ လျင်မြန်စွာ ဈာန်အင်္ဂါကို ဆင်ခြင်ရသော ပစ္စဝေက္ခဏာဝီထိများ၌ ပစ္စဝေက္ခဏာဇော (မဟာကြိယာ ဉာဏသမ္ပယုတ်ဇော) ၄-ကြိမ် စောပါသည်။

၃။ တစ်ဘဝလုံးအတွက် ဈာန်မဂ်ဖိုလ်ရဖို့ရန် မျှော်လင့်ချက်မရှိသော ပုဂ္ဂိုလ်တို့ကို ထုတ်ပြ၍၊ သညာမရှိသော သတ္တဝါဟုဆိုကြရာ သညာသာမရှိဟု မှတ်ရပါမည်လော အဘယ်သို့ မှတ်ရပါမည်နည်း ရှင်းပြပါ။
တစ်ဘဝလုံးအတွက် ဈာန်မဂ်ဖိုလ်ရဖို့ရန် မျှော်လင့်ချက် မရှိသော ပုဂ္ဂိုလ်တို့မှာ –
(၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်
(၂) သုဂတိအဟိတ်ပုဂ္ဂိုလ်
(၃) ဒွိဟိတ်ပုဂ္ဂိုလ် တို့ဖြစ်ပါသည်။
ထိုပုဂ္ဂိုလ်တို့သည် ဉာဏ်မယှဉ်သော ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေနေခဲ့၍ ပညာဉာဏ်ကင်းကာ ညံ့ဖျင်းသောကြောင့် ဈာန် မဂ် ဖိုလ် ရဖို့ရန် မျှော်လင့်ချက် မရှိရခြင်း ဖြစ်ပါသည်။
သညာသာ မရှိဟု မမှတ်ရပါ။

သညာဟုသော ခေါင်းတပ်ထားသော်လည်း နာမ်၌တပ်ခြင်းကင်းသော ဘာဝနာ (အရူပဝိရာဂဘာဝနာ၊ သညာဝိရာဂဘာဝနာ) ၏ အစွမ်းဖြင့် သညာနှင့်ယှဉ်ဘက်ဖြစ်သော စိတ်၊ စေတသိက် (နာမ်တရား) အားလုံး မရှိခြင်း ဖြစ်ပါသည်။

၂၀၀၃-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ ဝီထိမုတ်စိတ်တို့အတွက်ပြားသော ဝိသယပ္ပဝတ္တိတို့ကို ရေးသားပြ၍ စိတ္တက္ခဏ (၁၇)ချက်တွင် ပါဝင်ပါလျက် ဝီထိစိတ် အရေအတွက်တွင် မပါဝင်သော စိတ်တို့၏အမည်တို့ကိုလည်း ရေးသားပြပါ။
ဝီထိမုတ်စိတ်တို့၏ ဝိသယပ္ပဝတ္တိမှာ –
ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃မျိုးတို့ ဖြစ်ပါသည်။

စိတ္တက္ခဏ (၁၇)ချက်တွင် ပါဝင်ပါလျက် ဝီထိစိတ်အရေအတွက်တွင် မပါဝင်သော စိတ်တို့၏ အမည်များမှာ –
(၂၀၀၁-ခုနှစ်၊ နံပါတ် (၁)၌ ကြည့်ပါ။)

၂။ သောမနဿဖြင့် ပဋိသန္ဓေနေခဲ့သူအား ဒေါသဇော စောနေသည့်အတွက် ထိုဇောနောင် တဒါရုံ ဖြစ်ခွင့်မရဘဲ အခက်အခဲကြုံရာအခါဝယ် မည်ကဲ့သို့ ပြုလုပ်ရမည်ကို ဖြေရှင်းပြ၍၊ သမာပတ်များအတွင်း၌ ဈာန်ဇော ဖိုလ်ဇောများ မည်မျှ ဖြစ်နိုင်ပါသနည်း။ ရှင်းပြပါ။
သောမနဿဖြင့် ပဋိသန္ဓေနေခဲ့သူအား ဒေါသဇော စောနေသည့်အတွက် ထိုဇောနောင်တဒါရုံ ဖြစ်ခွင့်မရဘဲ အခက်အခဲကြုံရာအခါဝယ် –
ဥပေက္ခာသန္တီရဏ စိတ်(၂)ပါးသည် ရှေးကအလေ့အလာများသော ကာမအာရုံတစ်ပါးပါးကို အာရုံပြု၍ အာဂန္တုကဘဝင် ကိစ္စတပ်လျက် စိတ္တနိယာမအတိုင်း ဖြစ်လာရပါသည်။ ထိုဥပေက္ခာသန္တီရဏ အာဂန္တုကဘဝင်နောက်တွင် ကား ပင်ကိုယ်ရိုးရာကျမြဲမူလ သောမနဿဘဝင်စိတ်သည် ဆက်၍ ကျလေသည်။

သမာပတ် (ဈာန၊ ဖလ၊ နိရောဓ) များအတွင်း၌ ဖြစ်နိုင်သော ဈာန်ဇော ဖိုလ်ဇောများမှာ –
ဈာနသမာပတ်၌ – ဈာန်ဇောများ ဆက်တိုက် အကြိမ်များစွာ ဖြစ်နေပါသည်။
ဖလသမာပတ်၌ – ဖိုလ်ဇောများ ဆက်တိုက် အကြိမ်များစွာ ဖြစ်နေပါသည်။
နိရောဓသမာပတ်၌ – စိတ်၊ စေတသိက်၊ စိတ္တဇရုပ်များ ကောင်းစွာချုပ်ငြိမ်းနေ၍ မည်သည့်ဇောစိတ်မှ မဖြစ်နိုင်ပါ။

၃။ မဂ်စိတ်စြဖ်ငြား တစ်ဖွားဖွား ဟူသော စကား မှန်/မမှန် စိစစ်ဝေဖန်ပြ၍၊ ရူပဘုံ၌ မရနိုင်သော စိတ်တို့ကိုလည်း တိကျစွာ ရေးပြပါ။
မဂ်စိတ်ဖြစ်ငြား တစ်ဖွားဖွား ဟူသော စကားမမှန်ပါ။
အကြောင်းမှာ – မဂ်စိတ်တို့မည်သည် ဝရဇိန်မိုးကြိုးပမာ အလွန်တရာ အရှိန်ပြင်းထန်သော ဝဇီရူပမာတရားမျိုးဖြစ် သဖြင့် ဆိုင်ရာကိလေသာတို့ကို အကြိမ်ကြိမ် ပယ်ဖြတ်ရန် မလို၊ တစ်ကြိမ်တည်းဖြင့် ပယ်ဖြတ်နိုင်၍ တစ်ကြိမ်သာ ဖြစ်သောကြောင့် ဖြစ်ပါသည်။

ရူပဘုံ၌ မရနိုင်သောစိတ်တို့ကို ဖော်ပြရသော် –
(က) အသညသတ်ကြဉ်သော ရူပ ၁၅ဘုံ၌
ဒေါသမူစိတ် = ၂ပါး
ဃာနဝိညာဏ် = ၂ပါး
ဇိဝှါဝိညာဏ် = ၂ပါး
ကာယဝိညာဏ် = ၂ပါး
မဟာဝိပါက် = ၈ပါး
အရူပဝိပါက် = ၄ပါး


ပေါင်း စိတ် = ၂၀ပါး တို့ မရနိုင်ပါ။

(ခ) အသညသတ်ဘုံ၌ မည်သည့်စိတ်မျှ မရနိုင်ပါ။

၂၀၀၄-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ ရူပါရုံကို စက္ခုပသာဒနှင့် စက္ခုဝိညာဏ်တို့တွင် အဘယ်က မြင်သည်ကို ဆုံးဖြတ်ပြ၍၊ ဝီထိစိတ် လုံးဝမဖြစ်သော ဝီထိစိတ် လုံးဝမဖြစ်သော ဝီထိကိုလည်း ဝါရအမည်နှင့် တွဲစပ်ဖော်ပြပါ။
ရူပါရုံကို စက္ခုဝိညာဏ်ကသာ မြင်နိုင်ပါသည်။
စက္ခုပသာဒရုပ်သည် အာရုံကို မယူနိုင်သော အနာရမ္မဏတရားဖြစ်သောကြောင့် (တစ်နည်း) ရုပ်၏ စက္ခုဝိညာဏ်ကသာ မြင်နိုင်ပါသည်။
ဝီထိစိတ် လုံးဝမဖြစ်သော ဝီထိမှာ – အတိပရိတ္တာရုံဝီထိ၊ မောဃဝါရ ဖြစ်ပါသည်။

၂။ ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌ ဥပစာရသမာဓိဇောအဖြစ်ဖြင့် စောခွင့်ရှိသောဇော၊ စောခွင့်မရှိသော ဇောတို့ကို ခွဲခြားပြ၍၊ စောခွင့်မရှိသော ဇောတို့ကို ခွဲခြားပြ၍၊ စောခွင့်ရှိသော ဇောနောင် နှောင်းနိုင်သော အပ္ပနာဇောတို့ကို အတိအကျ ဖော်ပြပါ။
ရဟန္တာပုဂ္ဂိုလ်၏သန္တာ၌ ဥပစာရသမာဓိဇောအဖြစ်ဖြင့်
စောခွင့်ရှိသောဇောမှာ – ကာမတိဟိတ် ကြိယာဉာဏသမ္ပယုတ်ဇော ၄ပါး
စောခွင့် မရှိသောဇောမှာ – ကာမတိဟိတ် ကြိယာဉာဏဝိပ္ပယုတ်ဇော ၄ပါး တို့ဖြစ်ပါသည်။
ကာမတိဟိတ် ကြိယာဇော ၄ပါးနောင် နှောင်းနိုင်သော အပ္ပနာဇောမှာ –
မဟဂ္ဂုတ်ကြိယာဇော = ၉ပါး
အရဟတ္တဖိုလ်ဇော = ၅ပါး
ပေါင်း အပ္ပနာဇော = ၁၄ပါး ဖြစ်ပါသည်။

၃။ နိရောဓသမာပတ် ဝင်စားခြင်း၊ နိရောဓသမာပတ်မှ ထခြင်းဟူသော စကားနှစ်ရပ်အဓိပ္ပာယ်ကို သိသာအောင် ရှင်းပြ၍၊ ကောင်းဆိုနှစ်တန် ဇောအဖန်ဖန် မဖြစ်သော ပုဂ္ဂိုလ်ကိုလည်း ဖော်ပြပါ။
နိရောဓသမာပတ် ဝင်စားခြင်းဆိုသည်မှာ –
စိတ်၊ စေတသိက်၊ စိတ္တဇရုပ်များ အခိုက်အတန့်မျှ ကောင်းစွာချုပ်ငြိမ်းနေခြင်းကို ဆိုလိုပါသည်။
နိရောဓသမာပတ်မှ ထခြင်းဆိုသည်မှာ –
အဓိဋ္ဌာန်ထားသောကာလစေ့၍ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တို့ ဖြစ်ပေါ်လာခြင်းကို နိရောဓသမာပတ်မှထသည်ဟု ခေါ်ပါသည်။ ထိုအခါ အနာဂါမ်ဖြစ်က အနာဂါမိဖိုလ်ဇော တစ်ကြိမ်၊ ရဟန္တာဖြစ်က အရဟတ္တဖိုလ်ဇောတစ်ကြိမ် စောပြီးနောက် ဘဝင်ကျလေတော့သည်။
ကောင်းဆိုးနှစ်တန် ဇောအဖန်ဖန် မဖြစ်သောပုဂ္ဂိုလ်မှာ – ရဟန္တာပုဂ္ဂိုလ် ဖြစ်ပါသည်။
ရဟန္တာပုဂ္ဂိုလ်တို့သည် အဝိဇ္ဇာနှင့် တဏှာတည်းဟူသော ဝဋ်မြစ်နှစ်ပါးကို အမြစ်ပြတ်ပယ်သတ်ပြီးဖြစ်၍ အကုသိုလ်ဇောနှင့် ကုသိုလ်ဇောများ မဖြစ်ပါသည်။

၂၀၀၅-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ အာရုံ ၅ပါးသည် ၅ဒွါရာ၌ထင်ရာ ဥပါဒ်လျှင် ဥပါဒ်ချင်း ထင်သည်ဟု ဆိုလျှင် မှန်၊ မမှန်ရှင်းလင်းပြ၍ ပရိတ္တာရုံဝီထိ၌ ဝုဋ္ဌော ၂ကြိမ်၊ ၃ကြိမ် ဖြစ်ရခြင်း အကြောင်းကိုလည်း ရေးသားပြပါ။
အာရုံ ၅ပါးသည် ၅ဒွါရ၌ထင်ရာ ဥပါဒ်လျှင် ဥပါဒ်ချင်း ထင်သည်ဟု ဆိုလျှင် မမှန်ပါ။
အကြောင်းမှာ – အာရုံနှင့်ဒွါရတို့ ရှေ့ရှုအတူ ဥပါဒ်ကြသည်မှစ၍ အနည်းဆုံး အတီတဘဝင် ၁ချက်လွန်ပြီးမှ ဒွါရ၌ အာရုံထင်ခြင်းသို့ ရောက်ခြင်းကြောင့် ဖြစ်ပါသည်။

ပရိတ္တာရုံဝီထိ၌ ဝုဋ္ဌော ၂ကြိမ်၊ ၃ကြိမ် ဖြစ်ရခြင်းမှာ –
ပရိတ္တာရုံဟူသည် အာရုံ ၅ပါးကို ထင်ရှားစွာ မမြင်နိုင်၊ မထိခိုက်နိုင်ပါဘဲ၊ မြင်လိုက်သလို ကြားလိုက်သလိုဖြစ်သော အားနည်းသော အာရုံမျိုး ဖြစ်ပါသည်။
ဤ၌ အာရုံနှင့် ပသာဒတို့သည် စိတ္တလက္ခဏ ၄ချက်မှ ၉ချက်အထိ လွန်ပြီးမှ ထင်ကြ၏၊ အားနည်းသောအာရုံဖြစ်၍ အာရုံ၏ အရသာကို ပိုင်းခြားဂန မသိနိုင်၊ မခံစားနိုင်သောကြောင့် ဇောစောခွင့်မရ၊ ဇောမကျနိုင်သဖြင့် ဝုဋ္ဌောစိတ်သည်ပင် ဇောတုဇောယောင်အဖြစ်ဖြင့် ၂ကြိမ် (သို့) ၃ကြိမ် ဖြစ်ရပါသည်။

၂။ ကာမဇောဝါရနှင့် အပ္ပနာဇောဝါရတို့၏ အထူးကိုရေး၍၊ လတ်တလော ဖြစ်လာရသော ဘဝင် (အာဂန္တုကဘဝင်) သည် အဘယ်အခါမျိုး၌ ဖြစ်ပေါ်လာရသည်ကိုလည်း ရေးသားပြပါ။
ကာမဇောဝါရနှင့် အပ္ပနာဇောဝါရတို့၏အထူးမှာ –
ကာမဇောဝါရ အပ္ပနာဇောဝါရ
(၁) ပဉ္စဒွါရဝီထိ၌ – ဝိသယပ္ပဝတ္တိ(၄)မျိုးဖြစ်၏။ – လုံးဝမဖြစ်ရ။
(၂) မနောဒွါရဝီထိ၌ – ဝိသယပ္ပဝတ္တိ(၂)မျိုးဖြစ်၏။ – ဝိဘူတာရုံ ၁မျိုးသာဖြစ်၏။
(၃) မနောဒွါရဝိဘူတာရုံဝီထိ၌ – တဒါရုံကျ၏။ – တဒါရုံမကျ။
(၄) ရှေ့နောက်ဘဝင်များ – ဘဝင်စိတ် (၁၉)ပါးလုံးဖြစ်နိုင်၏။ – တိဟိတ်ဘဝင်(၁၃)ပါးသာဖြစ်၏။
(၅) အာရုံအားဖြင့် – လောကီအာရုံ (၆)ပါးလုံးဖြစ်၏။ – ပညတ်အာရုံ (ဓမ္မာရုံ)တို့ဖြစ်၏။

လတ်တလောဖြစ်လာရသော ဘဝင် (အာဂန္တုကဘဝင်)သည် –
သောမနဿဖြင့် ပဋိသန္ဓေနေခဲ့သော ပုဂ္ဂိုလ်၏ ဒေါသဇောအဆုံး၌ တစ်စုံတစ်ခုသောအကြောင်း ချို့တဲ့မှုကြောင့် တဒါရုံဖြစ်ခွင့် မရလျှင် ဘဝင်ကျရလိမ့်မည်၊ ထိုဘဝင်စိတ်သည် –
(၁) ပဋိသန္ဓေနှင့်လျော်သော သောမနဿဘဝင်ဖြစ်က – ရှေ့ဒေါသနှင့် ဆန့်ကျင်၏။
(၂) ဒေါသဇောနှင့်လျော်သော ဥပေက္ခာဘဝင်ဖြစ်က – မူလပဋိသန္ဓေနှင့်ဆန့်ကျင်၏။
ဤသို့ တဒါရုံလည်း ဖြစ်ခွင့်မရ၊ ဘဝင်လည်းမကျသာဘဲ အခက်အခဲ ကြုံရာအခါမျိုး၌ ရှေ့ဒေါသဇောနှင့် နောက်ဘဝင်အားလျော်သော ဥပေက္ခာသန္တီရဏစိတ်သည် သန္တီရဏကိစ္စ စသည် မတပ်ပါဘဲ ရှေးက အလေ့အကျက်များ သော ကာမအာရုံတစ်ပါးပါးကို အာရုံပြုပြီး အာဂန္တုဘဝင်ကိစ္စတပ်၍ ဖြစ်ပေါ်လာရပါသည်။

၃။ အကုသိုလ်တစ်သက် မဂ်တစ်ချက် ဟူသော စကား မှန်၊ မမှန် အဘိဓမ္မာအမြင်ဖြင့် ရှင်းပြ၍ အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်၌သာ ဖြစ်သော စိတ်တို့ကိုလည်း ရေးသားပြပါ။
အကုသိုလ် တစ်သက်မဂ်တစ်ချက် ဟူသော စကားမှန်ပါသည်။
အကြောင်းမှာ – မဂ်စိတ်တို့သည် ဝရဇိန်မိုးကြိုးပမာ အလွန်တရာ အရှိန်ပြင်းထန်သော ဝဇီရူပမာတရားမျိုးဖြစ်သဖြင့် ဆိုင်ရာ ကိလေသာတို့ကို တစ်ကြိမ်တည်းဖြင့် ပယ်ဖြတ်နိုင်သောကြောင့်လည်းကောင်း၊ မဂ်ပုဂ္ဂိုလ်တို့သည် အပါယ်သို့ လားရောက်ခြင်း မရှိတော့သောကြောင့် လည်းကောင်း၊ အကုသိုလ်တစ်သက် မဂ်တစ်ချက် ဟူသော စကား မှန်ရခြင်း ဖြစ်ပါသည်။

အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဖြစ်သောစိတ်များမှာ –
ပုဂ္ဂိုလ် ဖြစ်သောစိတ်
(၁) သောတာပတ္တိမဂ် ပုဂ္ဂိုလ် – သောတာပတ္တိမဂ်စိတ် (၁)ပါး
(၂) သကဒါဂါမိမဂ် ပုဂ္ဂိုလ် – သကဒါဂါမိမဂ်စိတ် (၁)ပါး
(၃) အနာဂါမိမဂ် ပုဂ္ဂိုလ် – အနာဂါမိမဂ်စိတ် (၁)ပါး
(၄) အရဟတ္တမဂ် ပုဂ္ဂိုလ် – အရဟတ္တမဂ်စိတ် (၁)ပါး
(၅) သောတာပတ္တိဖိုလ် ပုဂ္ဂိုလ် – သောတာပတ္တိဖိုလ်စိတ် (၁)ပါး
(၆) သကဒါဂါမိဖိုလ် ပုဂ္ဂိုလ် – သကဒါဂါမိဖိုလ်စိတ် (၁)ပါး
(၇) အနာဂါမိဖိုလ် ပုဂ္ဂိုလ် – အနာဂါမိဖိုလ်စိတ်(၁)ပါး
(၈) အရဟတ္တဖိုလ် ပုဂ္ဂိုလ် – အရဟတ္တဖိုလ်စိတ်(၁)ပါးနှင့် ကြိယာစိတ် (၁၈)ပါး

၂၀၀၆-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ အဘိဓမ္မာနည်းအရ ပဋိသန္ဓေအခါ၊ ပဝတ္တိအခါ ဟု ခွဲခြားပြောဆိုနေကြရာ ထိုအခါနှစ်ပါးကွဲပြားအောင် မမွေးဖွားမီအချိန်ထိကိုသာ ရှု၍ ခွဲခြားပြပြီးလျှင် ရူပါရုံအချောအလှကို မြင်ခြင်းသည် စက္ခုပသာဒ၊ စက္ခုဝိညာဏ်တို့တွင် အဘယ်ဖြင့် မြင်သည်ကိုလည်း ဆုံးဖြတ်ပြပါ။
အဘိဓမ္မာနည်းအရ ပဋိသန္ဓေအခါ၊ ပဝတ္တိအခါ ဟု ထိုအခါနှစ်ပါး ကွဲပြားအောင် မမွေးဖွားမီ အချိန်ထိရှု၍ ခွဲခြားပြရသော် –
ပဋိသန္ဓေအခ = ပဋိသန္ဓေစိတ်၏ ဥပါဒ်အခိုက်၊
ပဝတ္တိအခါ = ပဋိသန္ဓေစိတ်၏ဌီကာလမှစ၍ မမွေးဖွားမီ အမိဝမ်းတွင်း နေသမျှကာလ၊
ရူပါရုံအချောအလှကို မြင်ခြင်းသည် စက္ခုဝိညာဏ်ကသာ မြင်နိုင်ပါသည်။
စက္ခုပသာဒရုပ်သည် အာရုံကို မယူနိုင်သော အနာရမ္မဏတရား ဖြစ်သောကြောင့် (တစ်နည်း) ရုပ်၏ ကန်းသည်အဖြစ် ကြောင့် မမြင်နိုင်ခြင်း ဖြစ်ပါသည်။

၂။ တဒါရုံ အင်္ဂါများ ညီပါလျက် တဒါရုံကျခွင့် မရှိသောဝီထိကို အမည်မျှ ဖော်ပြ၍၊ အိပ်မက်မက်သကဲ့သို့ မထင်မရှား ဖြစ်ပေါ်လာသော အာရုံဝယ် ပါဝင်သော စိတ်အစဉ်တို့ကိုလည်း ဆိုရိုးကျ ရှေ့စိတ်နောက်စိတ် စီစဉ်ပြပါ။
တဒါရုံအင်္ဂါများ ညီပါလျက် တဒါရုံကျခွင့် မရှိသော ဝီထိမှာ –
သောမနဿပဋိသန္ဓေဖြင့် ဒေါသဇော စောရာအခါ၌ အာဂန္တုကဘဝင်ကျသော ပဉ္စဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။

အိမ်မက်မက်သကဲ့သို့ မထင်မရှားဖြစ်ပေါ်လာသောအာရုံ (အဝိဘူတာရုံ) ဝယ် ပါဝင်သော စိတ်အစဉ်မှာ –
ဘဝင်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ကာမဇော၊ ဘဝင်အများတို့ ဖြစ်ကြပါသည်။

၃။ ကြိုတင်ပြင်ဆင်မှု (ပရိကံ) ရှိမှသာ ကိစ္စအားလုံး အောင်မြင်နိုင်သည်ဟု ဆိုကြရာ ထိုပရိကံအရကို အရှင်အနုရုဒ္ဓါအလိုကျ တိကျစွာ ဖော်ပြ၍၊ သတ်မှတ်ချက်မရှိဘဲ စောချင်သလောက်စောခွင့်ရှိသော ဇောတို့ကိုလည်း ဥပမာဆောင်ကာ ထင်ရှားအောင် ပြဆိုပါ။
ပရိကံအရကို အရှင်အနုရုဒ္ဓါအလိုကျ တိကျစွာ ဖော်ပြရသော် –
တိဟိတ်ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်တို့အတွက် –
တိဟိတ်ကာမာဝစရ ကုသိုလ်ဇော = ၄ပါး
ရဟန္တာ (အသေက္ခ)ပုဂ္ဂိုလ်တို့အတွက် –
တိဟိတ်ကာမာဝစရ ကြိယာဇော = ၄ပါး တို့ဖြစ်ပါသည်။

သတ်မှတ်ချက်မရှိဘဲ စောချင်သလောက် စောခွင့်ရှိသော ဇော
အဘိညာဉ်ဇော၊ မဂ်ဇောတို့မှကြွင်းသော မဟဂ္ဂုတ်၊ လောကုတ္တရာဇောတို့သည် (သမာပတ္တိဝီထိ၌ နေ့ညဥ့်ပတ်လုံး ဇောများ ဖြစ်နိုင်သောကြောင့် သတ်မှတ်ချက် မရှိဘဲ ဘဝင်အလျဉ်ကဲ့သို့ စောချင်သလောက် စောခွင့်ရှိပါသည်။ (ဘဝင်အလျဉ်သည် မြစ်ရေအလျဉ်ကဲ့သို့ ဖြစ်ပါသည်။)

၂၀၀၇-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ စာဖြေသူတို့ လက်ထဲသို့ ရောက်ရှိလာသော မေးခွန်းလွှာကို သေချာစေ့ငု ကြည့်ရှုနေခိုက်ဖြစ်ပေါ်လာသော စိတ် အစဉ်ကို ဆိုရိုးကျ ဝီထိချပြပြီးလျှင် လှံထမ်းလာတာကို မြင်နိုင်တယ်၊ ကံထမ်းလာတာကို မမြင်နိုင်ဘူး ဟု ဆိုရိုးစကား မှန်/မမှန် ရှင်းပြခဲ့ပါ။
စာဖြေသူတို့ လက်ထဲသို့ ရောက်ရှိလာသော မေးခွန်းလွှာကို သေချာစေ့ငု ကြည့်ရှုနေခိုက်ဖြစ်ပေါ်လာသော စိတ် အစဉ်ကို ဆိုရိုးကျ ဝီထိချပြရသော် –
(စက္ခဒွါရ တဒါရမ္မဏ အတိမဟန္တာရုံဝီထိဖြစ်၍ – )
(၂၀၀၀ခုနှစ်၊ ဝီထိပိုင်း၊ မေးခွန်း (၁)နှင့်အတူ)
လှံထမ်းလာတာကို မြင်နိုင်တယ်၊ ကံထမ်းလာတာကို မမြင်နိုင်ဘူး ဟူသော ဆိုရိုးစကား မှန်ပါသည်။

စက္ခုဝိညာဏ်သည် ပစ္စုပ္ပန် ရူပါရုံဟူသော ရုပ် (လှံထမ်းလာသည်)ကိုသာ မြင်နိုင်၍ ကုသိုလ်၊ အကုသိုလ် (စေတနာ) ကံဟူသော နာမ်တရားကို မမြင်နိုင်သောကြောင့် လှံထမ်းလာတာကို မြင်နိုင်တယ်၊ ကံထမ်းလာတာကို မမြင်နိုင်ဟု ဆိုရိုးစကား မှန်ပါသည်။

၂။ အဘိဓမ္မာစာမေးပွဲနီး၍ စာကျက်နေစဉ် အိပ်ပျော်သွားရာ အိပ်ပျော်နေခိုက် မည်သည့် စိတ်သည် မည်သည့်ဒွါရ မည်သည့် အာရုံကို ဖြစ်သည်ကို ဖြေဆိုပြီးလျှင်၊ တစ်ကြိမ်သာစောသော ဇောတို့ကိုလည်း ကုန်စင်အောင် ထုတ်ပြခဲ့ပါ။
အဘိဓမ္မာစာမေးပွဲနီး၍ စာကျက်နေစဉ် အိပ်ပျော်သွားရာ အိပ်ပျော်နေခိုက် –
– ဘဝင်စိတ်
– (ဒွါရဝိမုတ်ဖြစ်၍) မည်သည့် ဒွါရတွင်မျှ ဖြစ်ခွင့်မရပါ။
– လွန်ခဲ့သော ဘဝ မရဏသန္နဇော ယူအပ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃ပါးတို့တွင် တစ်ပါးပါးကို အာရုံပြု၍ ဖြစ်နေပါသည်။

တစ်ကြိမ်သာ စောသော ဇောများမှာ –
(က) ဈာနဝီထိ၌ = အာဒိကမ္မိက ဈာန်ဇော ၁ကြိမ်
(ခ) မဂ္ဂဝီထိ၌ = မဂ်ဇော ၁ကြိမ်
(ဂ) (နိရောဓသမာပတ္တိဝီထိ၌) နိရောဓသမာပတ်မှ ထသောအခါ –
အနာဂါမ်ဖြစ်မူ = အနာဂါမိဖိုလ်ဇော ၁ကြိမ်၊
ရဟန္တာဖြစ်မူ = အရဟတ္တဖိုလ်ဇော ၁ကြိမ်၊
(ဃ) အဘိညာဉ်ဝီထိ၌ = အဘိညာဉ်ဇော ၁ကြိမ် တို့ဖြစ်ပါသည်။

၃။ အပါယ်ဘုံသားတို့၏ သန္တာန်၌ ကုသိုလ်ဖြစ်ခွင့် ရှိ-မရှိ စိစစ်ဝေဖန်ပြီးလျှင် အထက်မှာ ဘဝဂ်၊ အောက်မှာ အဝီစိ ဟူရာဝယ် ဘဝဂ်၌ ရရှိနိုင်သော ဝီထိစိတ်တို့ကို ရေတွက်ပြခဲ့ပါ။
အပါယ်ဘုံသားတို့၏ သန္တာ၌ ကုသိုလ်ဖြစ်နိုင်ခွင့် ရှိပါသည်။
အကြောင်းမှာ – အပါယ်ဘုံသား (ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်) တို့၏ သန္တာန်၌ အကုသိုလ်စိတ် ၁၂ပါး၊ (ဟသိတုပ္ပါဒ်ကြဉ်သော်) အဟိတ်စိတ် ၁၇ပါး၊ မဟာကုသိုလ်စိတ် ၈ပါး၊ ပေါင်း ၃၇ပါးသောစိတ်များ ဖြစ်နိုင်သောကြောင့် အပါယ်ဘုံသားတို့၏ သန္တာန်ဝယ် ကုသိုလ်စိတ်တို့အနက် မဟာကုသိုလ် (ကာမကုသိုလ်) စိတ် ၈ပါးသာ ဖြစ်ခွင့်ရှိပါသည်။

အထက်ဘဝဂ် (နေဝသညာနာသညာယတနဘုံ)၌ ရရှိနိုင်သော ဝီထိစိတ်တို့မှာ
(ဒေါသမူဒွေးကြဉ်သော်) အကုသိုလ်စိတ် = ၁၀ပါး
မနောဒွါရာဝဇ္ဇန်းစိတ် = ၁ပါး
မဟာကုသိုလ် – ကြိယာစိတ် = ၁၆ပါး
နေဝသညာနာသညာယတန ကုသိုလ်စိတ် = ၁ပါး
နေဝသညာနာသညာယတန ကြိယာစိတ် = ၁ပါး
အထက်လောကုတ္တရာစိတ် = ၇ပါး


ပေါင်း ရရှိနိုင်သော ဝီထိစိတ် = ၃၆ပါး ဖြစ်ပါသည်။

၂၀၀၈-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ စိတ်သက်နှင့် ရုပ်သက်တို့ကို ဖော်ပြ၍ (က) နာမ်နှင့် အသက်တူသော ရုပ်၊ (ခ) နာမ် တရားထက် အသက်တိုသောရုပ်၊ (ဂ) နာမ်တရားထက် အသက်ရှည်သောရုပ်တို့ကိုလည်း အသီးသီး ခွဲခြားပြပါ။
စိတ်သက်နှင့် ရုပ်သက်တို့မှာ –
စိတ်၏ သက်တမ်း = စိတ္တလက္ခဏ ၁ချက်၊ ခဏငယ် ၃ချက်။
ရုပ်၏ သက်တမ်း = စိတ္တက္ခဏ ၁၇ချက်၊ ခဏငယ် ၅၁ချက်။
(က) နာမ်နှင့် အသက်တူသောရုပ် = ဝိညတ်ရုပ် ၂ပါး (စိတ္တဇဧကန်ရုပ်)
စိတ္တခဏ ၁ချက်၊ ခဏငယ် ၃ချက်
(ခ) နာမ်တရားထက် အသက်တိုသောရုပ် = ဥပစယ၊ သန္တတိ (ဇာတိရုပ် ၂ပါး)
ဥပါဒါခဏငယ် ၁ချက်
= အနိစ္စတာရုပ် ဘင်ခဏငယ် ၁ချက်
(ဂ) နာမ်တရားထက် အသက်ရှည်သောရုပ် = ဇရတာရုပ် (ဌီခဏငယ် ၄၉ချက်)

၂။ တဒါရုံအင်္ဂါတို့ကို ဖော်ပြ၍၊ တဒါရုံကျခွင့်မရှိသော ဝီထိအမည်တို့ကိုလည်း ရေးပြပါ။
တဒါရုံအင်္ဂါတို့မှာ –
(၁) ကာမဇော
(၂) ကာမသတ္တဝါ
(၃) အတိမဟန္တ – ဝိဘူတဖြစ်သော ကာမအာရုံတို့ ဖြစ်ပါသည်။

တဒါရုံကျခွင့်မရှိသော ဝီထိမှာ –
(၁) မဟန္တရုံဝီထိ
(၂) ပရိတ္တာရုံဝီထိ
(၃) အတိပရိတ္တာရုံဝီထိ – ပဉ္စဒွါရဝီထိ
(၄) အဝိဘူတာရုံဝီထိ – မနောဒွါရဝီထိ
(၅) အာဂန္တုကဝီထိ တို့ဖြစ်ပါသည်။

၃။ နိရောဓသမာပတ် ဝင်စားသောပုဂ္ဂိုလ်၏ (က) နိရောဓသမာပတ်ဝင်စားခါနီး၊ (ခ) ဝင်စားဆဲ၊ (ဂ) ဝင်စားပြီးသောအခါ တို့၌ ဖြစ်သော ပရမတ္ထဓမ္မတို့ကို ဖော်ပြ၍၊ (၃၁)ဘုံ ထိပ်ဆုံးဘုံနန်းဝယ် စံမြန်းသည့် ရဟန္တာပုဂ္ဂိုလ်ကြီး၏သန္တာ၌ ရထိုက်သော ဝီထိစိတ်များကိုလည်း ဖော်ပြပါ။
နိရောဓသမာပတ် ဝင်စားသော ပုဂ္ဂိုလ်၏
(က) နိရောဓသမာပတ်ဝင်စားခါနီး၌ဖြစ်သော ပရမတ္ထတရားတို့မှာ –
အနာဂါမ်ပုဂ္ဂိုလ်ဖြစ်မူ = နေဝသညာနာသညာယတန ကုသိုလ်ဇော = ၂ကြိမ်
ရဟန္တာပုဂ္ဂိုလ်ဖြစ်မူ = နေဝသညာနာသညာယတန ကြိယာဇော = ၂ကြိမ်
(ခ) ဝင်စားဆဲအခါ၌ = စိတ်၊ စေတသိက်၊ စိတ္တဇရုပ် ပရမတ္တတရားများ ချုပ်နေပါသည်။
(ဂ) ဝင်စားပြီးသောအခါ၌ –
အနာဂါမ်ပုဂ္ဂိုလ်ဖြစ်မူ = အနာဂါမိဖိုလ်ဇော = ၁ကြိမ်
ရဟန္တာပုဂ္ဂိုလ်ဖြစ်မူ = အရဟတ္တဖိုလ်ဇော = ၁ကြိမ် စသည်တို့ ဖြစ်ပါသည်။

(၃၁)ဘုံထိပ်ဆုံးဘုံ၌ စံမြန်းသည့် နေဝသညာနာသညာယတန ရဟန္တာပုဂ္ဂိုလ်ကြီး၏ သန္တာ၌ ရထိုက်သော ဝီထိစိတ်များမှာ –
မနောဒွါရာဝဇ္ဇန်းစိတ် = ၁ပါး
မဟာကြိယာစိတ် = ၈ပါး
နေဝသညာ နာသညာယတန ကြိယာစိတ် = ၁ပါး
အရဟတ္တဖိုလ်စိတ် = ၁ပါး


ပေါင်း ဝီထိစိတ် = ၁၁ပါး တို့ဖြစ်ပါသည်။

၂၀၀၉-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ ပဉ္စဒွါရ၊ မနောဒွါရ၊ ဒွါရဝိမုတ်စိတ်တို့၌သာ အာရုံတို့၏ နာမည်ချင်းမတူ ထူးခြားကွဲပြားဟန်ကို ရေးသား၍၊ ဝီထိမည်သော်လည်း ဝီထိစိတ် မဖြစ်သောဝီထိစိတ်ကိုလည်း တိကျစွာ ဖော်ပြပါ။
ပဉ္စဒွါရ၌ ဖြစ်သောအာရုံမှာ မနောဒွါရ၌ဖြစ်သောအာရုံမှာ ဒွါရဝိမုတ်စိတ်၌ ဖြစ်သောအာရုံမှာ
(၁) အတိမဟန္တာရုံ
(၂) မဟန္တာရုံ
(၃) ပရိတ္တာရုံ
(၄) အတိပရိတ္တာရုံ (၁) ဝိဘူတာရုံ
(၂) အဝိဘူတာရုံ အတိတ် – ကံ ကမ္မနိမိတ် ဂတိနိမိတ်
တို့ဖြစ်ပါသည်။

ဝီထိမည်သော်လည်း ဝီထိစိတ် မဖြစ်သောစိတ်မှာ – အတိပရိတ္တာရုံဝီထိ (မောဃဝါရ) ဖြစ်ပါသည်။

၂။ မဂ်စိတ်ပေါငြား၊ တဖွားဖွား ဟူသော စကား မှန်/မမှန် အဘိဓမ္မာအမြင်ဖြင့် ရှင်းလင်းပြ၍၊ တစ်ကြိမ်တစ်ခါသာ စောနိုင်သော ဇောများကိုလည်း ရေးသားပြပါ။
မဂ်စိတ်ပေါ်ငြား၊ တဖွားဖွား ဟူသော စကား မမှန်ပါ။
အကြောင်းမှာ – မဂ်စိတ်တို့သည် ဝရဇိန်မိုးကြိုးပမာ အလွန်တရာ အရှိန် ပြင်းထန်သော ဝဇီရူပမာတရားမျိုး ဖြစ်သဖြင့် ဆိုင်ရာ ကိလေသာတို့ကို အကြိမ်ကြိမ် ပယ်ဖြတ်ရန် မလို၊ တစ်ကြိမ်တည်းဖြင့် ပယ်ဖြတ်နိုင်၍ တစ်ကြိမ်သာ ဖြစ်သောကြောင့် ဖြစ်ပါသည်။

တစ်ကြိမ်သာ စောသောဇောများမှာ –
(၁) ဈာနဝီထိ၌ = အာဒိကမ္မိကဈာန်ဇော = ၁ကြိမ်
(၂) မဂ္ဂဝီထိ၌ = မဂ်ဇော = ၁ကြိမ်စီ။
(၃) နိရောဓသမာပတ္တိဝီထိ၌ နိရောဓသမာပတ်မှ ထသောအခါ
အနာဂါမ်ဖြစ်အံ့ = အနာဂါမ်ဖိုလ်ဇော – ၁ကြိမ်
အရဟတ္တဖြစ်မူ = အရဟတ္တဖိုလ်ဇော – ၁ကြိမ်
(၄) အဘိညာဉ်ဝီထိ၌ = အဘိညာဉ်ဇော = ၁ကြိမ်

၃။ တစ်ဘဝတွင် ဝီထိမဖြစ်သောအခါများကို ဖြေဆို၍၊ ဝီထိစိတ်ဖြစ်ရာ ကာလနှင့် ဖြစ်ပုံအခြင်းအရာကိုလည်း ရေးပြပါ။
တစ်ဘဝတွင် ဝီထိမဖြစ်သောအခါများမှာ – ပဋိသန္ဓေအခါ၊ ဘဝင်ကိစ္စ တပ်သောအခါ၊ စုတိကိစ္စတပ်သောအခါ တို့ဖြစ်ပါသည်။
ဝီထိစိတ်ဖြစ်ရာ ကာလမှာ – ပဝတ္တိအခါ အာရုံနှင့်ဒွါရ တိုက်ဆိုင်လာလျှင် ဖြစ်ပါသည်။

ဝီထိစိတ် ဖြစ်ပုံအခြင်းအရာမှာ – အာရုံတို့၏ ဒွါရတို့၌ဖြစ်ခြင်း၊ (အာရုံနှင့် ဒွါရတို့ တိုက်ဆိုင်သော အခါ ဖြစ်ပေါ်လာသည့် စိတ်တို့၏ အစဉ်အတန်း ဖြစ်ပုံအခြင်းအရာ)ကို ခေါ်ပါသည်။

၂၀၁၀-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ အစာအတွက် လျှာမထွက်ကြနဲ့ ဟုဆိုရာ လျှာဖြင့် အစားအစာကို အရသာခံစားနေခိုက် ဖြစ်ပေါ်လာသော စိတ်အစဉ်ကို ဆိုရိုးစကား မှန်၊ မမှန်ကိုလည်း ရှင်းလင်းဖြေပြပါ။
ဣဋ္ဌ-ရသာရုံဖြစ်၍ –
– အတီတဘွင် – ၁ကြိမ်
– ဘဝင်္ဂစလန – ၁ကြိမ်
– ဘဝင်္ဂုပစ္ဆေဒ – ၁ကြိမ်
– ပဉ္စဒွါရာဝဇ္ဇန်း – ၁ကြိမ်
– အဟိတ်ကုသလဝိပါက် ဇိဝှါဝိညာဏ် – ၁ကြိမ်
– အဟိတ်ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း – ၁ကြိမ်
– အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ – ၁ကြိမ်
– ဝုဋ္ဌော – ၁ကြိမ်
– ကာမဇော – ၇ကြိမ်
(ယောနိသော မနသိကာရဖြစ်၍) လောဘဇော
– အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ – ၁ + မဟာဝိပါက် ဥပေက္ခာ – ၄)
ပေါင်း ဥပေက္ခာတဒါရုံ ၅ပါးမှ တစ်ပါးပါး = ၂ကြိမ်
– ထို့နောင် ဘွင်အများ၊
ဤဝီထိသည် တဒါရမ္မဏဝါရ ဇိဝှါဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။

မဂ်ပေါက် ဖိုလ်ဝင်၊ နိဗ္ဗာန်မြင် ဟူသော ဆိုရိုးစကားသည် မှန်ပါသည်။
ရှင်းလင်းဖြေဆိုရသော် –
မဂ္ဂဝီထိများ၌ မဂ်ဇော ၁ကြိမ်ကျပြီးသည်နှင့် ဖိုလ်ဇော ၂ကြိမ်(သို့)၃ကြိမ် ဆက်တိုက်ဖြစ်သည်ဟု ဆိုထားသောကြောင့် မဂ်ပေါက်၊ ဖိုလ်ဝင်ဖြစ်၍၊ ထိုမဂ်ဖိုလ်ဇောတို့သည် နိဗ္ဗာန်ကို အာရုံပြုသောကြောင့် မဂ်ပေါက်၊ ဖိုလ်ဝင်၊ နိဗ္ဗာန်မြင်ဟူသော စကားသည် မှန်ရခြင်း ဖြစ်ပါသည်။

၂။ လောကကြီး၌ အတုအယောင် အခုတစ်ထောင်လောက် ပေါများသလို ပရမတ္ထနယ်ပယ်၌လည်း ဇောအစစ် မဟုတ်ပါဘဲ ဇောအတု ဝင်ရောက်လုပ်နေသော ဇောတု၊ ဇောယောင်နှင့် နိရောဓသမာပတ်မှ ထရာအခါ၌ ဖြစ်သော လောကုတ္တရာစိတ်တို့ကို အကြိမ်နှင့်တကွ ဖြေဆိုပါ။
ပရမတ္ထနယ်ပယ်၌ ဇောအစစ် မဟုတ်ပါဘဲ ဇောအတု ဝင်ရောက်လုပ်နေသော ဇောတု၊ ဇောယောင်မှာ – ဝုဋ္ဌော ဖြစ်ပါသည်။ (၂ကြိမ်၊ ၃ကြိမ် ဖြစ်နိုင်ပါသည်။)

နိရောဓသမာပတ်မှ ထရာအခါ၌ဖြစ်သော လောကုတ္တရာစိတ်တို့ကို အကြိမ်နှင့်တကွ ဖြေဆိုရသော် –
အနာဂါမ်ဖြစ်မူ = အနာဂါမိဖိုလ်ဇော = ၁ကြိမ်
ရဟန္တာဖြစ်မူ = အရဟတ္တဖိုလ်ဇော = ၁ကြိမ်

၃။ ယုန်ကလေး နားရွက်ထောင် ပညာရှိယောင်ဆောင် ဟူသော စကား၌ အဟိတ်တိရစ္ဆာန်ဖြစ်သော ယုန်ကလေး၌ ပဋိသန္ဓေပညာ ရှိနိုင်/မရှိနိုင် စိစစ်ဝေဖန်ပြီး၊ သူ့နေရာရောက်မှ သူ့အမြင် မြင်တာပါ ဟူသော စကားအရ သောတာပန်ပုဂ္ဂိုလ်၏ စိတ်သည် ရဟန္တာပုဂ္ဂိုလ်၏ စိတ်နေသဘောထားကဲ့သို့ ဖြစ်နိုင်ခွင့် ရှိ/မရှိ ဆုံးဖြတ်ပြပါ။
အဟိတ်တိရစ္ဆာန် ဖြစ်သော ယုန်ကလေး၌ ပဋိသန္ဓေပညာ မရှိနိုင်ပါ။
စိစစ်ဝေဖန်ပြရသော် –
ယုန်ကလေးသည် ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် ဖြစ်သောကြောင့် အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေ၍ ပဋိသန္ဓေစိတ်ကတည်းကပင် ဉာဏ်ပညာမယှဉ်သောကြောင့် ပဋိသန္ဓေပညာ မရှိနိုင်ခြင်း ဖြစ်ပါသည်။

ယုန်ကလေး (ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်)စိတ်ရမှာ –
အကုသိုလ်စိတ် = ၁၂ပါး
(ဟသိတုပ္ပါဒ်ကြဉ်သော) အဟိတ်စိတ် = ၁၇ပါး
မဟာကုသိုလ်စိတ် = ၈ပါး


ပေါင်း ၃၇ပါး

သောတာပန်ပုဂ္ဂိုလ်၏ စိတ်သည် ရဟန္တာပုဂ္ဂိုလ်၏ စိတ်နေသဘောထားကဲ့သို့ ဖြစ်နိုင်ခွင့်၊ မြင်နိုင်ခွင့် မရှိပါ။
ဆုံးဖြတ်ဖြေဆိုရသော် –
ကာမဘုံသား ဈာန်မရ သောတာပန်ပုဂ္ဂိုလ်၏ ဖြစ်သောစိတ်
(၁) ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ပါးနှင့် ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ၁ပါး ကြဉ်သော် အကုသိုလ်စိတ် = ၇ပါး
(၂) ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ် = ၁၇ပါး
(၃) မဟာကြိယာစိတ် ၈ပါးကြဉ်သော် – မဟာကုသိုလ်-မဟာဝိပါက်စိတ် = ၁၆ပါး
(၄) သောတာပတ္တိဖိုလ်စိတ် = ၁ပါး


ပေါင်း ဖြစ်သောစိတ် = ၄၁ပါး

ကာမဘုံသား ဈာန်မရ ရဟန္တာပုဂ္ဂိုလ်၏ ဖြစ်သောစိတ်
(၁) အကုသိုလ်စိတ်မှန်သမျှပယ်ပြီးဖြစ်၍မဖြစ်နိုင်တော့ပါ။
(၂) ဟသိတုပ္ပါဒ် အပါအဝင် အဟိတ်စိတ် ၁၈ပါး
(၃) မဟာကုသိုလ်စိတ်၈ပါးကြဉ်သော် – မဟာကြိယာ- မဟာဝိပါက်စိတ် = ၁၆ပါး
(၄) အရဟတ္တဖိုလ်စိတ် = ၁ပါး


ပေါင်း ဖြစ်သောစိတ် = ၃၅ပါး

ဤသို့အားဖြင့် သောတာပန်ပုဂ္ဂိုလ်၏ စိတ်သည် ရဟန္တာပုဂ္ဂိုလ်၏ စိတ်နေသဘောထားကဲ့သို့ ဖြစ်နိုင်ခွင့် မရှိရခြင်း ဖြစ်ပါသည်။
(တစ်နည်း) လောကုတ္တရာဇောတို့သည် အရိယာပုဂ္ဂိုလ်တို့အား ပုဂ္ဂိုလ်အားလျော်စွာ ထိုက်သလို ဖြစ်ကြသောကြောင့် သောတာပန် ပုဂ္ဂိုလ်သည် ရဟန္တာပုဂ္ဂိုလ်၏ စိတ်နေသဘောထားကို မြင်နိုင်ခွင့် မရှိပါ။

၂၀၁၁-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ ဝီထိအဓိပ္ပာယ်ကို သေချာကျနစွာ ရှင်းလင်းပြ၍၊ အာရုံတို့၏ဖြစ်ခြင်း (ဝိသယပ္ပဝတ္တိ) ၆-မျိုးကိုလည်း ဒွါရအားဖြင့် ခွဲဝေပြပါ။
ဝီထိအဓိပ္ပာယ်ကိုရှင်းပြရသော် – အာရုံနှင့်ဒွါရတိုက်ဆိုင်သောအခါ ဖြစ်ပေါ်လာသော စိတ်အစဉ်အတန်းသည် ဝီထိ မည်ပါသည်။

အာရုံတို့၏ ဖြစ်ခြင်း (ဝိသယပ္ပဝတ္တိ) ၆-မျိုးကို ဒွါရအားဖြင့် ခွဲပြရသော်-
ပဉ္စဒွါရဝီထိ၌ – (၁) အတိမဟန္တာရုံ
(၂) မဟန္တာရုံ
(၃) ပရိတ္တာရုံ
(၄) အတိပရိတ္တာရုံ နှင့်
မနောဒွါရဝီထိ၌ – (၅) ဝိဘူတာရုံ
(၆) အတိဝိဘူတာရုံ တို့ဖြစ်ကြပါသည်။

၂။ စိတ်တွေက တယ်လှုပ်ရှားသကိုး ဟု ညည်းညူရာဝယ် လှုပ်ရှား ဟူသော စကားရပ်၌ ဖြစ်နိုင်သော စိတ်ကို ဝီထိစဉ်အတွင်းမှ ရွေးချယ်ပြ၍ ဝီထိအခြေခံ ပရိကံဟု ဆိုကြရာ ထိုပရိကံမည်သော တရားကိုလည်း ဖော်ပြပါ။
လှုပ်ရှား ဟူသော စကားရပ်၌ ဖြစ်နိုင်သော စိတ်ကို ဝီထိစဉ်အတွင်းမှ ရွေးချယ်ပြရသော် – ဘဝင်္ဂစလန တည်းဟူသော ဘဝင်စိတ် ဖြစ်ပါသည်။

ပရိကံမည်သောတရားမှာ –
မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော ၄-ပါး၊ မဟာကြိယာဉာဏသမ္ပယတ်ဇော ၄-ပါး တည်းဟူသော ဉာဏသမ္ပယုတ် ကာမာဝစရဇော ၈-ပါး ဖြစ်ပါသည်။

၃။ အာဂန္တုက မည်သော ဘဝင်စိတ်ကိုတိကျစွာဖော်ပြ၍၊ ထိုစိတ်သည် အဘယ်ကို အာရုံပြုသည်ကိုလည်း ရေးသားပြပါ။
အာဂန္တုကမည်သော ဘဝင်စိတ်မှာ – ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ၂-ပါး ဖြစ်ပါသည်။
ထိုစိတ်၏ အာရုံမှာ – ရှေးက လေ့ကျက်ခဲ့ဖူးသော ကာမအာရုံတစ်ပါးပါးကို အာရုံပြုပါသည်။

၂၀၁၂-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ ပဋိသန္ဓေတည်စနှင့် တည်ပြီးနောက် အမိဝမ်း၌ ကိန်းအောင်းနေဆဲခဏတို့၏ အမည်ကို ရေးသားပြ၍၊ ဝီထိစိတ်အစဉ် ကုန်သောအခါ ကျရောက်လာမည့်တရားတို့ကိုလည်း ဖြေဆိုပါ။
ပဋိသန္ဓေတည်စနှင့် တည်ပြီးနောက် အမိဝမ်း၌ ကိန်းအောင်းနေဆဲခဏတို့၏ အမည်မှာ –
ပဋိသန္ဒေတည်စ ခဏအမည်မှာ – ပဋိသန္ဓေ ဥပါဒ်ခဏဖြစ်၍၊
တည်ပြီးနောက် အမိဝမ်း၌ ကိန်းအောင်းနေဆဲ ခဏမှာ – ဌီခဏ ဖြစ်ပါသည်။
ဝီထိစိတ်အစဉ် ကုန်သောအခါ ကျရောက်လာမည့်တရားမှာ – ဘဝင်စိတ်များ ဖြစ်ပါသည်။

၂။ ပဉ္စဒွါရ၌ဖြစ်သော ဝီထိစိတ်တို့ကို ရေးသားပြ၍၊ ဝီထိမည်ပါလျက် ဝီထိစိတ်မဖြစ်သော ဝီထိ၏ အမည်ကိုလည်း ရေးပြပါ။
ပဉ္စဒွါရ၌ဖြစ်သော ဝီထိစိတ်တို့မှာ –
ပဉ္စဒွါရာဝဇ္ဇန်းစိတ် = ၁ပါး
ဒွေပဉ္စဝိညာဏ် = ၁၀ပါး
သမ္ပဋိစ္ဆိုင်း = ၂ပါး
သန္တီရဏစိတ် = ၃ပါး
ဝုဋ္ဌော = ၁ပါး
ကာမဇော = ၂၉ပါး
တဒါရုံ (မဟာဝိပါက်) = ၈ပါး


ပေါင်း – ကာမစိတ် = ၅၄ပါး

ဝီထိမည်ပါလျက် ဝီထိစိတ်မဖြစ်သော ဝီထိ၏အမည်မှာ – အတိပရိတ္တာရုံဝီထိ (မောဃဝါရ) ဖြစ်ပါသည်။

၃။ သမာပတ်ဝင်စားချိန်အတွင်း၌ ဖြစ်သောတရား မဖြစ်သောတရားတို့ကို ခွဲခြားပြ၍၊ အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်၌ သာဖြစ်သော ဇောတို့ကိုလည်း ရေးသားပြပါ။
သမာပတ် ဝင်စားချိန်အတွင်း၌ ဖြစ်သောတရားမှာ –
(ကာမဘုံသား) ကမ္မဇရုပ်၊ ဥတုဇရုပ်နှင့် အာဟာရဇရုပ်များဖြစ်၍၊ (ရူပဘုံသား) ကမ္မဇရုပ်နှင့် ဥတုဇရုပ်များသာ ဖြစ်ပါသည်။
သမာပတ် ဝင်စားချိန်အတွင်း၌ မဖြစ်သောတရားမှာ – စိတ်၊ စေတသိက်နှင့် စိတ္တဇရုပ်များ ဖြစ်ပါသည်။
အရိယာပုဂ္ဂိုလ်တို့၏ သန္တာ၌သာ ဖြစ်သောဇောမှာ – လောကုတ္တရာဇော (လောကုတ္တရာစိတ် ၈ပါး) ဖြစ်ပါသည်။

၂၀၁၃-ခုနှစ် ဝီထိပိုင်း မေးခွန်းဟောင်းများ

၁။ လူသားတို့၏ စိတ်သက်သည် အဘိဓမ္မာနည်းအရ မည်မျှရှည်လျားသည်ကို တွက်ချက်ပြ၍၊ စာမေးပွဲဝင် စာဖြေရှင်တို့၏ စိတ်ဝိညာဉ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော ဝီထိ (၆)မျိုးတို့၏ အမည်ကိုလည်း ရေးသားပြပါ။
လူသားတို့၏ စိတ်သက်သည် အဘိဓမ္မာနည်းအရ –
(ဥပါဒ်၊ ဌီ၊ ဘင်) ခဏငယ် ၃ချက်၊ စိတ္တလက္ခဏ ၁ချက် အသက်ရှည်ပါသည်။

စိတ်ဝိညာဉ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော ဝီထိ(၆)မျိုးမှာ –
(၁) စက္ခုဝိညာဏဝီထိ
(၂) သောတဝိညာဏဝီထိ
(၃) ဃနဝိညာဏဝီထိ
(၄) ဇိဝှါဝိညာဏဝီထိ
(၅) ကာယဝိညာဏဝီထိ
(၆) မနောဝိညာဏဝီထိ တို့ဖြစ်ပါသည်။

၂။ ရည်မှန်းချက် နိဗ္ဗာန်သို့ရောက်ရန် ကြိုတင်ပြင်ဆင်မှုဖြစ်သော ပရိကမ္မစသည် လေးလီအမည်ရသော စိတ်တို့ကို ဖော်ပြ၍၊ ဘုရားရှင် ကို ဖူးမြော်ရ၍ ကြည်နူးနေသော ယောဂီ ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော တဒါရုံစိတ်တို့ကိုလည်း ရွေးချယ်ပြပါ။
ပရိကမ္မစသည် လေးလီအမည်ရသော စိတ်တို့မှာ –
မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် = ၄-ပါး
မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် = ၄-ပါး ဖြစ်ပါသည်။

ဘုရားရှင်ကို ဖူးမြော်ရ၍ ကြည်နူးရသော ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လောသော တဒါရုံစိတ်တို့မှာ –
အဟိတ်ကုသလဝိပါက် သောမနဿ သန္တီရဏစိတ် = ၁-ပါး
မဟာဝိပါက် သောမနဿစိတ် = ၄-ပါး


ပေါင်း သောမနဿ တဒါရုံ = ၅-ပါး

၃။ ဈာနလာဘီ အရိယာပုဂ္ဂိုလ်များ တရားအားထုတ်ရာ၌ မဂ်ပေါက်လျှင် ဖိုလ်ဝင်သည် ဟူသောစကား မှန်မမှန် အဘိဓမ္မာရှုထောင့်မှ ဆုံးဖြတ်ပြ၍ ၊ ပစ္စုပ္ပန်ဘဝ၌ အရိုးကြေကြေ အရေခန်းခန်း ကြိုးပမ်းအားထုတ် တရားအလုပ် ပြုလပ်ပါလျက် တရားထူး တရားမြတ် မရနိုင်ကြရှာသော ပုဂ္ဂိုလ်ရှိက ထုတ်ပြပါ။
မဂ်ပေါက်လျှင် ဖိုလ်ဝင်သည် ဟူသောစကား မှန်ပါသည်။
အကြောင်းမှာ မဂ်ဇောတစ်ကြိမ်ကျပြီးသည်နှင့် တစ်ပြိုင်နက် ဖိုလ်ဇော ၂-ကြိမ် ၊ ၃-ကြိမ် ဆက်တိုက် ဖြစ်ပေါ်သောကြောင့် ဖြစ်ပါသည်။

တရားထူးတရားမြတ် မရနိုင်ကြရှာသော ပုဂ္ဂိုလ်များမှာ –
ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ် ၊ သုဂတိအဟိတ် ပုဂ္ဂိုလ် နှင့် ဒွိဟိတ်ပုဂ္ဂိုလ် တို့ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *