Citta

ပထမဆင့် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁၉၈၉-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ လူ၌ဖြစ်သော အကုသိုလ်စိတ်တို့တွင် ဒေါသကြောင့် ဖြစ်သောစိတ်၊ မောဟကြောင့် ဖြစ်သောစိတ်တို့ကို တစ်ခုစီထုတ်ပြ၍၊ ဥပေက္ခာ၊ သောမနဿ၊ ဒေါမနဿ မည်မျှစီ ရှိသည်ကိုလည်း အပေါင်းသင်္ချာမျှ ဖော်ပြပါ။

လူ၌ဖြစ်သော အကုသိုလ်စိတ်တို့တွင်…
ဒေါသကြောင့် ဖြစ်သောစိတ်တို့ကို တစ်ခုစီ ထုတ်ပြရသော် –
ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အ-သင်္ခါရိက ဒေါသမူစိတ်  =   ၁-ပါး
ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သ-သင်္ခါရိက ဒေါသမူစိတ်  =   ၁-ပါး


ပေါင်း    ဒေါသမူစိတ်  =   ၂-ပါး

မောဟကြောင့်ဖြစ်သော စိတ်တို့ကို တစ်ခုစီ ထုတ်ပြရသော် –
ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ်    =   ၁-ပါး
ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ်    =   ၁-ပါး


ပေါင်း     မောဟမူစိတ်    =   ၂-ပါး

လူ၌ဖြစ်သော အကုသိုလ်စိတ်တို့တွင် –
ဥပေက္ခာသဟဂုတ်စိတ်     =        ၆-ပါး
သောမနဿဟဂုတ်စိတ်    =       ၄-ပါး
ဒေါမနဿသဟဂုတ်စိတ်    =       ၂-ပါး


ပေါင်း – အကုသိုလ်စိတ်     =    ၁၂-ပါး   ရှိပါသည်။

 

၂။ ယှဉ်ဖက်ဟိတ်မရှိသော ကြိယာစိတ်များကို ထုတ်ပြ၍၊ အဟိတ်စိတ်လာ ကာယဝိညာဏ်နှစ်ခု၏ ထူးခြားချက်ကိုလည်းရေးပြပါ။

ယှဉ်ဖက်ဟိတ်မရှိသော ကြိယာစိတ်များမှာ –
ဥပေက္ခာသဟဂုတ် ပဉ္စဒ္ဓါရာဝဇ္ဇန်းစိတ်       =    ၁-ပါး
ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ်    =   ၁-ပါး
သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ်    =    ၁-ပါး


ပေါင်း – အဟိတ်ကြိယာစိတ်                  =    ၃-ပါး

အဟိတ်စိတ်လာ ကာယဝိညာဏ်နှစ်ခု၏ ထူးခြားချက်မှာ –
အဟိတ်စိတ်လာ ကာယဝိညာဏ်တွင် –
(၁) အကုသလဝိပါက် ကာယဝိညာဏ်၊ အဟိတ်ကုသလဝိပါက် ကာယဝိညာဏ်ဟူ၍ ဝိပါက်အမျိုးအစားအားဖြင့်လည်းကောင်း၊
(၂) သုခသဟဂုတ် ကာယဝိညာဏ်၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်ဟူ၍ ဝေဒနာအမျိုးအစားအားဖြင့် လည်းကောင်း
ထူးခြားမှု ရှိပါသည်။

 

၃။ မိခင်ဘုရားရှိခိုးသည်ကို အတုယူ၍ မိခင်ဘေးမှ ဝမ်းမြောက်ဝမ်းသာဖြင့် ဘုရားရှိခိုးသော ကလေးငယ်အား မည်သည့်ကုသိုလ်စိတ် ဖြစ်ပါသနည်း၊ ဖော်ပြ၍ သောတာပတ္တိမဂ်စိတ် အကျယ်ငါးပါးကိုလည်း ရေးပြခဲ့ပါ

မိခင်ဘုရားရှိခိုးသည်ကို အတုယူ၍ မိခင်ဘေးမှ ဝမ်းမြောက်ဝမ်းသာဖြင့် ဘုရားရှိခိုးသော ကလေးငယ်အား
ဖြစ်သည့်ကုသိုလ်စိတ်မှာ- သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အ-သင်္ခါရိက မဟာကုသိုလ် တတိယစိတ် ဖြစ်ပါသည်။

သောတာပတ္တိမဂ်စိတ်အကျယ် ၅-ပါးမှာ –
(၁) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၅-ပါးနှင့်တကွဖြစ်သော သောတာပတ္တိမဂ် ပထမဈာန်စိတ် =     ၁-ပါး
(၂) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၄-ပါးနှင့်တကွ ဖြစ်သော သောတပတ္တိမဂ် ဒုတိယဈာန်စိတ်      =     ၁-ပါး
(၃) ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၃-ပါးနှင့်တကွဖြစ်သော သောတာပတ္တိမဂ် တတိယဈာန်စိတ်       =     ၁-ပါး
(၄) သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၂-ပါး နှင့် တကွဖြစ်သော သောတာပတ္တိမဂ် စတုတ္ထဈာန်စိတ်       =     ၁-ပါး
(၅) ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော ဈန်အင်္ဂါ ၂-ပါးနှင့်တကွဖြစ်သော သောတာပတ္တိမဂ် ပဉ္စမဈာန်စိတ်            =     ၁-ပါး
တို့ဖြစ်ကြပါသည်။

၁၉၉၀-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ တင့်တယ်သော “သောဘန” စိတ်တို့ကို အကျဉ်းအားဖြင့် ရေတွက်ပြ၍ သာယာနာပျော်ဖွယ်သော သီချင်းသံကို ကြားရာ၌ ဖြစ်ပေါ်တတ်သော စိတ်ကိုလည်း ဖော်ပြပါ။
တင့်တယ်သော “သောဘန” စိတ်တို့ကို အကျဉ်းအားဖြင့် ရေတွက်ရသော် –
ကာမသောဘနစိတ် = ၂၄-ပါး
မဟဂ္ဂုစိတ် = ၂၇-ပါး
လောကုတ္တရာစိတ် = ၈-ပါး / ၄၀-ပါး


ပေါင်း – သောဘနစိတ် = ၅၉-ပါး / ၉၁-ပါး ဖြစ်ပါသည်။

သာယာနာပျော်ဖွယ်သော သီချင်းသံကို ကြားရာ၌ ဖြစ်ပေါ်တတ်သော စိတ်မှာ –
အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် (၁)ပါး ဖြစ်ပါသည်။

၂။ ရူပကုသိုလ်စိတ် ၅-ပါးကို သရုပ်ထုတ် ရေတွက်ပြ၍၊ အရူပစိတ်ကို ဈာန်(၅)ပါးတွင် အဘယ်ဈာန်၌ ထည့်သွင်းရမည် ကိုလည်း လမ်းညွှန်ပြပါ။
ရူပကုသိုလ်စိတ် ၅-ပါးကို သရုပ်ထုတ်ရေတွက်ပြရသော် –
(၁) ဝိတတ်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၅-ပါးနှင့်တကွ ဖြစ်သော ရူပကုသိုလ် ပထမဈာန်စိတ် = ၁-ပါး
(၂) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၎-ပါးနှင့်တကွ ဖြစ်သော ရူပကုသိုလ် ဒုတိယဈာန်စိတ် = ၁-ပါး
(၃) ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၃-ပါးနှင့်တကွဖြစ်သော ရူပကုသိုလ် တတိယဈာန်စိတ် = ၁-ပါး
(၄) သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၂-ပါး နှင့် တကွဖြစ်သော ရူပကုသိုလ် စတုတ္ထဈာန်စိတ် = ၁-ပါး
(၅) ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၂-ပါးနှင့်တကွဖြစ်သော ရူပကုသိုလ် ပဉ္စမဈာန်စိတ် = ၁-ပါး


ပေါင်း ရူပကုသိုလ်စိတ် = ၅-ပါး

အရူပစိတ်ကို ဈာန်(၅)ပါးတွင် အဘယ်ဈာန်၌ ထည့်သွင်းရမည်ကို လမ်းညွှန်ပြရသော် –
အရူပစိတ် ၁၂-ပါးလုံးသည် ဥပေက္ခာဝေဒနာဖြစ်၍ ဥပေက္ခာ၊ ဧကဂ္ဂတာတည်း ဟူသော ဈာန်အင်္ဂါ ၂-ပါး နှင့်
ယှဉ်သောကြောင့် ဈာန် ၅-ပါးတွင် ပဉ္စမဈာန်၌ ထည့်သွင်းရပါမည်။

၃။ လောကမှ ထွက်မြောက်သော လောကုတ္တရာစိတ်အကျယ် ၄၀-ကို အကျဉ်းအားဖြင့် ရေတွက်ဖော်ပြ၍၊ ပထမဈာန် ၁၁-ပါးကိုလည်း မမှားအောင် ထုတ်ဆောင်ပြပါ။
လောကမှ ထွက်မြောက်သော လောကုတ္တရာစိတ်အကျယ် ၄၀-ကို အကျဉ်းအားဖြင့် ရေတွက်ရသော် –
လောကုတ္တရာ ကုသိုလ်စိတ်အကျယ် = ၂၀-ပါး
လောကုတ္တရာ ဝိပါက်စိတ်အကျယ် = ၂၀-ပါး


ပေါင်း – လောကုတ္တရာစိတ်အကျယ် = ၄၀-ပါး

ပထမဈာန်စိတ် ၁၁-ပါး မှာ –
မဟဂ္ဂုတ် ပထမဈာန်စိတ် = ၃-ပါး
လောကုတ္တရာ ပထမဈာန်စိတ် = ၈-ပါး


ပေါင်း – ပထမဈာန်စိတ် = ၁၁-ပါး

၁၉၉၁-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ သုံးဆယ့်တစ်ဘုံတွင် လူနတ်ဗြဟ္မာ သတ္တဝါပညတ်စုတို့၌ အဘိဓမ္မာသဘာဝအားဖြင့် ထင်ရှားရှိသော တရားအစစ်ကို လိုရင်းထုတ် အကျဉ်းချုပ် ရေးပြပါ။
သုံးဆယ့်တစ်ဘုံတွင် လူနတ်ဗြဟ္မာ သတ္တဝါပညတ်စုတို့၌ အဘိဓမ္မာသဘာဝအားဖြင့် ထင်ရှားရှိသော တရားအစစ်ကို
လိုရင်းထုတ် အကျဉ်းချုပ် ရေးပြရသော် –
(၁) စိတ် = အာရုံကို သိခြင်းသဘောတရား။
(၂) စေတသိက် = စိတ်၌မှီ၍ စိတ်ကိုခြယ်လှယ်သော သဘောတရား၊
(၃) ရုပ် = အပူ အအေး စသော ဆန့်ကျင်ဘက် အကြောင်းများကြောင့် ဖောက်ပြန်တတ်သော
သဘောတရား၊

၂။ အယူမမှားသော်လည်း သူတစ်ပါးပစ္စည်းကို လိုချင်အားကြီး၍ အလိုအလျောက် ဝမ်းမြောက်ဝမ်းသာဖြင့် ခိုးယူမိသော သူသည် အဘယ် အကုသိုလ်စိတ်ဖြင့် ကျူးလွန်ခဲ့သည်ကို ရှင်းပြ၍၊ ပြုံးရယ်မှုကို ဖြစ်စေတတ်သော စိတ်အမည်ကိုလည်း ညွှန်ပြခဲ့ပါ။
အယူမမှားသော်လည်း သူတစ်ပါးပစ္စည်းကို လိုချင်အားကြီး၍ အလိုအလျောက် ဝမ်းမြောက်ဝမ်းသာဖြင့် ခိုးယူမိသော သူသည် – သောမနဿသဟဂုဏ် ဒိဋ္ဌိဂတဝိပ္ပယုတ် အ-သင်္ခါရိက လောဘမူ တတိယစိတ်ဖြင့် ကျူးလွန်ခဲ့ပါသည်။
ပြုံးရယ်မှုကို ဖြစ်စေတတ်သော စိတ်မှာ – သောမနဿသဟဂုဏ် ဟသိတုပ္ပါဒ်စိတ် ဖြစ်ပါသည်။

၃။ ယခုခေတ် ဘက်စုံမွမ်းမံရေးတို့၌ ကြောင်းကျိုးကို မြော်မြင်လျက် မိမိသဒ္ဓါအလျောက် ဝမ်းမြောက်စွာ အလှူငွေ ထည့်ဝင်လှူဒါန်းကြသော သူတို့၏သန္တာန်၌ဖြစ်ပေါ်သော ကုသိုလ်စိတ်ကို ရေးပြ၍၊ လောကီဈာန်စိတ်များကိုလည်း မမှားအောင် ရေတွက်ပြခဲ့ပါ။
ယခုခေတ် ဘက်စုံမွမ်းမံရေးတို့၌ ကြောင်းကျိုးကို မြော်မြင်လျက် မိမိ သဒ္ဓါအလျောက် ဝမ်းမြောက်စွာ အလှူငွေ
ထည့်ဝင် လှူဒါန်းကြသောသူတို့၏သန္တာန်၌ဖြစ်ပေါ်သော ကုသိုလ်စိတ်မှာ- သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အ-
သင်္ခါရိက မဟာကုသိုလ် ပထမစိတ် ဖြစ်ပါသည်။
လောကီဈာန်စိတ်များမှာ –
ပထမဈာန်စိတ် = ၃-ပါး
ဒုတိယဈာန်စိတ် = ၃-ပါး
တတိယဈာန်စိတ် = ၃-ပါး
စတုတ္ထဈာန်စိတ် = ၃-ပါး
ပဉ္စမဈာန်စိတ် = ၁၅-ပါး


ပေါင်း မဟဂ္ဂုတ်စိတ် = ၂၇-ပါး ဖြစ်ပါသည်။

၁၉၉၂-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ “စိတ်ကောင်းမရှိ” ဟူသောစကား၌ “စိတ်ကောင်း” ဟု ခေါ်ဆိုထိုက်သော စိတ်တို့ကို အကျဉ်းအားဖြင့် ရေတွက်ပြ၍၊ . ရုပ်မြင်သံကြား ကြည့်ရှုနေစဉ် အရုပ်ကို မြင်သိသော စိတ်နှင့်အသံကို ကြားသိသောစိတ်တို့၏ အမည်ကို ညွှန်ပြပါ။
“စိတ်ကောင်း မရှိ” ဟူသော စကား၌ “စိတ်ကောင်း” ဟု ခေါ်ဆိုထိုက်သောစိတ် တို့ကို အကျဉ်းအားဖြင့်
ရေတွက်ပြရသော် –
ကာမသောဘနစိတ် = ၂၄-ပါး
မဟဂ္ဂုတ်စိတ် = ၂၇-ပါး
လောကုတ္တရာစိတ် = ၈-ပါး / ၄၀-ပါး


ပေါင်း – သောဘနစိတ် = ၅၉-ပါး / ၉၁-ပါး ဖြစ်ပါသည်။

ရုပ်မြင်သံကြား ကြည့်ရှုနေစဉ် အရုပ်ကို မြင်သိသောစိတ်၏အမည်မှာ –
အနိဋ္ဌာရုံဖြစ်အံ့ – အကုသလဝိပါက် စက္ခုဝိညာဏ်စိတ် = ၁-ပါး
ဣဋ္ဌာရုံဖြစ်အံ့ – အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ် စိတ် = ၁-ပါး
ဟူ၍ စက္ခုဝိညာဏ်ဒွေး ဖြစ်ပါသည်။

ရုပ်မြင်သံကြား ကြည့်ရှုနေစဉ် အသံကို ကြားသိသောစိတ်၏ အမည်မှာ –
အနိဋ္ဌာရုံဖြစ်အံ့ – အကုသလဝိပါက် သောတဝိညာဏ်စိတ် = ၁-ပါး
ဣဋ္ဌာရုံဖြစ်အံ့ – အဟိတ်ကုသလဝိပါက် သောတဝိညာဏ်စိတ် = ၁-ပါး
ဟူ၍ သောတဝိညာဏ်ဒွေး ဖြစ်ပါသည်။

၂။ မည်သူတစ်ဦးတစ်ယောက်မျှ မတိုက်တွန်းရဘဲ နှစ်သက်ဝမ်းမြောက်စွာ ဆွမ်းခံဘုန်းဘုန်းအား ရှိခိုးဦးချလျက်ရှိသော ကလေးငယ်၏ သန္တာန်၌ ဖြစ်နိုင်သော ကုသိုလ်စိတ်ကို ဖော်ပြ၍ စုံစမ်း ထောက်လှမ်းတတ်သော စိတ်တို့၏ အမည်ကိုလည်း ညွှန်ပြပါ။
မည်သူတစ်ဦးတစ်ယောက်မျှ မတိုက်တွန်းရဘဲ နှစ်သက်ဝမ်းမြောက်စွာ ဆွမ်းခံဘုန်းဘုန်းအား ရှိခိုးဦးချလျက်ရှိသော ကလေးငယ်၏ သန္တာန်၌ ဖြစ်နိုင်သော ကုသိုလ်စိတ်မှာ- သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ်၊ အ-သင်္ခါရိက မဟာကုသိုလ် တတိယစိတ် တစ်ပါးဖြစ်ပါသည်။

စုံစမ်း ထောက်လှမ်းတတ်သော စိတ်တို့၏ အမည်များမှာ –
အကုသလဝိပါက်စိတ်တွင် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် = ၁-ပါး
အဟိတ်ကုသလဝိပါက်စိတ်တွင် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် = ၁-ပါး
သောမနဿသဟဂုတ် သန္တီရဏစိတ် = ၁-ပါး


ပေါင်း – သန္တီရဏစိတ် = ၃-ပါး

၃။ မြင့်မြတ်သူတို့ ရအပ် ရောက်အပ်သော စိတ်တို့ကို အကျဉ်းအားဖြင့် ရေတွက်ပြ၍၊ ကောင်းမြတ်သော
အကျိုးတရားဖြစ်သော စိတ်ကိုလည်း မှန်ကန်စွာ ရေတွက်ပြပါ။

မြင့်မြတ်သူတို့ ရအပ် ရောက်အပ်သော စိတ်တို့ကို အကျဉ်းအားဖြင့် ရေတွက်ရသော် –
ရူပါဝစရစိတ် = ၁၅-ပါး
အရူပါဝစရစိတ် = ၁၂-ပါး


ပေါင်း မဟဂ္ဂုတ်စိတ် = ၂၇-ပါး ဖြစ်ပါသည်။
(တစ်နည်း)
ပထမဈာန် စိတ် = ၃-ပါး
ဒုတိယဈာန် စိတ် = ၃-ပါး
တတိယဈာန်စိတ် = ၃-ပါး
စတုတ္ထဈာန် စိတ် = ၃-ပါး
ပဉ္စမဈာန်စိတ် = ၁၅-ပါး


ပေါင်း မဟဂ္ဂုတ်စိတ် = ၂၇-ပါး ဖြစ်ပါသည်။

ကောင်းမြတ်သော အကျိုးတရားဖြစ်သော စိတ်များမှာ –
မဟာဝိပါက်စိတ် = ၈-ပါး
မဟဂ္ဂုတ် ဝိပါက်စိတ် = ၉-ပါး
လောကုတ္တရာ ဝိပါက်စိတ် = ၄-ပါး (အကျဉ်း) / ၂၀-ပါး (အကျယ်)


ပေါင်း အကျိုးစိတ် = ၂၁-ပါး (အကျဉ်း) / ၃၇-ပါး (အကျယ်) ဖြစ်ပါသည်။

၁၉၉၃-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ သင်္ဂြိုဟ်ကျမ်းတွင် “ပရမတ်” ဟူသောစကား၏ အဓိပ္ပါယ်ကို ရှင်းလင်းရေးသား၍၊ စာဖြေသူသည် မိမိ၏ ခန္ဓာကိုယ်၌ ပရမတ်တရားအနှစ် မည်မျှရှိသည်ကိုလည်း စိစစ် ထုတ်ပြခဲ့ပါ။
သင်္ဂြိုဟ်ကျမ်းတွင် “ပရမတ်” ဟူသော စကား၏အဓိပ္ပာယ်မှာ –
(၁) မဖောက်မပြန် မှန်ကန်မြင့်မြတ်သောတရား၊
(၂) တကယ်ထင်ရှားရှိသောတရား ဖြစ်ပါသည်။

စာဖြေသူ အကျွနု၏ ခန္ဓာကိုယ်၌ – စိတ်၊ စေတသိက်၊ ရုပ်တရားဟူသော ပရမတ်တရားအနှစ် ၃-ပါး ရှိပါသည်။

၂။ သတ္တဝါတို့၏ သန္တာန်၌ မိန်းမောတွေဝေမှုကြောင့် ဖြတ်တတ်သော အကုသိုလ်စိတ်များကို ကောက်ပြ၍ အကုသိုလ်၏ အကျိုးဝိပါက်ဖြစ်သော စိတ်တို့ကိုလည်း ရေတွက်ပြခဲ့ပါ။
သတ္တဝါတို့၏သန္တာန်၌ မိန်းမောတွေဝေမှုကြောင့် ဖြစ်တတ်သော အကုသိုလ်စိတ်များကို ကောက်ပြရသော် –
ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ် = ၁-ပါး
ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ် = ၁-ပါး


ပေါင်း – မောဟမူစိတ် = ၂-ပါး ဖြစ်ပါသည်။

အကုသိုလ်၏ အကျိုးဝိပါက်ဖြစ်သော စိတ်တို့မှာ –
အကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် = ၁-ပါး
အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် = ၁-ပါး
အကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် = ၁-ပါး
အကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် = ၁-ပါး
အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် = ၁-ပါး
အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ် = ၁-ပါး
အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် = ၁-ပါး


ပေါင်း – အကုသလဝိပါက်စိတ် = ၇-ပါး ဖြစ်ပါသည်။

၃။ ယခုခေတ် ဘက်စုံမွမ်းမံရေးတို့၌ လူမျိုးခြား ဘာသာဝင်များက အလှူငွေများထည့်ဝင်ခြင်းသည် မည်သည့်
ကုသိုလ်မျိုးဖြစ်သည်ကို ထုတ်ဖော်ပြ၍၊ ကာမာဝစရသောဘနစိတ်ကိုလည်း ဝေဒနာ၊ ဉာဏ်၊ သင်္ခါရအားဖြင့် ဝေဖန်ပြခဲ့ပါ။

လူမျိုးခြား ဘာသာဝင်များက အလှူငွေများ ထည့်ဝင်ခြင်းတွင် ဖြစ်နိုင်သော ကုသိုလ်စိတ်မှာ –
သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အ-သင်္ခါရိက မဟာကုသိုလ်စိတ် = ၁-ပါး
သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သ-သင်္ခါရိက မဟာကုသိုလ်စိတ် = ၁-ပါး
ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အ-သင်္ခါရိက မဟာကုသိုလ်စိတ် = ၁-ပါး
ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သ-သင်္ခါရိက မဟာကုသိုလ်စိတ် = ၁-ပါး
ဟူသော မဟာကုသိုလ်စိတ် ၄-ပါးမှ တစ်ပါးပါး ဖြစ်နိုင်ပါသည်။

ကာမာဝစရ သောဘနစိတ် ၂၄-ပါးကို ဝေဒနာအားဖြင့် ဝေဖန်ရသော် –
သောမနဿသဟဂုတ်စိတ် = ၁၂-ပါး
ဥပေက္ခာသဟဂုတ်စိတ် = ၁၂-ပါး


ပေါင်း – ကာမာဝစရသောဘနစိတ် = ၂၄-ပါး

ဉာဏ်အားဖြင့် ဝေဖန်ရသော် –
ဉာဏသမ္ပယုတ်စိတ် = ၁၂-ပါး
ဉာဏဝိပ္ပယုတ်စိတ် = ၁၂-ပါး


ပေါင်း = ကာမာဝစရသောဘနစိတ် = ၂၄-ပါး

၎။ စိတ် ၈၉-ပါးတို့တွင် ဈာနဘေဒစိတ်၊ အာလမ္ဗဏဘေဒစိတ်၊ မဂ္ဂဘေဒစိတ်တို့၏ အကျဉ်းသရုပ်ကို ထုတ်ဖော်ပြ၍၊
ဈာန်အင်္ဂါ ၅-ပါးရှိသော ကုသိုလ်ဈာန်စိတ်တို့လည်း မှန်ကန်အောင် ရေးသားခဲ့ပါ။

စိတ် ၈၉-ပါးတွင် အကျဉ်းသရုပ်အားဖြင့် –
ဈာနဘေဒစိတ်မှာ… ရူပါဝစရစိတ် = ၁၅-ပါး
အာလမ္ဗဏဘေဒစိတ်မှာ… အရူပါဝစရစိတ် = ၁၂-ပါး
မဂ္ဂဘေဒစိတ်မှာ… လောကုတ္တရာစိတ် = ၈-ပါး တို့ဖြစ်ပါသည်။

စိတ် ၈၉-ပါးတွင် ဈာန်အင်္ဂါ ၅-ပါးရှိသော ကုသိုလ်ဈာန်စိတ်မှာ-
ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၅-ပါးနှင့်တကွ ဖြစ်သော ရူပါဝစရကုသိုလ်
ပထမဈာန်စိတ် ၁-ပါး ဖြစ်ပါသည်။

၁၉၉၄-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ ဝမ်းမြောက်မှု သောမနဿနှင့် အတူတကွဖြစ်သော အကုသိုလ်စိတ်တို့ကို ရေတွက်ပြ၍၊ အဟိတ်
ကုသလဝိပါက်စိတ်တို့ကိုလည်း ဝေဒနာဘေဒအားဖြင့် သိသာရုံမျှ ခွဲခြားပြပါ။

ဝမ်းမြောက်မှု သောမနဿနှင့် အတူတကွဖြစ်သော အကုသိုလ်စိတ်တို့ကို ရေတွက်ပြရသော် –
သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အ-သင်္ခါရိက လောဘမူစိတ် = ၁-ပါး
သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သ-သင်္ခါရိက လောဘမူစိတ် = ၁-ပါး
သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အ-သင်္ခါရိက လောဘမူစိတ် = ၁-ပါး
သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သ-သင်္ခါရိက လောဘမူစိတ် = ၁-ပါး


ပေါင်း – အကုသိုလ်စိတ် = ၄-ပါး

အဟိတ်ကုသလဝိပါက်စိတ်တို့ကို ဝေဒနာဘေဒအားဖြင့် ခွဲခြားရသော် –
သုခသဟဂုတ်စိတ် = ၁-ပါး
ဒုက္ခသဟဂုတ်စိတ် = မရှိ
သောမနဿသဟဂုတ်စိတ် = ၁-ပါး
ဒေါမနဿဟဂုတ်စိတ် = မရှိ
ဥပေက္ခာသဟဂုတ်စိတ် = ၆-ပါး


ပေါင်း – အဟိတ်ကုသလဝိပါက်စိတ် = ၈-ပါး ဖြစ်ပါသည်။

၂။ လူကြီးများ၏ လမ်းညွန်မှုကို ခံယူပြီး အများအကျိုးကို မျှော်ကိုးလျက် နိုင်လွန်ကတ္တရာလမ်းခင်းရန် ပျော်ပျော်ပါးပါး
အလှူခံနေကြသော အမျိုးသမီးလေးများ၏ သန္တာန်၌ ဖြစ်နိုင်သောစိတ်ကို ဖော်ပြ၍ ဘုရား ရဟန္တာများ၌သာဖြစ်သော ရူပါဝစရစိတ် တို့ကိုလည်း ရေတွက်ပြပါ။

လူကြီးများ၏ လမ်းညွှန်မှုကိုခံယူပြီး အများအကျိုးကို မျှော်ကိုးလျက် နိုင်လွန်ကတ္တရာလမ်းခင်းရန် ပျော်ပျော်ပါးပါး
အလှူခံနေကြသော အမျိုးသမီးလေးများ၏ သန္တာန်၌ ဖြစ်နိုင်သောစိတ်မှာ – သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သ-သင်္ခါရိက မဟာကုသိုလ် ဒုတိယစိတ် ဖြစ်ပါသည်။

ဘုရား ရဟန္တာများ၌သာဖြစ်သော ရူပါဝစရစိတ်မှာ… ရူပါဝစရကြိယာစိတ် ၅-ပါး ဖြစ်ပါသည်။
၎င်းတို့မှာ –
(၁) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၅-ပါးနှင့်တကွဖြစ်သော ရူပါဝစရကြိယာ ပထမဈာန်စိတ် = ၁-ပါး
(၂) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၎-ပါးနှင့်တကွ ဖြစ်သော ရူပါဝစရကြိယာ ဒုတိယဈာန်စိတ် = ၁-ပါး
(၃) ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၃-ပါးနှင့်တကွဖြစ်သော ရူပါဝစရကြိယာ တတိယဈာန်စိတ် = ၁-ပါး
(၄) သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၂-ပါးနှင့်တကွဖြစ်သော ရူပါဝစရကြိယာ စတုတ္ထဈာန်စိတ် = ၁-ပါး
(၅) ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၂-ပါးနှင့်တကွဖြစ်သော ရူပါဝစရကြိယာ ပဉ္စမဈာန်စိတ် = ၁-ပါး


ပေါင်း ရူပါဝစရကြိယာစိတ် = ၅-ပါး

၃။ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်သူများ၏ ဖြစ်ဆဲကုသိုလ်စိတ်တို့ကို အကျဉ်းချုပ် ဖော်ပြ၍ လောကုတ္တရာ
ပဉ္စမဈာန်ဝိပါက်စိတ်ကိုလည်း မမှားအောင် ရေတွက်ပြပါ။

မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်သူများ၏ ဖြစ်ဆဲကုသိုလ်စိတ်တို့ကို အကျဉ်းချုပ်ဖော်ပြရသော် –
သောတာပတ္တိမဂ်စိတ် = ၁-ပါး
သကဒါဂါမိမဂ်စိတ် = ၁-ပါး
အနာဂါမိမဂ်စိတ် = ၁-ပါး
အရဟတ္တမဂ်စိတ် = ၁-ပါး


ပေါင်း – မဂ်စိတ် = ၄-ပါး

လောကုတ္တရာ ပဉ္စမဈာန်ဝိပါက်စိတ်ကို မမှားအောင် ရေတွက်ပြရသော် –
(၁) ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၂-ပါးနှင့်
တကွဖြစ်သော သောတာပတ္တိဖိုလ် ပဉ္စမဈာန်စိတ် = ၁-ပါး
(၂) ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၂-ပါးနှင့်
တကွဖြစ်သော သကဒါဂါမိဖိုလ် ပဉ္စမဈာန်စိတ် = ၁-ပါး
(၃) ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၂-ပါးနှင့်
တကွဖြစ်သော အနာဂါမိဖိုလ် ပဉ္စမဈာန်စိတ် = ၁-ပါး
(၄) ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၂-ပါးနှင့်
တကွဖြစ်သော အရဟတ္တဖိုလ် ပဉ္စမဈာန်စိတ် = ၁-ပါး


ပေါင်း ပဉ္စမဈာန်စိတ် = ၄-ပါး

၁၉၉၅-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ အပြစ်ရှိမှန်းသိလျက် သူတစ်ပါးပစ္စည်းကို ခိုးယူသူ၌ ဖြစ်နိုင်သော စိတ်တို့ကို ပြည့်စုံစွာ ဖော်ပြ၍ လူတစ်ယောက်၌ မျက်စိနှစ်လုံးရှိ၍ “စက္ခုဝိညာဏ်ဒွေ”ဟု ခေါ်ပါသလော၊ အဘယ်ကို “စက္ခုဝိညာဏ်ဒွေ”ဟုခေါ်ပါသနည်း၊ ဖြေဆိုပါ။
အပြစ်ရှိမှန်းသိလျက် သူတစ်ပါးပစ္စည်းကို ခိုးယူသူ၌ ဖြစ်နိုင်သော စိတ်တို့ကို ပြည့်စုံစွာ ဖော်ပြရသော် –
သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အ-သင်္ခါရိက လောဘမူစိတ် = ၁-ပါး
သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သ-သင်္ခါရိက လောဘမူစိတ် = ၁-ပါး
ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အ-သင်္ခါရိက လောဘမူစိတ် = ၁-ပါး
ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သ-သင်္ခါရိက လောဘမူစိတ် = ၁-ပါး


ပေါင်း- လောဘမူစိတ် = ၄-ပါး
မှတစ်ပါးပါး ဖြစ်နိုင်ပါသည်။

လူတစ်ယောက်၌ မျက်စိနှစ်လုံးရှိ၍ “စက္ခုဝိညာဏ်ဒွေ”ဟုခေါ်ဆိုခြင်းမဟုတ်ပါ။
အကုသလဝိပါက်စိတ် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် = ၁-ပါး
အဟိတ်ကုသလဝိပါက်စိတ် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် = ၁-ပါး
ဟု စက္ခုဝိညာဏ်စိတ်နှစ်မျိုး ရှိသောကြောင့် “စက္ခုဝိညာဏ်ဒွေ” ဟုခေါ်ဆိုရခြင်း ဖြစ်ပါသည်။

၂။ စွယ်တော်မြတ်စေတီတည်ဆောက်ရာ၌ ပျော်ပျော်ရွှင်ရွှင် အသိဉာဏ်ဝင်၍ မည်သူမျှ မတိုက်တွန်းရဘဲ လုပ်အားဒါန ပြုကြသော ပုဂ္ဂိုလ်များ၏သန္တာန်၌ ဖြစ်နိုင်သော စိတ်ကိုထုတ်ပြ၍ သောဘနစိတ်အကျဉ်း ၅၉-ပါးကိုလည်း သိသာရုံမျှ ရေတွက်ပြပါ။
စွယ်တော်မြတ်စေတီ တည်ဆောက်ရာ၌ ပျော်ပျော်ရွှင်ရွှင် အသိဉာဏ်ဝင်၍ မည်သူမျှမတိုက်တွန်းရဘဲ လုပ်အားဒါန
ပြုကြသော ပုဂ္ဂိုလ်များ၏သန္တာန်၌ဖြစ်နိုင်သော စိတ်မှာ – သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အ-သင်္ခါရိက
မဟာကုသိုလ် ပထမစိတ် ဖြစ်ပါသည်။

သောဘနစိတ်အကျဉ်း ၅၉-ပါးမှာ –
ကာမသောဘနစိတ် = ၂၄-ပါး
ရူပါဝစရစိတ် = ၁၅-ပါး
အရူပါဝစရစိတ် = ၁၂-ပါး
လောကုတ္တရာစိတ် = ၈-ပါး


ပေါင်း- သောဘနစိတ်အကျဉ်း = ၅၉-ပါး ဖြစ်ပါသည်။

၃။ ကာမဘုံအာရုံပြုရာ နယ်ပယ်၌ဖြစ်တတ်သော ကာမစိတ် ၅၄-ပါးကို “အကြောင်းစိတ်”၊ “ကြောင်းကျိုးလွတ်စိတ်” အားဖြင့် ခွဲခြားပြ၍ ရူပါဝစရ ပဉ္စမဈာန်စိတ်ကိုလည်း ဝေဒနာ ဘေဒအားဖြင့် ဝေဖန်ပြပါ။
ကာမဘုံအာရုံပြုရာနယ်ပယ်၌ ဖြစ်တတ်သော ကာမစိတ် ၅၄-ပါးတွင်…
“အကြောင်းစိတ်” မှာ –
အကုသိုလ်စိတ် = ၁၂-ပါး
မဟာကုသိုလ်စိတ် = ၈-ပါး


ပေါင်း – အကြောင်းစိတ် = ၂၀-ပါး

“ကြောင်းကျိုးလွတ်စိတ်”မှာ-
အဟိတ်ကြိယာစိတ် = ၃-ပါး
မဟာကြိယာစိတ် = ၈-ပါး


ပေါင်း – ကြောင်းကျိုးလွတ်စိတ် = ၁၁-ပါး

ရူပါဝစရ ပဉ္စမဈာန်စိတ်ကို ဝေဒနာဘေဒအားဖြင့် ဝေဖန်ရသော် –
သုခသဟဂုတ်စိတ် = မရှိ
ဒုက္ခသဟဂုတ်စိတ် = မရှိ
သောမနဿသဟဂုတ်စိတ် = မရှိ
ဒေါမနဿသဟဂုတ်စိတ် = မရှိ
ဥပေက္ခာသဟဂုတ်စိတ် = ၃-ပါး


ပေါင်း – ရူပါဝစရ ပဉ္စမဈာန်စိတ် = ၃-ပါး ဖြစ်ပါသည်။

၎။ မဂ်စိတ်အကျဉ်း ၄-ပါးမှ အကျယ်-၂၀ ဖြစ်ပွားလာပုံကို ဖော်ပြ၍ ပထမဈာန်စိတ် ၁၁-ပါးကိုလည်း မမှားအောင်
ရေတွက်ပြပါ။

မဂ်စိတ်အကျဉ်း ၄-ပါးမှ အကျယ်-၂၀ ဖြစ်ပွားလာပုံ …
ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၅-ပါးရှိရာဝယ် မဂ်စိတ် ၁-ပါးစီ၌ ဈာန်အင်္ဂါယှဉ်ပုံ ၅-မျိုးပြားသဖြင့် မဂ်စိတ်အကျဉ်း ၁-ပါးမှ အကျယ် ၅-ပါး ဖြစ်၏၊ မဂ်စိတ်အကျဉ်း ၄-ပါး ရှိသောကြောင့် မဂ်စိတ်အကျယ်လည်း ၂၀-ဖြစ်လာပါသည်။
ပုံစံအားဖြင့်- သောတာပတ္တိမဂ်စိတ်အကျဉ်း ၁-ပါးသည် အကျယ်အားဖြင့် အောက်ပါအတိုင်း ၅-ပါး ဖြစ်လာပါသည်။
(၁) ဝိတက်၊ ဝိစာရ၊ ပီတ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၅-ပါးနှင့်တကွဖြစ်သော သောတာပတ္တိမဂ် ပထမဈာန်စိတ် = ၁-ပါး
(၂) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၎-ပါးနှင့်တကွဖြစ်သော သောတာပတ္တိမဂ် ဒုတိယဈာန်စိတ် = ၁-ပါး
(၃) ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၃-ပါးနှင့်တကွဖြစ်သော သောတာပတ္တိမဂ် တတိယဈာန်စိတ် = ၁-ပါး
(၄) သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၂-ပါးနှင့်တကွဖြစ်သော သောတာပတ္တိမဂ် စတုတ္ထဈာန်စိတ် = ၁-ပါး
(၅) ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ
၂-ပါးနှင့်တကွဖြစ်သော သောတာပတ္တိမဂ် ပဉ္စမဈာန်စိတ် = ၁-ပါး
ဤနည်းအတိုင်း သကဒါဂါမိမဂ်စိတ်၊ အနာဂါမိမဂ်စိတ်၊ အရဟတ္တမဂ်စိတ်တို့တွင်လည်း ၅-ပါးစီ ပြားပါသည်။

ပထမဈာန်စိတ် ၁၁-ပါးကို ရေတွက်ပြရသော် –
ရူပါဝစရ ပထမဈာန်စိတ် = ၃-ပါး
လောကုတ္တရာ ပထမဈာန်စိတ် = ၈-ပါး


ပေါင်း- ပထမဈာန်စိတ် = ၁၁-ပါး ဖြစ်ပါသည်။

၁၉၉၆-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းဖောက် တံတားဆောက်ရာ၌ တစ်ဦးတစ်ယောက်မျှ မတိုက်တွန်းရဘဲ
ပျော်ပျော်ရွှင်ရွှင် အသိဉာဏ်ယှဉ်ကာ ပါဝင်ဆောင်ရွက်နေသူ၏ သန္တာန်၌ ဖြစ်နိုင်သော စိတ်ကို ဖော်ပြ၍၊

“တမလွန်ဘဝဆိုတာ ရှိမှ ရှိပါလေစ” ဟု ယုံမှားတွေးတောနေသူ၌ ဖြစ်သောစိတ်ကိုလည်း ဖော်ပြပါ။
ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းဖောက်တံတားဆောက်ရာ၌ တစ်ဦးတစ်ယောက်မျှ မတိုက်တွန်းရဘဲ
ပျော်ပျော်ရွှင်ရွှင် အသိဉာဏ်ယှဉ်ကာ ပါဝင်ဆောင်ရွက်နေသူ၏ သန္တာန်၌ ဖြစ်နိုင်သောစိတ်မှာ –
သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အ-သင်္ခါရိက မဟာကုသိုလ် ပထမစိတ် ဖြစ်ပါသည်။

“တမလွန်ဘဝဆိုတာ ရှိမှ ရှိပါလေစ” ဟု ယုံမှားတွေးတောနေသူ၌ ဖြစ်သောစိတ်မှာ – ဥပေက္ခာသဟဂုတ်
ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ် ဖြစ်ပါသည်။

၂။ လှပသော ပန်းတစ်ပွင့်ကို မြင်တွေ့ရာခဏ၌ ဖြစ်သောစိတ်ကို ဖော်ပြ၍၊ ကာမာဝစရ သောဘနစိတ် ၂၄-ပါးတို့တွင် အကြောင်းအကျိုးမှ လွတ်သောစိတ်ကို ဝေဒနာဘေဒ၊ ဉာဏဘေဒ၊ သင်္ခါရဘေဒအားဖြင့် ခွဲခြားပြပါ။
လှပသော ပန်းတစ်ပွင့်ကို မြင်တွေ့ရာခဏ၌ ဖြစ်သောစိတ်မှာ –
အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ်စက္ခုဝိညာဏ်စိတ် ၁-ပါး ဖြစ်ပါသည်။

ကာမာဝစရ သောဘနစိတ် ၂၄-ပါးတို့တွင် အကြောင်းအကျိုးမှ လွတ်သော စိတ်မှာ – မဟာကြိယာစိတ် ဖြစ်ပါသည်။
မဟာကြိယာစိတ် ၈-ပါးကို …
ဝေဒနာဘေဒနာအားဖြင့် ဝေဖန်ရသော် –
သုခသဟဂုတ်စိတ် = မရှိ
ဒုက္ခသဟဂုတ်စိတ် = မရှိ
သောမနဿသဟဂုတ်စိတ် = ၄-ပါး
ဒေါမနဿသဟဂုတ်စိတ် = မရှိ
ဥပေက္ခာသဟဂုတ်စိတ် = ၄-ပါး


ပေါင်း- မဟာကြိယာစိတ် = ၈-ပါး ဖြစ်ပါသည်။

ဉာဏဘေဒအားဖြင့် ဝေဖန်ရသော် –
ဉာဏသမ္ပယုတ်စိတ် = ၄-ပါး
ဉာဏဝိပ္ပယုတ်စိတ် = ၄-ပါး
ပေါင်း- မဟာကြိယာစိတ် = ၈-ပါး
သင်္ခါရဘေဒအားဖြင့် ဝေဖန်ရသော် –
အ-သင်္ခါရိကစိတ် = ၄-ပါး
သ-သင်္ခါရိကစိတ် = ၄-ပါး


ပေါင်း – မဟာကြိယာစိတ် = ၈-ပါး တို့ဖြစ်ကြပါသည်။

၃။ စိတ်အကျဉ်း ၈၉-ပါးတို့တွင် “လောကမှ လွတ်မြောက်သောစိတ်” ဟူသည် မည်သည့်စိတ်ဖြစ်ပါသနည်း၊ တစ်ခုချင်း ရေတွက်ပြ၍၊ ယင်းစိတ်ကို အကြောင်းအကျိုးအားဖြင့် မမှားအောင် ခွဲခြားပြပါ။
စိတ်အကျဉ်း ၈၉-ပါးတို့တွင် “လောကမှလွတ်မြောက်သောစိတ်” ဟူသည် လောကုတ္တရာစိတ် ၈-ပါး ဖြစ်ပါသည်။
တစ်ခုချင်း ရေတွက်ပြရသော် –
သောတာပတ္တိမဂ်စိတ် = ၁-ပါး
သကဒါဂါမိမဂ်စိတ် = ၁-ပါး
အနာဂါမိမဂ်စိတ် = ၁-ပါး
အရဟတ္တမဂ်စိတ် = ၁-ပါး
သောတာပတ္တိဖိုလ်စိတ် = ၁-ပါး
သကဒါဂါမိဖိုလ်စိတ် = ၁-ပါး
အနာဂါမိဖိုလ်စိတ် = ၁-ပါး
အရဟတ္တဖိုလ်စိတ် = ၁-ပါး


ပေါင်း – လောကုတ္တရာစိတ်အကျဉ်း = ၈-ပါး ဖြစ်ပါသည်။

ယင်းစိတ်ကို အကြောင်းအကျိုးအားဖြင့် မမှားအောင် ခွဲခြားပြရသော် –
အကြောင်းစိတ် = မဂ်စိတ်အကျဉ်း = ၄-ပါး
အကျိုးစိတ် = ဖိုလ်စိတ်အကျဉ်း = ၄-ပါး


ပေါင်း – လောကုတ္တရာစိတ်အကျဉ်း = ၈-ပါး ဖြစ်ပါသည်။

၁၉၉၇-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ “စိတ်ထား ကောင်းမွန်သည်၊ စိတ်ထား ယုတ်ညံ့သည်” ဟူသော လောကသုံးစကားအရ စိတ်အကျယ်တွင် ကောင်းမွန် တင့်တယ်သောစိတ်တို့်ကို ဘူမိဘေဒနည်းအားဖြင့် ခွဲခြားဖြေဆို၍၊ ကာမကြိယာစိတ် ၁၁-ပါးကိုလည်း ဝေဒနာ အားဖြင့် ဝေဖန်ပြပါ။
“စိတ်ထားကောင်းမွန်သည်၊ စိတ်ထားယုတ်ညံ့သည်” ဟူသော လောကသုံးစကားအရ စိတ်အကျယ်တွင်
ကောင်းမွန်တင့်တယ်သော စိတ်တို့ကို ဘူမိဘေဒနည်းအားဖြင့် ခွဲခြားဖြေဆိုရသော် –
ကာမာဝစာရစိတ် = ၂၄-ပါး
ရူပါဝစရစိတ် = ၁၅-ပါး
အရူပါဝစရစိတ် = ၁၂-ပါး
လောကုတ္တရာစိတ် = ၄၀-ပါး


ပေါင်း – ကောင်းမွန်တင့်တယ်သော စိတ်အကျယ် = ၉၁-ပါး ဖြစ်ပါသည်။

ကာမကြိယာစိတ် ၁၁-ပါးကို ဝေဒနာဘေဒအားဖြင့် ဝေဖန်ရသော် –
သုခသဟဂုတ်စိတ် = မရှိ
ဒုက္ခသဟဂုတ်စိတ် = မရှိ
သောမနဿသဟဂုတ်စိတ် = ၅-ပါး
ဒေါမနဿသဟဂုတ်စိတ် = မရှိ
ဥပေက္ခာသဟဂုတ်စိတ် = ၆-ပါး


ပေါင်း – ကာမကြိယာစိတ် = ၁၁-ပါး ဖြစ်ပါသည်။

၂။ စိတ်အကျဉ်း ၈၉-ပါးတွင် “အသင်္ခါရိက၊ သသင်္ခါရိက” ဟူ၍ ကျမ်းရင်း၌ ပြဆိုမထားသော စိတ်များကို ဇာတိဘေဒနည်း အားဖြင့် သိသာရုံမျှ ရေတွက်ပြ၍ “ဝုဋ္ဌော” ဟူသော အမည်ကို ရသည့်စိတ်ကိုလည်း ဖော်ပြပါ။
စိတ်အကျဉ်း ၈၉-ပါးတွင် “အသင်္ခါရိက၊ သသင်္ခါရိက” ဟူ၍ ကျမ်းရင်း၌ ပြဆိုမထားသော စိတ်များကို
ဇာတိဘေဒနည်း အားဖြင့် သိသာရုံမျှ ရေတွက်ပြရသော် –
အကုသိုလ်စိတ်တွင် – မောဟမူစိတ် = ၂-ပါး
ကုသိုလ်စိတ်တွင် – (မဟာကုသိုလ် ၈-ပါးကြဉ်) ကြွင်းသောကုသိုလ်စိတ်များ = ၁၃-ပါး
ဝိပါက်စိတ်တွင် – (မဟာဝိပါက် ၈-ပါးကြဉ်) ကြွင်းသောဝိပါက်စိတ်များ = ၂၈-ပါး
ကြိယာစိတ်တွင် – (မဟာကြိယာ ၈-ပါးကြဉ်) ကြွင်းသောကြိယာစိတ်များ = ၁၂-ပါး
စိတ်အကျဉ်း ၈၉-ပါးတွင် “အသင်္ခါရိက” ဟု ပြဆိုမထားသော စိတ်ပေါင်း = ၅၅-ပါး ဖြစ်ပါသည်။

“ဝုဋ္ဌော” ဟူသောအမည်ကို ရသည့်စိတ် = မနောဒွါရာဝဇ္ဇန်းစိတ် ၁-ပါး ဖြစ်ပါသည်။

၃။ လောကီ၊ လောကုတ္တရာစိတ်အပေါင်း၌ ပထမဈာန်စသော စိတ်တို့ မည်မျှစီ ရှိကြသည်ကို သင်္ချာမျှ အသီးသီးဖော်ပြ၍၊ ဈာန်၏အစိတ်အပိုင်းဖြစ်သော တရားများကား အဘယ်သို့ပါနည်း၊ ဖြေဆိုပါ။
လောကီ၊ လောကုတ္တရာစိတ်အပေါင်း၌ ပထမဈာန် စသောစိတ်တို့ မည်မျှစီ ရှိကြသည်ကို သင်္ချာမျှ၊ အသီးသီး
ဖော်ပြရသော် –
လောကီ + လောကုတ္တရာ = ပေါင်း
ပထမဈာန်စိတ် = ၃-ပါး + ၈-ပါး = ၁၁-ပါး
ဒုတိယဈာန်စိတ် = ၃-ပါး + ၈-ပါး = ၁၁-ပါး
တတိယဈာန်စိတ် = ၃-ပါး + ၈-ပါး = ၁၁-ပါး
စတုတ္ထဈာန်စိတ် = ၃-ပါး + ၈-ပါး = ၁၁-ပါး
ပဉ္စမဈာန်စိတ် = ၁၅-ပါး + ၈-ပါး = ၂၃-ပါး


ပေါင်း- ဈာန်စိတ် = ၂၇-ပါး + ၄၀-ပါး = ၆၇-ပါး

ဈာန်၏ အစိတ်အပိုင်းဖြစ်သော တရားများမှာ – ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတရားများ ဖြစ်ပါသည်။

၁၉၉၈-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ “ဘယ်သူသေသေ ငတေမာလျှင်ပြီးရော” ဟု အပြစ်ရှိမှန်း သိလျက် သူတစ်ပါး အသက်ကို ထက်သန်စွာ သတ်လေ့ရှိသူ၏ သန္တာန်၌ ဖြစ်သောစိတ်ကို ပြည့်စုံစွာ ဖော်ပြ၍ ကာမစိတ် ၅၄-ပါးတို့တွင် အ-သင်္ခါရိက၊ သ-သင်္ခါရိကစိတ်၊ နှစ်မျိုးလုံး မဟုတ်သောစိတ်တို့ မည်မျှစီ ရှိသနည်း၊ အရေအတွက်မျှ ဖော်ပြပါ။
သူတစ်ပါးအသက်ကို ထက်သန်စွာ သတ်လေ့ရှိသူ၏ သန္တာန်၌ဖြစ်သော စိတ်မှာ –
ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အ-သင်္ခါရိက ဒေါသမူစိတ် ဖြစ်ပါသည်။

ကာမစိတ် ၅၄-ပါးတို့တွင် အ-သင်္ခါရိကစိတ်၊ သ-သင်္ခါရိကစိတ်၊ နှစ်မျိုးလုံးမဟုတ်သောစိတ်တို့ မည်မျှစီ ရှိသည်ကို အရေအတွက်မျှ ဖော်ပြရသော် –
အ-သင်္ခါရိကစိတ် = ၁၇-ပါး
သ-သင်္ခါရိကစိတ် = ၁၇-ပါး
နှစ်မျိုးလုံး မဟုတ်သောစိတ် = ၂၀-ပါး


ပေါင်း- ကာမစိတ် = ၅၄-ပါး ဖြစ်ပါသည်။

၂။ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေပြားသင်္ကန်း ဆက်ကပ်ပူဇော်ရာ၌ မည်သူမျှ မတိုက်တွန်းရဘဲ ပျော်ရွှင်စွာဖြင့်
ပါဝင်လှူဒါန်းသော ကံကျိုးမြင်သိ ပညာရှိသန္တာန်၌ ဖြစ်နိုင်သောစိတ်ကို ဖော်ပြ၍ လောကဓာတ်တစ်ခွင်၌ အမှန်တကယ်ရှိသော တရားတို့တွင် ဖောက်ပြန်ခြင်းသဘောရှိသောတရားနှင့် ဖောက်ပြန်ခြင်းသဘောမရှိသော တရားတို့ကို ခွဲခြားထုတ်ဖော်ပြပါ။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေပြားသင်္ကန်း ဆက်ကပ်ပူဇော်ရာ၌ မည်သူမျှ မတိုက်တွန်းရဘဲ ပျော်ရွှင်စွာဖြင့် ပါဝင်လှူဒါန်းသော ကံကျိုးမြင်သိ ပညာရှိသန္တာန်၌ ဖြစ်နိုင်သောစိတ်မှာ –
သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အ-သင်္ခါရိက မဟာကုသိုလ် ပထမစိတ် ဖြစ်ပါသည်။

လောကဓာတ်တစ်ခွင်၌ အမှန်တကယ်ရှိသော တရားတို့တွင် …
ဖောက်ပြန်ခြင်းသဘောရှိသော တရားမှာ = “ရုပ်တရား” ဖြစ်၍
ဖောက်ပြန်ခြင်း သဘောမရှိသော တရားမှာ = “စိတ်၊ စေတသိက်၊ နိဗ္ဗာန်” တရားတို့ ဖြစ်ပါသည်။

၃။ “ဈာန်ဝင်စားမှ လွန်တင့်တယ်” ဟု ဆိုရာ၌ ဝင်စားနိုင်သော ဈာန်တို့တွင် ပဉ္စမဈာန်စိတ်များကိုသာ ဇာတိဘေဒနည်း အားဖြင့်လည်းကောင်း၊ အကြောင်းအကျိုးအားဖြင့်လည်းကောင်း ဝေဖန်ပြ၍ ဘုရား၊ ရဟန္တာတို့၌သာ ဖြစ်နိုင်သော မတင့်တယ်သော စိတ်အမည်ကိုလည်း တိကျစွာ ဖော်ပြပါ။
ပဉ္စမဈာန်စိတ်ပေါင်း ၂၃ပါး ရှိရာဝယ် …
ဇာတိဘေဒနည်းအားဖြင့် ဝေဖန်ပြရသော် –
အကုသိုလ်စိတ် = မရှိ
ကုသိုလ်စိတ် = ၉-ပါး
ဝိပါက်စိတ် = ၉-ပါး
ကြိယာစိတ် = ၅-ပါး


ပေါင်း- ပဉ္စမဈာန်စိတ် = ၂၃-ပါး

အကြောင်းအကျိုးအားဖြင့် ခွဲခြားပြရသော် –
အကြောင်းစိတ် = ၉-ပါး
အကျိုးစိတ် = ၉-ပါး
အကြောင်းအကျိုးမှလွတ်သောစိတ် = ၅-ပါး


ပေါင်း- ပဉ္စမဈာန်စိတ် = ၂၃-ပါး တို့ဖြစ်ပါသည်။

ဘုရား၊ ရဟန္တာတို့၌သာ ဖြစ်နိုင်သော မတင့်တယ်သောစိတ်အမည်ကို တိကျစွာ ဖော်ပြရသော် –
“သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ်” ဖြစ်ပါသည်။

၁၉၉၉-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ သံဃာတော်များ ကြွလာသည်ကို ဖူးမြင်ရသော မိခင်က “သားလေးရှိခိုး ရှိခိုး” ဟု ပြောဆို တိုက်တွန်းမှုကြောင့်
ပျော်ရွှင်စွာ ရှိခိုးနေသော ကလေးငယ်၏သန္တာန်၌ဖြစ်သော ကုသိုလ်စိတ်ကို တိကျစွာ ဖော်ပြ၍၊ ပဉ္စမဈာန်စိတ် ၂၃-ပါး၌ လောကီ, လောကုတ္တရာ မည်မျှစီ ရှိသည်ကိုလည်း သင်္ချာမျှ ဖော်ပြပါ။

မိခင်၏ ပြောဆို တိုက်တွန်းမှုကြောင့် ပျော်ရွှင်စွာ ရှိခိုးနေသော ကလေးငယ်၏ သန္တာန်၌ ဖြစ်သော ကုသိုလ်စိတ်မှာ –
သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သ-သင်္ခါရိက မဟာကုသိုလ် စတုတ္ထစိတ် ဖြစ်ပါသည်။

ပဉ္စမဈာန်စိတ် ၂၃-ပါး၌
လောကီဈာန်စိတ် = ၁၅-ပါး
လောကုတ္တရာဈာန်စိတ် = ၈-ပါး


ပေါင်း ပဉ္စမဈာန်စိတ် = ၂၃-ပါး ရှိပါသည်။

၂။ “ကြောင်းကျိုးသိမြင် ပညာရှင်”ဟု အမွှမ်းတင်ခံရအောင် အဘိဓမ္မာပညာရှင်ပီပီ အသောဘနစိတ် (၃၀)ကို အကြောင်း, အကျိုးအားဖြင့် သိသာရုံမျှ ခွဲခြားပြ၍ အကြောင်းစိတ်ကိုလည်း ဝေဒနာအားဖြင့် ဝေဖန်ပြပါ။
အသောဘနစိတ် (၃၀)ကို အကြောင်း, အကျိုးအားဖြင့် ခွဲခြားပြရသော် –
အကြောင်းစိတ် = ၁၂-ပါး
အကျိုးစိတ် = ၁၅-ပါး
အကြောင်းအကျိုးမှ လွတ်သောစိတ် = ၃-ပါး


ပေါင်း – အသောဘနစိတ် = ၃၀-ပါး ဖြစ်ပါသည်။

အကြောင်းစိတ် (အကုသိုလ်စိတ်) ၁၂-ပါးကို ဝေဒနာအားဖြင့် ဝေဖန်ပြရသော် –
သောမနဿသဟဂုတ်စိတ် = ၄-ပါး
ဒေါမနဿသဟဂုတ်စိတ် = ၂-ပါး
ဥပေက္ခာသဟဂုတ်စိတ် = ၆-ပါး


ပေါင်း- (အသောဘန) အကြောင်းစိတ် = ၁၂-ပါး ဖြစ်ပါသည်။

၃။ ကာမဘုံ၌ အဖြစ်များသည့် ကာမစိတ် ၅၄-ပါးကို ဇာတ်အားဖြင့် ခွဲခြားပြ၍ ကုသိုလ်စိတ်အကျယ်,
ဝိပါက်စိတ်အကျယ်တို့၏ အရေအတွက်ကိုလည်း သင်္ချာမျှ ဖော်ပြပါ။

ကာမစိတ် ၅၄-ပါးကို ဇာတ်အားဖြင့် ခွဲခြားပြရသော် –
အကုသိုလ်စိတ် = ၁၂-ပါး
ကုသိုလ်စိတ် = ၈-ပါး
ဝိပါက်စိတ် = ၂၃-ပါး
ကြိယာစိတ် = ၁၁-ပါး


ပေါင်း- ကာမစိတ် = ၅၄-ပါး ဖြစ်ပါသည်။

ကုသိုလ်စိတ်အကျယ် = ၃၇-ပါး
ဝိပါက်စိတ်အကျယ် = ၅၂-ပါး ဖြစ်ပါသည်။

၂၀၀၀-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ “သွားလည်း ဤစိတ်၊ စားလည်း ဤစိတ်” ဟူ၍ အသုံးများလှသောစိတ်ကို ဘုံစိတ်အနေဖြင့် ခွဲခြားက ရရှိမည့်
အမည်များကို ဖော်ပြ၍၊ အမှန်တရားကို ဖုံးကွယ်၍ထားတတ်သော မောဟမူစိတ် နှစ်ပါးကိုလည်း တစ်ခုချင်း ရေတွက်ပြပါ။

“သွားလည်း ဤစိတ်၊ စားလည်း ဤစိတ်” ဟူ၍ အသုံးများလှသောစိတ်ကို ဘုံစိတ် (ဘူမိဗေဒ) အနေဖြင့် ခွဲခြားက ရရှိမည့် အမည်များကို ဖော်ပြရသော် –
ကာမာဝစရစိတ် = ၅၄-ပါး
ရူပါဝစရစိတ် = ၁၅-ပါး
အရူပါဝစရစိတ် = ၁၂-ပါး
လောကုတ္တရာစိတ် = ၈-ပါး (အကျဉ်း) / ၄၀-ပါး (အကျယ်)


ပေါင်း = ၈၉-ပါး (အကျဉ်း) / ၁၂၁-ပါး (အကျယ်)

အမှန်တရားကို ဖုံးကွယ်၍ ထားတတ်သော မောဟမူစိတ် နှစ်ပါးကိုလည်း တစ်ခုချင်း ရေတွက်ပြရသော် –
(၁) ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ် = ၁-ပါး
(၂) ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် မောဟမူစိတ် = ၁-ပါး ဖြစ်ပါသည်။

၂။ အသောဘနစိတ် (၃၀)တို့တွင် “အသင်္ခါရိက, သသင်္ခါရိက” ဟု သတ်မှတ်၍မရသော စိတ်တို့ကို သိသာရုံမျှ ဖော်ပြ၍၊ ယင်းစိတ်တို့တွင် “ကြောင်းကျိုးလွတ်စိတ်” တို့ မည်မျှ ရှိသည်ကိုလည်း ရေတွက်ပြပါ။
အသောဘနစိတ် ၃၀တို့တွင် “အသင်္ခါရိက, သသင်္ခါရိက” ဟု သတ်မှတ်၍မရသော စိတ်တို့ကို သိသာရုံမျှ
ဖော်ပြရသော် –
မောဟမူစိတ် = ၂-ပါး
အဟိတ်စိတ် = ၁၈-ပါး တို့ဖြစ်ပါသည်။

ယင်းစိတ်တို့တွင် “ကြောင်းကျိုးလွတ်စိတ်” တို့ကို ရေတွက်ပြရသော် –
အဟိတ်ကြိယာစိတ် ၃-ပါး ဖြစ်သော
(၁) ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ်
(၂) ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ်
(၃) သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ် တို့ဖြစ်ပါသည်။

၃။ သူတစ်ပါးပစ္စည်းကို ခိုးယူခြင်း၌ အပြစ်ရှိမှန်း မသိ၍ မိမိဘာသာ ပျော်ရွင်စွာ ခိုးမှု လွန်ကျူးသူ၏ သန္တာန်၌ဖြစ်သော အကုသိုလ်စိတ်ကို ပြည့်စုံတိကျစွာ ဖော်ပြ၍၊ စိတ်အကျယ် ၁၂၁-ပါးကိုလည်း ဇာတိဘေဒနည်းအရ ဝေဖန်ပြပါ။
သူတစ်ပါးပစ္စည်းကို ခိုးယူခြင်း၌ အပြစ်ရှိမှန်း မသိ၍ မိမိဘာသာ ပျော်ရွင်စွာ ခိုးမှု လွန်ကျူးသူ၏ သန္တာန်၌ဖြစ်သော အကုသိုလ်စိတ်ကို ပြည့်စုံတိကျစွာ ဖော်ပြရသော် – “သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူ
ပထမစိတ်” ဖြစ်ပါသည်။

စိတ်အကျယ် ၁၂၁-ပါးကို ဇာတိဘေဒနည်းအရ ဝေဖန်ပြရသော် –
အကုသိုလ်စိတ် = ၁၂-ပါး
ကုသိုလ်စိတ် = ၃၇-ပါး
ဝိပါက်စိတ် = ၅၂-ပါး
ကြိယာစိတ် = ၂၀-ပါး


ပေါင်း စိတ်အကျယ် = ၁၂၁-ပါး တို့ဖြစ်ပါသည်။

၂၀၀၁-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ “ရင်ထဲမှာ ဒွိဟစိတ်တွေနဲ့” ဟူသော စကား၌ ဒွိဟစိတ်ဟူသည် အဘယ်စိတ်ကို ခေါ်ပါသနည်း ဖြေဆို၍၊ အကုသိုလ်စိတ် ၁၂-ပါးကိုလည်း ဝေဒနာအားဖြင့် သိသာရုံမျှ ခွဲခြားပြပါ။
“ရင်ထဲမှာ ဒွိဟစိတ်တွေနဲ့” ဟူသောစကား၌ ဒွိဟစိတ်ဟူသည်မှာ –
“မောဟမူ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ်” ဖြစ်ပါသည်။
အကုသိုလ်စိတ် ၁၂-ပါးကိုလည်း ဝေဒနာအားဖြင့် သိသာရုံမျှ ခွဲခြားပြရသော် –
အနုဘဝနလက္ခဏဘေဒနည်းအရ –
သုခသဟဂုတ်စိတ် = ၄-ပါး
ဒုက္ခသဟဂုတ်စိတ် = ၂-ပါး
အဒုက္ခ-မသုခသဟဂုတ်စိတ် = ၆-ပါး


ပေါင်း – အကုသိုလ်စိတ် = ၁၂-ပါး

ဣနြ္ဒိယဘေဒနည်းအရ –
သုခသဟဂုတ်စိတ် = မရှိ
ဒုက္ခသဟဂုတ်စိတ် = မရှိ
သောမနဿသဟဂုတ်စိတ် = ၄-ပါး
ဒေါမနဿသဟဂုတ်စိတ် = ၂-ပါး
ဥပေက္ခာသဟဂုတ်စိတ် = ၆-ပါး


ပေါင်း အကုသိုလ်စိတ် = ၁၂-ပါး

၂။ လျှာတစ်ခုတည်း ရှိပါလျက် အဘယ့်ကြောင့် “ဇိဝှါဝိညာဏ်ဒွေး” ခေါ်ရသည်ကို ဖြေဆို၍၊ အဟိတ်စိတ် ၁၈ပါးကိုလည်း ဇာတိဘေဒအားဖြင့် ဝေဖန်ပြပါ။
လျှာတစ်ခုတည်း ရှိပါလျက် “ဇိဝှါဝိညာဏ်ဒွေး” ဟု ခေါ်ဆိုရခြင်းမှာ –
အနိဋ္ဌ ရသာရုံဖြစ်အံ့ = အကုသလဝိပါက် ဇိဝှါဝိညာဏ်စိတ် ၁-ပါး
ဣဋ္ဌ ရသာရုံဖြစ်အံ့ = ကုသလဝိပါက် ဇိဝှါဝိညာဏ်စိတ် ၁-ပါး ဟူ၍
၂-ပါး ဖြစ်သောကြေင့် ဇိဝှါဝိညာဏ်ဒွေးဟု ခေါ်ရခြင်း ဖြစ်ပါသည်။

အဟိတ်စိတ် (၁၈-ပါး)ကို ဇာတိဘေဒအားဖြင့် ဝေဖန်ပြရသော် –
အကုသိုလ်စိတ် = မရှိ
ကုသိုလ်စိတ် = မရှိ
ဝိပါက်စိတ် = ၁၅-ပါး
ကြိယာစိတ် = ၃-ပါး


ပေါင်း အဟိတ်စိတ် = ၁၈-ပါး ဖြစ်ပါသည်။

၃။ အိုမင်းမစွမ်းဖြစ်သော ဘိုးဘွားများ၏ ကိစ္စကြီးငယ်ကို မိမိအသိစိတ်ဖြင့် ပျော်ရွှင်စွာ ကူညီဆောင်ရွက်ပေးနေသော
လူငယ်တစ်ဦး၏ သန္တာန်၌ ဖြစ်ပေါ်နေသော ကုသိုလ်စိတ်ကို ပြည့်စုံ တိကျစွာ ဖော်ပြ၍၊ ပထမဈာန်၌ ပါဝင်သော ဈာန်အင်္ဂါ (၅)ပါးကိုလည်း ဖြေဆိုပါ။

အိုမင်းမစွမ်းဖြစ်သော ဘိုးဘွားများ၏ ကိစ္စကြီးငယ်ကို မိမိအသိစိတ်ဖြင့် ပျော်ရွှင်စွာ ကူညီဆောင်ရွက်ပေးနေသော လူငယ်တစ်ဦး၏ သန္တာန်၌ ဖြစ်ပေါ်နေသော ကုသိုလ်စိတ်ကို ပြည့်စုံ တိကျစွာ ဖော်ပြရသော် –
“သောမနဿသဟဂုတ်ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် ပထမစိတ်” ဖြစ်ပါသည်။

ပထမဈာန်၌ပါဝင်သော ဈာန်အင်္ဂါ (၅)ပါးမှာ – ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တရားများ ဖြစ်ပါသည်။

၎။ လောကုတ္တရာစိတ်အကျဉ်း ၈-ပါးမှ အကျယ်-၄၀ ဖြစ်ပွားလာရပုံကို ဖြေဆို၍၊ စိတ်အကျယ် ၁၂၁-ပါးကိုလည်း အကြောင်းစိတ်, အကျိုးစိတ်, ကြောင်းကျိုးလွတ်စိတ်အားဖြင့် သင်္ချာမျှ ဖော်ပြပါ။
လောကုတ္တရာစိတ်အကျဉ်း ၈-ပါးမှ အကျယ်-၄၀ ဖြစ်ပွားလာရပုံမှာ –
ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ ၅-ပါး ရှိရာဝယ် လောကုတ္တရာစိတ် ၁-ပါးစီ၌ ပထမဈာန်မှ ပဉ္စမဈာန်ုအထိ ဈာန်အင်္ဂါယှဉ်ပုံ ၅-မျိုးပြားသဖြင့် လောကုတ္တရာ စိတ်အကျဉ်း ၈-ပါးမှ အကျယ်-၄၀ ဖြစ်ပွား လာရပါသည်။

စိတ်အကျယ် (၁၂၁)ပါးကိုလည်း အကြောင်းစိတ်, အကျိုးစိတ်, ကြောင်းကျိုးလွတ်စိတ်အားဖြင့် သင်္ချာမျှ ဖော်ပြရသော် –
အကြောင်းစိတ် = ၄၉-ပါး
အကျိုးစိတ် = ၅၂-ပါး
ကြောင်းကျိုးလွတ်စိတ် = ၂၀-ပါး


ပေါင်း စိတ်အကျယ် = ၁၂၁-ပါး ဖြစ်ပါသည်။

၂၀၀၂-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ “စိတ်ကောင်း၊ စေတနာကောင်းထားကြစမ်းပါ” ဟု ပြောဆိုတိုက်တွန်းကြရာ (က) အဘယ်စိတ်သည် စိတ်ကောင်း၊ (ခ) အဘယ်စေတနာသည် စေတနာကောင်း မည်ပါသနည်း၊ ဖြေဆိုခဲ့ပါ။
“စိတ်ကောင်း၊ စေတနာကောင်း ထားကြစမ်းပါ” ဟု ပြောဆိုတိုက်တွန်းကြရာ –
(က) သောဘနစိတ် အကျဉ်း ၅၉-ပါး၊ အကျယ် ၉၁-ပါးသည် စိတ်ကောင်း ဖြစ်ပါသည်။
(ခ) သောဘနစိတ် အကျဉ်း ၅၉-ပါး၊ အကျယ် ၉၁-ပါးနှင့် ယှဉ်သော စေတနာသည် စေတနာကောင်း မည်ပါသည်။

၂။ “ကောင်းတာလုပ်က ကောင်းကျိုးရ” ဆိုရာ ကောင်းကြောင်းတရားနှင့် ကောင်းကျိုးတရားများကို အကျဉ်း, အကျယ် နည်းနှစ်သွယ်ဖြင့် စိတ်ပိုင်းကို ရှုမြင်သုံးသပ်လျက် သင်္ချာမျှ ဖော်ပြပါ။
“ကောင်းတာလုပ်က ကောင်းကျိုးရ” ဆိုရာ ကောင်းကြောင်းတရား (ကုသိုလ်) နှင့် ကောင်းကျိုးတရား
(ကုသလဝိပါက်) များကို အကျဉ်း, အကျယ် နည်းနှစ်သွယ်ဖြင့် စိတ်ပိုင်းကို ရှုမြင်သုံးသပ်လျက် သင်္ချာမျှ ဖော်ပြရသော် –
ကောင်းကြောင်းတရား (ကုသိုလ်)
(၁) မဟာကုသိုလ်စိတ် = ၈-ပါး
(၂) ရူပါဝစရကုသိုလ်စိတ် = ၅-ပါး
(၃) အရူပါဝစရကုသိုလ်စိတ = ၄-ပါး
(၄) လောကုတ္တရာကုသိုလ်စိတ်(ကျဉ်း) = ၄-ပါး
လောကုတ္တရာကုသိုလ်စိတ်(ကျယ်) = ၂၀-ပါး


ပေါင်း ကုသိုလ်စိတ်(ကျဉ်း) = ၂၁-ပါး
ကုသိုလ်စိတ်(ကျယ်) = ၃၇-ပါး

ကောင်းကျိုးတရား (ကုသလဝိပါက်)
(၁) အဟိတ်ကုသလဝိပါက်စိတ် = ၈-ပါး
(၂) မဟာဝိပါက်စိတ် = ၈-ပါး
(၃) ရူပါဝစရဝိပါက်စိတ် = ၅-ပါး
(၄) အရူပါဝစရဝိပါက်စိတ် = ၄-ပါး
(၅) လောကုတ္တရာဝိပါက်စိတ်(ကျဉ်း) = ၄-ပါး
လောကုတ္တရာဝိပါက်စိတ်(ကျယ်) = ၂၀-ပါး


ပေါင်း ကုသလဝိပါက်စိတ်(ကျဉ်း) = ၂၉-ပါး
ကုသလဝိပါက်စိတ်(ကျယ်) = ၄၅-ပါး

၃။ “သေရည်သောက်စား ပြုတုံငြားလည်း၊ သူတစ်ပါးအား ပြစ်မှားမရှိ မထိပါးဘိက ငရဲမကြီး အပြစ်မရှိ” ဟု ပြောဆိုသူ၏ စကားကို ယုံကြည်လက်ခံကာ ပျော်ပျော်ကြီး ဝိုင်းဖွဲ့၍ သောက်စားနေသော သူတို့၏သန္တာန်၌ ဖြစ်သောစိတ်ကို ဖော်ပြ၍၊ ၎င်းစိတ်နှင့်အတူ ဖြစ်ခွင့်ရှိသော စေတသိက်တရားတို့ကိုလည်း ဖော်ပြခဲ့ပါ။
“သေရည်သောက်စား ပြုတုံငြားလည်း၊ သူတစ်ပါးအား ပြစ်မှားမရှိ မထိပါးဘိက ငရဲမကြီး အပြစ်မရှိ” ဟု ပြောဆိုသူ၏စကားကို ယုံကြည်လက်ခံကာ ပျော်ပျော်ကြီး ဝိုင်းဖွဲ့၍သောက်စားနေသော သူတို့၏သန္တာန်၌ ဖြစ်သောစိတ်မှာ –
“သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူ ဒုတိယစိတ်” ဖြစ်ပါသည်။

၎င်းစိတ်နှင့်အတူ ဖြစ်ခွင့်ရှိသော စေတသိက်တရားများမှာ –
အညသမာန်းစေတသိက် = ၁၃-ပါး
သဗ္ဗာကုသလသာဓာရဏစေတသိက် = ၄-ပါး
လောဘစေတသိက် = ၁-ပါး
ဒိဋ္ဌိစေတသိက် = ၁-ပါး


ပေါင်း = ၁၉-ပါး ဖြစ်ခွင့်ရှိပါသည်။

၂၀၀၃-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ ပရမတ္ထတရား (၄)ပါးတို့တွင် စိတ်သည် အကျဉ်းအားဖြင့် ၈၉-ပါး/အကျယ်အားဖြင့် ၁၂၁-ပါး ဟု လည်းကောင်း၊ သောဘနစိတ်သည် အကျဉ်းအားဖြင့် ၅၉-ပါး/အကျယ်အားဖြင့် ၉၁-ပါး ဟု လည်းကောင်း ရှိရာ၊ ထိုအကျဉ်းအကျယ် စိတ်တို့၏ အလယ်တည့်တည့်စိတ်ကို ထုတ်ပြ၍၊ ပရမတ္ထတရား လေးပါးကိုလည်း ရေတွက်ပြခဲ့ပါ။
စိတ်အကျဉ်း ၈၉-ပါး၏ အလယ်တည့်တည့် စိတ်မှာ –
“ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယတ် အသင်္ခါရိက မဟာဝိပါက် သတ္တမစိတ်” ဖြစ်ပါသည်။
စိတ်အကျယ် ၁၂၁-ပါး၏ အလယ်တည့်တည့်စိတ်မှာ –
“ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ ၄-ပါးနှင့် ယှဉ်သော ရူပါဝစရဝိပါက် ဒုတိယဈာန်စိတ်”
ဖြစ်ပါသည်။

သောဘနစိတ်အကျဉ်း ၅၉-ပါး၏ အလယ်တည့်တည့်စိတ်မှာ –
“ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ ၅-ပါးနှင့် ယှဉ်သော ရူပါဝစရဝိပါက်
ပထမဈာန်စိတ်” ဖြစ်ပါသည်။

သောဘနစိတ်အကျယ် ၉၁-ပါး၏ အလယ်တည့်တည့်စိတ်မှာ –
“အာကိဉ္စညာယတန အရူပါဝစရဝိပါက်စိတ်” ဖြစ်ပါသည်။

ပရမတ္ထတရား လေးပါးကို ရေတွက်ပြရသော် –
စိတ် = ၈၉-ပါး /၁၂၁-ပါး
စေတသိက် = ၅၂-ပါး
ရုပ် = ၂၈-ပါး
နိဗ္ဗာန် = ၁-ပါး တို့ဖြစ်ပါသည်။

၂။ ဤကား ကုသိုလ်၊ အကုသိုလ်ဟု ခွဲခြားမသိ ဉာဏ်မရှိဘဲ ဒါနသီလ စသည်ဖြာဖြာ ကောင်းမှုကိုသာ သောမနဿဖြင့် ပြုလုပ်လေ့ရှိသောသူ၏ သန္တာန်၌ ဖြစ်သောစိတ်ကို ယှဉ်ဘက်တရားနှင့်တကွ ဖော်ပြ၍၊ ၎င်းစိတ်ကို ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရုံ၊ ဝတ္ထုတို့ဖြင့် ခွဲခြားပြပါ။
ဤကား ကုသိုလ်၊ အကုသိုလ်ဟု ခွဲခြားမသိ ဉာဏ်မရှိဘဲ ဒါနသီလ စသည်ဖြာဖြာ ကောင်းမှုကိုသာ သောမနဿဖြင့် ပြုလုပ်လေ့ရှိသောသူ၏ သန္တာန်၌ ဖြစ်သောစိတ်မှာ –
“သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် တတိယစိတ်” ဖြစ်ပါသည်။

၎င်းစိတ်၏ယှဉ်ဘက်တရား (စေတသိက်)များမှာ –
အညသမာန်းစေတသိက် = ၁၃-ပါး
သောဘနသာဓာရဏစေတသိက် = ၁၉-ပါး


ပေါင်း စေတသိက် = ၃၂-ပါး ဖြစ်ပါသည်။

၎င်းစိတ်၏ ဝေဒနာ = သောမနဿဝေဒနာ
ဟိတ် = ဒွိဟိတ်
ကိစ္စ = ဇောကိစ္စ
ဒွါရ = ၆-ဒွါရ (မြဲ)
အာရုံ = လောကီစိတ်-၈၁၊ စေတသိက်-၅၂၊ ရုပ်-၂၈၊ ပညတ် ဟု ဆိုအပ်သော အာရုံ ၆-ပါး
ဝတ္ထု = ဟဒယဝတ္ထု (ရံခါ) တို့ ဖြစ်ပါသည်။

၂၀၀၄-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ အဘိဓမ္မာဘာသာ ပထမဆင့် မေးခွန်းလွှာကို ဖတ်ရှုနေသော စာဖြေရှင် မောင်မယ်တို့၏ သန္တာန်၌ ဖြစ်သော စိတ်ကို ဖော်ပြ၍၊ ထိုစိတ်ကို ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရုံ၊ ဝတ္ထု တို့ဖြင့် ဝေဖန်ပြပါ။
အဘိဓမ္မာဘာသာ ပထမဆင့် မေးခွန်းလွှာကို ဖတ်ရှုနေသော စာဖြေရှင် မောင်မယ်တို့၏ သန္တာန်၌ ဖြစ်သောစိတ်မှာ –
မြင်သိစိတ်ဖြစ်သည့် “အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိဉာဏ်စိတ်” ဖြစ်ပါသည်။

ထိုစိတ်၏ ဝေဒနာ = ဥပေက္ခာဝေဒနာ၊
ဟိတ် = အဟိတ်၊
ကိစ္စ = ဒဿနကိစ္စ၊
ဒွါရ = စက္ခုဒွါရ (မြဲ)၊
အာရုံ = ပစ္စုပ္ပန်ရူပါရုံ၊
ဝတ္ထု = စက္ခုဝတ္ထု တို့ဖြစ်ပါသည်။

၂။ “ကောင်းမှုပြုလုပ်က ကောင်းကျိုး ခံစားရ၏၊ မကောင်းမှု ပြုလုပ်က မကောင်းကျိုး ခံစားရ၏” ဟူသော စကား၌ ကောင်းကျိုး၊ မကောင်းကျိုးဟု ခေါ်ဆိုရသောစိတ်တို့ကို သိသာရုံမျှ ဖော်ပြပါ။
“ကောင်းမှုပြုလုပ်က ကောင်းကျိုးခံစားရ၏၊ မကောင်းမှုပြုလုပ်က မကောင်းကျိုးခံစားရ၏” ဟူသောစကား၌
ကောင်းကျိုးဟု ခေါ်ဆိုရသောစိတ်တို့မှာ –
အဟိတ်ကုသလဝိပါက်စိတ် = ၈-ပါး
မဟာဝိပါက်စိတ် = ၈-ပါး
မဟဂ္ဂုတ်ဝိပါက်စိတ် = ၉-ပါး
လောကုတ္တရာဝိပါက်စိတ် = ၄-ပါး (အကျဉ်း) / ၂၀-ပါး (အကျယ်)

မကောင်းကျိုးဟု ခေါ်ဆိုရသော စိတ်မှာ –
အကုသလဝိပါက်စိတ် = ၇-ပါး တို့ဖြစ်ပါသည်။

၃။ “စိတ်ကောင်းရှိက ချမ်းသာရ” ဟူသော စကား၌ “စိတ်ကောင်း” ဟု ခေါ်ဆိုရသောတရားတို့ကို ရေတွက်ပြ၍၊ ဘဝတစ်ခု၏ အစဆုံးနှင့် နောက်ဆုံးဖြစ်သော စိတ်တို့ကို သိသာရုံမျှ ဖော်ပြပါ။
“စိတ်ကောင်းရှိက ချမ်းသာရ” ဟူသောစကား၌ “စိတ်ကောင်း” ဟုခေါ်ဆိုရသော တရားတို့ကို ရေတွက်ပြရသော် –
သောဘနစိတ် ၅၉ / ၉၁-ပါးဖြစ်သော –
ကာမသောဘနစိတ် = ၂၄-ပါး
ရူပါဝစရစိတ် = ၁၅-ပါး
အရူပါဝစရစိတ် = ၁၂-ပါး
လောကုတ္တရာစိတ် = ၈-ပါး / ၂၀-ပါး


ပေါင်း သောဘနစိတ် = ၅၉-ပါး / ၉၁-ပါး တို့ဖြစ်ပါသည်။

ဘဝတစ်ခု၏ အစဆုံးဖြစ်သောစိတ်မှာ –
ပဋိသန္ဓေစိတ် = ၁၉-ပါး ဖြစ်ပါသည်။
ဘဝတစ်ခု၏ နောက်ဆုံးဖြစ်သောစိတ်မှာ –
စုတိစိတ် = ၁၉-ပါး ဖြစ်ပါသည်။

၂၀၀၅-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ စိတ် ၈၉-ပါး တို့တွင် (က) အကျဉ်း၊ အကျယ်ရှိသောစိတ်၊ (ခ) အကျဉ်း၊ အကျယ်မရှိသောစိတ် တို့ကို သိသာရုံမျှ ဖော်ပြပြီးလျှင၊် အမှီခံနာမ်နှင့် မှီတတ်ရာနာမ်တို့ကိုလည်း ဖော်ပြခဲ့ပါ။
စိတ် ၈၉-ပါးတို့တွင် –
(က) အကျဉ်း၊ အကျယ် ရှိသောစိတ် မှာ – လောကုတ္တရာစိတ် ဖြစ်ပါသည်။
(ခ) အကျဉ်း၊ အကျယ် မရှိသောစိတ်မှာ – လောကီစိတ် ဖြစ်ပါသည်။
အမှီခံ နာမ် = စိတ်
မှီတက်ရာ နာမ် = စေတသိက် တို့ဖြစ်ပါသည်။

၂။ “လောကီထုပ္ပတ်၊ လူတို့ဇာတ်”ဟု ဆိုရာ လောကီစိတ် မည်မျှရှိသည်ကို သင်္ချာမျှဖော်ပြ၍၊ ၎င်းစိတ်တို့ကို (က)
အကြောင်းစိတ်၊ (ခ) အကျိုးစိတ်၊ (ဂ) အကြောင်းအကျိုးလွတ်သောစိတ်တို့ကို ခွဲခြားပြပါ။

“လောကီထုပ္ပတ်၊ လူတို့ဇာတ်”ဟု ဆိုရာ လောကီစိတ် = ၈၁-ပါး ရှိပါသည်။
၎င်းစိတ်တို့တွင် –
(က) အကြောင်းစိတ် အကုသိုလ်စိတ် = ၁၂-ပါး
မဟာကုသိုလ်စိတ် = ၈-ပါး
ရူပါဝစရကုသိုလ်စိတ် = ၅-ပါး
အရူပါဝစရကုသိုလ်စိတ် = ၄-ပါး


အကြောင်းစိတ်ပေါင်း = ၂၉-ပါး

(ခ) အကျိုးစိတ် အကုသလဝိပါက်စိတ် = ၇-ပါး
အဟိတ်ကုသလဝိပါက်စိတ် = ၈-ပါး
မဟာဝိပါက်စိတ် = ၈-ပါး
ရူပါဝစရဝိပါက်စိတ် = ၅-ပါး
အရူပါဝစရဝိပါက်စိတ် = ၄-ပါး


အကျိုးစိတ်ပေါင်း = ၃၂-ပါး

(ဂ) ကြောင်းကျိုးလွတ်သောစိတ် အဟိတ်ကြိယာစိတ် = ၃-ပါး
မဟာကြိယာစိတ် = ၈-ပါး
ရူပါဝစရကြိယာစိတ် = ၅-ပါး
အရူပါဝစရကြိယာစိတ် = ၄-ပါး


ကြောင်းကျိုးလွတ်သောစိတ်ပေါင်း = ၂၀-ပါး တို့ဖြစ်ပါသည်။

၃။ “အနစ်နာခံ ထိပ်မှာစံ” ဟူသော ဆိုစကားအရ အနစ်နာခံသောသူ၏ သန္တာန်၌ ဖြစ်သော စေတသိကဓမ္မကို ဖော်ပြ၍၊ ယင်းနှင့် ယှဉ်သောစိတ်တို့ကို ဘူမိဘေဒအားဖြင့် ခွဲခြားဝေဖန်ပြပါ။
“အနစ်နာခံ ထိပ်မှာစံ” ဟူသောဆိုစကားအရ အနစ်နာခံသောသူ၏ သန္တာန်၌ ဖြစ်သော စေတသိကဓမ္မမှာ –
“အဒေါသစေတသိက်” ဖြစ်ပါသည်။

ယင်းနှင့်ယှဉ်သောစိတ်တို့ကို ဘူမိဘေဒအားဖြင့် ခွဲခြားဝေဖန်ရသော် –
ကာမာဝစရစိတ် = ၂၄-ပါး
ရူပါဝစရစိတ် = ၁၅-ပါး
အရူပါဝစရစိတ် = ၁၂-ပါး
လောကုတ္တရာစိတ် = ၈-ပါး (အကျဉ်း) / ၄၀-ပါး (အကျယ်)


ပေါင်း သောဘနစိတ် = ၅၉-ပါး (အကျဉ်း) / ၉၁-ပါး (အကျယ်) နှင့် ယှဉ်ပါသည်။

၂၀၀၆-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ “မဟာကုသလ၊ မဟဂ္ဂ နှင့် မဂ္ဂကုသိုလ် ၊ နိဗ္ဗာန်ဖိုလ်မှန်၊ ငါးတန်၌ မဟာန်မည်ရ တဒင်္ဂ” ဟူသော လင်္ကာ၌ပါသော (က) မဟာကုသိုလ် (ခ) မဟဂ္ဂုတ်ကုသိုလ်၊ (ဂ) မဂ်ကုသိုလ် (ဃ) ဖိုလ်ဝိပါက်တို့၏ သရုပ်ကို သင်္ချာမျှသာ ဖော်ပြခဲ့ပါ။
“မဟာကုသလ၊ မဟဂ္ဂနှင့် မဂ္ဂကုသိုလ်၊ နိဗ္ဗာန်ဖိုလ်မှန်၊ ငါးတန်၌ ပဟာန်မည်ရ တင်္ဒ” ဟူသော လင်္ကာ၌ ပါသော စိတ်တို့၏ သရုပ်ကို သင်္ချာမျှသာ ဖော်ပြရသော် –
(က) မဟာကုသိုလ် = ၈-ပါး
(ခ) မဟဂ္ဂုတ်ကုသိုလ် = ၉-ပါး
(ဂ) မဂ်ကုသိုလ် = ၄-ပါး(ကျဉ်း) / ၂၀-ပါး (ကျယ်)
(ဃ) ဖိုလ်ဝိပါက် = ၄-ပါး (ကျဉ်း) / ၂၀-ပါး (ကျယ်) တို့ဖြစ်ပါသည်။

၂။ “ပရမတ်ပြန် အကြောင်သမားတို့ ထောင်လွှားကြ သူထက်ငါ” ဆိုရာ ပရမတ်ပြန်အကြောင်သမားများ မဖြစ်ရလေအောင် ပရမတ္တတရားများကို ရေတွက်ပြပြီးလျှင် “အချစ်အဘိဓမ္မာ” ဆိုကြရာ အချစ်သည် အဘိဓမ္မာ မည်၊မမည် ဆုံးဖြတ်ခဲ့ပါ။
“ပရမတ်ပြန် အကြောင်သမားတို့ ထောင်လွှားကြ သူထက်ငါ” ဆိုရာ ပရမတ်ပြန် အကြောင်သမားများ မဖြစ်ရလေအောင် ပရမတ္တတရားများကို ရေတွက်ပြရသော် –
စိတ် = ၈၉-ပါး (ကျဉ်း) / ၁၂၁-ပါး (ကျယ်)
စေတသိက် = ၅၂-ပါး
ရုပ် = ၂၈-ပါး
နိဗ္ဗာန် = ၁-ပါး တို့ဖြစ်ပါသည်။

“အချစ်အဘိဓမ္မာ” ဆိုကြရာ အချစ် (လောဘစေတသိက်) သည် – အဘိဓမ္မာ မည်ပါသည်။ အကြောင်းမှာ –
အဘိဓမ္မာဟူသည် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ်တရားများဖြစ်၍၊ အချစ်(လောဘစေတသိက်) သည်
စေတသိက် (၅၂)ပါးတွင် ပါဝင်သောကြောင့် အဘိဓမ္မာမည်ရခြင်းဖြစ်ပါသည်။

၂၀၀၇-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ “စိတ်ထားလျှင် ပဓာန၊ စိတ်သာလျှင် အဓိက” ဟုလောကလူသားတို့ ပြောဆိုနေကြရာ ၎င်းစိတ် ၁၂၁-ပါးတွင်
ဈာန်စိတ်တို့ကို သင်္ချာမျှဖော်ပြ၍၊ (က) အကြောင်းစိတ် (ခ) အကျိုးစိတ် (ဂ) အကြောင်းအကျိုး နှစ်မျိုးမှ လွတ်သောစိတ်တို့ကိုလည်း သင်္ချာမျှသာ ဖော်ပြခဲ့ပါ။

စိတ် ၁၂၁-ပါးတွင် ဈာန်စိတ်တို့ကို သင်္ချာမျှ ဖော်ပြရသော်- ဈာန်စိတ် = ၆၇-ပါး ဖြစ်ပါသည်။
စိတ် ၁၂၁-ပါး တွင်
(က) အကြောင်းစိတ် = ၄၉-ပါး
(ခ) အကျိုးစိတ် = ၅၂-ပါး
(ဂ) အကြောင်းအကျိုးနှစ်မျိုးမှ လွတ်သောစိတ် = ၂၀-ပါး

၂။ …..ဖိုလ်စိတ် လေးပါးပြားရခြင်းအကြောင်းကိုလည်း ရေးခဲ့ပါ။
ဖိုလ်စိတ်လေးပါး ပြားရခြင်းအကြောင်းမှာ –
မဂ်စိတ်လေးပါး ပြားခြင်းကြောင့် မဂ်၏အကျိုးဖြစ်သော ဖိုလ်စိတ်သည်လည်း လေးပါးပြားရခြင်း ဖြစ်ပါသည်။

၂၀၀၈-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ သမ္ပယုတ်အမျိုးအစားများကို ဖော်ပြ၍၊ အဟိတ်စိတ်တို့တွင် ယုဂဠအတွဲစိတ်တို့ကိုလည်း ရသမျှ ဖော်ပြပါ။
သမ္ပယုတ်အမျိုးအစားများကို ဖော်ပြရသော် –
(၁) ဒိဋ္ဌိဂတသမ္မယုတ်စိတ်
(၂) ပဋိဃသမ္ပယုတ်စိတ်
(၃) ဝိစိကိစ္ဆာသမ္ပယုတ်စိတ်
(၄) ဥဒ္ဓစ္စသမ္ပမယုတ်စိတ်
(၅) ဉာဏသမ္ပယုတ်စိတ် တို့ဖြစ်ပါသည်။

အဟိတ်စိတ်တို့တွင် ယုဂဠအတွဲစိတ်တို့ကို ရသမျှ ဖော်ပြရသော် –
(၁) စက္ခုဝိညာဏ်ဒွေ
(၂) သောတဝိညာဏ်ဒွေ
(၃) ဃာနဝိညာဏ်ဒွေ
(၄) ဇိဝှါဝိညာဏ်ဒွေ
(၅) ကာယဝိညာဏ်ဒွေ
(၆) သမ္ပဋိစ္ဆိုင်းဒွေ
(ရ) ဥပေက္ခာသန္တီရဏဒွေ
(၈) အာဝဇ္ဇန်းဒွေ တို့ဖြစ်ပါသည်။

၂။ စိတ် ၈၉-ပါးတွင် (က) လောကီကုသိုလ် (ခ) လောကုတ္တရာကုသိုလ်စိတ်တို့ကို သင်္ချာမျှ ဖော်ပြပြီး၊ ကာမစိတ် ၅၄-ပါးကို ယောဂဘေဒအားဖြင့် ခွဲခြားဝေဖန်ပြပါ။
စိတ် ၈၉-ပါးတွင်
(က) လောကီကုသိုလ်စိတ် = ၁၇-ပါး
(ခ) လောကုတ္တရာကုသိုလ်စိတ် = ၄-ပါး (အကျဉ်း)

ကာမစိတ် (၅၄)ပါး ကို ယောဂဘေဒအားဖြင့် ခွဲခြားဝေဖန်ပြရသော် –
သမ္ပယုတ်စိတ် = ၂၀-ပါး
ဝိပ္ပယုတ်စိတ် = ၁၆-ပါး
သမ္ပယုတ်-ဝိပ္ပယုတ်မဟုတ်သောစိတ် = ၁၈-ပါး


ပေါင်း ကာမစိတ် = ၅၄-ပါး ဖြစ်ပါသည်။

၃။ “မဖောက်မပြန် မှန်ကန်တည့်မတ်” ဟူသည်နှင့်အညီ မဖောက်မပြန်သော နာမ်တရားများကို ဖော်ပြ၍၊ “လောကဇာတ်ခုံ” ဟု ဆိုကြရာ ဇာတ်လေးမျိုးကိုလည်း ထုတ်ပြပါ။
မဖောက်မပြန်သော နာမ်တရားများမှာ- စိတ်၊ စေတသိက်၊ နိဗ္ဗာန် တို့ဖြစ်ပါသည်။

“လောကဇာတ်ခုံ” အရ ဇာတ်လေးမျိုးမှာ –
(၁) အကုသိုလ်ဇာတ်
(၂) ကုသိုလ်ဇာတ်
(၃) ဝိပါက်ဇာတ်
(၄) ကြိယာဇာတ် တို့ဖြစ်ပါသည်။

၂၀၀၉-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ လောကီဘုံသား လူအများသန္တာန်၌ဖြစ်သော အကျိုးဝိပါက်စိတ်ကို သင်္ချာမျှ ဖော်ပြ၍၊ ကာမဘုံ၌ဖြစ်သော စိတ်တို့ကို လည်းအကျဉ်းချုပ် ရေတွက်ပြခဲ့ပါ။
လောကီဘုံသာ လူအများသန္တာန်၌ဖြစ်သော အကျိုးဝိပါက်စိတ်ပေါင်း = ၂၃-ပါး ဖြစ်ပါသည်။

ကာမဘုံ၌ဖြစ်သော စိတ်တို့ကို အကျဉ်းချုပ် ရေတွက်ပြသော် –
အသောဘနစိတ် = ၃၀-ပါး
ကာမသောဘနစိတ် = ၂၄-ပါး


ပေါင်း ကာမစိတ် = ၅၄-ပါး ဖြစ်ပါသည်။

၂။ “အိပ်ပျော်ရာမှ နိုးခိုက် မျက်စိဖွင့်၍ ကြည့်လိုက်ပါ” ဟူသော စကားတို့တွင် ပါဝင်သော (က) အိပ်ပျော်ခြင်းနှင့်
တူသောစိတ် (ခ) နိုးလာခြင်းနှင့်တူသောစိတ် (ဂ) မြင်သိစိတ်တို့၏ နာမည်တို့ကို ရေးသားပြပါ။

“အိပ်ပျော်ရာမှ နိုးခိုက် မျက်စိဖွင့်၍ ကြည့်လိုက်ပါ” ဟူသော စကားတို့တွင် ပါဝင်သော
(က) အိပ်ပျော်ခြင်းနှင့်တူသောစိတ် = ဘဝင်စိတ်
(ခ) နိုးလာခြင်းနှင့်တူသောစိတ် = အာဝဇ္ဇန်းစိတ်
(ဂ) မြင်သိစိတ် = စက္ခုဝိညာဏ်စိတ် တို့ဖြစ်ပါသည်။

၂၀၁၀-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ စိတ်သာရှင်စော ဘုရားဟောဟူရာ၌ ယင်းစိတ်တို့တွင် ကာမာဝစရစိတ် ၅၄-ပါးကို ဇာတိဘေဒအားဖြင့် ခွဲခြားပြ၍၊
ဇောအမည် မရရှာသော ကြိယာစိတ်တို့ကိုလည်း ဖော်ပြပါ။

ကာမာဝစရစိတ် ၅၄-ပါးကို ဇာတိဘေဒအားဖြင့် ခွဲခြားပြရသော် –
အကုသိုလ်စိတ် = ၁၂-ပါး
ကုသိုလ်စိတ် = ၈-ပါး
ဝိပါက်စိတ် = ၂၃-ပါး
ကြိယာစိတ် = ၁၁-ပါး


ပေါင်း ကာမာဝစရစိတ် = ၅၄-ပါး

ဇောအမည် မရရှာသော ကြိယာစိတ် တို့ကို ဖော်ပြရသော် –
အဟိတ်ကြိယာ ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ် = ၁-ပါး
အဟိတ်ကြိယာ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ် = ၁-ပါး


ပေါင်း ဇောအမည် မရရှာသော ကြိယာစိတ် = ၂-ပါး ဖြစ်ပါသည်။

၂။ ဈာန်အင်္ဂါ ငါးပါးစုံရှိသော မဟဂ္ဂုတ်စိတ်တို့ကို ဖော်ပြ၍၊ ပဉ္စမဈာန်စိတ်၏ အင်္ဂါနှစ်ပါးနှင့် ကုသိုလ်၊ ဝိပါက်သာရှိ၍
ကြိယာမရှိသော စိတ်ကိုလည်း ဖော်ပြပါ။

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်း ဟူသော ဈာန်အင်္ဂါ
၅-ပါးနှင့်တကွဖြစ်သော ရူပါဝစရကုသိုလ် ပထမဈာန်စိတ် = ၁-ပါး
ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်း ဟူသော ဈာန်အင်္ဂါ
၅-ပါးနှင့်တကွဖြစ်သော ရူပါဝစရဝိပါက် ပထမဈာန်စိတ် = ၁-ပါး
ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်း ဟူသော ဈာန်အင်္ဂါ
၅-ပါးနှင့်တကွဖြစ်သော ရူပါဝစရကြိယာ ပထမဈာန်စိတ် = ၁-ပါး


ပေါင်း- ဈာန်အင်္ဂါ ငါးပါးစုံရှိသော မဟဂ္ဂုတ်စိတ် = ၃-ပါး

ပဉ္စမဈာန်စိတ် ၏ အင်္ဂါနှစ်ပါးမှာ –
(၁) ဥပေက္ခာ
(၂) ဧကဂ္ဂတာ တို့ဖြစ်ကြပါသည်။

ကုသိုလ်၊ ဝိပါက်သာရှိ၍ ကြိယာမရှိသော စိတ်ကို ဖော်ပြရသော် –
လောကုတ္တရာစိတ် ၈-ပါး (ကျဉ်း) / ၄၀-ပါး (ကျယ်) တို့ဖြစ်ပါသည်။

၃။ အကြောင်းအကျိုးကို ကြည့်ပြီး အကောင်းအဆိုးကို သိနိုင်ရာ စိတ်အကျယ်(၁၂၁)ပါးတို့တွင် အကြောင်း၊ အကျိုးဖြစ်သော စိတ်တို့ကို သင်္ချာမျှ ပြဆို၍၊ ဝိပါက်ဖြစ်ပါလျက် ဇောအမည်ရသော စိတ်တို့ကိုလည်း ညွှန်ပြပါ။
စိတ်အကျယ် ၁၂၁-ပါးတို့တွင် အကြောင်းအကျိုး ဖြစ်သောစိတ်တို့ကို သင်္ချာမျှ ဖော်ပြရသော် –
(အကုသိုလ်+ကုသိုလ်) အကြောင်းစိတ် = ၄၉-ပါး
အကျိုးစိတ် = ၅၂-ပါး တို့ ဖြစ်ကြပါသည်။

ဝိပါက်ဖြစ်ပါလျက် ဇောအမည်ရသော စိတ်တို့ကို ညွှန်ပြရသော် –
လောကုတ္တရာဝိပါက်စိတ် = ၂၀-ပါး ဖြစ်ပါသည်။

၂၀၁၁-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ သုံးလူထွဋ်ထား ရှင်တော်ဘုရားအား ကျမ်းဦးအစ၌ အတုယူစရာ ရှိခိုးသွားသော ကျမ်းဆရာ၏ ရည်ရွယ်ချက်ကို ရေးပြ၍၊ မတင့်တယ်သော်လည်း အကုသိုလ်မဟုတ်သော စိတ်သရုပ်ကိုလည်း ဖော်ထုတ်ပြပါ။
သုံးလူထွဋ်ထား ရှင်တော်ဘုရားအား ကျမ်းဦးအစ၌ အတုယူစရာ ရှိခိုးသွားသော ကျမ်းဆရာ၏ ရည်ရွယ်ချက်မှာ –
အန္တရာယ်ကင်းရှင်းစေရန်နှင့် မိမိရေးသားမည့် ကျမ်းစာအဆုံးတိုင် ပြီးမြောက်အောင်မြင်စွာ ရေးသားစီရင်နိုင်ရေး
အတွက် ဖြစ်ပါသည်။

မတင့်တယ်သော်လည်း အကုသိုလ်မဟုတ်သောစိတ်မှာ –
အကုသလဝိပါက်စိတ် = ၇-ပါး
အဟိတ်ကုသလဝိပါက်စိတ် = ၈-ပါး
အဟိတ်ကြိယာစိတ် = ၃-ပါး


ပေါင်း – အဟိတ်စိတ် = ၁၈-ပါး ဖြစ်ပါသည်။

၂။ မျက်စိနှစ်လုံးရှိသောကြောင့် “စက္ခုဝိညာဉ်ဒွေ” ဟု ပြောဆိုသောစကားသည် အဘိဓမ္မာအမြင်အရ လက်ခံနိုင်ဖွယ် ရှိ/မရှိ သရုပ်ကိုးကား ဖြေရှင်းပြ၍၊ ကာမသောဘနစိတ် ၂၄-ပါးကိုလည်း ဝေဒနာ၊ ဉာဏ်၊ သင်္ခါရတို့ဖြင့် မြှောက်ပွားပြပါ။
မျက်စိနှစ်လုံးရှိသောကြောင့် “စက္ခုဝိညာဉ်ဒွေ” ဟု ပြောဆိုသောစကားသည် အဘိဓမ္မာအမြင်အရ လက်ခံနိုင်ဖွယ် မရှိပါ။ အကြောင်းမှာ –
(အနိဋ္ဌာရုံဖြစ်အံ့) အကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် = ၁-ပါး
(ဣဋ္ဌာရုံဖြစ်အံ့) အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် = ၁-ပါး
ဟူ၍ စက္ခုဝိညာဏ်စိတ် နှစ်မျိုးရှိသောကြောင့် စက္ခုဝိညာဉ်ဒွေဟု ဆိုရခြင်းဖြစ်ပါသည်။

ကာမသောဘနစိတ် ၂၄-ပါးကို ဝေဒနာ၊ ဉာဏ်၊ သင်္ခါရတို့ဖြင့် မြှောက်ပွားပုံ –
(၁) ကာမာဝစရ ကုသိုလ်၊ ကာမာဝစရ ဝိပါက်၊ ကာမာဝစရ ကြိယာ ၃-ပါးသည် သောမနဿ-ဥပေက္ခာအားဖြင့် နှစ်ပါးစီ
ပြားသောကြောင့် ထိုကုသိုလ်၊ ဝိပါက် ကြိယာ ၃-ပါးကို တည်၍ ၂-ဖြင့် မြှောက်လျှင် (၃×၂) = ၆-ပါး ဖြစ်၏။
(၂) ထိုတွင် တစ်ပါးပါး၌ ဉာဏသမ္ပယုတ်၊ ဉာဏဝိပ္ပယုတ်အားဖြင့် ၂-ပါးစီ ပြားပြန်သောကြောင့် ၂-ဖြင့် ထပ်၍မြှောက်လျှင်
(၆×၂) = ၁၂-ပါး ဖြစ်၏။
(၃) ထိုတွင် တစ်ပါးပါး၌ အသင်္ခါရိက၊ သသင်္ခါရိကအားဖြင့် ၂-ပါးစီ ပြားပြန်သောကြောင့် ၂-ဖြင့် ထပ်၍မြှောက်လျှင် (၁၂×၂)
= ၂၄-ပါးပင် ဖြစ်ပါသည်။

၃။ အာရုံကို သိခြင်းလက္ခဏာအားဖြင့် တစ်ပါးတည်းသောစိတ်သည် “ဇာတ်ဆရာအလိုကျအားဖြင့်” ဘယ်နှစ်ခုမျှ
ဖြစ်ပေါ်လာရသည်ကို စိတ်အကျဉ်းမျှဖြင့် ဖြေရှင်းပြပါ။

အာရုံကို သိခြင်းလက္ခဏာအားဖြင့် တစ်ပါးတည်းသောစိတ်သည် ဇာတ်ဆရာအလိုကျအားဖြင့်
လေးမျိုးဖြစ်ပေါ်လာရသည်ကို ဖြေရှင်းပြရသော် –
အကုသိုလ်စိတ် ၁၂-ပါး = အကုသိုလ်ဇာတ်
ကုသိုလ်စိတ်(အကျဉ်း) ၂၁-ပါး = ကုသိုလ်ဇာတ်
ဝိပါက်စိတ်(အကျဉ်း) ၃၆-ပါး = ဝိပါက်ဇာတ်
ကြိယာစိတ် ၂၀-ပါး = ကြိယာဇာတ်ဟူ၍ လေးမျိုးကွဲပြားပါသည်။

၂၀၁၂-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ “ကောင်းဆိုးနှစ်တန် လောကဓံ” ဟူသောစကား၌ ကောင်းသောသုခနှင့် ဆိုးသောဒုက္ခတို့သည် မည်သည့်
ပရမတ်တရားအစုတွင် ပါဝင်သည်ကို အကျိုးပေး ကွာခြားပုံနည်းအားဖြင့် ဖော်ပြ၍ သမ္ပယုတ်အမျိုးအစားကိုလည်း အရေအတွက်နှင့် တကွ ဖော်ပြပါ။

ကောင်းသောသုခနှင့် ဆိုးသောဒုက္ခတို့သည် မည်သည့် ပရမတ်တရားအစုတွင် ပါဝင်သည်ကို အကျိုးပေး
ကွားခြားပုံနည်းအားဖြင့် ဖော်ပြရသော်-
ကောင်းသော သုခသည် – အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်စိတ်တွင် ပါဝင်၍၊
ဆိုးသော ဒုက္ခသည် – အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်တွင် ပါဝင်ပါသည်။
သမ္ပယုတ်အမျိုးအစားများကို အရေအတွက်နှင့်တကွ ဖော်ပြရသော်-
ဒိဋ္ဌိဂတသမ္ပယုတ် = ၄-ပါး
ပဋိဃသမ္ပယုတ် = ၂-ပါး
ဝိစိကိစ္ဆာသမ္ပယုတ် = ၁-ပါး
ဥဒ္ဓစ္စသမ္ပယုတ် = ၁-ပါး
ဉာဏသမ္ပယုတ် = ၁၂-ပါး တို့ဖြစ်ကြပါသည်။

၂။ အလယ်အလတ် စိတ်ဓာတ်ခေါ်ငြား ဈာန်ငါးပါးတွင် တရားအများဆုံးဖြစ်သော ဈာန်စိတ်ကို အကျဉ်းမျှ ရေတွက်ပြ၍ အရေအတွက်များရခြင်း၏ အကြောင်းကိုလည်း ရေသားပြပါ။
ဈာန်ငါးပါးတွင် တရားအများဆုံးဖြစ်သော ဈာန်စိတ်မှာ – ပဉ္စမဈာန်စိတ် ဖြစ်ပါသည်။

ထိုပဉ္စမဈာန်စိတ်ကို အကျဉ်းမျှ ရေတွက်ပြရသော် –
ရူပါဝစရ ပဉ္စမဈာန်စိတ် = ၃-ပါး
အရူပါဝစရ ပဉ္စမဈာန်စိတ် = ၁၂-ပါး
လောကုတ္တရာ ပဉ္စမဈာန်စိတ် = ၈-ပါး


ပေါင်း ပဉ္စမဈာန်စိတ် = ၂၃-ပါး ဖြစ်ပါသည်။

ထို့သို့ အရေအတွက် များရခြင်းအကြောင်းမှာ –
ပဉ္စမဈာန်စိတ်တိုင်းသည် ဥပေက္ခာ၊ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ ၂-ပါးရှိကြ၍ အာရုံအားဖြင့်ပြားသော
အရူပဈာန်တို့ သည်လည်း ဥပေက္ခာ၊ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ ၂-ပါးသာ ရှိသဖြင့် ပဉ္စမဈာန်စိတ်၌ အကျုံးဝင်ကြပါသည်။
၎င်းအပြင် ပ၊ ဒု၊ တ၊ စ ဈာန်စိတ်တို့မှာ ရူပါဝစရစိတ်၌သာ ရှိကြသော်လည်း ပဉ္စမဈာန်စိတ်မှာမူ ရူပါဝစရစိတ်၌သာမက
အရူပါဝစရစိတ်နှင့် လောကုတ္တရာစိတ်များ၌ပါ ပါဝင်နေခြင်းကြောင့် ဖြစ်ပါသည်။

၃။ အကြောင်းအကျိုး ဤနှစ်မျိုးတွင် အကျိုးမဖက် အကြောင်းသက်သက်ဖြစ်သော စိတ်တို့ကို အကျယ်နည်းအားဖြင့်
ဝေဖန်ပြ၍၊ လောကမှ လွတ်မြောက်သော လောကုတ္တရာစိတ်ကိုလည်း ဖြစ်ရာဘုံအားဖြင့် တိကျစွာ ဖြေပြပါ။

အကျိုးမဖက် အကြေင်းသက်သက် ဖြစ်သောစိတ်တို့ကို အကျယ်နည်းအားဖြင့် ဝေဖန်ပြရသော် –
(မကောင်းသောအကြောင်း) အကုသိုလ်စိတ် = ၁၂-ပါး နှင့်
(ကောင်းသောအကြောင်း) ကုသိုလ်စိတ်အကျယ် = ၃၇-ပါး တို့ဖြစ်ပါသည်။
လောကမှ လွတ်မြောက်သော လောကုတ္တရာစိတ်၏ ဖြစ်ရာဘုံမှာ – လောကုတ္တရာ အဝတ္ထာဘုံ ဖြစ်ပါသည်။
မှတ်ချက် ။ ။ (တဏှာ ၃-ရပ်မှ လွတ်သော နယ်ပယ်တစ်ရပ်ဟု သတ်မှတ်အပ်သောကြောင့် ဖြစ်ပါသည်။)

၂၀၁၃-ခုနှစ် စိတ်ပိုင်း မေးခွန်းဟောင်းများ

၁။ “အရင်းစစ်သော် အမြစ်မြေက” ဟု ဆိုရလောက်အောင် တောတောင်၊ ရေမြေ၊ သတ္တဝါ အထွေထွေ ကွဲပြားနေသော် လည်း အရင်းစစ်က မည်သည့် ပရမတ်တရားတို့ကိုသာ ရရှိပါသနည်း ဖြေဆို၍၊ မတင့်တယ်သော်လည်း အကုသိုလ်မဟုတ်သော စိတ်အမျိုးအစားကိုလည်း သဘောတူရာ ပေါင်းစပ်၍ ရေတွက်ပြပါ။
“အရင်းစစ်သော် အမြစ်မြေက” ဟု ဆိုရလောက်အောင် တောတောင်၊ ရေမြေ၊ သတ္တဝါ အထွေထွေ
ကွဲပြားနေသော်လည်း လိုရင်းအချုပ် စစ်၍ ထုတ်လျှင် –
စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူသော ပရမတ္ထတရား (၄)ပါးတို့ကိုသာ ရရှိပါသည်။

မတင့်တယ်သော်လည်း အကုသိုလ်မဟုတ်သော စိတ်အမျိုးအစားကို သဘောတူရာ ပေါင်းစပ်၍ ရေတွက်ပြရသော် –
ဒွေပဉ္စဝိညာဏ်စိတ် = ၁၀-ပါး
သမ္ပဋိစ္ဆိုင်းစိတ် = ၂-ပါး
သန္တီရဏစိတ် = ၃-ပါး
ပဉ္စဒွါရာဝဇ္ဇန်းစိတ် = ၁-ပါး
မနောဒွါရာဝဇ္ဇန်းစိတ် = ၁-ပါး
ဟသိတုပ္ပါဒ်စိတ် = ၁-ပါး


ပေါင်း – အဟိတ်စိတ် = ၁၈-ပါး
(သို့မဟုတ်)
အကုသလ ဝိပါက်စိတ် = ၇-ပါး
အဟိတ်ကုသလဝိပါက်စိတ် = ၈-ပါး
အဟိတ် ကြိယာစိတ် = ၃-ပါး
ပေါင်း – အဟိတ်စိတ် = ၁၈-ပါး

၂။ “အာရုံပွား၍ စိတ်များသည်” ဟူသောအဆိုသည် အရူပစိတ်သဘောအရ လက်ခံနိုင်ဖွယ် ရှိ၊ မရှိ စိစစ်ဝေဖန်ပြ၍၊ အကျဉ်းကို အကျယ်ချဲ့ ပိုထွက်မလာသောစိတ်တို့ကိုလည်း အဘိဓမ္မာသရုပ်ဖြင့် အဖြေထုတ်ပြပါ။
“အာရုံပွား၍ စိတ်များသည်” ဟူသောအဆိုသည် အရူပစိတ်သဘောအရ လက်ခံနိုင်ဖွယ် ရှိပါသည်။
စိစစ်ဝေဖန်ပြရသော် – အရူပစိတ်တို့သည်
၁။ ကောင်းကင်ပညတ်ကို အာရုံပြုသော အာကာသာနဉ္စာယတနစိတ်၊
၂။ ပထမ အရူပစိတ်ဖြစ်သော (အာကာသာနဉ္စာယတနစိတ်)ကို အာရုံပြုသော ဝိညာဏဉ္စာယတနစိတ်၊
၃။ ပထမ အရူပစိတ်၏ မရှိခြင်း (နတ္ထိဘောပညတ်)ကို အာရုံပြုသော အာကိဉ္စညာယတနစိတ်၊
၎။ နေဝသညာ နာသညာယတနစိတ်- ဟူ၍ အာရုံ (၄)မျိုး ပြားသောကြောင့် ထိုအာရုံ (၄)ပါးကို အာရုံပြုသော
အရူပဈာန်စိတ်သည်လည်း (၄)မျိုးပြားရပါသည်။
ထို အရူပဈာန်စိတ် (၄)မျိုးကို ကုသိုလ်၊ ဝိပါက်၊ ကြိယာ (၃)မျိုးဖြင့် တစ်ဖန် မြှောက်ပွားလျှင် အရူပစိတ် (၁၂)ပါးဟူ၍ ဖြစ်လာသောကြောင့် အာရုံပွား၍ စိတ်များသည်ဟူသော အဆိုသည် အရူပစိတ်သဘောအရ လက်ခံနိုင်ဖွယ် ရှိပါသည်။

အကျဉ်းကို အကျယ်ချဲ့ ပိုထွက်မလာသောစိတ်တို့မှာ –
အကျဉ်း-အကျယ် ကွဲပြားမှု လုံးဝမရှိသော –
အကုသိုလ်စိတ် = ၁၂-ပါး
ကြိယာစိတ် = ၂၀-ပါး တို့ ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *