Rupa

ဒုတိယဆင့် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁၉၈၉-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရေကို အဘိဓမ္မာအမြင်ဖြင့် သုံးသပ်ကြည့်လျှင် ပရမတ်ရုပ်ပေါင်း အသောင်းမက ပါဝင်လျက် ရှိပေသည်။ သို့ရာတွင် အမြဲထာဝရ ခွဲမရသော ရုပ်များကိုသာ တစ်ခုစီ ရေတွက်ပြပါ။
ရေကို အဘိဓမ္မာအမြင်ဖြင့် သုံးသပ်ကြည့်လျှင် အမြဲထာဝရ ခွဲမရသောရုပ် (အဝိနိဗ္ဘောဂရုပ်) ၈ပါး ပါရှိပါသည်။ ၎င်းတို့မှာ –
(၁) ပထဝီ
(၂) အာပေါ
(၃) တေဇော
(၄) ဝါယော ဟူသော မဟာဘုတ်ရုပ် ၄ပါး
(၅) ဝဏ္ဏ (ရူပါရုံ)
(၆) ဂန္ဓ (ဂန္ဓရုံ)
(၇) ရသ (ရသာရုံ)
(၈) သြဇာ (အာဟာရရုပ်) တို့ ဖြစ်ပါသည်။

၂။ တေဇောမနိုင်၊ ဆေးမကိုင်နှင့် ဟု ဆေးပညာဆိုရိုးစကား ရှိခဲ့ရာ၊ တေဇောအကြောင်းကို သင်သိသမျှ ဖြေဆိုပြီးလျှင် စိတ်ကြောင့်သာဖြစ်သော ရုပ်ကိုလည်း ညွှန်ပြခဲ့ပါ။
တေဇော ဟူသည်မှာ –
(၁) ပရမတ်ရုပ် (နိပ္ဖန္နရုပ်) ၁၈ပါးအနက် ချမ်းအေးမှု၊ ပူနွေးမှု မီးနှစ်ပါးဟု ဆိုအပ်သော တေဇောဓာတ် ဖြစ်ပါသည်။
(၂) ကြီးကျယ် ထင်ရှားသော မဟာဘုတ်ရုပ် (ရုပ်တရားအပေါင်း၏ အမှီခံရုပ်) ၄ပါးအနက် တစ်ပါးအပါအဝင်လည်း ဖြစ်ပါသည်။
(၃) ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော ရုပ်ဖြစ်ကြောင်းတရား ၄ပါးလုံးကြောင့် ဖြစ်သော စတုဇရုပ်လည်း ဖြစ်ပါသည်။
(၄) ၎င်းကိုယ်တိုင်လည်း ဥတု မည်သောကြောင့် မိမိဌီသို့ ရောက်တိုင်း ဥတုဇရုပ် တို့ကို ဖြစ်စေနိုင်သည်။
(၅) မည်သည့်ရုပ်၌ဖြစ်စေ မကွေမကွာ ပေါင်းစု၍ ခွဲခြားမရသော (အဝိနိဗ္ဘောဂ) ရုပ်ထဲ၌လည်း ပါဝင်သည်။

စိတ်ကြောင့်သာဖြစ်သောရုပ် (တစ်နည်း) စိတ္တဇဧကန်ရုပ်မှာ –
ကာယဝိညတ်ရုပ်နှင့် ဝစီဝိညတ်ရုပ် ၂ပါး ဖြစ်ပါသည်။

၃။ ရုပ်ဖြစ်စဉ် အဘိဓမ္မာသဘောအရ သစ်ပင်တစ်ပင် ရှင်သန်နေခြင်းကို ကလာပ်စည်းအားဖြင့် ဖြေဆိုပြပါ။
သစ်ပင်ဟူသည် သက်မဲ့ ဗဟိဒ္ဓဖြစ်ပါသည်။ ထို့ကြောင့် သစ်ပင်တစ်ပင် ရှင်သန်နေခြင်းကို ရုပ်ဖြစ်စဉ် အဘိဓမ္မာသဘောအရ ကလာပ်စည်းအားဖြင့် ဖြေဆိုရသော် –
သစ်ပင်၌ ပါဝင်ဖွဲ့စည်းထားသော ရုပ်များမှာ အဝိနိဗ္ဘောဂရုပ် ၈ပါးဖြစ်သော မဟာဘုတ် ၄ပါး၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာတို့ဖြစ်ပြီး၊ ကလာပ်စည်းအားဖြင့် ဥတုဇသုဒ္ဓဋ္ဌက ကလာပ်စည်းအနေဖြင့် ဖွဲ့စည်း ဖြစ်ပေါ်နေပါသည်။
ဤရုပ် ၈ပါးတို့သည် ဥတုဟူသော အကြောင်းကြောင့် ရုပ်တို့၏ အစဆုံး ဖြစ်ပေါ်မှု ပြည့်စုံအောင် တိုးတက်၍ ဖြစ်ပေါ်မှုဟူသော ဥပစယသဘောနှင့် ပြည့်စုံပြီးနောက် ဆက်လက်၍ အစဉ်မပြတ် ဖြစ်ပေါ်မှုဟူသော သန္တတိသဘော၊ ဤဇာတိသဘာဝများ ဖြစ်ပွားနေခြင်းဖြင့်သာလျှင် သစ်ပင်သည် ရှင်သန်နေခြင်း ဖြစ်ပါသည်။

၁၉၉၀-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရုပ် ၂၈ပါးတို့တွင် ရူပရုပ်၏ အကျဉ်းသရုပ်ကို ဖော်ပြ၍၊ သင့်ခန္ဓာကိုယ်၌ ရုပ်တရားများ တိုးပွား၊ စည်ပင်၊ ရင့်ရော်၊ ပျက်စီးခြင်းသည် အဘယ်ရုပ်တို့၏ သဘောလက္ခဏာများဖြစ်ပါသနည်း။ ရုပ်အမည်မျှ ဖော်ပြ ရေးသားခဲ့ပါ။
ရုပ် ၂၈ပါးတို့တွင် ရူပရုပ် ၁၈ပါး ပါဝင်ပါသည်။ ထိုရူပရုပ် ၁၈ပါး၏ အကျဉ်းသရုပ်မှာ –
(၁) မဟာဘုတ်ရုပ် = ၄ပါး
(၂) ပသာဒရုပ် = ၅ပါး
(၃) ဂေါစရုပ် = ၄ပါး
(၄) ဘာဝရုပ် = ၂ပါး
(၅) ဟဒယရုပ် = ၁ပါး
(၆) ဇီဝိတရုပ် = ၁ပါး
(၇) အာဟာရရုပ် = ၁ပါး


ပေါင်း = ၁၈ပါး ဖြစ်ပါသည်။

ကျွန်ုပ်ခန္ဓာကိုယ်၌ –
ရုပ်တရားများ တိုးပွားခြင်း = ဥစယရုပ်၏ လက္ခဏာ၊
ရုပ်တရားများ စည်ပင်ခြင်း = သန္တတိရုပ်၏ လက္ခဏာ၊
ရုပ်တရားများ ရင့်ရော်ခြင်း = ဇရတာရုပ်၏ လက္ခဏာ၊
ရုပ်တရားများ ပျက်စီးခြင်း = အနိစ္စတာရုပ်၏ လက္ခဏာများ ဖြစ်ပါသည်။

၂။ အကြောင်းအကျိုးအားဖြင့် ဆက်သွယ်နေသော ဤလောက၌ ရုပ်ဝတ္ထုများကို ဖြစ်ပေါ်စေတတ်သော အကြောင်းတရားများကို ဖော်ပြ၍ စကားပြောသံ၊ ဓာတ်စက်သီချင်းသံတို့သည် မည်သည့် သဒ္ဒရုပ်များ ဖြစ်ကြသည်ကိုလည်း ရှင်းလင်းဖြေဆိုခဲ့ပါ။
ရုပ်ဝတ္ထုများကို ဖြစ်ပေါ်စေတတ်သော အကြောင်းတရားများမှာ –
ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူ၍ ၄ပါး ဖြစ်ပါသည်။

စကားပြောသံသည် = စိတ္တဇသဒ္ဒရုပ် ဖြစ်ပါသည်။
ဓာတ်စက်သီချင်းသံသည် = ဥတုဇသဒ္ဒရုပ် ဖြစ်ပါသည်။

၃။ ရူပဗြဟ္မာများ၌ လူသားတို့ကဲ့သို့ ဗြဟ္မာယောက်ျား၊ ဗြဟ္မာမိန်းမဟူ၍ လိင်အားဖြင့် ခွဲခြားမှု ရှိပါသလား။ အကြောင်းပြ ဖြေဆို၍ ရူပဘုံ၌ ရထိုက်သောရုပ်များကိုလည်း ရေတွက်ပြပါ။
ရူပဗြဟ္မာများ၌ လူသားတို့ကဲ့သို့ ဗြဟ္မာယောက်ျား၊ ဗြဟ္မာမိန်းမဟူ၍ လိင်အားဖြင့် ခွဲခြားမှု မရှိပါ။
အကြောင်းမှာ – ရူပဗြဟ္မာများသည် ကာမဂုဏ်ကို လွန်စွာ စက်ဆုပ် ရွံရှာသဖြင့် ကာမဝိရာဂဘာဝနာ၏ အစွမ်းဖြင့် ဘာဝရုပ် ၂ပါးကို ပယ်ထားသောကြေင့် ဖြစ်ပါသည်။

ရူပဘုံ၌ ရထိုက်သောရုပ်များ –
(က) အသညသတ်ကြဉ်သော ရူပ ၁၅ဘုံ၌ ရထိုက်သောရုပ်များမှာ –
မဟာဘုတ်ရုပ် = ၄ပါး
စက္ခုပသာဒ၊ သောတပသာဒရုပ် = ၂ပါး
ဂေါစရရုပ် (ဝဏ္ဏ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ) = ၄ပါး
ဟဒယရုပ် = ၁ပါး
ဇီဝိတရုပ် = ၁ပါး
အာဟာရရုပ် (သြဇာ) = ၁ပါး
အာကာသဓာတ်ပရိစ္ဆေဒရုပ် = ၁ပါး
ဝိညတ်ရုပ် = ၂ပါး
လဟုတာဒိရုပ် = ၃ပါး
လက္ခဏရုပ် = ၄ပါး


ပေါင်း = ၂၃ပါး ဖြစ်ပါသည်။

(ခ) အသညသတ်ဘုံ၌ ရထိုက်သောရုပ်များ
မဟာဘုတ်ရုပ် = ၄ပါး
ဂေါစရရုပ် (ဝဏ္ဏ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ) = ၄ပါး
ဇီဝိတရုပ် = ၁ပါး
အာဟာရရုပ် (သြဇာ) = ၁ပါး
အာကာသဓာတ်ပရိစ္ဆေဒရုပ် = ၁ပါး
လဟုတာဒိရုပ် = ၃ပါး
လက္ခဏရုပ် = ၄ပါး


ပေါင်း = ၁၇ပါး ဖြစ်ပါသည်။

၁၉၉၁-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရူပဗြဟ္မာများ၏ ခန္ဓာကိုယ်၌ ရုပ်ပေါင်းမည်မျှ ရှိသနည်း။ အကျဉ်းမျှ ဖော်ပြ၍ ရုပ် ၂၈ပါးကို အတွင်း ရုပ်/အပြင်ရုပ်၊ အနီးရုပ်/အဝေးရုပ်အားဖြင့် ဝေဖန် ရေးသားခဲ့ပါ။
ရူပဗြဟ္မာများ၏ ခန္ဓာကိုယ်၌ရှိသော ရုပ်ပေါင်း (၁၉၉၀-ခုနှစ်၊ နံပါတ် – ၃ အဖြေကြည့ပါ။)
ရုပ် ၂၈ပါးကို အတွင်းရုပ်/အပြင်ရုပ်အားဖြင့် ဝေဖန်ရသော် –
ပသာဒရုပ် ၅ပါးသည် = ခန္ဓာကိုယ်၌ ကျေးဇူးအများဆုံး ဖြစ်သဖြင့် အတွင်းရုပ် မည်ပါသည်။

ကြွင်းရုပ် ၂၃ပါးကား = ပသာဒရုပ် ၅ပါးလောက် ခန္ဓာကိုယ်၌ ကျေးဇူးမများသဖြင့် အပြင်ရုပ် မည်ပါသည်။
ရုပ် ၂၈ပါးကို အနီးရုပ်/အဝေးရုပ်အားဖြင့် ဝေဖန်ရသော် –
ပသာဒရုပ် ၅ပါးနှင့် ဂေါစရရုပ် ၇ပါး ပေါင်း ၁၂ပါးသော ရုပ်တို့သည် ဉာဏ်ဖြင့် သိမ်းဆည်း၍ ရလွယ်သောရုပ်များ ဖြစ်သဖြင့် အနီးရုပ် မည်ပါသည်။
ကြွင်းရုပ် ၁၆ပါးကား ဉာဏ်ဖြင့် သိမ်းဆည်းရန် မလွယ်ကူသော ရုပ်များဖြစ်သဖြင့် အဝေးရုပ် မည်ပါသည်။

၂။ ရုပ်ကို ဖြစ်စေတတ်သော အကြောင်းတရား လေးပါးကို ဖော်ပြ၍ ရုပ် ၂၈ပါးတို့တွင် ဘယ်အကြောင်းကြောင့်မှ မဖြစ် သော ရုပ်လေးပါးသရုပ်ကိုလည်း ဖော်ထုတ်ရေးသားခဲ့ပါ။
ရုပ်ကို ဖြစ်စေတတ်သော အကြောင်းတရား လေးပါးမှာ – ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြစ်ပါသည်။
ရုပ်ကို ဖြစ်စေတတ်သော ဘယ်အကြောင်းကြောင့်မှ မဖြစ်သော ရုပ် ၄ပါးမှာ –
ဥပစယရုပ်၊ သန္တတိရုပ်၊ ဇရတာရုပ်၊ အနိစ္စတာရုပ် ဟူသော လက္ခဏရုပ် ၄ပါး ဖြစ်ပါသည်။

၃။ ဗုဒ္ဓဘာသာဝင် ဖြစ်သူတိုင်း တောင့်တသော နိဗ္ဗာန်ဟူသည် အဘယ်အရာပါနည်း၊ ယင်းနိဗ္ဗာန်၏ သဘောလက္ခဏာ များကို ဖော်ပြ၍၊ ဘုရား၊ ရဟန္တာပုဂ္ဂိုလ်သာ ရောက်ရှိနိုင်သော နိဗ္ဗာန်အမည်များကိုလည်း ညွှန်ပြခဲ့ပါ။
ဗုဒ္ဓဘာသာဝင် ဖြစ်သူတိုင်း တောင့်တသော နိဗ္ဗာန်ဟူသည် –
တဏှာကုန်ခန်းခြင်းသဘော၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်းသဘောတရားကို ခေါ်ပါသည်၊ လပြည့်ဝန်းကို မျက်စိဖြင့် ဒိဋ္ဌပစ္စက္ခ မြင်ရသလို မဂ်ဉာဏ် ၄ပါးတည်းဟူသော ဓမ္မစက္ခုဖြင့် ဒိဋ္ဌပစ္စက္ခမြင်အပ်၊ မျက်မှောက်ပြုအပ်၏၊ မဂ်၊ ဖိုလ်၊ ဂေါတြဘူ၊ ဝေါဒါန်၊ အာဝဇ္ဇန်း၊ ပစ္စဝေက္ခဏာဇောတို့၏ အာရုံဖြစ်၏၊ လောကုတ္တရာဇာတ်ဖြစ်၍ တဏှာ၏ အာရုံပြုမခံရသောတရား ဖြစ်၏။

နိဗ္ဗာန်၏ သဘောလက္ခဏာ = ငြိမ်းအေးခြင်း သန္တိလက္ခဏာ ရှိ၏။
ဘုရား၊ ရဟန္တာတို့သာ ရောက်ရှိနိုင်သော နိဗ္ဗာန်အမည်များမှာ –
ခန္ဓာကြွင်းမရှိ၊ အဆုံးစွန် ပရိနိဗ္ဗာန်စံမှုဖြစ်သော ခန္ဓနိဗ္ဗာန်၊ သမ္ပရာယိကနိဗ္ဗာန် တည်းဟူသော အနုပါဒိသေသနိဗ္ဗာန် ဖြစ်ပါသည်။

၁၉၉၂-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရုပ် ၂၈ပါးကို အစစ်အတု ခွဲခြားပြ၍၊ ဤစာဖြေခန်းအတွင်းဝယ် စာဖြေသူများ မျက်စိဖြင့် မြင်တွေ့ရသည့် ရုပ်တို့ကိုလည်း ညွှန်ပြပါ။
ရုပ် ၂၈ပါးတွင် ရုပ်အစစ် ၁၈ပါး၊ ရုပ်အတု ၁၀ပါး ရှိသည်။
ရုပ် အစစ် ၁၈ပါးမှာ –
မဟာဘုတ်ရုပ် = ၄ပါး
ပသာဒရုပ် = ၅ပါး
ဂေါစရရုပ် = ၄ပါး
ဘာဝရုပ် = ၂ပါး
ဟဒယရုပ် = ၁ပါး
ဇီဝိတရုပ် = ၁ပါး
အာဟာရရုပ် = ၁ပါး


ပေါင်း = ၁၈ပါး ဖြစ်ပါသည်။

ရုပ် အတု ၁၀ပါးမှာ
– ပရိစ္ဆေဒရုပ် = ၁ပါး
– ဝိညတ်ရုပ် = ၂ပါး
– လဟုတာဒိရုပ် = ၃ပါး
– လက္ခဏရုပ် = ၄ပါး


ပေါင်း = ၁၀ပါး ဖြစ်ပါသည်။
ဤစာဖြေခန်းအတွင်းဝယ် စာဖြေသူများ မျက်စိဖြင့် မြင်တွေ့ရသည့်ရုပ်မှာ –
သနိဒဿနရုပ်ဖြစ်သော ရူပါရုံရုပ် (ဝဏ္ဏ) တစ်ပါးသာ ဖြစ်ပါသည်။

၂။ သတ္တဝါများအား ပြုံးရွှင် ရယ်မောခြင်းကို ဖြစ်စေတတ်သောစိတ်များကို အကျဉ်းသရုပ်မျှ ဖော်ပြ၍၊ လူသားများသည် မည်သည့်စိတ်ဖြင့် ရယ်မောကြသည်ကိုလည်း ရှင်းလင်းပြပါ။
သတ္တဝါများအား ပြုံးရွှင်ရယ်မောခြင်းကို ဖြစ်စေတတ်သော စိတ်များကို အကျဉ်းသရုပ်မျှ ဖော်ပြရသော် –
လောဘမူ သောမနဿစိတ် = ၄ပါး
ဟသိတုပ္ပါဒ်စိတ် = ၁ပါး
မဟာကုသိုလ် သောမနဿစိတ် = ၄ပါး
မဟာကြိယာ သောမနဿစိတ် = ၄ပါး
ပေါင်း – ကာမာဝစရသောမနဿစိတ် = ၁၃ပါး ဖြစ်ပါသည်။

လူသားများ ရယ်မောကြသောစိတ်များ
(က) ပုထုဇဉ်ပုဂ္ဂိုလ်များ ရယ်မောသောစိတ်
လောဘမူ သောမနဿစိတ် = ၄ပါး
မဟာကုသိုလ် သောမနဿစိတ် = ၄ပါး
ပေါင်း – စိတ် = ၈ပါး
(ခ) သေက္ခပုဂ္ဂိုလ်များ ရယ်မောသောစိတ်
လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် သောမနဿစိတ် = ၂ပါး
မဟာကုသိုလ် သောမနဿစိတ် = ၄ပါး
ပေါင်း – စိတ် = ၆ပါး
(ဂ) အသေက္ခပုဂ္ဂိုလ်များ ရယ်မောသောစိတ်
ဟသိတုပ္ပါဒ်စိတ် = ၁ပါး
မဟာကြိယာ သောမနဿစိတ် = ၄ပါး
ပေါင်း = စိတ် = ၅ပါး

၃။ လူ့ခန္ဓာကိုယ်ရှိ ရုပ်ဝတ္ထုများအနက် လူနှင့်အတူ သေသောရုပ်၊ လူသေပြီးမှ သေသောရုပ်၊ လူပင်သေသော်လည်း မသေဘဲနှင့် ဆက်လက်ဖြစ်နေဆဲရုပ်တို့ကို ထုတ်ဆောင်ပြ၍၊ ရုပ်ကလာပ် ဖွဲ့စည်းရာ၌ မပါဝင်သောရုပ်တို့ကိုလည်း မပါဝင်ခြင်းအကြောင်းနှင့်တကွ ဖြေဆိုပါ။
လူ့ခန္ဓာကိုယ်ရှိ ရုပ်ဝတ္ထုများအနက် –
လူနှင့်အတူ သေသောရုပ် = ကမ္မဇရုပ်
လူသေပြီးမှ သေသောရုပ် = စိတ္တဇရုပ်နှင့် အာဟာရဇရုပ်
လူပင်သေသော်လည်း မသေဘဲနှင့် ဆက်လက်ဖြစ်နေဆဲရုပ် = ဥတုဇရုပ်တို့ ဖြစ်ပါသည်။

ရုပ်ကလာပ် ဖွဲ့စည်းရာတွင် မပါဝင်သော ရုပ်တို့ကို အကြောင်းနှင့်တကွ ဖော်ပြရသော် –
ရုပ်ကလာပ်ဖွဲ့စည်းရာတွင် မပါဝင်သော ရုပ်တို့မှာ –
(၁) အာကာသဓာတ် ပရိစ္ဆေဒရုပ် = ၁ပါး
(၂) လက္ခဏရုပ် = ၄ပါး တို့ ဖြစ်ပါသည်။
အကြောင်းမှာ –
အာကာသဓာတ် ပရိစ္ဆေဒရုပ်သည် ရုပ်ကလာပ်တို့၏ အပိုင်းအခြားသာဖြစ်၍ လည်းကောင်း၊ လက္ခဏရုပ် ၄ပါးသည် ရုပ်ကလာပ်တို့၏ ဖြစ်၊ တည်၊ ပျက် အမှတ် လက္ခဏာမျှသာဖြစ်၍လည်းကောင်း ကလာပ်ဖွဲ့ရာတွင် မပါဝင်ပါ။

၁၉၉၃-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရုပ်အားလုံးကို သပစ္စယ၊ သာသဝ၊ သင်္ခတ ဟု ခေါ်ဆိုရခြင်းအကြောင်းကို ရှင်းပြ၍၊ အလွန် နူးညံ့ သိမ်မွေ့သဖြင့် တွေ့ထိ စမ်းသပ် မရနိုင်သော ရုပ်ကိုလည်း ထုတ်ပြခဲ့ပါ။
ရုပ်အားလုံးကို သပစ္စယ ဟု ခေါ်ဆိုရခြင်းအကြောင်း
ရုပ်အားလုံးကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်းတရားတို့က ပြုပြင်စီရင်အပ်သောကြောင့် သင်္ခတ မည်ပါသည်။
အလွန်နူးညံ့ သိမ်မွေ့သဖြင့် တွေ့ထိ စမ်းသပ်မရနိုင်သော ရုပ်မှာ – အာပေါရုပ် ဖြစ်ပါသည်။

၂။ သတ္တဝါတို့အား ပဋိသန္ဓေအခါ ရုပ်လေးပါးအစဉ်ဖြစ်ပုံကို ဖော်ပြ၍၊ လူသေအလောင်းကောင်၌ ရုပ်ကြွင်း မည်မျှ ရှိသည်ကိုလည်း ရှင်းလင်း ရေးသားခဲ့ပါ။
သတ္တဝါတို့၏ ရုပ်လေးပါးအစဉ်ဖြစ်ပုံမှာ –
(၁) ကမ္မဇရုပ်များသည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍ စိတ်တို့၏ ခဏတိုင်း ခဏတိုင်း၌ ဖြစ်ပါသည်။
(၂) စိတ္တဇရုပ်များသည် ပဋိသန္ဓေစိတ်နောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ စိတ်တို့၏ ဥပါဒ်တိုင်း ဥပါဒ်တိုင်း၌ ဖြစ်ပါသည်။
(၃) ဥတုဇရုပ်များသည် ပဋိသန္ဓေစိတ်၏ ဋ္ဌီခဏမှစ၍ မိမိ၏ဋ္ဌီသို့ ရောက်တိုင်း ရောက်တိုင်း ဖြစ်ပါသည်။
(၄) အာဟာရဇရုပ်များသည် စားမျိုးအပ်သော – ဗဟိဒ္ဓသြဇာသည် ကိုယ်တွင်း၌ ပျံ့နှံ့၍ အဇ္ဈတ္တသြဇာနှင့် ပူးပေါင်းပြီး မိမိ၏ ဋ္ဌီသို့ ရောက်တိုင်း ရောက်တိုင်း ဖြစ်ပါသည်။

ပဋိသန္ဓေအခါဟူသည် – ပဋိသန္ဓေစိတ်၊ စေတသိက်နှင့် ကမ္မဇရုပ်တို့၏ တစ်ဘဝ၌ ပထမဆုံး ဖြစ်ရာအခါကို ခေါ်၏။
ထို့ကြောင့် သတ္တဝါတို့အား ပဋိသန္ဓေအခါတွင် ဖြစ်နိုင်သော ရုပ်မှာ – ကမ္မဇရုပ်တစ်မျိုးသာ ဖြစ်ပါသည်။

လူသေအလောင်းကောင် (မတကာယ)၌ –
ဥတုဇကလာပ် ၄စည်းမှ သုဒ္ဓဋ္ဌကကလာပ် = ၁စည်း
သဒ္ဒနဝကကလာပ် = ၁စည်း
ပေါင်း ဥတုဇကလာပ် = ၂စည်းသာ ရရှိသဖြင့် ရှိသော (ဥတုဇ)ရုပ်ကြွင်းမှာ –
အဝိနိဗ္ဘောဂရုပ် = ၈ပါး
သဒ္ဒရုပ် = ၁ပါး


ပေါင်း ဥတုဇရုပ်ကြွင်း = ၉ပါး ဖြစ်ပါသည်။

၃။ လူတို့၏ ခန္ဓာကိုယ်၌ အသက်ဝိညာဏ် ဟု ခေါ်ဆိုရသော ရုပ်အမည်ကို ညွှန်ပြ၍ ယင်းအသက်သည် ခန္ဓာကိုယ်တွင် မည်သည့်နေရာ၌ တည်ရှိနေသည်ကိုလည်း ထုတ်ဖော်ညွှန်ကြားခဲ့ပါ။
လူတို့၏ ခန္ဓာကိုယ်၌ အသက်ဝိညာဏ် ဟု ခေါ်ဆိုရသော ရုပ်အမည်မှာ – ဇီဝိတရုပ် ဖြစ်ပါသည်။
ယင်းအသက်ဟူသော ဇီဝိတရုပ်သည် တစ်ကိုယ်လုံးတွင် ပျံ့နှံ့၍ တည်ရှိပါသည်။

၁၉၉၄-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ အရူပရုပ်တို့ကို ရေတွက်ပြ၍၊ သင့်ခန္ဓာကိုယ်၏ ပေါ့ပါး နူးညံ့လျက် စာဖြေရန် အဆင်သင့်ဖြစ်နေမှုတို့သည် အဘယ်ရုပ်တို့၏ သဘောလက္ခဏာဖြစ်ပါသနည်း။ အမည်မျှ ဖော်ပြပါ။
အရူပရုပ်တို့မှာ –
အာကာသဓာတ် ပရိစ္ဆေဒရုပ် = ၁ပါး
ဝိညတ်ရုပ် = ၂ပါး
လဟုတာဒိရုပ် = ၃ပါး
လက္ခဏရုပ် = ၄ပါး


ပေါင်း အရူပရုပ် = ၁၀ပါး ဖြစ်ပါသည်။

ကျွန်ုပ်ခန္ဓာကိုယ်၏ …
ပေါ့ပါးမှုသည် = ရူပဿာလဟုတာရုပ်၏ လက္ခဏာ
နူးညံ့မှုသည် = ရူပဿမုဒုတာရုပ်၏ လက္ခဏာ
စာဖြေရန် အဆင်သင့်ဖြစ်နေမှုသည် = ရူပဿကမ္မညတာရုပ်၏ လက္ခဏာများ ဖြစ်ပါသည်။

၂။ သက်ရှိသက်မဲ့အရာဝတ္ထုတိုင်း၌ ရုပ်ကလာပ်တို့ အဆက်မပြတ် ဖြစ်လျက်ရှိရာ ရုပ်ကလာပ်တစ်ခုဟု သတ်မှတ်နိုင်ရန် လိုအပ်သော အင်္ဂါလက္ခဏာများကို ရေး၍၊ မေးခွန်းလွှာစာရွက်ဋ ရနိုင်သော ရုပ်ကလာပ်ကိုလည်း တိကျစွာ ဖော်ပြပါ။
ရုပ်ကလာပ်တစ်ခုဟု သတ်မှတ်နိုင်ရန် လိုအပ်သော အင်္ဂါလက္ခဏာများမှာ –
(၁) ဧကုပ္ပါဒ = ရုပ်ကလာပ်တစ်စည်း၌ ရုပ်တရားအပေါင်းတို့သည် မရှေးမနှောင်း တစ်ပြိုင်နက် ဖြစ်ရခြင်း၊
(၂) ဧကနိရောဓ = ရုပ်ကလာပ်တစ်စည်း၌ ရုပ်တရားအပေါင်းတို့သည် မရှေးမနှောင်း တစ်ပြိုင်နက် ချုပ်ရခြင်း။
(၃) ဧကနိဿယ = ရုပ်ကလာပ်တစ်စည်း၌ ရုပ်တရားအပေါင်းတို့သည် မဟာဘုတ်တည်းဟူသော မှီရာတူခြင်း။
(၄) သဟဂုတ္တိ = အသီးသီးသော ကလာပါတူရုပ်စုများ အတူတကွ တပေါင်းတည်း ဖြစ်ရခြင်း တို့ဖြစ်ပါသည်။

မေးခွန်းလွှာစာရွက် (ဗဟိဒ္ဓသန္တာန်၌) ရနိုင်သော ရုပ်ကလာပ်
ဥတုဇကလာပ် ၄-စည်းမှ –
သုဒ္ဓဋ္ဌကကလာပ် = ၁-စည်း
သဒ္ဒနဝကကလပ် = ၁-စည်း


ပေါင်း ဥတုဇကလာပ် = ၂-စည်း ဖြစ်ပါသည်။

၃။ အသညသတ်ဗြဟ္မာဘုံ၌ ရနိုင်သော ရုပ်တို့ကို ရေတွက်ပြ၍ ဂုဏ်အားဖြင့် ရအပ်သော နိဗ္ဗာန်၏ အမည်သုံးမျိုးကိုလည်း အကြောင်းနှင့်တကွ ဖြေဆိုပါ။
၁၉၉၀ နံပါတ် ၃
ဂုဏ်အားဖြင့် ရအပ်သော နိဗ္ဗာန်၏ အမည်သုံးမျိုး
(၁) သုညတနိဗ္ဗာန် = ရာဂ စသော ကြောင့်ကြဖွယ် ပလိဗောဓ အမျိုးမျိုးမှ ကင်းငြိမ်း သုဉ်းဆိတ်သောကြောင့် သုညတနိဗ္ဗာန် မည်၏
(၂) အနိမိတ္တနိဗ္ဗာန် = ရာဂနိမိတ်စသော ဘေးရန် အပေါင်းနှင့် မဆက်ဆံသောကြောင့် အနိမိတ္တနိဗ္ဗာန် မည်၏
(၃) အပ္ပဏိဟိတနိဗ္ဗာန် = အာသာ ၊ တဏှာ စသော တောင့်တမှု ၊ ပူပန်မှုတို့နှင့် မဆက်ဆံသောကြောင့် အပ္ပဏိဟိတနိဗ္ဗာန် မည်၏

၁၉၉၅-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ (က) အတွင်းလူနှင့်တူသောရုပ် (ခ) မြင်တွေ့နိုင်သော ရုပ်တို့ကို ဖော်ပြ၍ ရုပ်ကို ဖြစ်စေ နိုင်သောကံ တို့ကိုလည်း ဖော်ပြပါ။
(က) အတွင်းလူနှင့်တူသောရုပ် (တစ်နည်း) အဇ္ဈတ္တိကရုပ်မှာ –
စက္ခုပသာဒရုပ် ၊ သောတပသာဒရုပ် ၊ ဃာနသာဒရုပ် ၊ ဇိဝှါပသာဒရုပ် ၊ ကာယပသာဒရုပ် ဟူသော ပသာဒရုပ် ၅-ပါး ဖြစ်ပါသည်။
(ခ) မြင်တွေ့နိုင်သောရုပ် (တစ်နည်း) သနိဒဿနရုပ်မှာ – ရူပါရုံ (ဝဏ္ဏ) ဖြစ်ပါသည်။

ရုပ်ကိုဖြစ်စေနိုင်သောကံတို့မှာ –
နာနာက္ခဏိကအတိတ် အကုသိုလ်ကံ = ၁၂-ပါး
ကာမကုသိုလ်ကံ = ၈-ပါး
ရူပကုသိုလ်ကံ = ၅-ပါး


ပေါင်း ကုသိုလ် ၊ အကုသိုလ်ကံ (စေတနာ) = ၂၅-ပါး

၂။ အသံဖြစ်ပေါ်လာခြင်း၏ အကြောင်းကို ရေးသား၍ သစ်ပင် တောတောင် ရေမြေဟူသမျှ သက်မဲ့ဝတ္ထုဖြစ်ကြောင်းကိုလည်း ယင်းတို့၌ ရရှိနိုင်သော ကလာပ်စည်းများနှင့်တကွ အကြောင်းသွင်းကာ ရေးပြပါ။
အသံဖြစ်ပေါ်လာခြင်း၏အကြောင်းမှာ – စိတ်နှင့်ဥတုတို့ ဖြစ်ပါသည်။
သစ်ပင်တောတောင်ရေမြေဟူသမျှ သက်မဲ့ဝတ္ထုဖြစ်ကြောင်း
သစ်ပင်တောတောင်ရေမြေဟူသမျှ ဗဟိဒ္ဓသန္တာန်ဖြစ်သဖြင့် ယင်းတို့၌ ရနိုင်သော ကလာပ်စည်းမှာ ဥတုဇကလာပ် ၄-စည်းအနက်
(၁) ဥတုဇ သုဒ္ဓဋ္ဌကကလာပ်
(၂) ဥတုဇ သဒ္ဒနဝကကလာပ် တို့ဖြစ်ပါသည်။
ထိုကလာပ်စည်းတို့တွင် ပါဝင်သောရုပ်များမှာ – မဟာဘုတ်ရုပ် ၄-ပါး၊ ဝဏ္ဏ ၊ ဂန္ဓ ရသ ၊ သြဇာ နှင့် သဒ္ဒရုပ် စုစုပေါင်း ၉-ပါ သာဖြစ်ပြီး သက်ရှိဟု သတ်မှတ်နိုင်သော ဇီဝိတရုပ် မပါပါ။
ထို့ကြောင့် သစ်ပင် တောတောင်ရေမြေ ဟူသမျှသည် သက်မဲ့ဝတ္ထုသာ ဖြစ်ပါသည်။

၃။ စာဖြေသူတို့၏ ပဋိသန္ဓေအခိုက်၌ ဖြစ်ပေါ်ခဲ့သော ရုပ်ကလာပ်စည်းတို့ကို ရေတွက်ပြ၍၊ စိတ်ကြောင့် ဖြစ်သော ရုပ်များ၏ အစဆုံးဖြစ်ချိန်ကိုလည်း ညွှန်ပြပါ။
စာဖြေသူသည် လူစဉ်မီသော ကာမဘုံသား အမျိုးသမီး ဖြစ်သဖြင့် ပဋိသန္ဓေအခိုက် ဖြစ်ပေါ်ခဲ့သော ရုပ်ကလာပ်စည်းတို့မှာ – (ကမ္မဇကလာပ် ၉-စည်းမှ) –
(၁) ကာယဒသကကလာပ် = ၁-စည်း
(၂) ဣထ္ထိဘာဝဒသကကလာပ် = ၁-စည်း
(၃) ဝတ္ထုဒသကလာပ် = ၁-စည်း


ပေါင်း ကမ္မဇာကလာပ် = ၃-စည်း ဖြစ်ပါသည်။
စိတ်ကြောင့် ဖြစ်သောရုပ် (စိတ္တဇရုပ်) များ၏ အစဆုံးဖြစ်ချိန်မှာ – ပဋိသန္ဓေနောင် ပထမဘွင်စိတ်၏ ဥပါဒ်ခဏ ဖြစ်ပါသည်။

၁၉၉၆-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ အဘယ်သို့ ဖြစ်သွားသည်ကို စုတေသည်၊ သေသည် ဟု ခေါ်သည်ကိုလည်း ဖြေဆိုပါ။
သတ္တဝါတို့၌ တစ်ဘဝအတွက် –
(၁) အာယဟုခေါ်သော အသက် (ဇီဝိတရုပ် နှင့် ဇီဝိတိနြေ္ဒစေတသိက်)
(၂) ဥသ္မာဟုခေါ်သော ကိုယ်ငွေ့တေဇော
(၃) ဝိညာဏံဟုခေါ်သော ဝိပါက်စိတ်
ဤ ၃-ပါးသော တရားတို့ တစ်ပြိုင်နက် ချုပ်သည်ကို စုတေသည်၊ သေသည် ဟုခေါ်ပါသည်။

၂။ အတုအယောင်များ ရေပန်းစားနေသကဲ့သို့ ပရမတ္ထတရားများလည်း အတုအယောင် ရှိ မရှိကို အဘိဓမ္မာအမြင်ဖြင့် စစ်တမ်းထုတ်ပြပါ။
ပရမတ္ထတရားတို့သည် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူ၍ ၄ပါး ရှိရာဝယ် ရုပ်ပရမတ်တရားသည် သရုပ်အားဖြင့် ၂၈ပါး ရှိပါသည်။ ထို ၂၈ပါး အနက် ၁၈ပါးသော ရုပ်တို့ကို ရုပ်အစစ် ၁၀ပါးသောရုပ်တို့ကို ရုပ်အတုဟု ဟောကြားတော်မူထား သောကြောင့် ရုပ်ပရမတ်တရားတွင် အတုအယောင် ရှိပါသည်။
(၁၉၉၂-ခုနှစ်၊ နံပါတ် ၁အဖြေကို ကြည့်ပါ။)

၃။ စိတ်ဟူသောအကြောင်းတရားက ရုပ်တရားများကို ဖြစ်ပေါ်စေပုံကို မှန်ကန်စွာ ဖြေဆို၍၊ စက်ရဟတ်ပမာ ရုပ်တရားများ လည်ပတ်ဖြစ်ပေါ်နေပုံကိုလည်း ဖြေဆိုပါ။
စိတ်ဟူသော အကြောင်းတရားများက ရုပ်တရားများ ဖြစ်ပေါ်စေပုံမှာ –
ဒွေပဉ္စဝိညာဏ် ၁၀၊ အရူပဝိပါက် ၄ ၊ ရဟန္တာတို့ စုတိစိတ်နှင့် အလုံးစုံငော ပဋိသန္ဓေစိတ်ကြဉ်သော စိတ် ၇၅-ပါး၊ စေတသိက် ၅၂-ပါး တို့သည် ရုပ်တရားမျာကို ဖြစ်စေသော စိတ်အကြောင်းတရား ဖြစ်ပါသည်။

စိတ်က ရုပ်ကို ဖြစ်စေရာ၌ – ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ ပဝတ္တိအခါစိတ်၏ သပါဒ်တိုင်း ၊ သပါဒ်တိုင်း၌ စိတ္တဇရုပ် ၁၅-ပါး တို့ကို ဖြစ်ပေါ်စေပါသည်။

စက်ရဟတ်ပမာ ရုပ်တရားများ လည်ပတ်ဖြစ်ပေါ်နေပုံ
(၁) ကမ္မဇရုပ်များသည် = ဤပစ္စုပ္ပန်ဘဝအစ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှ အစပြု၍ ပဋိသန္ဓေ ၊ ပဝတ္တိအခါ ခဏတိုင်း ၊ ခဏတိုင်း မြစ်ရေအယဉ်ကဲ့သို့ (ဣန္ဒြိယဗဒ္ဓသန္တာန်) သက်ရှိတို့၏ သန္တာန်၌ ဖြစ်၏
(၂) စိတ္တဇရုပ်များသည် = ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ စိတ်၏ ဥပါဒ်တိုင်း ဥပါဒ်တိုင်း ဖြစ်၏
(၃) ဥတုဇရုပ်များသည် = ပဋိသန္ဓေ၏ ဌီခဏမှစ၍ ပဝတ္တိအခါ မိမိဌိသို့ ရောက်ရာခဏတိုင်း ဖြစ်၏
(၄) အာဟာရဇရုပ်များသည် = အဇ္ဈတ္တ-ဗဟိဒ္ဓ အာဟာရ ၂-ပါး အချင်းချင်း ဌီသို့ ရောက်ပြီး ရောနှောမိချိန်မှစ၍ ဖြစ်၏။
ဤသို့အားဖြင့် ပစ္စုပ္ပန်ဘဝ၌ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ တည်းဟူသော အကြောင်းတရားတို့ကြောင့် ဖြစ်သော ရုပ် ၄-မျိုးတို့သည် ပဋနသန္ဓေစိတ်၏ ဥပါဒ်ကိုအစပြု၍ အကြောင်းတရားများ မချုပ်ဆုံးသေးသရွေ့ အသစ်-အသစ် ဆက်ကာ ဆက်ကာ ဖြစ်ကြသကဲ့သို့ သေလွန်ပြီး ဘဝတစ်ပါး၌လည်း အကြောင်းတရား ၄-ပါးကြောင့် ဖြစ်သောရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ကို အစပြု၍ ဖြစ်ပေါ်ကြပြန်လေသည်။ ဤသို့ဖြင့် (ရဟန္တာ မဖြစ်သေး၍) ဘဝမပြတ်သေးသမျှ ကာလပတ်လုံး ရုပ်တရားများ ဖြစ်ခွင့်ရသော ဘုံဌာနတိုင်း၌ ဘဝသ်စ ပဋိသန္ဓေကို စွဲ၍ ရုပ်တရားများသည် စက်ရဟတ်ပမာ လည်ပတ်ဖြစ်ပေါ်နေပါသည်။

၎။ အရိယာသူတော်စင်တို့ ရအပ် ရောက်အပ်သော နိဗ္ဗာန်၏ အမည်ကို ပရိနိဗ္ဗာန်မစံမီ ရအပ်သော နိဗ္ဗာန် ၊ ပရိနိဗ္ဗာန် စံပြီးမှ ရအပ်သော နိဗ္ဗာန်အားဖြင့် ခွဲခြားပြ၍၊ ပရမတ္တတရားသည် လေးပါးထက် အယုတ်အလွန် ရှိမရှိကိုလည်း အကြောင်းသွင်း၍ ရှင်းပြပါ။
အရိယာသူတော်စင်တို့ ရအပ် ရောက်အပ်သော နိဗ္ဗာန်၏ အမည်မှာ
ပရိနိဗ္ဗာန် မစံမီ ရအပ်သော နိဗ္ဗာန် = သဥပါဒိသေသနိဗ္ဗာန်
ပရိနိဗ္ဗာန် စံပြီးမှ ရအပ်သော နိဗ္ဗာန် = အနုပါဒိသေသနိဗ္ဗာန် ဖြစ်ပါသည်။

သဥပါဒိသေသနိဗ္ဗာန်ကို – ဝိပါက်ကမ္မရုပ် ခန္ဓာကြွင်းရှိလျက် ခံစံအပ်သော အာရုံပြုအပ်သော ကိလေသနိဗ္ဗာန် ၊ ဒိဋ္ဌဓမ္မိကနိဗ္ဗာန် ဟုလည်း ခေါ်သေး၏။
အနုပါဒိသေသနိဗ္ဗာန်ကို – ခန္ဓာကြွင်းမရှိအဆုံးစွန် ပရိနိဗ္ဗာန်စံမှုဖြစ်သော ခန္ဓနိဗ္ဗာန်၊ သမ္ပရာယိကနိဗ္ဗာန် ဟုလည်း ခေါ်သေး၏
ပရမတ္ထတရားများလည်း လေးပါးသာရှိပါသည်။ လေးပါးထက် အယုတ်အလွန် မရှိပါ။

အကြောင်းမှာ – ရုပ်ပိုင်း နိဂုံးချုပ်၌ စိတ်လည်းကောင်း ၊ စေတသိက်လည်းကောင်း ၊ ရုပ်လည်းကောင်း ၊ နိဗ္ဗာန်လည်းကောင်း ဤသို့လျှင် ပရမတ္ထတရားကို လေးပါး အပြားအားဖြင့်သာလျှင် ဘုရားရှင်တို့သည် ထင်ရှားပြတော်မူကြကုန်၏ ဟူသော ဖော်ပြချက်ကြောင့် ဖြစ်ပါသည်။

၁၉၉၇-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ အနိပ္ဖန္နရုပ်တို့၏ အခြားရနိုင်သော အမည်များကို ရေးသား၍ (က) ဇာတိရုပ် (ခ) အကြောင်းတရား လေးပါကြောင့် ဖြစ်သောရုပ် (ဂ) အကြောင်းတရား လေးပါးကြောင့် မဖြစ်သောရုပ်တို့ကိုလည်း ထုတ်ပြပါ။
အနိပ္ဖန္နရုပ်တို့၏အခြားရနိုင်သာအမည်များမှာ – အသဘာဝရုပ် ၊ အလက္ခဏရုပ် ၊ အရူပရုပ် ၊ အသမ္မသနရုပ် တို့ဖြစ်ပါသည်။
(က) ဇာတိရုပ် = ဥပစယရုပ် နှင့် သန္တတိရုပ် (၂)ပါး
(ခ) အကြောင်းတရား လေးပါကြောင့် ဖြစ်သောရုပ် –
မဟာဘုတ်ရုပန် = ၄-ပါး
ဝဏ္ဏရုပ် = ၁-ပါး
ဂန္ဓရုပ် = ၁-ပါး
ရသရုပ် = ၁-ပါး
သြဇရုပ် = ၁-ပါး
အာကာသဓာတ်ပရိစ္ဆေဒရုပ် = ၁-ပါး


ပေါင်း = ၉-ပါး
(ဂ) အကြောင်းတရား လေးပါးကြောင့် မဖြစ်သောရုပ် – လက္ခဏာရုပ် ၄-ပါး တို့ဖြစ်ပါသည်။

၂။ ဂဗ္ဘသေယျက လူသတ္တဝါများ ပဋိသန္ဓေအခါယ ပဝတ္တိအခါတို့၌ ရနိုင်သော ရုပ်ကလာပ်တို့ကို ဖြေဆို၍၊ အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ရုပ်ဖြစ်ကြောင်းတရားများနှင့် ရုပ်တရားတို့ကို သင်္ဂဟနှင့်အညီ ဖြေဆိုပါ။
ဂဗ္ဘသေယျက လူသတ္တဝါများ ပဋိသန္ဓေအခါယ ပဝတ္တိအခါတို့၌ ရနိုင်သော ရုပ်ကလာပ်များမှာ – (ကလလရေကြည်) ကမ္မဇရုပ်ကလာပ် ၃-စည်း ဖြစ်သော
(၁) ကာယဒသကကလာပ်
(၂) ဘာဝဒကကလာပ်
(၃) ဝတ္ထုဒသကကလာပ် တို့ဖြစ်ပါသည်။

ပဝတ္ထိအခါ ရနိုင်သော ရုပ်ကလာပ်များမှာ –
(၁) ကမ္မဇကလာပ် = ၈-စည်း (ဇီဝိတနဝကကလာပ် သီးခြားမရပါ)
(၂) စိတ္တဇကလာပ် = ၆-စည်း
(၃) ဥတုဇကလာပ် = ၄-စည်း
(၄) အာဟာရကလာပ် = ၂-စည်း


ပေါင်း = ၂၀-စည်း ဖြစ်ပါသည်။

(မှတ်ချက် ။ ကျား-မ ခွဲခြားပါက ကမ္မဇကလာပ် ၈-စည်းမှ ယောက်ျား ဖြစ်လျှင် ပုမ္ဘာဝဒသက ကလာပ်၊ မိန်းမဖြစ်လျှင် ဣတ္ထိဘာဝဒသက ကလာပ်ကို သာယူပြီး ကမ္မဇကလာပ် ၇-စည်းသာ ရပါမည်။)
အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ရုပ်ဖြစ်ကြောင်း တရားများမှာ – ကံ ၊ စိတ် ၊ ဥတု တို့ဖြစ်ကြပါသည်။
ရနိုင်သောရုပ်များမှာ – ၁၉၉၀ နံပါတ် ၃

၃။ ပဋိသန္ဓေအခါ မရနိုင်သော ရုပ်တရားများကို ရေးသား ဖြေဆို၍၊ အဘယ်အရာကို အဘယ်ကြောင့် နိဗ္ဗာန်ဟု ခေါ်ပါသနည်း၊ သင်္ဂဟအလိုကျ ဖြေဆိုပါ။
ပဋိသန္ဓေအခါ မရနိုင်သော ရုပ်တရားများမှာ –
သဒ္ဒရုပ် = ၁-ပါး
ဝိညတ်ရုပ် = ၂-ပါး
လဟုတာဒိရုပ် = ၃-ပါး
ဇရတာရုပ် = ၁-ပါး
အနိစ္စတာရုပ် = ၁-ပါး


ပေါင်း = ၈-ပါး ဖြစ်ပါသည်။

နိဗ္ဗာန် – ၁၉၉၁ နံပါတ် ၃
(တစ်နည်း)
လောကုတ္တရာ ဆိုအပ်သော ၊ လေးပါးသော မဂ်ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော ၊ နိဗ္ဗာန်ကို ဝါနု-ဟုဆိုအပ်သော ၊ တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်ဟု ခေါ်ဆိုအပ်ပါသည်။

၁၉၉၈-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရုပ်ကို ပယ်လို့ရ၏ဟု ပြောဆိုကြသော ရုပ်ဝါဒီတို့၏ စကားကို လက်ခံသင့် မသင့် ရှင်းပြ၍၊ လောကလူသား အသုံးများသည့် ကံတရားပေါ့ ဟူသော စကားအပြောကို တရားသဘောသို့ သွင်းပြပါ။
ရုပ်ကို ပယ်လို့ရ၏ဟု ပြောဆိုကြသော ရုပ်ဝါဒီတို့၏ စကားကို လက်ခံရန် မသင့်ပါ။
အကြောင်းမှာ – ရုပ်ဟူသည် အကုသိုလ် ၊ ကိလေသာတို့ကဲ့သို့ တဒင်္ဂ ပဟာန် ၊ ဝိက္ခ မ္ဘနပဟာန် ၊ သမုစ္ဆေဒပဟာန်တို့၏ အစွမ်းဖြင့် မပယ်အပ်သည်၏ အဖြစ်ကြောင့် အပ္ပဟာတဗ္ဗ မည်၏ ဟု ဟောကြားထားသောကြောင့် ဖြစ်ပါသည်။

လောကလူသား အသုံးများသည့် ကံတရားပေါ့ ဟူသော စကားအပြောကို တရားသဘောသို့ သွင်းပြရသော် –
ကုသိုလ် ၊ အကုသိုလ် စေတနာတို့ကို ကံ-ဟူ၍ သတ်မှတ် ခေါ်ဆိုကြပါသည်။ သို့ဖြစ်၍ အကုသိုလ် စေတနာ ၁၂-ပါး ၊ ကာမကုသိုလ် စေတနာ ၈-ပါး ရူပကုသိုလ် စေတနာ ၅-ပါး၊ အရူပ ကုသိုလ်စေတနာ ၄-ပါး ၊ လောကုတ္တရာ ကုသိုလ် စေတနာ ၄-ပါး တို့သည် ကံတရားများ ဖြစ်ကြပါသည်။ ဤတွင် –
(၁) အကုသိုလ် စေတနာ ၁၂-ပါး ၊ ကာမကုသိုလ် စေတနာ ၈-ပါး တည်းဟူသော ကာမကံသည် ကာမ ၁၁-ဘုံသို့် ပဋိသန္ဓေ ၊ ပဝတ္တိကျိုး ပေးတတ်ပါသည်။
(၂) ရူပကုသိုလ်စေတနာ ၅-ပါး ၊ အရူပကုသိုလ်စေတနာ ၄-ပါးတည်းဟူသော မဟဂ္ဂုတ် ကံသည် ရူပ ၊ အရူပ ဗြဟ္မာဘုံ ၂၀-ဌာန များသို့ ပဋိသန္ဓေ ၊ ပဝတ္တိကျိုးပေးနိုင်ပါသည်။
(၃) လောကုတ္တရာကိုသိုလ်တည်းဟူသော မဂ်ကုသိုလ်စေတနာမှာမူ – ဘုံဌာနများသို့ ပဋိသန္ဓေ ၊ ပဝတ္တိကျိုးပေးနိုင်ခြင်း မရှိပါ
ဤကံတရားများအနက် ရုပ်တရား (ကမ္မဇရုပ်)များကို ဖြစ်စေနိုင်သော ကံမှာမူ – နာနာက္ခဏိက (အတိတ်) အကုသိုလ် ၊ ကာမကုသိုလ် ၊ ရူပကုသိုလ်စေတနာ ၂၅-ပါး သာလျှင် ဖြစ်ပါသည်။

၂။ ဘာအကြောင်းကြောင့်မျှ မဖြစ်သော အကြောင်းမဲ့ရုပ်တရားတို့ကို အကြောင်းနှင့်တကွ ဖြေဆို၍၊ မည်သည့်အဖွဲ့အစည်း အစိတ်အပိုင်းထဲမှ မပါဝင်ဘဲ တစ်သီးပုဂ္ဂလနေသော ရုပ်တရားတို့ကို ဖော်ပြပါ။
အကြောင်းမဲ့ ရုပ်တရားမှာ –
လက္ခဏာရုပ် ၄-ပါးဖြစ်သော ဥပစယ ၊ သန္တတိ ၊ ဇရတာ ၊ အနိစ္စတာ တို့ဖြစ်ပါသည်။ အကြောင်းမှာ ဤလက္ခဏာရုပ် ၄-ပါးသည် နိပ္ဖန္နရုပ်တို့၏ ဖြစ် ၊ တည် ၊ ပျက် သဘောမျှသာ ဖြစ်သောကြောင့် အကြောင်းလေးပါးမှ လွတ်ကုန်၏ ၊ မည်သည့်အကြောင်းကြောင့်မျှ မဖြစ်သောရုပ်များ မည်၏။

မည်သည့်အဖွဲ့အစည်း ၊ အစိတ်အပိုင်းထဲမျှ မပါဝင်ဘဲ တစ်သီးပုဂ္ဂလနေသော ရုပ်တရားတို့မှာ – (၁၉၉၂ နံပါတ် ၃)

၃။ ဆုံဝတ်တပ်နွား ၊ ရဟတ်များသို့ မနေမနား သွားနေရသော ဤရုပ်သံသရာကြီး လည်ပတ်နေပုံကို ရေးသားပြ၍ ၊ သညာမရှိသော ဗြဟ္မာတို့သန္တာန်ဝယ် ပဋိသန္ဓေအခါရနိုင်သော ရုပ်ကလာပ်တို့ကိုလည်း ဖော်ပြပါ။
ရုပ်သံသရာကြီး လည်ပတ်နေပုံ (၁၉၉၆ နံပါတ် ၃)

သညာမရှိသော ဗြဟ္မာတို့ သန္တာန်ဝယ် ပဋိသန္ဓေအခါ ရနိုင်သော ရုပ်ကလာပ်မှာ – ကမ္မဇ ဇီဝိတနဝကကလာပ် ၁-စည်းသာ ဖြစ်ပါသည်။

၁၉၉၉-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ ထိတွေ့ စမ်းသပ်၍ရကောင်းသောအာရုံ (ဖောဋ္ဌဗ္ဗာရုံ)တွင် ပါဝင်သော ရုပ်တရားအစုကို ဖော်ပြ၍ ၊ စာဖြေပုဂ္ဂိုလ်တို့ ရုပ်မြင်သံကြား ကြည့်ရှုရာ၌ မြင်မှု ၊ ကြားမှု တို့သည် မိမိတို့ထံမှောက်သို့ ရောက်မှ အာရုံကို ယူနိုင်ကြရသည် ဟုဆိုလျှင် သင်အဘယ်သို့ ချေပမည်ကို အဖြေပြပါ။
ထိတွေ့စမ်းသပ်၍ရကောင်းသောအာရုံ (ဖောဋ္ဌဗ္ဗာရုံ) တွင် ပါဝင်သော ရုပ်တရားအစုမှာ – ပထဝီ ၊ တေဇော ၊ ဝါယောဓာတ်တို့ ဖြစ်ပါသည်။
မြင်မှု ၊ ကြားမှု တို့သည် မိမိတို့ ထံမှောက်သို့ ရောက်မှ ယူနိုင်ကြရသည် ဟူသော အဆိုမှာ မမှန်ပါ။

စက္ခု ၊ သောတ နှစ်ပါးတို့သည် မိမိထံမှောက်သို့ မရောက်မထိ မငြိမကပ်သော အာရုံကို ယူတတ်သောကြောင့် အသမ္ပတ္တ ဂေါစရဂ္ဂါဟကရုပ် မည်၏ဟု ရူပဝိဘာဂအခန်း၌ ဖော်ပြထားချက်ကြောင့် ပုစ္ဆာပါ ဖော်ပြချက်မှာ မမှန်ကြောင့် ထင်ရှားပါသည်။

၂။ ရုပ်ကို မဖြစ်စေနိုင်သောစိတ် နှင့် ရုပ်ကိုသာ ဖြစ်စေနိုင်သောစိတ်တို့ကို တိကျစွာ ရေသားပြပါ။
ရုပ်ကို မဖြစ်စေနိုင်သောစိတ်တို့မှာ –
ဒွေပဉ္စဝိညာဏ် ၁၀-ပါး ၊အရူပဝိပါက်စိတ် ၄-ပါး ၊ ရဟန္တာတို့၏ စုတိစိတ် နှင့် အလုံးစုံသော ပဋိသန္ဓေစိတ်တို့ ဖြစ်ပါသည်။

ရုပ်ကိုဖြစ်စေနိုင်သောစိတ်တို့မှာ –
(တစ်နည်း)
စိတ္တဇရုပ်သက်သက်ကိုသာ ဖြစ်စေနိုင်သောစိတ်တို့မှာ –
မနောစိတ် = ၃-ပါး
တဒါရုံ = ၁၁-ပါး
ရူပဝိပါက်စိတ် = ၅-ပါး


ပေါင်း = ၁၉-ပါး ဖြစ်ပါသည်။

၃။ ရုပ်လေးပါးတို့ ဖြစ်ပုံကို ဥပမာဆောင်ကာ ထင်အောင်ပြ၍ ၊ ရုပ်ဖြစ်ရာဌာနနှင့် ရုပ်ဖြစ်ပုံကိုလည်း သေချာကျန အဖြေပြပါ။
ရုပ်လေးပါးတို့ ဖြစ်ပုံကို ဥပမာဆောင်ကာ ထင်အောင်ပြရသော် –
(၁) ကမ္မဇရုပ်များသည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍ ၊ စိတ်တို့၏ ခဏတိုင်း ခဏတိုင်း
(၂) စိတ္တဇရုပ်များသည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ စိတ်တို့၏ ဥပါဒ်တိုင်း ဥပါဒ်တိုင်း
(၃) ဥတုဇရုပ်များသည် ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍ ၊ မိမိ၏ဌီသို့ ရောက်တိုင်း ရောက်တိုင်း
(၄) အာဟာရဇရုပ်များသည် စားမျိုအပ်သော – ဗဟိဒ္ဓသြဇာသည် ကိုယ်တွင်း၌ ပျံ့နှံ့၍ အဇ္ဈတ္တသြဇာနှင့် ပူးပေါင်းပြီး မိမိ၏ ဌီသို့ ရောက်တိုင်း ရောက်တိုင်း ဆီမီးအလျှံကဲ့သို့ လည်းကောင်း၊ မြစ်ရေအလျဉ်ကဲ့သို့လည်းကောင်း၊ ရုပ်လေးပါးတို့ အစဉ်အဆက်မပြတ် ဖြစ်လျက်ရှိပါသည်။

ရုပ်ဖြစ်ရာဌာနမှာ –
ကာမ ၁၁-ဘုံ နှင့် ရူပ ၁၆-ဘုံ ဌာနတို့ ဖြစ်ပါသည်။
ရုပ်ဖြစ်ပုံမှာ –
(၁) ကာမ ၁၁-ဘုံ ၌ = ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ အကြောင်း ၄-ပါးကြောင့်
(၂) အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ = ကံ ၊ စိတ် ၊ ဥတို အကြောင်း ၃-ပါး ကြောင့်
(၃) အသညသတ်ဘုံ၌ = ကံ နှင့် ဥတု အကြောင်း ၂-ပါးကြောင့် ရုပ်တရားတို့ ဖြစ်ကြပါသည်။
(ဤအဖြေမှာ ဘုံအလိုက် ရုပ်ဖြစ်ပုံကို ပြဆိုချက် ဖြစ်ပါသည်။
ယောနိအလိုက် မေးလျှင်လည်း မေးခွန်းအလိုက် ဖြေဆိုရန် ဖြစ်ပါသည်။)

၂၀၀၀-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရုပ်အတု နှင့် ရုပ်အစစ်တို့ကို ခွဲခြားဖော်ပြပြီးလျှင် ခွဲခြား၍ မရကောင်းသော ရုပ်တို့ကိုလည်း ဖော်ပြပါ။
ရုပ်အတု (ပညတ်ရုပ်)
ပရိစ္ဆေဒရုပ် = ၁-ပါး
ဝိညတ်ရုပ် = ၂-ပါး
လဟုတာဒိရုပ် = ၃-ပါး
လက္ခဏရုပ် = ၄-ပါး


ပေါင်း = ၁၀-ပါး

ရုပ်အစစ်(ပရမတ်ရုပ်)
မဟာဘုတ်ရုပ် = ၄-ပါး
ပသာဒရုပ် = ၅-ပါး
ဂေါစရရုပ် = ၄-ပါး
ဘာဝရုပ် = ၂-ပါး
ဟဒယရုပ် = ၁-ပါး
ဇီဝိတရုပ် = ၁-ပါး
အာဟာရရုပ် = ၁-ပါး


ပေါင်း = ၁၈-ပါး

ခွဲခြား၍ မရကောင်းသောရုပ်မှာ – အဝိနိဗ္ဘောဂရုပ် (မဟာဘုတ် ၄-ပါး ၊ ဝတ္ထု ၊ ဂန္ဓ ၊ ရသ ၊ သြဇရုပ်) ၈-ပါး တို့ဖြစ်ပါသည်။

၂။ မည်သည့်အကြောင်းကြောင့်မျှ မဖြစ်ကြသောရုပ်တို့ကို အကြောင်းပြ ဖော်ပြပြီးလျှင် ရုပ်သံသရာစက်လည်းနေပုံကိုလည်း ဖော်ပြပါ။
မည်သည့်အကြောင်းကြောင့်မျှ မဖြစ်သောရုပ်တို့မှာ – လက္ခဏာရုပ် ၄-ပါး ဖြစ်ပါသည်။
လက္ခဏာရုပ် ၄-ပါးသည် နိပ္ဖန္နရုပ်တို့၏ ဖြစ် ၊ တည် ၊ ပျက် သဘောမျှသာ ဖြစ်သောကြောင့် ကံ၊ စိတ် ၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်း ၄-ပါး လွတ်ကုန်၏။ ထို့ကြောင့် လက္ခဏာရုပ် ၄-ပါးသည် မည်သည့် အကြောင်းကြောင့်မျှ မဖြစ်ကြသော ရုပ်တို့ဖြစ်ရခြင်း ဖြစ်ပါသည်။

ရုပ်သံသရာစက်လည်နေပုံ – (၁၉၉၆ နံပါတ် ၃)

၃။ အသညသတ်ဘုံ (က) ပဋိသန္ဓေအခါ ရသောရုပ် (ခ) ပဝတ္တိအခါ ရသောရုပ်တို့ကို ဖော်ပြပါ။
အသညသတ်ဘုံ၌ –
(က) ပဋိသန္ဓေအခါ ရသောရုပ်မှာ –
အဝိနိဗ္ဘောဂရုပ် = ၈-ပါး
ဇီဝိတရုပ် = ၁-ပါး
ပရိစ္ဆေဒရုပ် = ၁-ပါး
ဥပစယရုပ် = ၁-ပါး
သန္တတိရုပ် = ၁-ပါး


ပေါင်း = ၁၂-ပါး ရ၏။

(ခ) ပဝတ္တိအခါ ရသောရုပ်မှာ –
အဝိနိဗ္ဘောဂရုပ် = ၈-ပါး
ဇီဝိတရုပ် = ၁-ပါး
ပရိစ္ဆေဒရုပ် = ၁-ပါး
လဟုတာဒိရုပ် = ၃-ပါး
လက္ခဏရုပ် = ၄-ပါး


ပေါင်း = ၁၇-ပါး ရ၏

၂၀၀၁-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရုပ်တရားများသည် အာရုံကို ယူစွမ်းနိုင်၏ ဟုဆိုသာလျှင် လက်ခံ သင့်မသင့် ရှင်းလင်းပြ၍ ၊ တစ်စုစီခွဲမရဘဲ အမြဲတမ်း စည်းလုံးညီညွတ်သော ရုပ်တရားတို့ကိုလည်း ဖော်ပြပါ။
ရုပ်တရားများသည် အာရုံကို ယူစွမ်းနိုင်၏ ဟုဆိုသာလျှင် လက်မခံသင့်ပါ။
အကြောင်းမှာ – ရုပ်တရားများသည် စိတ် ၊ စေတသိက်တို့ကဲ့သို့ အာရုံကို ယူနိုင်သည့် (အာရမ္မဏိက) တရားမျိုး မဟုတ်၊ အာရုံကို မယူနိုင်သည့် အနာရမ္မဏ တရားမျိုး ဖြစ်သောကြောင့် ဖြစ်ပါသည်။

တစ်ခုစီခွဲမရဘဲ အမြဲတမ်း စည်းလုံးညီညွတ်သော ရုပ်တရားများမှာ –
အဝိနိဗ္ဘောဂရုပ် (မဟာဘုတ် ၄-ပါး ၊ ဝဏ္ဏ ၊ ဂန္ဓ ၊ ရသ ၊ သြဇာရုပ်) ၈-ပါး တို့ဖြစ်ပါသည်။

၂။ အသံကောင်းတာ ကံကြောင့်ပါ ဟု ဆိုသောစကား မှန်-မမှန် အဟုတ်သိအောင် ယုတ္ထိဆောင်ကာ စစ်တမ်းထုတ်၍ ၊ သစ်ပင် ၊ တော ၊ တောင် စသည်၌ ရနိုင်သော ကလာပ် အဖွဲ့အစည်းကိုလည်း ရေးသားပြပါ။
အသံကောင်းတာ ကံကြောင့်ပါ ဟု ဆိုသောစကား မမှန်ပါ။
အကြောင်းမှာ – အသံ (သဒ္ဒ) ရုပ်သည် စိတ် ၊ ဥတု ကြောင့် ဖြစ်သော ဒွိဇရုပ် ဖြစ်ပြီး ၊ ကံကြောင့် ဖြစ်သောရုပ် မဟုတ်ခြင်းကြောင့် ဖြစ်ပါသည်။

သစ်ပင် ၊ တော ၊ တောင် စသည်၌ ရနိုင်သော ကလာပ်အဖွဲ့အစည်း မှာ –
ဥတုဇကလာပ် ၄-စည်းမှ
(၁) သုဒ္ဓဋ္ဌကကလာပ် ၁-စည်း
(၂) သဒ္ဒနဝကကလာပ် ၁-စည်း တို့ဖြစ်ပါသည်။

၃။ ကမ္ဘာဦးလူများနှင့် နတ်ဗြဟ္မဟာတို့ ပဋိသန္ဓေအခါ ရနိုင်သော ရုပ်ကလာပ်တို့ကို အလွန်ဆုံး အပိုင်းအခြား ၊ အောက်ထစ်ဆုံး အပိုင်းအခြားဖြင့် ခွဲခြားပြ၍ ၊နိဗ္ဗာန်ကိုလည်း သဘာဝ၊ ကရဏအားဖြင့် ခွဲခြားပြပါ။
ကမ္ဘာဦးလူများနှင့် နတ်ဗြဟ္မဟာတို့ ပဋိသန္ဓေအခါ ရနိုင်သော ရုပ်ကလာပ်တို့မှာ –
အလွန်ဆုံး အပိုင်းအခြားအားဖြင့် လည်းကောင်း ၊ အောက်ထစ်ဆုံး အပိုင်းအခြားအားဖြင့် လည်းကောင်း၊ ချို့တဲ့သောဣနြေ္ဒ မရှိသောကြောင့် တူစွာပင် ရအပ်၏။

ကမ္ဘာဦးလူများ၌ – (ဘာဝဒသက ကလာပ် ၂-စည်းကြဉ်သော်) ကမ္မဇကလာပ် ၇-စည်း
နတ်တို့၌ – (ဇီဝိတနဝက ကလာပ် ၊ မဆိုင် ဘာဝကြဉ်သော်) ကမ္မဇကလာပ် ၇-စည်း
အသညသတ်ကြဉ် ရူပဗြဟ္မာများ၌ – ဇီဝိတနဝကကလာပ် ၊ စက္ခု ၊ သောတ ၊ ဝတ္ထုဒသကကလာပ် ၃-စည်း၊ ပေါင်း ကမ္မဖကလာပ် ၄-စည်း
အသညသတ်ဗြဟ္မာ၌ – ဇီဝိတနဝကကလာပ် ၁-စည်း
အရူပဗြဟ္မာများ၌ – မည်သည့်ရုပ်ကလာပ်မျှ မရ။

နိဗ္ဗာန်သည် သဘာဝအားဖြင့် ငြိမ်းအေးခြင်း သန္တိလက္ခဏာ ၁-ပါး သာရှိ၏။
နိဗ္ဗာန်သည် ကာရဏ (မှတ်သားကြောင်း ပရိယာယ်) အားဖြင့် ခန္ဓာရှိမှု ၊ မရှိမှု ဟူသော အကြောင်းအမြွက်ကြောင့် သဥပါဒိသေသနိဗ္ဗာန်၊ အနုပါဒိသေသနိဗ္ဗာန်ဟု ၂-မျိုးပြားပါသည်။

၂၀၀၂-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ လက္ခဏာယာဉ် သုံးတန်တင်ကာ ဝိပဿနာရှုကောင်းသော ရုပ်အပေါင်းကို အရေအတွက်မှုပြ၍ ဒီအနံ့လေး ရဖူးပါတယ် ဟုပြောဆိုကြရာ ထိုရနံ့ကို မိမိထံမှောက်သို့ မရောက်ခင်ကတည်းက အာရုံရခြင်းမျိုးပါလော၊ အဘယ်သို့ပါနည်း၊ ရှင်းပြပါ။
လက္ခဏာယာဉ် သုံးတန်တင်ကာ ဝိပဿနာရှုကောင်းသော ရုပ်အပေါင်းကို အရေအတွက်မှုပြရသော် သမ္မသနရုပ် ၁၈-ပါး ဖြစ်ပါသည်။

ဒီအနံ့လေး ရဖူးပါတယ် ဟုပြောဆိုကြရာ ထိုရနံ့ကို မိမိထံမှောက်သို့ မရောက်ခင်ကတည်းက အာရုံရခြင်းမျိုး မဟုတ်ပါ။
အကြောင်းမှာ – အနံ့(ဂန္ဓာရုံ)ကို လက်ခံနိုင်သော ဃာနပသာဒရုပ်သည် မိမိထံသို့ ထိရောက် ကပ်ငြိသောအာရုံကိုသာ လက်ခံယူနိုင်သော သမ္ပတ္တဂါဟကရုပ် ဖြစ်သောကြောင့် ဖြစ်ပါသည်။

၂။ ရယ်ရွှင်ခြင်းကို ဖြစ်စေနိုင်သော စိတ်တို့ကို ရေးသားပြ၍၊ ကောင်းကင်ခေါ်မှတ် အာကာသဓာတ်သည် အကြောင်းမဲ့တရား ဖြစ်သည်ဟု ဆိုလျှင် သင်အဘယ်သို့ ချေပမည်နည်း။
ရယ်ရွှင်ခြင်းကို ဖြစ်စေနိုငသော စိတ် ၁၃-ပါးတို့မှာ –
လောဘမူ သောမနဿသဟဂုတ်စိတ် = ၄-ပါး
မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် = ၄-ပါး
မဟာကြိယာ သောမနဿသဟဂုတ်စိတ် = ၄-ပါး
ဟသိတုပ္ပါဒ်စိတ် = ၁-ပါး တို့ဖြစ်ကြပါသည်။

ကောင်းကင်ခေါ်မှတ် အာကာသဓာတ်သည် အကြောင်းမဲ့တရား ဖြစ်သည်ဟုဆိုလျှင် မမှန်ပါ။
အကြောင်းမှာ – အာကာသဓာတ်သည်ကံ ၊စိတ် ၊ဥတု၊ အာဟာရ တည်းဟူသော အကြောင်း ၄-ပါကြောင့်ဖြစ်သော စတုဇရုပ် ဖြစ်သောကြောင့် ဖြစ်ပါသည်။

၃။ မိဘတို့သည် သားသမီးတို့အပေါ်ဝယ် ကလကရေကြည်တည်စမှစ၍ မေတ္တာထားကြသည် ဆိုရာ ထိုကလကရေကြည်၏ အရကို တိကျစွာ ကောက်ပြ၍ ၊ ပရမတ္တတရားတို့သည် ၄-ပါးထက် အပိုအလို ရှိသည်ဟု ဆိုလာလျှင် အဘယ်သို့ ရှင်းလင်းမည်နည်း၊ ဖြေဆိုပါ။
ကလကရေကြည်၏အရကို တိကျစွာကောက်ပြရသော်-
(၁) ကာယဒသကကလာပ် ၁-စည်း
(၂) ဘာဝဒသကကလာပ် ၁-စည်း
(၃) ဝတ္ထုဒသကကလာပ် ၁-စည်း
ကလာပ်စည်းပေါင်း ၃-စည် ၊ ရုပ်အားဖြင့် ၃၀-ပါး ရပါသည်။

ထိုကလကရေကြည်၌ မိန်းမဖြစ်က (ဣတ္ထိဘာဝရုပ်) ၊ ယောက်ျားဖြစ်က (ပုမ္ဘာဝရုပ်) ၊ နပုံဖြစ်က (ဘာဝချို့သော) ကလာပ်စည်း ၂-စည်း ရုပ်အားဖြင့် (၂၀)သော ကမ္မဇရုပ်များနှင့် ပဋိသန္ဓေစိတ် ၊ စေတသိက် ခန္ဓာ ၅-ပါးတို့ကို ရကြပါသည်။

ပရမတ္ထတရားတို့သည် ၄-ပါးထက် အပိုအလို မရှိပါ။
အကြောင်းမှာ – ရုပ်ပိုင်းနိဂုံးချုပ်၌ စိတ်သည်လည်းကောင်း၊ စေတသိက်သည် လည်းကောင်း၊ ရုပ်သည်လည်းကောင်း ၊ နိဗ္ဗာန်သည်လည်းကောင်း ဤသို့လျှင် ပရမတ္ထတရားကို လေးပါးအပြားအားဖြင့်သာလျှင် ဘုရားရှင်တို့သည် ထင်ရှားပြတော် မူကြကုန်၏ ဟူသော ဖော်ပြချက်ကြောင့် ပရမတ္ထတရားတို့သည် ၄-ပါးထက် အပိုအလို မရှိရခြင်းဖြစ်ပါသည်။

၂၀၀၃-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရုပ်တစ်ခုတည်းကို နှစ်မျိုးခွဲ၍ ဟောထားရာ ထိုရုပ်တို့၏ အမည်တို့ကို ရေးသား၍၊ ရုပ်ကို မဖြစ်စေနိုင်သော စိတ်တို့ကိုလည်း ဖော်ပြပါ။
ရုပ်တစ်ခုတည်းကို နှစ်မျိုးခွဲ၍ ဟောထားရာ ထိုရုပ်တို့၏ အမည်များမှာ –
ဥပစယရုပ် နှင့် သန္တတိရုပ် ဟူသော ဇာတိရုပ်၏ အမည်များပင် ဖြစ်ပါသည်။

ရုပ်ကို မဖြစ်စေနိုင်သော စိတ်တို့မှာ –
ဒွေပဉ္စဝိညာဏ်-၁၀ ၊ အရူပဝိပါက်-၄ ၊ ရဟန္တာတို့၏ စုတိ နှင့် အလုံးစုံသော ပဋိသန္ဓေစိတ်တို့ ဖြစ်ကြပါသည်။

၂။ အဖွဲ့အစည်းစာရင်းထဲ မပါဝင်သော ရုပ်တို့ကို အကြောင်းပြကာ ဖြေဆို၍၊ ဘုရား ရဟန္တာ များ အဘယ်စိတ်များဖြင့် ပြုံေးတ်ာမူကြပါသနည်း၊ ဖြေဆိုပါ။
အဖွဲ့အစည်း(ကလာပ်)စာရင်းထဲ မပါဝင်သောရုပ်တို့မှာ –
ကလာပ်ဝိမုတ်ရုပ် ၅-ပါး ဖြစ်သော အာကာသဓာတ် ပရိစ္ဆေဒရုပ် ၁-ပါး နှင့် လက္ခဏာရုပ် ၄-ပါး တို့ ဖြစ်ပါသည်။

အာကာသဓာတ်ပရိစ္ဆေဒရုပ်သည် ရုပ်ကလာပ်တို့၏ အပိုင်းအခြားမျှသာ ဖြစ်ခြင်းကြောင့်လည်းကောင်း ၊ လက္ခဏာရုပ် ၄-ပါးတို့သည် ရုပ်ကလာပ်တို့၏ ဖြစ် ၊ တည် ၊ ပျက် ၊ သဘောလက္ခဏာမျှသာ ဖြစ်ခြင်းကြောင့်လည်းကောင်း ကလာပ်စည်းဖွဲ့ရာတွင် မပါဝင်သော ကလာပ်ဝိမုတ်ရုပ် ဖြစ်ရခြင်း ဖြစ်ပါသည်။
ဘုရား ရဟန္တာများ ပြုံးတော်မူသောစိတ်များမှာ –
ဟသိတုပ္ပါဒ်စိတ် ၁-ပါး
မဟာကြိယာ သောမနဿစိတ် ၄-ပါး တို့ဖြစ်ပါသည်။

၃။ ကာမဂုဏ်ကို စက်ဆုပ်သော ဗြဟ္မာတို့၏နေရာ၌ မရနိုင်သော ရုပ်ကလာပ်တို့ကို ရေးသားပြ၍၊ ဘုရား ရဟန္တာတို့ ပရိနိဗ္ဗာန်စံသည့်အခါ ရအပ်သော နိဗ္ဗာန်၏အမည်ကိုလည်း ဖော်ပြပါ။
ကာမဂုဏ်ကို စက်ဆုပ်သော ဗြဟ္မာတို့၏နေရာ၌ မရနိုင်သော ရုပ်ကလာပ်တို့မှာ –
အသညသတ်ဗြဟ္မာ၌ – ကမ္မဇကလာပ = ၈-စည်း
(ဇီဝိတနဝကကလာပ်ကြဉ်သော)
စိတ္တဇကလာပ် = ၆-စည်း
ဥတုဇကလာပ် = ၂-စည်း
အာဟာရဇကလာပ် = ၂-စည်း


ပေါင်း ကလာပ် = ၁၈-စည်း မရနိုင်ကြပါ။

ကြွင်းရူပဗြဟ္မာများ၌ – ကမ္မဇကလာပ် = ၅-စည်း (ဃန ၊ ဇိဝှါ ၊ ကာယ ၊ ဘာဝဒသက)
စိတ္တဇကလာပ် = မရှိ
ဥတုဇကလာပ် = မရှိ
အာဟာရဇကလာပ် = ၂-စည်း


ပေါင်း ကလာပ် = ၇-စည်း မရနိုင်ကြပါ။

ဘုရား ရဟန္တာတို့ ပရိနိဗ္ဗာန်စံသည့်အခါ ရအပ်သော နိဗ္ဗာန်၏အမည်မှာ –
ဝိပါက် ကမ္မဇရုပ် ခန္ဓာကြွင်းမရှိ၊ အဆုံးစွန် ပရိနိဗ္ဗာန်စံမှုဖြစ်သော ခန္ဓနိဗ္ဗာန် ၊ သမ္ပရာယိကနိဗ္ဗာန် တည်းဟူသော အနုပါဒိသေသနိဗ္ဗာန် တို့မည်ပါသည်။

၂၀၀၄-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ မခွဲမခွာ အမြဲသာ တွဲကာနေသောရုပ်တို့ကို ဖော်ပြ၍ ၊ ကံသာမူလ ပဓာန ဟုဆိုကြရာ ထိုကံဟူသော အများပြောစကားကို တရားသဘောအရ တိကျစွာ ကောက်ပြပါ။
မခွဲမခွါ အမြဲသာ တွဲကာနေသောရုပ်တို့မှာ –
အဝိနိဗ္ဘောဂရုပ် ၈-ပါး ဖြစ်သော (မဟာဘုတ် ၄-ပါး၊ ဝဏ္ဏ၊ ဂန္ဓ ၊ ရသ သြဇရုပ်) တို့ဖြစ်ပါသည်။

ကံသာမူလ ပဓာန ဟုဆိုကြရာ ထိုကံ၏အရမှာ – ၁၉၉၈ နံပါတ် ၁

၂။ နှလုံးသည် စိတ်ကြောင့်ဖြစ်သည် ဟုဆိုလျှင် လက်ခံသင့်-မသင့် စိစစ်ပြ၍၊ အဖွဲ့အစည်းအစိတ်အပိုင်းတွင် မပါဝင်သော ရုပ်တို့ကိုလည်း အကြောင်းနှင့်တကွ ဖြေပြပါ။
နှလုံး (ဟဒယဝတ္ထုရုပ်) သည် စိတ်ကြောင့် ဖြစ်သည်ဟုဆိုလျှင် လက်ခံရန် မသင့်ပါ။
အကြောင်းမှာ – ထိုဟဒယဝတ္ထုရုပ်သည် ကံကြောင့်ဖြစ်သော ကမ္မဇဧကန်ရုပ် ဖြစ်သောကြောင့် ဖြစ်ပါသည်။

အဖွဲ့အစည်း အစိတ်အပိုင်းတွင် မပါဝင်သောရုပ် – ၂၀၀၃ နံပါတ် ၂

၃။ အဘယ်ကို ကလကရေကြည် ခေါ်သည်ကို ဖြော်ပ၍၊ ရုပ်တို့၏ ဖြစ်ပျက်ပုံကို ဌာန၊ ကာလအားဖြင့် ခွဲခြားပြပါ။
ကလကရေကြည် ဆိုသည်မှာ –
ယခုဖွားစဖြစ်သော သိုး၏အမွေး (သို့) ဟိမဝန္တာတော၌ သိမ်မွေံသော ဧစီမည်သော သားကောင်၏ အမွေးတစ်ချောင်းကို ကြည်လင်သော ဆီ၌နှစ်၍ ဆယ်ယူသောအခါ အမွေးများ၌ ငြိကပ်နေသော ဆီပေါက်ပမာဏ ရှိ၏ အလွန်ကြည်လင်၏ ယင်းသေးငယ်လှသော ကလကရေကြည်၌ (ကာယ ၊ ဘာဝ ၊ ဝတ္ထု ကမ္မဇကလာပ် ၃-စည်း) ရုပ်ပေါင်း-၃၀ နှင့် ပဋိသန္ဓေစိတ် ၊ စေတသိက် ခန္ဓာ ၅-ပါး တို့သည် တကွဖြစ်ကြပါသည်။ (နိဂုံးတို့၌ ဘာဝဒသကကလာပ်ကို မရကြပါ)

ရုပ်တို့၏ ဖြစ်ပျက်ပုံကို ဌာန ၊ ကာလအားဖြင့် ခွဲခြားပြရသော် –
ရုပ်လေးပါတို့၏ ဖြစ်ပုံ (ပဉ္စဝေါကာရ ၂၆-ဘုံ)
– ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍ ပဋိသန္ဓေ၊ ပဝတ္တိအခါ ခဏတိုင်း ခဏတိုင်း ဖြစ်ကုန်၏။
– ဥတုဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဌီကာလမှစ၍ ဖြစ်ကုန်၏။
– အာဟာရဇရုပ်တို့သည် သြဇာ၏ နှံ့သောကာလမှစ၍ ဖြစ်ကုန်၏။ (ရူပဘုံ၌ မဖြစ်ပါ)
ဤသို့ အကြောင်း ၄-ပါးကြောင့်ဖြစ်သော ရုပ်ကလာပ်တို့၏ အစဉ်သည် ဆီမီးလျှံကဲ့သို့လည်းကောင်း၊ မြစ်ရေအယဉ်ကဲ့သို့ လည်းကောင်း အသက်ရှည်သမျှ ကာလပတ်လုံး အစဉ်အဆက်မပြတ် ဖြစ်၏။
– အသညသတ်ဗြဟ္မာတို့၌ ပဋိသန္ဓေအခါမှစ၍ ဇီဝိတနဝကကလာပ် (၁)စည်းနှင့် ပဝတ္တိအခါ ဥတုဇကလာပ် (၂)စည်း တို့ဖြစ်ကြကုန်၏။

ရုပ်လေးပါးတို့၏ ချုပ်ပျက်ပုံ
– ကမ္မဇရုပ်တို့သည် စုတိစိတ်မှ ပြန်၍ရေသော် ၁၇-ချက် မြောက်သောစိတ်၏ ဌီကာလမှစ၍ အသစ်မဖြစ်တော့ဘဲ စုတိစိတ် နှင့် ပြိုင်၍ ချုပ်၏။
– စိတ္တဇရုပ်တို့သည် စုတိစိတ်ချုပ်ပြီးနောက် စိတ္တက္ခဏ ၁၆-ချက် ၊ ခဏငယ်အားဖြင့် ၄၈-ချက်ခန့် ကြာပြီးနောက် ချုပ်၏
– အာဟာရဇရုပ်တို့သည် စုတိစိတ်နောက် ခဏငယ်အားဖြင့် ၅၀-ခန့် ကြာပြီးနောက် ချုပ်၏။
– ဥတုဇရုပ်တို့သည်ကား ရုပ်ကလာပ်ကြွင်းရှိသည့်အတိုင်း ကမ္ဘာ့ မြေစာအထိ အဆင့်ဆင့်ဖြစ်၍ ချုပ်၏၊ ဥပပါတ်ပုဂ္ဂိုလ်တို့၌မူ မျက်စိတမှိတ် လျှပ်တစ်ပြက်အတွင်း အချင်းခပ်သိမ်း ရုပ်ခန္ဓာ ကွယ်ပျောက်၏။

၂၀၀၅-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ အာပေါဓာတ်ကို တွေ့ထိလို့ ရ-မရ ဆုံးဖြတ်ပြ၍ မီး၌ ရေရှိသည် ၊ ရေ၌ မီးရှိသည် ဟုဆိုကြရာ ရေနှင့်မီး ဘာကိုရွေးမလဲ၊ ခွဲခြား၍ ရမရ ရဲရဲကြီး ဆုံးဖြတ်ဝေဖန်ပြပါ။
အာပေါဓာတ်ကို ထိတွေ့လို့ မရနိုင်
အကြောင်းမှာ – အာပေါဓာတ်သည် အလွန်သိမ်မွေ့သည့်အတွက် တွေ့ထိ၍ မရကောင်းသောကြောင့် ဖောဋ္ဌဗ္ဗာရုံအဖြစ် မပါဝင်ဘဲ ကြဉ်ထားသော ရုပ်ဖြစ်သောကြောင့် ဖြစ်ပါသည်။

မီး၌ ရေရှိသည် ရေ၌မီးရှိသည် ဟုဆိုကြရာ ရေနှင့်မီးကို ခွဲခြား၍ မရပါ။
အကြောင်းမှာ – ရေဟူသော အာပေါဓာတ်လွန်သည့် ရုပ်တရားတို့၌ အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ မီးဟူသော တေဇောဓာတ်လွန်ကဲသည့် ရုပ်တရားတို့၌လည်း အဝိနိဗ္ဘောဂရုပ် ၈-ပါး ပါဝင်နေပြီး၊ ထိုအဝိနိဗ္ဘောဂရုပ် ၈-ပါးတို့မှာ တစ်ခုနှင့်တစ်ခု ခွဲခြားမရသောရုပ်များ ဖြစ်သောကြောင့် ဖြစ်ပါသည်။

၂။ ကံကြောင့်သာဖြစ်သောရုပ်တို့ကို ဖော်ပြ၍၊ သီချင်းသံနှင့် ခေါင်းလောင်းသံတို့သည် အဘယ်ကြောင့် ဖြစ်သည်ကိုလည်း ခွဲခြားပြပါ။
ကံကြောင်သာဖြစ်သောရုပ်တို့မှာ –
ကမ္မဇဧကန်ဖြစ်သော ပသာဒရုပ် ၅-ပါး ၊ ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး ၊ ဇီဝိတရုပ် ၁-ပါး ၊ ပေါင်း ၉-ပါး တို့ ဖြစ်ပါသည်။

သီချင်းသံသည် – စိတ်ကြောင့်ဖြစ်သော စိတ္တဇသဒ္ဒရုပ် ဖြစ်ပါသည်။
ခေါင်းလောင်းသံသည် – ဥတု ကြောင့်ဖြစ်သော ဥတုဇသဒ္ဒရုပ် ဖြစ်ပါသည်။

၃။ ပဒုမ္မာကြာတိုက်၌ ပဋိသန္ဓေနေသော ပဒုမဝတီမိဖုရား၏ သန္တာန်၌ အနည်းဆုံးရနိုင်သော ရုပ်ကလာပ်တို့ကို ရေးသားပြ၍၊ နိဗ္ဗာန်မည်ခြင်းအကြောင်းကိုလည်း ရေးသားပြပါ။
ပဒုမ္မာကြာတိုက်၌ ပဋိသန္ဓေနေသော ပဒုမဝတီမိဖုရား၏ သန္တာန်၌ အနည်းဆုံးရနိုင်သော ရုပ်ကလာပ်တို့မှာ –
ပဋိသန္ဓေအခါ – (သံသေဒဇဖြစ်၍) ကမ္မဇရုပ်များ ဖြစ်ရာအခါ၌ ဣနြေ္ဒရုပ်များ ပြည့်စုံစွာ တစ်ပါးတည်း ဖြစ်ကြသောကြောင့် ဇီဝိတနဝကကလာပ်နှင့် ပုမ္ဘာဝဒသကကလာပ်ကြဉ်သော ကမ္မဇကလာပ် ၇-စည်း ကို ရ၏။

နိဗ္ဗာန်မည်ခြင်းအကြောင်းမှာ
သတ္တဝါတို့ကို သံသရာဝဋ်၌ ချုပ်တတ်၊ မြှေးယှက်တတ်သောကြောင့် ဝါနမည်သော တဏှာမှ ထွက်မြောက်သည်၏ အဖြစ်ကြောင့် နိဗ္ဗာန်မည်ပါသည်။

၂၀၀၆-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ ပျိုမျစ်နုနယ်သောခန္ဓာ၏ မမြဲမှု၊ ရင့်ရော်မှုတို့သည် မည်သည့်ရုပ်တို့၏ သဘောလက္ခဏာ များဖြစ်သည်ကို အမည်မျှရေးသား၍ အာရုံကို ယူတတ်သော ရုပ်တို့ကိုလည်း ရောက်/မရောက်၏ အစွမ်းဖြင့် ခွဲဝေပြပါ။
ပျိုမျစ်နုနယ်သောခန္ဓာ၏ မမြဲမှု၊ ရင့်ရော်မှုတို့သည် အနိစ္စတာရုပ်နှင့် ဇရတာရုပ် တို့၏ သဘောလက္ခဏာများ ဖြစ်ပါသည်။

အာရုံကိုယူတတ်သောရုပ်တို့ကိုလည်း ရောက်/မရောက်၏ အစွမ်းဖြင့် ခွဲဝေပြရသော် –
စက္ခုပသာဒ နှင့် သောတပသာဒရုပ်တို့သည် မိမိထံသို့ လာရောက်သည်ဖြစ်စေ၊ မလာရောက်သည်ဖြစ်စေ မထိရောက် မကပ်ငြိခင်ကပင် အာရုံတို့ကို ယူတတ်သည့် အသမ္ပတ္တဂါဟကရုပ်များ ဖြစ်ကြပါသည်။
ဃာန၊ ဇိဝှါ၊ ကာယပသာဒရုပ် (၃)ပါး မှာမူ မိမိထံသို့ ထိရောက်ကပ်ငြိသော အာရုံကိုသာ ယူနိုင်သော သမ္ပတ္တဂါဟကရုပ်များ ဖြစ်ကြပါသည်။

၂။ အဆီအနှစ်များသော အစာသည်(က) အဘယ်ရုပ်ကို (ခ) အဘယ်အချိန်၌ (ဂ) အဘယ်သို့ ဖြစ်စေသည်ကို ဖြေဆို၍၊ အလောင်းကောင်၌ ကြွင်းကျန်သော ရုပ်ကလာပ်တို့ကိုလည်း ရေးသားပြပါ။
အဆီအနှစ်များသော အစာ (ကဗဠီကာရာဟာရ သြဇာရုပ်)သည် –
(က) ကာမဘုံသား အဇ္ဈတ္တအာဟာရဇရုပ်ကို
(ခ) အဇ္ဈတ္တ ၊ ဗဟိဒ္ဓ အာဟာရနှစ်ပါး အချင်းချင်း ဌီသို့ရောက်၌ ရောနှောမိချိန်၌
(ဂ) ကာမဘုံတွင် ပဝတ္တိအခါ အဇ္ဈတ္တသန္တာန်၌ ခဏတိုင်း ခဏတိုင်း အာဟာရဇ အဋ္ဌကလာပ်ရုပ်ကို ဖြစ်စေ၏။

အလောင်းကောင်၌ ကြွင်းကျန်သော ရုပ်ကလာပ်တို့မှာ –
ဥတုဇကလာပ် ၄-စည်းမှ သုဒ္ဓဋ္ဌကလာပ် နှင့် သဒ္ဒနဝကကလာပ် (၂)စည်းသာ ကြွင်းကျန်ပါသည်။

၃။ အဖွဲ့အစည်း တစ်ခုခုတွင် ပါဝင်လိုသောရုပ်၏ ပြည်စုံရမည့် လက္ခဏာများကို ရေးသားပြ၍၊ ရူပ ၁၅-ဘုံ၌ မရနိုင်သော ရုပ်တို့ကိုလည်း တိကျစွာ ဖော်ပြပါ။
အဖွဲ့အစည်း တစ်ခုခုတွင် ပါဝင်လိုသောရုပ်၏ ပြည့်စုံရမည့် လက္ခဏာများမှာ –
(၁) ဧကုပ္ပါဒ = အတူတကွ ဖြစ်ခြင်း
(၂) ဧကနိရောဓ = အတူတကွ ချုပ်ခြင်း
(၃) ဧကနိဿယ = တူသောမှီရာရှိခြင်း
(၄) သဟဝုတ္တိ = ဤအင်္ဂါ ၃-ပါးနှင့်ညီစွာ အတူတကွ ဖြစ်ခြင်းတို့ ဖြစ်ပါသည်။

ရူပ ၁၅-ဘုံ၌ မရနိုင်သောရုပ်များမှာ – ဃာနပသာဒရုပ် ၁-ပါး ၊ ဇိဝှါပသာဒရုပ် ၁-ပါး ၊ ကာယပသာဒရုပ် ၁-ပါး ၊ ဘာဝရုပ် ၂-ပါး ၊ ပေါင်း ၅-ပါး တို့ဖြစ်ကြပါသည်။

၂၀၀၇-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ တေဇောမပိုင် ဆေးမကိုင်နဲ့ ဟူသောစကား၌ တေဇော ဟူသည် အဘယ်နည်း ဖြေဆို၍ ၊ ယောဂီအများ သိထားဖို့ရန် ဝိပဿနာ မရှုကောင်းသော ရုပ်တို့ကိုလည်း ကောက်ပြခဲ့ပါ။
တေဇောဟူသည်မှာ –
ပရမတ်ရုပ် ၁၈-ပါး တွင် ပါဝင်သော မဟာဘုတ်ရုပ် ၄-ပါး အနက် ချမ်းအေးမှု (သီတ) ၊ ပူနွေးမှု (ဥဏှေ) ဟုဆိုအပ်သော မီး ၂-ပါး ဖြစ်ပါသည်။

ဝိပဿနာ မရှုကောင်းသော (အ ၊ သမ္မသန) ရုပ်တို့မှာ –
အာကာသဓာတ် ပရိစ္ဆေဒရုပ် = ၁-ပါး
ဝိညတ်ရုပ် = ၂-ပါး
လဟုတာဒိရုပ် = ၃-ပါး
လက္ခဏရုပ် = ၄-ပါး


ပေါင်း = ၁၀-ပါး ဖြစ်ပါသည်။

၂။ စိတ်ထောင်တော့ကိုယ်ကြေ ၊ စိတ်ပျိုတော့ ကိုယ်နု ဟူသော စကားအရ ရုပ်ကိုဖြစ်စေနိုင်သော စိတ်များကို ရေတွက်ပြပြီး စာဖြေသူတို့သန္တာန်၌ ပဋိသန္ဓေနေခိုက် ရနိုင်သော ရုပ်ကလာပ်မျာကိုလည်း ဖော်ပြခဲ့ပါ။
စိတ်ထောင်တော့ကိုယ်ကြေ ၊ စိတ်ပျိုတော့ ကိုယ်နု ဟူသော စကားအရ ရုပ်ကိုဖြစ်စေနိုင်သော စိတ်များမှာ –
(ဒွေပဉ္စဝိညာဏ်-၁၀ ၊ အရူပဝိပါက်-၄ ၊ ရဟန္တာတို့ စုတိစိတ်နှင့် အလုံးစုံသော ပဋိသန္ဓေစိတ်ကြဉ်သော်) စိတ် ၇၅-ပါး၊ စေတသိက် ၅၂-ပါး တို့သည် ရုပ်ကိုဖြစ်စေသောစိတ် (နာမ်တရား)များ ဖြစ်ပါသည်။

စာဖြေသူသည် လူစဉ်မီသော ကာမဘုံသား အမျိုးသမီးဖြစ်သဖြင့် ပဋိသန္ဓေနေခိုက်ရနိုင်သော ရုပ်ကလာပ်တို့မှာ –
(ကမ္မဇကလာပ် ၉-စည်းမှ)
(၁) ကာယဒသက ကလာပ် = ၁-စည်း
(၂) ဣတ္ထိဘဝဒက ကလာပ် = ၁-စည်း
(၃) ဝတ္ထုဒသက ကလာပ် = ၁-စည်း


ပေါင်း ကမ္မဇကလာပ် = ၃-စည်း ရပါသည်။

၃။ ရုပ်လေးပါးဖြစ်ပုံကို ဥပမာဆောင်၍ ထင်ရှားအောင် ဖော်ပြပြီးလျှင် ရူပဘုံ၌ ပဝတ္တိအခါ ရနိုင်သော ရုပ်မျာကိုလည်း ရေတွက်ခဲ့ပါ။
ရုပ်လေးပါးဖြစ်ပုံကို ဥပမာဆောင်၍ ထင်ရှားအောင် ပြရသော် – (၁၉၉၉ နံပါတ် ၃)

ရူပဘုံ၌ ပဝတ္တိအခါ ရနိုင်သောရုပ်များ –
အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ရနိုင်သောရုပ်များမှာ – (၁၉၉၀ နံပါတ် ၃)

၂၀၀၈-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ အာဟာရပြည့်ဝမှ လူကျန်းမာသည်ဟုဆိုရာ အစားအစာတွင် ပါဝင်သော အာဟာရဓာတ်တို့သည် အဘယ်အခါမှစ၍ လူကို အားဖြစ်စေပါသနည်း၊ ဖြေဆို၍ (က) ရုပ်ကို မဖြစ်စေနိုင်သောစိတ် (ခ) ရုပ်ကိုသာ ဖြစ်စေနိုင်သောစိတ် တို့ကိုလည်း ရေးပြခဲ့ပါ။
အာဟာရပြည့်ဝမှ လူကျန်းမာသည်ဟုဆိုရာ အစားအစာတွင် ပါဝင်သော အာဟာရဓာတ် (ဗဟိဒ္ဓသြဇ)တို့သည် ကိုယ်တွင်းရှိ အဇ္ဈတ္တသြဇနှင့် ပူးပေါင်းပြီး ဌီသို့ ရောက်၍ ရောနှောမိချိန်မှစ၍ လူကို အားဖြစ်စေပါသည်။

(က) ရုပ်ကိုမဖြစ်စေနိုင်သော စိတ် (ခ) ရုပ်ကိုသာဖြစ်စေနိုင်သောစိတ် – (၁၉၉၀ နံပါတ် ၂)

၂။ လူတစ်ယောက်အမှန်တကယ် သေမသေ သိနိုင်ရန် မည်သည့်အရာတို့ဖြင့် တိုင်းတာဆုံးဖြတ်ရမည်နည်း၊ အဘိဓမ္မာဒေသနာတော်နည်းအရ ဖြေဆိုပြ၍ ၊ လူ့ခန္ဓာကိုယ်ရှိ ဝတ္ထုများ အနက် (က) လူနှင့်အတူ သေသောရုပ် (ခ) လူသေပြီးမှ သေသောရုပ် (ဂ) လူပင်သေသော်လည်း မသေဘဲ ဆက်လက်ဖြစ်နေဆဲသောရုပ် တို့ကိုလည်း ထုတ်ပြခဲ့ပါ။
လူတစ်ယောက်အမှန်တကယ် သေမသေ သိနိုင်ရန် တိုင်းတာဆုံးဖြတ်ရမည့်အရာတို့မှာ –
(၁) အာယု – ဟုခေါ်သော အသက် ၊ (ဇီဝိတရုပ်နှင့် ဇီဝိတိနြေ္ဒစေတသိက်)
(၂) ဥသ္မာ – ဟုခေါ်သော ကိုယ်ငွေ့တေဇော
(၃) ဝိညာဏံ – ဟုခေါ်သော စုတိဝိပါက်စိတ်
ဤသုံးပါးသော တရားတို့ တစ်ပြိုင်နက် ချုပ်လျှင် သေသည်ဟု ခေါ်ပါသည်။

လူ့ခန္ဓာရှိ ရုပ်ဝတ္ထုများအနက် –
(က) လူနှင့်အတူ သေသောရုပ် = ကမ္မဇရုပ်
(ခ) လူသေပြီးမှ သေသောရုပ် = စိတ္တဇရုပ် နှင့် အာဟာရဇရုပ်
(ဂ) လူပင်သေသော်လည်း မသေဘဲ ဆက်လက်ဖြစ်နေဆဲရုပ် = ဥတုဇရုပ်တို့ဖြစ်ပါသည်။

၃။ ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော နိဗ္ဗာန်မည်ပုံနှင့် ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ကို မှန်းဆ၍ သိနိုင်ပုံတို့ကို ရေးပြခဲ့ပါ။
(၁) လပြည့်ဝန်းကို မျက်စိဖြင့် ဒိပစ္စက္ခ မြင်ရသလို နိဗ္ဗာန်ကို မဂ်ဉာဏ် ၄-ပါတည်း ဟူသော ဓမ္မစက္ခုဖြင့် ဒိဋ္ဌပစ္စက္ခ မြင်အပ် မျက်မှောက်ပြုအပ်၏။
(၂) မဂ် ၊ဖိုလ် ၊ ဂေါတြဘူ ၊ ဝေါဒါန် ၊ အာဝဇ္ဇန်း ၊ ပစ္စဝေက္ခဏာဇောတို့၏ အာရုံဖြစ်၏ ။
(၃) လောကုတ္တရာဇာတ် ဖြစ်၍
(၄) တဏှာ၏ အာရုံပြုခြင်း မခံရသော တရားဖြစ်၏။

ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ကို မှန်းဆ၍ သိနိုင်ပုံမှာ –
နိဗ္ဗာန်သည် ဒုက္ခခပ်သိမ်း အကြွင်းမဲ့ ချုပ်ပျောက်ငြိမ်းအေးခြင်း သိန္တိလက္ခဏာ ရှိသည်ဟူ၍လည်းကောင်း၊ အစ္စုတံ ၊ အစ္စန္တံ ၊ အသင်္ခတံ တရားဖြစ်သောကြောင့် အိုနာ သေရေး ဒုက္ခဘေးတို့မှ ထာဝရ လွတ်ကင်းရာ ဖြစ်သည်ဟု နှလုံးသွင်းကာ ပုထုဇဉ် ပုဂ္ဂိုလ်တို့ နိဗ္ဗာန်ကို မှန်းဆ၍ သိနိုင်ပါသည်။

၂၀၀၉-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရယ်သောသူသည် အသက်ရှည်၏ ဟုဆိုကြရာ ရယ်ရွှင်မှုကို ဖြစ်စေနိုင်သော စိတ်တို့ကို ဖော်ပြ၍ ၊ တေဇောမပိုင် ဆေးမကိုင်နှင့် ဟူသော ဆိုရိုးစကားအရ ၊ တေဇောဓာတ်ဟူသည် အဘယ်ကို ဆိုလိုပါသနည်း ၊ ဖြေဆိုပါ။
၁။ ရယ်သောသူသည် အသက်ရှည်၏ ဟုဆိုကြရာ ရယ်ရွှင်မှုကို ဖြစ်စေနိုင်သော စိတ်များမှာ –
လောဘမူ သောမနဿစိတ် = ၄-ပါး
မဟာကုသိုလ် သောမနဿစိတ် = ၄-ပါး
ဟသိတုပ္ပါဒ်စိတ် = ၁-ပါး
မဟာကြိယာ သောမနဿစိတ် = ၄-ပါး


ပေါင်း ကာမဝစရသောမနဿစိတ် = ၁၃-ပါး ဖြစ်ပါသည်။

တေဇောမပိုင် ဆေးမကိုင်နှင့် ဟူသော ဆိုရိုးစကားအရ ၊ တေဇောဓာတ်ဟူသည်မှာ – ပရမတ်ရုပ် ၁၈-ပါးတွင် ပါဝင်သော မဟာဘုတ်ရုပ် ၄-ပါးအနက်ချမ်းအေးမှု (သီတ) ၊ ပူနွေးမှု (ဥဏှ) ဟုဆိုအပ်သော မီး ၂-ပါး ဖြစ်ပါသည်။

၂။ စိတ်ဟူသော အကြောင်းတရားက ရုပ်ကိုဖြစ်စေနိုင်ရာ (က) ဖြစ်စေနိုင်သောစိတ် (ခ) မဖြစ်စေနိုင်သောစိတ်တို့ကို ခွဲခြားပြ၍၊ မည်သည့်အကြောင်းတရားကြောင့်မျှ မဖြစ်သောရုပ်တို့ကိုလည်း အကြောင်းနှင့် တကွ ဖြေဆိုပါ။
(က) ရုပ်ကိုဖြစ်စေနိုင်သောစိတ်များမှာ –
(ဒွေပဉ္စဝိညာဉ်-၁၀ ၊ အရူပဝိပါက်-၄ ၊ ရဟန္တာတို့ စုတိစိတ် နှင့် အလုံးစုံသော ပဋိသန္ဓေစိတ် ကြဉ်သော်) စိတ် ၇၅-ပါး၊ စေတသိက် ၅၂-ပါး တို့သည် ရုပ်ကို ဖြစ်စေသော စိတ်(နာမ်)များ ဖြစ်ပါသည်။
(ခ) ရုပ်ကိုမဖြစ်စေနိုင်သော စိတ်များမှာ –
ဒွေပဉ္စဝိညာဉ်-၁၀ ၊ အရူပဝိပါက်-၄ ၊ ရဟန္တာတို့ စုတိစိတ် နှင့် အလုံးစုံသော ပဋိသန္ဓေစိတ်များ ဖြစ်ပါသည်။

မည်သည့်အကြောင်းတရားကြောင့်မျှ မဖြစ်သောရုပ်တို့မှာ –
ဥပစယရုပ် ၊ အန္တတိရုပ် ၊ ဇရတာရုပ် ၊ အနိစ္စတာရုပ်ဟူသော လက္ခဏရုပ် ၄-ပါး ဖြစ်ပါသည်။

အကြောင်းမှာ – လက္ခဏာရုပ် ၄-ပါးသည် နိပ္ဖန္နရုပ်တို့၏ ဖြစ် ၊ တည်၊ ပျက် အမှတ်လက္ခဏာမျှ သာဖြစ်၍ မည်သည့်အကြောင်းတရားကြောင့်မျှ မဖြစ်နိုင်သော ရုပ်ဖြင်ခြင်းကြောင့် ဖြစ်ပါသည်။

၃။ ပဋိသန္ဓေအခါ၌ဖြစ်သော သတ္တဝါ သုံးမျိုးတို့ကို ဖော်ပြ၍ ၊ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော နိဗ္ဗာန်တွင် မည်ကဲ့သို့ ဂုဏ်ကျေးဇူးများ ရှိပါသနည်း။ အဘိဓမ္မာအလိုကျ တင်ပြဆွေးနွေးပါ။
ပဋိသန္ဓေအခါ၌ြ့ဖစ်သော သတ္တဝါသုံးမျိုးမှာ –
(က) ဥ့သေဒဇသတ္တဝါ
(ခ) ဥပပါတ်သတ္တဝါ နှင့်
(၃) ဇလာဗုဇ – အဏ္ဍဇခေါ် ဂဗ္ဘသေယျကသတ္တဝါတို့ ဖြစ်ပါသည်။

နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးများမှာ –
(၁) အစ္စုတံ = စုတေရွေ့လျား သေဆုံးမှုသဘော မရှိသောတရား
(၂) အစ္စန္တံ = စုတိဟူသော အဆုံးအပိုင်းအခြားမှ လွန်မြောက်သောတရား
(၃) အသင်္ခတ = ကံ ၊ စိတ် ၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်းတရားတို့ဖြင့် ပြုပြင်စီရင်ခြင်း မခံရသောတရား
(၄) အနုတ္တရံ = မိမိထက် လွန်မြောက်သောတရား မရှိသောတရား
(၅) ပဒံ = အရိယာတို့သာ ရောက်သင့် ရောက်အပ်သောတရားဖြစ်ပါသည်။

၂၀၁၀-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ တရားရှာ ကိုယ်မှာတွေ့ ဟူသော လောကဆိုရိုးစကား မှန်မမှန် အဘိဓမ္မာစံဖြင့် ဖြေဆို၍ ၊ ပရမတ်အစစ် -ဓာတ်အနှစ်ဟူသော စကားအရ ပရမတ်အစစ်ဖြစ်သော တရားများကိုလည်း ဖော်ပြပါ။
တရားရှာ ကိုယ်မှာတွေ့ ဟူသော လောကဆိုရိုးစကားသည် မှန်ပါသည်။
ရှင်းလင်ဖြေဆိုပြရသော် –
ကိုယ်တည်းဟူသော ခန္ဓာကိုယ်သညိ ရုပ် ၂၈-ပါးဖြင့် ဖွဲ့စည်းထားပါသည်။ ထိုရုပ် ၂၈-ပါးမှ နိပ္ဖန္နရုပ် ၁၈-ပါး သည် အနိစ္စ၊ ဒုက္ခ ၊ အနတ္တ လက္ခဏာရေး ၃-ပါး နှင့်တကွ ဖြစ်၍ ဝိပဿနာရှု၍ရသော သလက္ခဏရုပ် ၊ သမ္မသနရုပ်များ ဖြစ်သောကြောင့် တရားရှာကိုယ်မှာတွေ့ ဟူသော လောကဆိုရိုးစကား မှန်ရခြင်းဖြစ်ပါသည်။

ပရမတ်အစစ်ဖြစ်သော တရားများမှာ –
စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး ၊ နိပ္ဖန္နရုပ် ၁၈-ပါ၊ နိဗ္ဗာန် ၁-ပါးဖြစ်၍
ဤတွင် နိပ္ဖန္နရုပ် (ပရမတ်ရုပ်) ၁၈-ပါးမှာ – (၂၀၀၀ နံပါတ် ၁)

၂။ စိတ်ကြောင့် ရုပ်ဖြစ်သည်ဟုဆိုလျှင် (က) အဘယ်စိတ်က (ခ) အဘယ်ရုပ်က (ဂ) အဘယ်မှစ၍ (ဃ) အဘယ်ခဏ၌ ဖြစ်ပါသနည်း၊ ဗုဒ္ဓအဘိဓမ္မာအရ အသီးသီး ခွဲခြား ဖြေဆိုပါ။
စိတ်ကြောင့် ရုပ်ဖြစ်သည်ဟုဆိုလျှင် –
(က) (ဒွေပဉ္စဝိညာဉ် ၁၀-ပါး ၊ အရူပဝိပါက် ၄-ပါး ၊ ရဟန္တာတို့ စုတိ၊ အလုံးစုံသော ပဋိသန္ဓေကြဉ်သော) စိတ် ၇၅-ပါး ၊ စေတသိက် ၅၂-ပါးက
(ခ) စိတ္တဇရုပ် ၁၅-ပါး
(ဂ) ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ် ခဏမှစ၍
(ဃ) ပဝတ္တိအခါ စိတ်တို့၏ ဥပါဒ်ခဏတိုင်း-ခဏတိုင်း၌ ဖြစ်စေပါသည်။

၃။ အဘယ်ကြောင့် အဘယ်တရားကို ဗုဒ္ဓဘာသာဝင်တို့၏ ဦးတည်ချက် နိဗ္ဗာန်ဟု ခေါ်ပါသနည်း၊ ဖြေဆို၍ ယင်းနိဗ္ဗာန်၏ ဂုဏ်ထူးဝိသေသတို့ကိုလည်း ဖော်ထုတ်ပြပါ။
ဝါနဟုဆိုအပ်သော တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်ဟု ခေါ်ပါသည်။

နိဗ္ဗာန်၏ ဂုဏ်ထူးဝိသေသများမှာ –
၁။ အစ္စုတံ = စုတေရွေ့လျား သေဆုံးမှုသဘော မရှိသောတရား
၂။ အစ္စန္တံ = စုတိဟူသော အဆုံးအပိုင်းအခြားမှ လွန်မြောက်သောတရား
၃။ အသင်္ခတံ = ကံ ၊ စိတ် ၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်းတရားတို့ဖြင့် ပြုပြင်စီရင်ခြင်း မခံရသောတရား
၎။ အနုတ္တရံ = မိမိထက် လွန်မြောက်သောတရား မရှိသောတရား
၅။ ပဒံ = အရိယာတို့သာ ရောက်သင့်၊ ရောက်အပ်သော တရားတို့ဖြစ်ပါသည်။

၂၀၁၁-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၈။ ရုပ်ဖြစ်ကြောင်း တရား လေးပါးတွင် ပါဝင်သော စိတ်အရ မယူရသော စိတ်တို့ကို ရေးပြ၍၊ ရုပ်ကို ဖြစ်စေသော ရုပ်တို့ကိုလည်း ရေးပြပါ။
ရုပ်ဖြစ်ကြောင်း တရား လေးပါးတွင် ပါဝင်သော စိတ်အရ မယူရသော စိတ်တို့မှာ –
အရူပဝိပါက်စိတ် = ၄ပါး
ဒွေပဉ္စဝိညာဉ်စိတ် = ၁၀ပါး
ရဟန္တာတို့ စုတိစိတ်နှင့် အလုံးစုံသော ပဋိသန္ဓေစိတ်တို့ ဖြစ်ပါသည်။
ရုပ်ကို ဖြစ်စေသော ရုပ်တို့မှာ –
ဥတု (တေဇောဓာတ်)နှင့် အာဟာရ(ကဗဠီကာရာဟာရ) ရုပ်တို့ ဖြစ်ပါသည်။

၉။ သုဒ္ဓဋ္ဌက ကလာပ် အမျိုးအစားတို့ကို ရေးပြ၍ ကလာပ်မဝင်၊ ရုပ်ငါးအင် ကိုလည်း ဖော်ပြပါ။
သုဒ္ဓဋ္ဌက ကလာပ် အမျိုးအစားတို့မှာ –
စိတ္တဇသုဒ္ဓဋ္ဌက ကလာပ်၊ ဥတုဇသုဒ္ဓဋ္ဌက ကလာပ်နှင့် အာဟာရဇ သုဒ္ဓဋ္ဌက ကလာပ်တို့ ဖြစ်ပါသည်။

ကလာပ် မဝင်၊ ရုပ်ငါးအင်မှာ –
(၁) အာကာသဓာတ် ပရိစ္ဆေဒရုပ် = ၁ပါး
(၂) လက္ခဏာရုပ် = ၄ပါး တို့ ဖြစ်ပါသည်။

၁၀။ ရုပ်လေးပါးတို့၏ ဖြစ်စဉ်/ချုပ်စဉ်တို့ကို သိသာရုံမျှ ရေးသားပြ၍၊ နိဗ္ဗာန်အပြားကိုလည်း သဘာဝ အာကာရအားဖြင့် ခွဲခြားရေးသားပြပါ။
ရုပ်လေးပါးတို့၏ ဖြစ်စဉ်မှာ = ကမ္မဇရုပ်၊ ဥတုဇရုပ်၊ စိတ္တဇရုပ်၊ အာဟာရဇရုပ်
ရုပ်လေးပါးတို့၏ ချုပ်စဉ်မှာ = ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ အာဟာရဇရုပ်၊ ဥတုဇရုပ်

နိဗ္ဗာန်သည် –
ငြိမ်းအေးခြင်း သန္တိလက္ခဏာဟူသော သဘာဝအားဖြင့် တစ်ပါးသာရှိ၏။

အာကာရအားဖြင့် –
– ရာဂစသောကြောင့်ကြဖွယ် ပလိဗောဓ အမျိုးမျိုးမှ ကင်းငြိမ်းသုဉ်းဆိတ်သော သုညတနိဗ္ဗာန်။
– ရာဂနိမိတ်စသော ဘေးရန်အပေါင်းနှင့် မဆက်ဆံသော အနိမိတ္တနိဗ္ဗာန်။
– အာသာ၊ တဏှာ စသော တောင့်တမှု၊ ပူပန်မှုတို့နှင့် မဆက်ဆံသော အပ္ပဏိဟိတ နိဗ္ဗာန်ဟူ ၃-ပါး အပြား ရှိ၏။

၂၀၁၂-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရုပ် (၂၈)ပါးကို (က) အမည် ၂မျိုး၊ (ခ) အမည် ၁၁မျိုးနည်းတို့ဖြင့် အကျဉ်းချုပ်ရေတွက်ပြ၍၊ ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးမည်ဟု ဆိုရလောက်အောင် မခွဲမခွာအမြဲသာ တွဲယှဉ်နေသော ရုပ်တို့ကိုလည်း ရေးသားပြပါ။
ရုပ် ၂၈ပါးကို
(က) အမည် ၂မျိုးအားဖြင့် အကျဉ်းချုပ် ရေတွက်ပြရသော် –
(၁) မဟာဘုတ်ရှင်၊ (၂) ဥပါဒါရုပ်တို့ ဖြစ်ပါသည်။
(ခ) အမည် ၁၁မျိုးအားဖြင့် အကျဉ်းချုပ် ရေတွက်ရသော် –
မဟာဘုတ်ရုပ်၊ ပသာဒရုပ်၊ ဂေါစရရုပ်၊ ဘာဝရုပ်၊ ဟဒယရုပ်၊ ဇီဝိတရုပ်၊ အာဟာရရုပ်၊ ပရိစ္ဆေဒရုပ်၊ ဝိညတ်ရုပ်၊ လဟုတာဒိရုပ်၊ လက္ခဏရုပ် တို့ဖြစ်ပါသည်။

မခွဲမခွါ အမြဲသာ တွဲယှဉ်နေသောရုပ်မှာ –
အဝိနိဗ္ဘောဂရုပ် ၈ပါး (မဟာဘုတ်ရှင် ၄ပါး၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ)။

၂။ စိတ်ကြောင့်ဖြစ်သော ရုပ်အစုတွင် မပါဝင်သောစိတ်တို့ကို ရေးသားပြ၍ ဝိညတ်စသည်တို့နှင့် မရောမယှက် သက်သက် သီးသန့်ဖြစ်သော ရုပ်တို့ကိုလည်း ဖော်ထုတ်ပြပါ။
စိတ်ကြောင့်ဖြစ်သော ရုပ်အစုတွင် မပါဝင်သော စိတ်မှာ –
အရူပဝိပါက် ၄ပါး၊ ဒွေပဉ္စဝိညာဏ် ၁၀ပါး၊ ရဟန္တာတို့ စုတိစိတ်နှင့် အလုံးစုံသော ပဋိသန္ဓေစိတ်တို့ ဖြစ်ပါသည်။

ဝိညတ်စသည်တို့နှင့် မရောမယှက် သက်သက် သီးသန့်ဖြစ်သောရုပ်မှာ – လက္ခဏရုပ် ၄ပါး ဖြစ်ပါသည်။

၃။ ကလလရေကြည် အမည်ရသောကလာပ်စည်းတို့၏ အမည်တို့ကို ရေးသားပြ၍၊ ကမ္ဘာဦးလူသားများ ချို့တဲ့သောရုပ် ကလာပ်ကိုလည်း ဖော်ထုတ်ပြပါ။
ကလလရေကြည် အမည်ရသော ကလာပ်စည်းတို့မှာ –
ကာယဒသက ကလာပ်၊ ဘာဝဒသက ကလာပ်၊ ဝတ္ထုဒသက ကလာပ်တို့ ဖြစ်ပါသည်။

ကမ္ဘာဦးလူသားများ ချို့တဲ့သော ရုပ်ကလာပ်မှာ – ဘာဝဒသက ကလာပ်ဖြစ်ပါသည်။

၎။ သညာမရှိသောဘုံ၌ ရထိုက်သမျှ ရုပ်တို့ကို ဖော်ထုတ်ပြ၍၊ ရုပ်တို့၏ ဖြစ်ပျက်ပုံကို ဘယ်ဌာန၊ အဘယ်အပြားတို့ဖြင့် သိထိုက်သည်ကိုလည်း ဖြေဆိုပြပါ။
သညာမရှိသောဘုံ၌ ရထိုက်သောရုပ်များမှာ –
အဝိနိဗ္ဘောဂရုပ် = ၈ပါး
ဇီဝိတရုပ် = ၁ပါး
အာကာသဓာတ်ပရိစ္ဆေဒရုပ် = ၁ပါး
လဟုတာဒိရုပ် = ၃ပါး
လက္ခဏရုပ် = ၄ပါး


ပေါင်း = ၁၇ပါး

ရုပ်တို့၏ ဖြစ်ပျက်ပုံကို –
ဌာနအားဖြင့် – ကာမ၊ ရူပ၊ အသညသတ်ဟုဆိုအပ်သော သုံးဌာန၊
အပြားအားဖြင့် – ပဋိသန္ဓေအပြား၊ ပဝတ္တိအပြားတို့ဖြင့် သိထိုက်ပါသည်။

၂၀၁၃-ခုနှစ် ရုပ်ပိုင်း မေးခွန်းဟောင်းများ

၇။ ပရမတ်အစစ် ဓာတ်အနှစ် ဟု ဆိုကြရာ ရုပ်ပရမတ်ကို အစစ်-အတု ခွဲခြားပြ၍ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်ဟု ဆိုရလောက်အောင် ခွဲခြား၍ မရကောင်းသော ရုပ်တို့၏ အမည်စာရင်းကိုလည်း ပြုစုပြပါ။
ရုပ်ပရမတ်ကို အစစ်-အတု ခွဲခြားရသော် –
ရုပ်အစစ်များမှာ –
မဟာဘုတ်ရုပ် = ၄ပါး
ပသာဒရုပ် = ၅ပါး
ဂေါစရရုပ် = ၄ပါး
ဘာဝရုပ် = ၂ပါး
ဟဒယရုပ် = ၁ပါး
ဇီဝိတရုပ် = ၁ပါး
အာဟာရရုပ် = ၁ပါး


ပေါင်း ရုပ်အစစ် = ၁၈ပါး

ရုပ်အတုများမှာ –
အာကာသဓာတ် ပရိစ္ဆေဒရုပ် = ၁ပါး
ဝိညတ်ရုပ် = ၂ပါး
လဟုတာဒိရုပ် = ၃ပါး
လက္ခဏရုပ် = ၄ပါး


ပေါင်း ရုပ်အတု = ၁၀ပါး

ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည် ဟု ဆိုရလောက်အောင် ခွဲခြား၍ မရကောင်းသောရုပ်မှာ –
မဟာဘုတ်ရုပ် ၄ပါး၊ ဝဏ္ဏ-ဂန္ဓ-ရသ-သြဇာ ရုပ်တည်းဟူသော အဝိနိဗ္ဘောဂရုပ် ၈ပါး ဖြစ်ပါသည်။

၈။ စေတနာမှန်သော ကံတရားဟု ဆိုကြရာ (က) မှန်ကန်သော စေတနာ၊ (ခ) မမှန်ကန်သော စေတနာတို့ကို ကံကြောင့် ဖြစ်ကြရသော ရုပ်တရားများရှုကာ ခွဲခြားသုံးသပ်ပြ၍၊ မိုးချုန်းသံ၊ စကားပြောသံတို့ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်း အခြေခံတရားတို့ကိုလည်း ရေးသားပြပါ။
ကံကြောင့် ဖြစ်ကြရသော ကမ္မဇရုပ်များမှာ – ပသာဒရုပ် ၅ပါး၊ ဘာဝရုပ် ၂ပါး၊ ဟဒယရုပ် ၁ပါး၊ ဇီဝိတရုပ် ၁ပါး။
(က) မှန်ကန်သော စေတနာ = ကာမကုသိုလ်စေတနာ ၈ပါးနှင့် ရူပကုသိုလ်စေတနာ ၅ပါး။
(ခ) မမှန်ကန်သော စေတနာ = အကုသိုလ်စေတနာ ၁၂ပါး
မိုးချုန်းသံ ဖြစ်ပေါ်လာရခြင်းအကြောင်း = ဥတု
စကားပြောသံ ဖြစ်ပေါ်လာခြင်းအကြောင်း = စိတ်

၉။ အမိဝမ်းခေါင်း ကိန်းအောင်ကြငြား သတ္တဝါများတွင် ပဋိသန္ဓေအခါ ဖြစ်နိုင်သော ရုပ်ကလာပ်တို့ကို အမြဲ တစ်ခါတစ်ရံ အားဖြင့် ခွဲခြားပြ၍၊ ကံကြောင့်ဖြစ်သော ရုပ်တို့၏ နောက်ဆုံး ဖြစ်ရာကာလနှင့် နောက်ဆုံးချုပ်ရာကာလတို့ကို အဘိဓမ္မာအမြင်ဖြင့် တင်ပြပါ။
အမိဝမ်းခေါင်း ကိန်းအောင်းကြငြား သတ္တဝါများတွင် ပဋိသန္ဓေအခါ အမြဲဖြစ်သော ရုပ်ကလာပ်တို့မှာ –
လုံးဝ ချို့တဲ့၍မရသော ကာယဒသက ကလာပ်နှင့် ဝတ္ထုဒသက ကလာပ်ဟူသော ကလလရေကြည်ရုပ်ကလာပ် ၂စည်း ဖြစ်ပါသည်။
တစ်ခါတစ်ရံဖြစ်သော (ရံခါချို့နိုင်သော) ရုပ်ကလာပ်တို့မှာ – ဘာဝဒသက ကလာပ်ဖြစ်ပါသည်။

ကံကြောင့်ဖြစ်သော ရုပ်တို့၏
နောက်ဆုံးဖြစ်ရာကာလ – စုတိစိတ်မှ ပြန်၍ရေသော် ၁၇ချက်မြောက်စိတ်၏ ဥပါဒ်၊
နောက်ဆုံးချုပ်ရာကာလ – စုတိစိတ်နှင့်အပြိုင် (သို့) စုတိစိတ်၏ဘဝင်၊

၁၀။ ရူပဘုံသားဗြဟ္မာကြီးများသန္တာန်၌ ကာမစိတ်ဓာတ်ကို ပွားစေတတ်သော ဘာဝရုပ်တို့ ရနိုင် မရနိုင် ခွဲခြားပြ၍ အိုနာသေရေး ဒုက္ခဘေးတို့၏ ကင်းရာ နိဗ္ဗာနဓာတ် တရားမြတ်ရတနာတို့ မိမိတို့၏ ပကတိမျက်စိဖြင့် မြင်နိုင်-မမြင်နိုင်ကိုလည်း စိစစ်ပြပါ။
ရူပဗြဟ္မာကြီးများ သန္တာ၌ ဘာဝရုပ် မရနိုင်ပါ။
အကြောင်းမှာ – ရူပဗြဟ္မာများသည် ကာမဂုဏ်ကို လွန်စွာ စက်ဆုပ်သဖြင့် ကာမဝိရာဂဘာဝနာ၏ အစွမ်းဖြင့် ဘာဝရုပ် ၂ပါးကို ပယ်ထားသောကြောင့် ဖြစ်ပါသည်။

နိဗ္ဗာနဓာတ် တရားမြတ်ရတနာကို မိမိတို့၏ ပကတိမျက်စိဖြင့် မမြင်နိုင်ပါ။
မဂ်ဉာဏ် ၄ပါးတည်းဟူသော ဓမ္မစက္ခုဖြင့်သာ မြင်နိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *