Cetasika

ပထမဆင့် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁၉၈၉-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ အောက်ပါ စေတသိက်များ၏ သဘောလက္ခဏာများကို မှန်ကန်အောင် ရေးပြပါ။
စေတနာ၊ သဒ္ဓါ၊ ပီတိ၊ သတိ၊ စိတ္တပဿဒ္ဓိ။

စေတနာ = ယှဉ်ဘက်တရားတို့ကို ဆိုင်ရာကိစ္စ၌ ဆောင်ရွက်ရန် စေ့ဆော်ခြင်း (တိုက်တွန်းနှိုးဆော်ခြင်း) သဘော၊
သဒ္ဓါ = မှန်ကန်သော ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးနှင့် ကံ၊ ကံ၏အကျိုးစသည်ကို ကြည်ညိုလေးမြတ်
ယုံကြည်တတ်သော သဘော၊
ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော၊
သတိ = ဘုရား၊ တရား စသော ကောင်းသောအာရုံ၌ အောက်မေ့ အမှတ်ရခြင်း (မမေ့မလျော့ခြင်း) သဘော၊
စိတ္တပဿဒ္ဓိ = စိတ်၏ ငြိမ်းအေးမှုသဘော။

၂။ အောက်ပါတို့၌ မည်သည့် စေတသိက်များ ဖြစ်သည်ကို အမည်မျှ ညွှန်ပြခဲ့ပါ။
(က) ဆရာ၊ မိဘ စကားဟူသော အာရုံကို နှလုံးသွင်းမှု၊
(ခ) အာရုံတစ်ပါး စိတ်မသွားဘဲ စိတ်တည်ကြည်မှု၊
(ဂ) အရာရာကို လိုလားတောင့်တခြင်း၊
(ဃ) ဘုရား ၊ တရား၌ ယုံမှား သံသယဖြစ်ခြင်း၊
(င) တည်ငြိမ်မှု မရှိဘဲ စိတ်ပျံ့လွင့်ခြင်း။

(က) ဆရာ၊ မိဘ စကားဟူသော အာရုံကို နှလုံးသွင်းမှု = မနသိကာရ
(ခ) အာရုံတစ်ပါး စိတ်မသွားဘဲ စိတ်တည်ကြည်မှု = ဧကဂ္ဂတာ
(ဂ) အရာရာကို လိုလားတောင့်တခြင်း = ဆန္ဒ
(ဃ) ဘုရား ၊ တရား၌ ယုံမှား သံသယဖြစ်ခြင်း = ဝိစိကိစ္ဆာ
(င) တည်ငြိမ်မှု မရှိဘဲ စိတ်ပျံ့လွင့်ခြင်း = ဥဒ္ဓစ္စ

၃။ လူတို့ခေါ်ဝေါ်သုံးစွဲလေ့ရှိသော “ပညာ” ဟူသော စကားသည် အဘယ်စေတသိက်အမည် ဖြစ်ပါသနည်း၊ ဖော်ပြ၍ ယင်းပညာနှင့် ယှဉ်သော စိတ်တို့ကိုလည်း အကျဉ်းသင်္ချာသရုပ်မျှ ဖော်ထုတ်ရေးပြပါ။
လူတို့ခေါ်ဝေါ်သုံးစွဲလေ့ရှိသော “ပညာ” ဟူသော စကားသည်- ပညိနြေ္ဒ (အမောဟ) စေတသိက်၏ အမည်ဖြစ်ပါသည်။
ယင်းပညာနှင့် ယှဉ်သောစိတ်တို့ကို အကျဉ်းသင်္ချာမျှ ဖော်ထုတ်ရေးပြရသော် –
ကာမသောဘန ဉာဏသမ္ပယုတ်စိတ် = ၁၂-ပါး
မဟဂ္ဂုတ်စိတ် = ၂၇-ပါး
လောကုတ္တရာစိတ် = ၈-ပါး (ကျဉ်း) / ၄၀-ပါး (ကျယ်)


ပေါင်း ပညာယှဉ်သောစိတ် = ၄၇-ပါး (ကျဉ်း) / ၇၉-ပါး (ကျယ်) တို့ဖြစ်ကြပါသည်။

၁၉၉၀-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ ဆန္ဒ၊ ဥဒ္ဓစ္စ၊ ဟိရီ၊ စိတ္တလဟုတာ၊ မုဒိတာ စေတသိက်များ၏ သဘောလက္ခဏာများကို မြန်မာဘာသာဖြင့် ဖော်ပြပါ။
ဆန္ဒ = အာရုံကို လိုလားတောင့်တခြင်း၏သဘော၊
ဥဒ္ဓစ္စ = စိတ်မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်းသဘော၊
ဟိရီ = မကောင်းမှု ဒုစရိုက်များ ပြုလုပ်ရမည်ကို ရှက်ခြင်းသဘော၊
စိတ္တလဟုတာ = စိတ်၏ လျင်မြန်ပေါ့ပါးမှုသဘော၊
မုဒိတာ = သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော၊

၂။ “သူ့အပေါ်မှာ ကိုယ်မေတ္တာရှိလိုက်တာ” ဟူသောစကား၌ “မေတ္တာ” အစစ်အမှန် အရကောက်ပြ၍ ဝီရိယစေတသိက်နှင့် အတူတကွ မဖြစ်နိုင်သောစိတ်တို့ကိုလည်း သရုပ်ရေတွက်ပြပါ။
“မေတ္တာ” အစစ်အမှန်အရ –
“အဒေါသစေတသိက်” ကောက်ယူရမည် ဖြစ်ပါသည်။

ဝီရိယစေတသိက်နှင့် အတူတကွ မဖြစ်နိုင်သော စိတ်တို့မှာ –
ဒွေပဉ္စဝိညာဏ် = ၁၀-ပါး
သမ္ပဋိစ္ဆိုင်းစိတ် = ၂-ပါး
သန္တီရဏစိတ် = ၃-ပါး
ပဉ္စဒွါရဝဇ္ဇန်းစိတ် = ၁-ပါး


ပေါင်း ဝီရိယမယှဉ်သောစိတ် = ၁၆-ပါး တို့ဖြစ်ကြပါသည်။

၃။ မိမိတို့သဘောအလျောက် တစ်ကောင်နှင့်တစ်ကောင် အနိုင်မခံ အရှုံးမပေး ခွပ်နေကြသော ကြက်ကလေးနှစ်ကောင်၏ သန္တာန်၌ (ခွပ်နေခိုက်) ဖြစ်ပေါ်နေသော စိတ်၊ စေတသိက် တို့ကို ဖော်ပြပါ။
မိမိတို့သဘောအလျေက် တစ်ကောင်နှင့်တစ်ကောင် အနိုင်မခံ အရှုံးမပေး ခွပ်နေကြသော ကြက်ကလေးနှစ်ကောင်၏
သန္တာန်၌ (ခွပ်နေခိုက်) ဖြစ်ပေါ်နေသော စိတ်မှာ –
“ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက ဒေါသမူစိတ်” ဖြစ်ပါသည်။

ယင်း စိတ်နှင့်ယှဉ်သော စေတသိက် တို့မှာ –
သဗ္ဗစိတ္တ သာဓာရဏစေတသိက် = ၇-ပါး
ပီတိကြဉ်သော ပကိဏ်းစေတသိက် = ၅-ပါး
သဗ္ဗာကုသလသာဓာရဏစေတသိက် = ၄-ပါး
ဒေါသစေတသိက် = ၁-ပါး
ဣဿာစေတသိက် = ၁-ပါး
*(အနိုင်မခံ အရှုံးမပေးခွပ်နေခိုက်)


ပေါင်း စေတသိက် = ၁၈-ပါး ဖြစ်ပါသည်။

၁၉၉၁-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ အမှုကိစ္စတို့၌ ကြံစည်၊ သုံးသပ်၊ ဆုံးဖြတ်၍၊ နှစ်သက်၊ လိုလားစွာ အားထုတ်မှုသည် အဘယ်စေတသိက်များ၏
သဘောလက္ခဏာများဖြစ်ပါသနည်း၊ မှန်ကန်အောင် ဖြေဆိုခဲ့ပါ။

အမှုကိစ္စတို့၌ –
ကြံစည်မှု = ဝိတက်စေတသိက်၊
သုံးသပ်မှု = ဝိစာရစေတသိက်၊
ဆုံးဖြတ်မှု = အဓိမောက္ခစေတသိက်၊
နှစ်သက်မှု = ပီတိစေတသိက်၊
လိုလားမှု = ဆန္ဒစေတသိက်နှင့်
အားထုတ်မှု = ဝီရိယစေတသိက် တို့၏ သဘောလက္ခဏာများ ဖြစ်ကြပါသည်။

၂။ “အသက် ဉာဏ်စောင်”့ ဟူသော စကား၌ အသက်၊ ဉာဏ် ဟု ခေါ်ဆိုရသော စေတသိက် အမည်များကို ထုတ်ပြ၍၊ ဟိရီ၊ သြတ္တပ္ပ၊ ဥဒ္ဓစ္စ၊ ဧကဂ္ဂတာစေတသိက် တို့၏ သဘောလက္ခဏာများကိုလည်း ရေးသားခဲ့ပါ။
“အသက် ဉာဏ်စောင့်” ဟူသော စကား၌ –
အသက် = ဇီဝိတိနြေ္ဒ စေတသိက်၊
ဉာဏ် = ပညိနြေ္ဒ (အမောဟ) စေတသိက် တို့ဖြစ်ပါသည်။
ဟိရီ = မကောင်းမှု ဒုစရိုက်များ ပြုလုပ်ရမည်ကို ရှက်ခြင်းသဘော၊
သြတ္တပ္ပ = မကောင်းမှု ဒုစရိုက်များ ပြုလုပ်ရမည်ကို ကြောက်ခြင်းသဘော၊
ဥဒ္ဓစ္စ = စိတ်၏ မငြိမ်မသက်ခြင်း၊ ပျံ့လွင့်ခြင်းသဘော၊
ဧကဂ္ဂတာ = တစ်ခုတည်းသောအာရုံ၌ တည်တံ့ခြင်း ၊ တည်ကြည်ခြင်းသဘော၊

၃။ တပ်မက်ခြင်း (လောဘ)၊ ခက်ထန်ခြင်း (ဒေါသ)၊ တွေဝေခြင်း (မောဟ) စေတသိက်တို့နှင့် အတူတကွ ဖြစ်သော အကုသိုလ်စိတ်တို့ကိုလည်း ခွဲခြား ဖြေဆိုခဲ့ပါ။
တပ်မက်ခြင်း (လောဘ) စေတသိက်နှင့် အတူတကွဖြစ်သော အကုသိုလ်စိတ်မှာ- “လောဘမူစိတ် ၈-ပါး” ဖြစ်ပါသည်။
ခက်ထန်ခြင်း (ဒေါသ) စေတသိက်နှင့် အတူတကွဖြစ်သော အကုသိုလ်စိတ်မှာ- “ဒေါသမူစိတ် ၂-ပါး” ဖြစ်ပါသည်။
တွေဝေခြင်း (မောဟ)စေတသိက်နှင့် အတူတကွဖြစ်သော အကုသိုလ်စိတ်မှာ –
လောဘမူစိတ် = ၈-ပါး
ဒေါသမူစိတ် = ၂-ပါး
မောဟမူစိတ် = ၂-ပါး


ပေါင်း အကုသိုလ်စိတ် = ၁၂-ပါး လုံးဖြစ်ပါသည်။

၎။ ဤမေးခွန်းသဘောကို အလေးမမူ၊ ဉာဏ်မကူဘဲ အလိုအလျောက် ထင်မြင်ရာကို ဖြေဆိုနေသော စာဖြေသူ၏ သန္တာန်၌ အဘယ်မည်သော စိတ်၊ စေတသိက်များ ဖြစ်ပေါ်နေပါသနည်း၊ ရှင်းလင်းရေးသားခဲ့ပါ။
ဤမေးခွန်းသဘောကို အလေးမမူ၊ ဉာဏ်မကူဘဲ အလိုအလျောက် ထင်မြင်ရာကို ဖြေဆိုနေသော စာဖြေသူ၏ သန္တာန်၌- “ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်” ဖြစ်ပေါ်နေပါသည်။

ထိုစိတ်နှင့်အတူ ဖြစ်ပေါ်နေသော စေတသိက်များမှာ –
ပီတိကြဉ်သော အညသမာန်းစေတသိက် = ၁၂-ပါး
သောဘနသာဓာရဏစေတသိက် = ၁၉-ပါး


ပေါင်း စေတသိက် = ၃၁-ပါး တို့ဖြစ်ကြပါသည်။

၁၉၉၂-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “လုံ့လမမူ၊ နတ်မကူဘူး” ဟူသော စကား၌ လုံ့လဟု ခေါ်ဆိုထိုက်သည့် စေတသိက်အမည်ကို ဖော်ပြ၍
ယင်းစေတသိက်နှင့် အတူတကွဖြစ်သော စိတ်သရုပ်ကိုလည်း ထုတ်ပြပါ။

“လုံ့လ မမူ၊ နတ်မကူဘူး” ဟူသော စကား၌ လုံ့လဟု ခေါ်ဆိုထိုက်သည့် စေတသိက်အမည်မှာ –
ဝီရိယစေတသိက်ဖြစ်ပါသည်။

ယင်းစေတသိက်နှင့် အတူတကွဖြစ်သော စိတ်သရုပ်မှာ –
အကုသိုလ်စိတ် = ၁၂-ပါး
ဟသိတုပ္ပါဒ်စိတ် = ၁-ပါး
မနောဒွါရာဝဇ္ဇန်းစိတ် = ၁-ပါး
ကာမသောဘနစိတ် = ၂၄-ပါး
မဟဂ္ဂုတ်စိတ် = ၂၇-ပါး
လောကုတ္တရာစိတ် = ၈-ပါး (ကျဉ်း) / ၄၀-ပါး (ကျယ်)
ပေါင်း ဝီရိယယှဉ်သောစိတ် = ၇၃-ပါး(ကျဉ်း) / ၁၀၅-ပါး(ကျယ်) တို့ဖြစ်ကြပါသည်။

၂။ အငတ်ဘေးကြီး ဆိုက်ရောက်လျက်ရှိသော ဆိုမားလီးယားပြည်သူများအား သနားကြင်နာမှု ဖြစ်နေခြင်းသည်
အဘယ်စေတသိက်၏ သဘောလက္ခဏာ ဖြစ်ပါသနည်း၊ တိကျမှန်ကန်စွာ ဖော်ပြ၍ ယင်းစေတသိက်နှင့် ဆန့်ကျင်ဘက် စေတသိက်အမည်ကိုလည်း ညွှန်ပြပါ။

အငတ်ဘေးကြီး ဆိုက်ရောက်လျက်ရှိသော ဆိုမားလီးယားပြည်သူများအား သနားကြင်နာမှု ဖြစ်နေခြင်းသည် –
“ကရုဏာစေတသိက်” ၏ သဘောလက္ခဏာ ဖြစ်ပါသည်။
ယင်းစေတသိက်နှင့် ဆန့်ကျင်ဘက်စေတသိက၏်အမည်မှာ – “ဒေါသစေတသိက်” ဖြစ်ပါသည်။

၃။ “ရမ္မက်စံအိမ်” ဟူသော စကားဝယ် “ရမ္မက်” ဟူသော လောကဝေါဟာရ၏ ပရမတ္ထသဘာဝကို ညွှန်ပြ၍ ယင်းပရမတ္ထ သဘာဝနှင့် အတူတကွဖြစ်သော စိတ်ကိုလည်း ဖော်ပြပါ။
“ရမ္မက်စံအိမ်” ဟူသော စကားဝယ် “ရမ္မက်” ဟူသော လောကဝေါဟာရ၏ ပရမတ္ထသဘာဝမှာ –
လောကီ အာရုံ ကာမဂုဏ်စိတ်တို့၌ ငြိကပ်တွယ်တာ လိုချင်မှုသဘောရှိသော “လောဘစေတသိက်” ဖြစ်ပါသည်။
ယင်း လောဘစေတသိက်နှင့် အတူတကွဖြစ်သောစိတ်မှာ- လောဘမူစိတ် ၈-ပါး ဖြစ်ပါသည်။

၁၉၉၃-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ စေတသိက် ၅၂-ပါးတို့တွင် စိတ်အများဆုံး ယှဉ်နိုင်သောစေတသိက်နှင့် စိတ်အနည်းဆုံးယှဉ်နိုင်သော စေတသိက်များကို ကောက်ပြ၍ ဝိရတီစေတသိက်၏ သဘောလက္ခဏာများကိုလည်း ရှင်းလင်းရေးသားခဲ့ပါ။
စေတသိက် ၅၂-ပါးတို့တွင်…
(က) စိတ်အများဆုံး ယှဉ်နိုင်သော စေတသိက်များမှာ –
ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒနှင့် မနသိကာရ ဟူသော သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ပါး တို့ဖြစ်ကြပါသည်။

(ခ) စိတ်အနည်းဆုံး ယှဉ်နိုင်သော စေတသိက်မှာ –
ဝိစိကိစ္ဆာစေတသိက် ၁-ပါး ဖြစ်ပါသည်။
ဝိရတီစေတသိက် ၏ သဘောလက္ခဏာများမှာ –
သမ္မာဝါစာ = အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် လေးပါးမှ ရှောင်ကြည်ခြင်းသဘော၊
သမ္မာကမ္မန္တ = အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊
သမ္မာအာဇီဝ = အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ဝစီဒုစရိုက် ၄-ပါးနှင့်ကာယဒုစရိုက် ၃-ပါးတို့မှ ရှောင်ကြဉ်ခြင်း
သဘောတို့ အသီးသီးဖြစ်ကြပါသည်။

၂။ “အသက်ဉာဏ်စောင့်၊ ဥစ္စာ ကံစောင့်” ဟူသော စကားရပ်၌ ကံဉာဏ်ဟု ခေါ်ဆိုရသော စေတသိက်အမည်များကို ဖော်ပြ၍ ယင်းစေတသိက်တို့နှင့် အတူတကွဖြစ်သော စိတ်တို့ကိုလည်း ထုတ်ဆောင်ပြပါ။
“အသက် ဉာဏ်စောင့်၊ ဥစ္စာ ကံစောင့်”ဟူသော စကားရပ်၌
“ကံ” ဟုခေါ်ဆိုရသော စေတသိက် = စေတနာစေသိက်၊
“ဉာဏ်” ဟုခေါ်ဆိုရသော စေတသိက် = ပညိနြေ္ဒ(အမောဟ) စေတသိက် တို့ဖြစ်ပါသည်။

ယင်းစေတနာစေတသိက်နှင့် အတူတကွဖြစ်သော စိတ်တို့မှာ –
= စိတ်အကျဉ်း (၈၉)ပါး / စိတ်အကျယ် (၁၂၁)ပါး တို့ဖြစ်ပါသည်။
“ပညိနြေ္ဒစေတသိက်” နှင့် အတူတကွဖြစ်သောစိတ်တို့မှာ –
ကာမသောဘန ဉာဏသမ္ပယုတ်စိတ် = ၁၂-ပါး
မဟဂ္ဂုတ်စိတ် = ၂၇-ပါ
လောကုတ္တရာစိတ် = ၈-ပါး (ကျဉ်း) / ၄၀-ပါး (ကျယ်)


ပေါင်း ပညာယှဉ်သောစိတ် = ၄၇-ပါး (ကျဉ်း) / ၇၉-ပါး (ကျယ်) တို့ဖြစ်ပါသည်။

၃။ စိတ်ချင်းထူးအောင် ပြုတတ်သော စေတသိက်တို့တွင် မည်သည့်စေတသိက်က မည်သည့် စိတ်ကို မည်သို့
ထူးခြားအောင် ပြုပါသနည်း၊ ပြည့်စုံအောင် ရှင်းလင်းရေးသားခဲ့ပါ။

စိတ်ချင်းထူးအောင် ပြုတတ်သော (ဝိသေသက) စေတသိက်တို့မှာ –
ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ(ဝေဒနာ) ဟူသော ဈာနင်တရား = ၄-ပါး
အပ္ပမညာ = ၂-ပါး
ဝိရတီ = ၃-ပါး
ဉာဏ်(ပညိနြေ္ဒ) = ၁-ပါး


ပေါင်း = ၁၀-ပါး တို့ဖြစ်ကြပါသည်။

ယင်းစေတသိက်တို့၏ စိတ်တစ်မျိုးနှင့်တစ်မျိုး မတူကွဲပြား ထူးခြားအောင် ပြုပုံကို ပြည့်စုံစွာဖော်ပြရသော် ဈာန်စိတ်တို့တွင်…
၁။ ဝိတက်သည် = မဟဂ္ဂုတ်၊ လောကုတ္တရာ ပထမဈာန်စိတ်၌သာ ယှဉ်၍ ဒုတိယဈာန် စသည်တို့၌ မယှဉ်သောကြောင့်
ပထမဈာန်စိတ်မှ ဒုတိယဈာန် စသည်ကို ထူးခြားအောင် ပြုပါသည်။
၂။ ဝိစာရသည် = ပ၊ ဒုဈာန်စိတ်တို့၌သာ ယှဉ်၍ တတိယဈာန် စသည်တို့၌ မယှဉ်သာကြောင့် ပ၊ ဒုဈာန်စိတ်မှ
တတိယဈာန်စိတ် စသည်ကို ထူးခြားအောင်ပြုပါသည်။
၃။ ပီတိသည် = ပ၊ ဒု၊ တ ဈာန်စိတ်တို့၌သာ ယှဉ်၍ စတုတ္ထဈာန် စသည်တို့၌ မယှဉ်သောကြောင့် ပ၊ ဒု၊ တ ဈာန်စိတ်မှ
စတုတ္ထဈာန်စိတ် စသည်ကို ထူးခြားအောင် ပြုပါသည်။
၎။ သုခသည် = ပ၊ ဒု၊ တ၊ စ ဈာန်စိတ်တို့၌သာ ယှဉ်၍ ပဉ္စမဈာန် စသည်တို့၌ မယှဉ်သောကြောင့် ပ၊ ဒု၊ တ၊ စ ဈာန်စိတ်မှ
ပဉ္စမဈာန်စိတ် စသည်ကို ထူးခြားအောင် ပြုပါသည်။
၅။ အပ္ပမညာဒွေသည် = မဟဂ္ဂုတ် ပ၊ ဒု၊ တ၊ စ ဈာန်စိတ်တို့၌သာ ယှဉ်၍ မဟဂ္ဂုတ် ပဉ္စမဈာန်စိတ် စသည်တို့၌
မယှဉ်သောကြောင့် မဟဂ္ဂုတ် ပ၊ ဒု၊ တ၊ စ ဈာန်စိတ်မှ မဟဂ္ဂုတ် ပဉ္စမဈာန်စိတ်ကို ထူးခြားအောင်
ပြုပါသည်။

ကာမာဝစရစိတ်တို့တွင်
၁။ အပ္ပမညာဒွေသည် = မဟာကုသိုလ်၊ ကြိယာစိတ်တို့၌ ယှဉ်၍ မဟာဝိပါက်စိတ်၌ မယှဉ်သောကြောင့် မဟာကုသိုလ်၊
ကြိယာစိတ်တို့မှ မဟာဝိပါက်စိတ်တို့ကို ထူးခြားအောင် ပြုပါသည်။
၂။ ဝိရတီ ၃-ပါးသည် = မဟာကုသိုလ်စိတ်တို့၌ ယှဉ်၍ မဟာဝိပါက်၊ ကြိယာစိတ်၌ မယှဉ်သောကြောင့်
မဟာကုသိုလ်စိတ်တို့မှ မဟာဝိပါက်၊ ကြိယာစိတ်တို့ကို ထူးခြားအောင် ပြုပါသည်။
၃။ ဉာဏ်(ပညိနြေ္ဒ)သည် = မဟာကုသိုလ်၊ ဝိပါက်၊ ကြိယာ ပထမဒွေနှင့် တတိယဒွေတို့၌သာ ယှဉ်၍၊ ဒုတိယဒွေ နှင့်
စတုတ္ထဒွေတို့၌ မယှဉ်သောကြောင့် (ပ) နှင့် (တ) ဒွေတို့မှ (ဒု)နှင့်(စ)ဒွေတို့ကို
ထူးခြားအောင်ပြုပါသည်။
၎။ ပီတိသည် = မဟာကုသိုလ်၊ ဝိပါက်၊ ကြိယာ ပထမဒွေနှင့် ဒုတိယဒွေ တို့၌သာယှဉ်၍၊ တတိယဒွေ နှင့်
စတုတ္ထဒွေတို့၌ မယှဉ်သောကြောင့် (ပ) နှင့် (ဒု) ဒွေတို့မှ (တ) နှင့် (စ) ဒွေ တို့ကို
ထူးခြားအောင် ပြုပါသည်။

၁၉၉၄-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “ပစ္စည်းမသို၊ စိတ်မတို၊ ခင်ပျိုကြီးပွားကြောင်း” ဟူသော အဆုံးအမ၌ မသို၊ မတိုဟု သုံးနှုန်းထိုက်သော စေတသိက်တို့၏ အမည်ကို ညွှန်ပြ၍ ယင်းစေတသိက်တို့နှင့် အတူတကွ ဖြစ်သော စိတ်တို့ကိုလည်း ဖော်ပြပါ။
“ပစ္စည်းမသို၊ စိတ်မတို၊ ခင်ပျိုကြီးပွားကြောင်း” ဟူသော အဆုံးအမ၌ –
“မသို” ဟု သုံးနှုန်းထိုက်သော စေတသိက်မှာ = အလောဘစေတသိက် ဖြစ်ပြီး
“မတို” ဟု သုံးနှုန်းထိုက်သော စေတသိက်မှာ = အဒေါသစေတသိက် ဖြစ်ပါသည်။

ယင်း “အလောဘ” ၊ “အဒေါသ” စေတသိက်တို့နှင့် အတူတကွ ဖြစ်သောစိတ်တို့မှာ –
ကာမသောဘန = ၂၄-ပါး
မဟဂ္ဂုတ်စိတ် = ၂၇-ပါး
လောကုတ္တရာစိတ် = ၈-ပါး (ကျဉ်း) / ၄၀-ပါး (ကျယ်)


ပေါင်း ကာမသောဘနစိတ် = ၅၉-ပါး (ကျဉ်း) / ၉၁-ပါး (ကျယ်)

၂။ “အကုသိုလ်ပြုရန် မရှက် မကြောက်သောသူသည် တရားတော်၌ ကြည်ညိုသူ မမည်” ဟူသော စကား၌ မရှက်၊ မကြောက်၊ ကြည်ညိုဟု ညွှန်ပြအပ်သော စေတသိက်တို့၏ သဘောလက္ခဏာကို ရေး၍ ဉာဏ်၊ ဝီရိယ နှစ်ပါးလုံးနှင့်
မယှဉ်သော စိတ်သရုပ်ကိုလည်း ထုတ်ပြပါ။

မရှက်ဟု ညွှန်ပြအပ်သော စေတသိက် = အဟိရိက
မကြောက်ဟု ညွှန်ပြအပ်သော စေတသိက် = အနောတ္တပ္ပ
ကြည်ညိုဟု ညွှန်ပြအပ်သော စေတသိက် = သဒ္ဓါစေတသိက် တို့ ဖြစ်ပါသည်။

၎င်းတို့၏ သဘောလက္ခဏာများမှာ –
အဟိရိက = မကောင်းမှုဒုစရိုက် ပြုရမည်ကို မရှက်တတ်သောသဘော၊
အနောတ္တပ္ပ = မကောင်းမှုဒုစရိုက် ပြုရမည်ကို မကြောက်တတ်သော သဘော၊
သဒ္ဓါ = မှန်ကန်သော ဘုရား၊ တရား၊ သံဃာ နှင့် ကံ-ကံ၏အကျိုး စသည်ကို ယုံကြည် လေးမြတ် ကြည်ညိုတတ်သော
သဘော။
ဉာဏ် ၊ ဝီရိယ နှစ်ပါးလုံးနှင့် မယှဉ်သော စိတ်သရုပ်မှာ –
ဒွေပဉ္စဝိညာဏ်စိတ် = ၁၀-ပါး
သမ္ပဋိစ္ဆိုင်းစိတ် = ၂-ပါး
သန္တီရဏစိတ် = ၃-ပါး
ပဉ္စဒွါရာဝဇ္ဇန်းစိတ် = ၁-ပါး


ပေါင်း မယှဉ်သောစိတ် = ၁၆-ပါး တို့ဖြစ်ပါသည်။

၃။ ခြင်ကိုက်သည်ကို မသတ်ဘဲ ရှောင်ကြဉ်သူသန္တာန်၌ ဖြစ်သော စေတသိက်အမည်ကို တိကျစွာ ညွှန်ပြ၍
ယင်းစေတသိက်နှင့် အတူတကွ ဖြစ်သော စိတ်တို့ကိုလည်း ဖော်ပြပါ။

ခြက်ကိုက်သည်ကို မသတ်ဘဲ ရှောင်ကြဉ်သူသန္တာန်၌ ဖြစ်သော စေတသိက်မှာ –
သမ္မာကမ္မန္တ (ဝိရတီ) စေတသိက် ဖြစ်ပါသည်။

ယင်းစေတသိက်နှင့် အတူတကွဖြစ်သော စိတ်တို့မှာ –
မဟာကုသိုလ်စိတ် (ရံခါ) = ၈-ပါး
လောကုတ္တရာစိတ် (အမြဲ) = ၈-ပါး (ကျဉ်း) / ၄၀-ပါး (ကျယ်)


ပေါင်း စိတ် = ၁၆-ပါး (ကျဉ်း) / ၄၈-ပါး (ကျယ်) တို့ဖြစ်ပါသည်။

၎။ စိတ်ဖြစ်တိုင်း အမြဲမယှဉ်ဘဲ ယှဉ်သင့်မှသာ ယှဉ်သာ စေတသိက်တို့က ရေတွက်ပြပြီး သြကာသကန်တော့ခန်းကို ဆရာကျက်ခိုင်း၍ ဝမ်းမြောက်ဝမ်းသာ ဉာဏ်ပါပါဖြင့် ကျက်နေကြသော ကျောင်းသားကလေးများ၏ သန္တာန်ဝယ်
ဖြစ်နိုင်သော စိတ်၊ စေတသိက်တို့ကို ဖော်ပြပါ။

စိတ်ဖြစ်တိုင်း အမြဲမယှဉ်ဘဲ ယှဉ်သင့်မှသာ ယှဉ်သော စေတသိက်တို့မှာ –
မာန၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ ၊ ထိန-မိဒ္ဓ ၊ ဝိရတီစေတသိက် ၃-ပါး၊ အပ္ပမညာ ၂-ပါး = ပေါင်း အနိယတယောဂီ
စေတသိက် ၁၁-ပါးတို့ ဖြစ်ကြပါသည်။

သြကာသကန်တော့ခန်းကို ဆရာကျက်ခိုင်း၍ ဝမ်းမြောက်ဝမ်းသာ ဉာဏ်ပါပါဖြင့် ကျက်နေကြသော ကျောင်းသား
ကလေးများ၏ သန္တာန်ဝယ် ဖြစ်နိုင်သောစိတ်မှာ –
“သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်၊ သသင်္ခါရိက မဟာကုသိုလ်စိတ်” ဖြစ်ပြီး၊ ယင်းစိတ်နှင့် အတူဖြစ်နေသော
စေတသိက်တို့မှာ –
အညသမာန်းစေတသိက် = ၁၃-ပါး
သောဘနသာဓာရဏစေတသိက် = ၁၉-ပါး
ပညိနြေ္ဒစေတသိက် = ၁-ပါး


ပေါင်း စေတသိက် = ၃၃-ပါး တို့ဖြစ်ပါသည်။

၁၉၉၅-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “လူမှန်လျှင် ကြံရင်း သေရသည်” ဟူသော စကား၌ အကြံအစည်ကို ညွှန်ပြသည့် စေတသိက် အမည်ကို ထုတ်ပြ၍ ယင်းစေတသိက်နှင့် အတူတကွ ဖြစ်သော စိတ်သရုပ်ကိုလည်း ဖော်ပြပါ။
အကြံအစည်ကို ညွှန်ပြသည့် စေတသိက်မှာ – “ဝိတတ်စေတသိက်” ဖြစ်ပါသည်။

ယင်း “ဝိတက်” စေတသိက်နှင့် အတူတကွဖြစ်သော စိတ်သရုပ်မှာ –
(ဒွေပဉ္စဝိညာဉ် ၁၀-ကြဉ်သော) ကာမစိတ် = ၄၄-ပါး
(မဟဂ္ဂုတ် + လောကုတ္တရာ) ပထမဈာန်စိတ် = ၁၁-ပါး


ပေါင်း စိတ် = ၅၅-ပါး တို့ဖြစ်ပါသည်။

၂။ ဥစ္စာဓန ပေါကြွယ်ဝ၍ ဘဝင်မြင့် စိတ်ကြီးဝင်နေသူသန္တာန်၌ ရှိနေသော စေတသိက်အမည်ကို ဖော်ပြ၍၊
ယင်းစေတသိက်နှင့်အတူယဉ်တွဲ ဖြစ်လေ့ရှိသော စိတ်သရုပ်ကိုလည်း ထုတ်ပြပါ။

ဥစ္စာဓန ပေါကြွယ်ဝ၍ ဘဝင်မြင့် စိတ်ကြီးဝင်နေသူသန္တာန်၌ ရှိနေသော စေတသိက်မှာ – “မာနစေတသိက်”
ဖြစ်ပါသည်။
ယင်းမာနစေတသိက်နှင့် အတူယဉ်တွဲ ဖြစ်လေ့ရှိသော စိတ်သရုပ်မှာ –
လောဘမူစိတ် ၈-ပါး မှ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး ဖြစ်ပါသည်။

၃။ ရတနာသုံးပါးနှင့် ကံ-ကံ၏အကျိုးတရားကို အကြွင်းမရှိ ယုံကြည်ကြသော ပုဂ္ဂိုလ်များ၏ သန္တာန်ဝယ် ဖြစ်နိုင်သောစိတ်၊ စေတသိက်တို့ကို ဖော်ပြ၍ ကမ္ဘာစောင့်တရားများကိုလည်း ညွှန်ပြပါ။
ရတနာသုံးပါး၊ ကံ-ကံ၏အကျိုးတရားကို ယုံကြည်ခြင်းသည် သဒ္ဓါ စေတသိက် ဖြစ်သဖြင့် သဒ္ဓါတရားရှိသော
ပုဂ္ဂိုလ်များ၌ ဖြစ်နိုင်သောစိတ်မှာ –
သောဘနစိတ် အကျဉ်း ၅၉-ပါး / အကျယ် ၉၁-ပါး၊
စေတသိက်မှာ – အညသမာန်းစေတသိက် ၁၃-ပါး + သောဘနစေတသိက် ၂၅-ပါး တို့ (ထိုက်သည့်အားလျော်စွာ)
ဖြစ်ပါသည်။
(တစ်နည်း)
ရတနာသုံးပါး၊ ကံ-ကံ၏အကျိုးတရားကို အကြွင်းမရှိ ယုံကြည်သော ပုဂ္ဂိုလ်ဟု ယူလျှင် သောတာပန်ပုဂ္ဂိုလ်အဆင့်
ရောက်မှသာ ဖြစ်နိုင်ပါမည်၊ ဤသို့ အကြွင်းမရှိ ယုံကြည်ခိုက်တွင် ဖြစ်နိုင်သော စိတ်၊ စေတသိက် တို့မှာ –
သောတာပတ္တိမဂ်စိတ်၊ ဖိုလ်စိတ်များနှင့် ယှဉ်ဘက်စေတသိက် ၃၆-ပါး (အညသမာန်း စေတသိက် ၁၃-ပါး +
အပ္ပမညာကြဉ်သော သောဘနစေတသိက် ၂၃-ပါး) တို့ဖြစ်ပါသည်။

ကမ္ဘာစောင့်တရားများမှာ –
(၁) ဟိရီ = မကောင်းမှုဒုစရိုက်များ ပြုလုပ်ရမည်ကို ရှက်ခြင်းသဘော၊
(၂) သြတ္တပ္ပ = မကောင်းမှုဒုစရိုက်များ ပြုလုပ်ရမည်ကို ကြောက်ခြင်းသဘော၊ ဟူသော စေတသိက်တရား ၂-ပါး တို့
ဖြစ်ကြပါသည်။

၁၉၉၆-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “နေရာတိုင်းမှာ သူ့မျက်နှာ” ဟုပြောရလောက်အောင် စိတ်တိုင်း စိတ်တိုင်းနှင့် ယှဉ်တွဲ ဖြစ်နိုင်သော စေတသိက်တို့တွင် နောက်ဆုံးသုံးခု၏ ပရမတ္ထသဘာဝ တို့ကို ဖြေဆို၍၊ “စဉ်းစားပြီးမှ ဆုံးဖြတ်ပါ” ဟူသော စကား၌ ပါဝင်သော စေတသိက်တို့၏
အမည်နာမတို့ကိုလည်း ဖော်ပြပါ။

စိတ်တိုင်း စိတ်တိုင်းနှင့် ယှဉ်တွဲဖြစ်နိုင်သော (သဗ္ဗစိတ္တသာဓာရဏ) စေတသိက်တို့တွင်
နောက်ဆုံး သုံးခု၏ ပရမတ္ထသဘာဝမှာ –
(၁) ဧကဂ္ဂတာ = တစ်ခုတည်းသော အာရုံ၌ တည်တံ့ခြင်း၊ တည်ကြည်ခြင်း သဘော၊
(၂) ဇီဝိတိနြေ္ဒ = မိမိနှင့်ယှဉ်ဘက် နာမ်တရားတို့ကို စောင့်ရှောက်ခြင်းသဘော၊
(၃) မနသိကာရ = စိတ်ထဲ၌ အာရုံပေါ်လာအောင် နှလုံးသွင်းပြုပေးခြင်းသဘော တို့ဖြစ်ကြပါသည်။

“စဉ်းစားပြီးမှ ဆုံးဖြတ်ပါ” ဟူသော စကား၌ ပါဝင်သော စေတသိက်တို့၏ အမည်ကို ဖော်ပြရသော်-
(၁) ဝိစာရစေတသိက် (စဉ်စား) နှင့်
(၂) အဓိမောက္ခစေတသိက် (ဆုံးဖြတ်) တို့ ဖြစ်ပါသည်။

၂။ ဆယ်သိန်းထီပေါက်သူတစ်ယောက်အား “ကြက်ကန်း ဆန်အိုးတိုးတာပါကွာ” ဟု မနာလိုသော စိတ်ထားဖြင့်
ပြောဆိုသူ၏ သန္တာန်၌ဖြစ်သော စေတသိက်ကို တိကျစွာ ဖော်ပြ၍ ယင်းစေတသိက် နှင့် ယှဉ်တွဲ၍ ဖြစ်နိုင်သော
စိတ်တို့ကိုလည်း ရေတွက်ပြပါ။

ဆယ်သိန်းထီပေါက်သူတစ်ယောက်အား “ကြက်ကန်း ဆန်အိုးတိုးတာပါကွာ” ဟု မနာလိုသော စိတ်ထားဖြင့်
ပြောဆိုသူ၏ သန္တာန်၌ ဖြစ်သော စေတသိက်မှာ- ဣဿာစေတသိက် ဖြစ်ပါသည်။

ယင်းစေတသိက်နှင့် ယှဉ်တွဲ၍ ဖြစ်နိုင်သော စိတ်တို့ကို ရေတွက်ပြရသော် –
(၁) ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ်၊
(၂) ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ် = ပေါင်း ဒေါသမူစိတ် ၂-ပါး တို့ဖြစ်ကြပါသည်။

၃။ “စိတ်မှန်သမျှ ကြံစည်မှုနှင့် မကင်းကြ” ဟုပြောဆိုနေကြသော အဘိဓမ္မာ အသိမဲ့ငြား အချို့သောသူများ၏ စကားကို ချေပသောအားဖြင့် ကြံစည်မှုနှင့်ကင်း၍ ဖြစ်နိုင်သောစိတ် တို့ကို ဖော်ပြပြီးလျှင် မတင့်တယ်သောစိတ် ဖြစ်သော်လည်း နိဗ္ဗာန်
ကို အာရုံပြုနိုင်သော စိတ်ကို ဖြေဆိုပါ။

ကြံစည်မှု(ဝိတက်)နှင့် ကင်း၍ ဖြစ်နိုင်သောစိတ်တို့ကို ဖော်ပြရသော် –
ဒွေပဉ္စဝိညာဏ် = ၁၀-ပါး
ဒုတိယဈာန်စိတ် = ၁၁-ပါး
တတိယဈာန်စိတ် = ၁၁-ပါး
စတုတ္ထဈာန်စိတ် = ၁၁-ပါး
ပဉ္စမဈာန်စိတ် = ၂၃-ပါး


ပေါင်း စိတ် = ၆၆-ပါး တို့ဖြစ်ပါသည်။

မတင့်တယ်သောစိတ်ဖြစ်သော်လည်း နိဗ္ဗာန်ကို အာရုံပြုနိုင်သောစိတ်မှာ –
အသောဘနစိတ် ၃၀-ပါးတွင် ပါဝင်သော အဟိတ်ကြိယာ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်ပါသည်။
(ပကိဏ်းပိုင်းမှ မေးခွန်းဖြစ်ပါသည်။)

၎။ ရုပ်မြင်သံကြား ဂြိုလ်တုသတင်း၌ ငတ်မွတ်ခေါင်းပါး ဒုက္ခသည်များကို တွေ့မြင်ရသော သနားကြင်နာမှုသည် ကုသိုလ် ရ၊ မရ ရှင်းပြ၍၊ ကိုယ်ပိုင် လုံ့လမရှိသောစိတ်တို့ကိုလည်း ထုတ်ဖော်ရေးသားပြပါ။
ရုပ်မြင်သံကြား ဂြိုလ်တုသတင်း၌ ငတ်မွတ်ခေါင်းပါး ဒုက္ခသည်များကို တွေ့မြင်ရသော သနားကြင်နာမှုသည် –
“ကုသိုလ်” ရပါသည်။
အကြောင်းမှာ- ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားကြင်နာမှုဖြစ်ခြင်းသည် “ကရုဏာ စေတသိက်” ၏
သဘောလက္ခဏာဖြစ်ပါသည်။

ထိုကရုဏာစေသိက်သည်-
မဟာကုသိုလ်စိတ် = ၈-ပါး
မဟာကြိယာစိတ် = ၈-ပါး
ရူပကုသိုလ် (ပ၊ ဒု၊ တ၊ စ) ဈာန် စိတ် = ၄-ပါး
ရူပဝိပါက် (ပ၊ ဒု၊ တ၊ စ) ဈာန်စိတ် = ၄-ပါး
ရူပကြိယာ (ပ၊ ဒု၊ တ၊ စ) ဈာန်စိတ် = ၄-ပါး


ပေါင်း စိတ် = ၂၈-ပါး နှင့် ယှဉ်နိုင်ပါသည်။

ဤသို့ ကရုဏာစေတသိက်ယှဉ်သော စိတ်များတွင် ကုသိုလ်စိတ်များ ပါဝင်နေသောကြောင့် သနားကြင်နာမှုသည် ကုသိုလ် ရနိုင်ပါသည်။
ကိုယ်ပိုင်လုံ့လ မရှိသောစိတ်တို့မှာ –
ဝီရိယစေတသိက် မယှဉ်သောစိတ်များ ဖြစ်၍ ၎င်းစိတ်တို့မှာ –
ဒွေပဉ္စဝိညာဏ် = ၁၀-ပါး
သမ္ပဋိစ္ဆိုင်းစိတ် = ၂-ပါး
သန္တီရဏစိတ် = ၃-ပါး
ပဉ္စဒွါရာဝဇ္ဇန်းစိတ် = ၁-ပါး


ပေါင်း စိတ် = ၁၆-ပါး ဖြစ်ပါသည်။

၁၉၉၇-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ သူတစ်ပါး၏ စေခိုင်းခြင်းကြောင့် မလွှဲသာ၍ သူ့အသက်သတ်မှုကို ပြုနေသူ၏ သန္တာန်၌ ဖြစ်နိုင်သော စိတ်၊ စေတသိက် တို့ကို ဖော်ပြပြီးလျှင် ပြုပြီးသော ကုသိုလ်ကောင်းမှုကို အဖန်ဖန် အမှတ်ရနေသော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် မှီတွယ်၍ဖြစ်သော
စေတသိက်ကိုလည်း ဖော်ပြပါ။

သူတစ်ပါး စေခိုင်းခြင်းကြောင့် မလွှဲသာ၍ သူ့အသက်သတ်မှုကို ပြုနေသူ၏ သန္တာန်၌ ဖြစ်နိုင်သောစိတ်မှာ –
“ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက ဒေါသမူစိတ်” ဖြစ်ပါသည်။ ယင်းစိတ်နှင့် အတူဖြစ်နိုင်သော
စေတသိက်တို့မှာ-
ပီတိကြဉ်သော အညသမာန်းစေတသိက် = ၁၂-ပါး
သဗ္ဗာကုသလ သာဓာရဏစေတသိက် = ၄-ပါး
ဒေါသစေတသိက် = ၁-ပါး


ပေါင်း စေတသိက် = ၁၇-ပါး တို့ဖြစ်ပါသည်။

ပြုပြီးသော ကုသိုလ်ကောင်းမှုကို အဖန်ဖန် အမှတ်ရနေသော ပုဂ္ဂိုလ်၏သန္တာန်ဝယ်မှီတွယ်၍ဖြစ်သော စေတသိက်မှာ –
“သတိစေတသိက်” ဖြစ်ပါသည်။

၂။ “လုံ့လ မကူ၊ ဉာဏ်မကူဘဲ” ဟူသော စကား၌ “လုံ့လ၊ ဉာဏ်” ဟု ညွှန်ပြအပ်သော စေတသိက် အမည်မှန်တို့ကို ဖော်ပြ၍ ယင်းစေတသိက် တို့၏ ယှဉ်နိုင်သော စိတ်သရုပ်တို့ကိုလည်း အသီးသီး ထုတ်ဖော်ပြပါ။
“လုံ့လ မကူ၊ ဉာဏ် မကူဘဲ” ဟူသော စကား၌ –
“လုံ့လ” ဟု ညွှန်ပြအပ်သော စေတသိက်အမည် = ဝီရိယစေတသိက်
“ဉာဏ်”ဟု ညွှန်ပြအပ်သော စေတသိက်အမည် = ပညိနြေ္ဒ(အမောဟ) စေတသိက်
[ “ဝီရိယ” စေတသိက်ယှဉ်သောစိတ် = ၁၉၉၂-ခုနှစ် နံပါတ်(၁) အဖြေကို ကြည့်ပါ။] [ “ပညိနြေ္ဒ” စေတသိက်ယှဉ်သောစိတ် = ၁၉၈၉-ခုနှစ် နံပါတ်(၃) အဖြေကို ကြည့်ပါ။]

၃။ “အကုသိုလ်၏ အပေါင်းအဖော်” ဟုဆိုနိုင်သော အကုသိုလ်စိတ် ဖြစ်တိုင်းပါဝင်ကြသည့် စေတသိက်များကို ဖော်ပြ၍၊ (က) စိတ်အနည်းဆုံးနှင့် ယှဉ်နိုင်သောစေတသိက် (ခ) စေတသိက် အနည်းဆုံးနှင့် ယှဉ်သောစိတ် တို့ကိုဖော်ပြပါ။
“အကုသိုလ်၏ အပေါင်းအဖော်” ဟု ဆိုနိုင်သော အကုသိုလ်စိတ် ဖြစ်တိုင်း ပါဝင်ကြသည့် စေတသိက်များမှာ –
သဗ္ဗစိတ္တသာဓာရဏစေတသိက် = ၇-ပါး
ဝိတက်စေတသိက် = ၁-ပါး
ဝိစာရစေတသိက် = ၁-ပါး
ဝီရိယစေတသိက် = ၁-ပါး
သဗ္ဗာကုသလသာဓာရဏစေတသိက် = ၄-ပါး


ပေါင်း စေတသိက် = ၁၄-ပါး ဖြစ်ပါသည်။

(က) စိတ်အနည်းဆုံးနှင့်ယှဉ်သော စေတသိက် – ဝိစိကိစ္ဆာစေတသိက် ဖြစ်ပါသည်။
(ဝိစိကိစ္ဆာစေတသိက်သည် ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ၁-ပါးနှင့်သာ ယှဉ်၏)
(ခ) စေတသိက်အနည်းဆုံးနှင့်ယှဉ်သော စိတ် – ဒွေပဉ္စဝိဉာဏ် ၁၀-ပါး ဖြစ်ပါသည်။
(ဒွေပဉ္စဝိဉာဏ် ၁၀-ပါးသည် သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ပါးနှင့်သာ ယှဉ်၏)

၎။ ဝိသေသက (စိတ်ချင်းမတူ ထူးခြားကွဲပြားအောင် ပြုတတ်ကုန်သော) စေတသိက်များကို မမှားအောင် ရေတွက်ပြ၍၊ စိတ္တေန သမမုဒ္ဒိသေ (စေတသိက်ကို စိတ်နှင့်အမျှ ရေတွက်ခြင်း) နည်းအရ ပီတိနှင့်ကရုဏာစေတသိက်ပေါင်း မည်မျှစီ ရှိကြသည်ကိုလည်း အသီးသီး ဖြေဆိုပါ။
ဝိသေသက(စိတ်ချင်းမတူ ထူခြားကွဲပြားအောင် ပြုတတ်ကုန်သော) စေတသိက်များမှာ –
ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ (ဈာနင်တရားများ) = ၄-ပါး
ဝိရတီစေတသိက် = ၃-ပါး
အပ္ပမညာစေတသိက် = ၂-ပါး
(ပညိနြေ္ဒ) ပညာစေတသိက် = ၁-ပါး


ပေါင်း – ဝိသေသကစေတသိက် = ၁၀-ပါး တို့ဖြစ်ပါသည်။

စိတ္တေန သမမုဒ္ဒိသေ (စေတသိက်ကို စိတ်နှင့်အမျှ ရေတွက်ခြင်း) နည်းအရ-
ပီတိစေတသိက်သည် = သောမဿသဟဂုတ်စိတ် ၅၁-ပါးနှင့် ယှဉ်သောကြောင့် ပီတိပေါင်း ၅၁-ပါး အပြားရှိပါသည်။
ကရုဏာစေတသိက်သည် = ၂၈-ပါးသောစိတ်တို့၌ ယှဉ်သောကြောင့် ကရုဏာပေါင်း ၂၈-ပါး အပြားရှိပါသည်။

၁၉၉၈-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “မုသား မပါ၊ လင်္ကာ မချော” ဟု ယူဆလျက် အခကြေးငွေယူ၍ မတရား သက်သေလိုက်မည်ဟု ကြံစည်ပြီးမှ
ရှောင်ကြည်သူ၌ ဖြစ်နိုင်သော စေတသိက်၊ ယင်းစေတသိက်၏ ယှဉ်နိုင်သော စိတ်သရုပ်တို့ကို အသီးသီးဖြေဆိုပါ။

“မုသား မပါ လင်္ကာ မချော” ဟုယူဆလျက် အခကြေးငွေယူ၍ မတရား သက်သေလိုက်မည်ဟု ကြံစည်ပြီးမှ
ရှောင်ကြည်သူ၌ ဖြစ်နိုင်သော စေတသိက်မှာ – “သမ္မာအာဇီဝ စေတသိက်” ဖြစ်ပါသည်။

ယင်းသမ္မာအာဇီဝစေတသိက်၏ ယှဉ်နိုင်သော စိတ်သရုပ်မှာ –
မဟာကုသိုလ်စိတ် (ရံခါ) = ၈-ပါး
လောကုတ္တရာစိတ် (အမြဲ) = ၈-ပါး (ကျဉ်း) / ၄၀-ပါး (ကျယ်)


ပေါင်း စိတ် = ၁၆-ပါး (ကျဉ်း) / ၄၈-ပါး (ကျယ်) တို့ဖြစ်ပါသည်။

၂။ ကုသိုလ်ကောင်းမှုဖြစ်ရန် အခြေခံကျသော စေတသိက်တို့တွင် မခွဲမခါ အစုံလိုက်သာ ဖြစ်ကြသော စေတသိက်များကို အမည်မျှ ဖော်ပြ၍၊ ဉာဏ်နှင့်ယှဉ်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်ချရာ၌ ပါဝင်သောစိတ်တို့ကိုလည်း ဖြေဆိုပါ။
ကုသိုလ်ကောင်းမှုဖြစ်ရန် အခြေခံကျသော စေတသိက်တို့တွင် မခွဲမခွါ အစုံလိုက်သာ ဖြစ်ကြသော
စေတသိက်များမှာ-
(၁) ကာယပဿဒ္ဓိ – စိတ္တပဿဒ္ဓိ၊
(၂) ကာယလဟုတာ – စိတ္တလဟုတာ၊
(၃) ကာယမုဒုတာ – စိတ္တမုဒုတာ၊
(၄) ကာယကမ္မညတာ – စိတ္တကမ္မညတာ၊
(၅) ကာယပါဂုညတာ – စိတ္တပါဂုညတာ၊
(၆) ကာယုဇုကတာ – စိတ္တဇုကတာ တို့ဖြစ်ပါသည်။

ဉာဏ်နှင့်ယှဉ်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်ချရာ၌ ပါဝင်သောစိတ်တို့မှာ –
ကာမသောဘန ဉာဏသမ္ပယုတ်စိတ် = ၁၂-ပါး
မဟဂ္ဂုလ်စိတ် = ၂၇-ပါး
လောကုတ္တရာစိတ် = ၈-ပါး (ကျဉ်း) / ၄၀-ပါး(ကျယ်)


ပေါင်း ပညာယှဉ်သောစိတ် = ၄၇-ပါး (ကျဉ်း) / ၇၉-ပါး (ကျယ်)
၎င်းစိတ်တို့သည် ဉာဏ်တည်းဟူသော “ပညာ (ပညိနြေ္ဒ) စေတသိက်” နှင့်ဆုံးဖြတ်ချက်ချခြင်းဟူသော “အဓိမောက္ခစေတသိက်” ၂-ပါးလုံး ယှဉ်ကြပါသည်။

၃။ “အကောင်းအဆိုး” စိတ်နှစ်မျိုးလုံးနှင့် ဆက်ဆံသော “နှစ်ဘက်ချွန်” စေတသိက်အစုကို သိသာရုံ ဖော်ပြ၍၊ မတူခြားနား ကွဲပြားခြင်းသဘောများနှင့် မကင်းသော လောက၌ ကာမသောဘနစိတ်ကို မတူခြားနား ကွဲပြားအောင် ပြုတတ်သော
စေတသိက်များကို ဖော်ထုတ်ရေတွက်ပြပါ။

“အကောင်းအဆိုး” စိတ်နှစ်မျိုးလုံးနှင့် ဆက်ဆံသော “နှစ်ဘက်ချွန်” စေတသိက်အစုမှာ –
သဗ္ဗစိတ္တသာဓာရဏစေတသိက် = ၇-ပါး
ပကိဏ်းစေတသိက် = ၆-ပါး


ပေါင်း အညသမာန်းစေတသိက် = ၁၃-ပါး တို့ဖြစ်ပါသည်။

ကာမသောဘနစိတ်ကို မတူထူးခြား ကွဲပြားအောင် ပြုတတ်သော စေတသိက်များမှာ –
ကရုဏ၊ မုဒိတာ (အပ္ပမညာစေတသိက်) = ၂-ပါး
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ (ဝိရတီစေတသိက်) = ၃-ပါး
ဉာဏ် (ပညိနြေ္ဒစေတသိက်) = ၁-ပါး
ပီတိ = ၁-ပါး


ပေါင်း- စေတသိက် = ၇-ပါး တို့ဖြစ်ပါသည်။

၎။ “စေတနာကောင်းသည်၊ စေတနာယုတ်သည်” ဟူသော လောကသုံးစကား၌ အဘယ် စေတနာသည် ကောင်း၍ အဘယ် စေတနာသည် ယုတ်ပါသနည်း၊ ဖြေဆိုပြီးလျှင် လောကုတ္တရာစတုတ္ထဈာန်နှင့် ပဉ္စမဈာန်တို့၌ ယှဉ်သော စေတသိက် တို့၏
ထူးခြားဟန်ကိုလည်း ဖြေဆိုပါ။

“စေတနာကောင်းသည်၊ စေတနာယုတ်သည်” ဟူသော လောကသုံး၊ စကား၌ စေတနာစေတသိက်သည်
အလုံးစုံသော စိတ်အကျဉ်း-၈၉၊ စိတ်အကျယ် ၁၂၁-ပါး၌ ယှဉ်သောကြောင့် –
သောဘနစိတ်တို့နှင့်ယှဉ်ခိုက် = စေတနာသည် ကောင်း၍၊
အသောဘနစိတ်တို့နှင့်ယှဉ်ခိုက် = စေတနာသည် ယုတ်မည် ဖြစ်ပါသည်။
လောကုတ္တရာစတုတ္ထဈာန်စိတ်၌ = စေတသိက် ၃၃-ပါး
လောကုတ္တရာပဉ္စမဈာန်စိတ်၌လည်း = စေတသိက် ၃၃-ပါး ယှဉ်ပါသည်။

ယင်းစေတသိက်တို့၏ ထူးခြားဟန်မှာ –
စတုတ္ထဈာန်စိတ်၌ယှဉ်သော စေတသိက် ၃၃-ပါးသည် = သုခဝေဒနာနှင့် တကွဖြစ်၏။
ပဉ္စမဈာန်စိတ်၌ယှဉ်သော စေတသိက် ၃၃-ပါးသည် = ဥပေက္ခာဝေဒနာနှင့် တကွဖြစ်၏။
ဤသို့ ထူးခြားမှု ရှိပါသည်။

၁၉၉၉-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “တစ်မိုးအောက်မှာ တစ်ယောက်ထဲ” ဆိုသကဲ့သို့ စိတ်အားလုံးတို့တွင် စိတ်တစ်ပါးနှင့်သာ ယှဉ်သည့်စေတသိက်ကို သဘောလက္ခဏာနှင့်တကွ ဖော်ပြ၍ စေတသိက်တိုင်း၌ ရှိရမည့် လက္ခဏာ လေးပါးကိုလည်း ရေးသားပါ။
စိတ်တစ်ပါးနှင့်သာ ယှဉ်သည့်စေတသိက်မှာ – “ဝိစိကိစ္ဆာစေတသိက်” ဖြစ်ပါသည်။
ဝိစိကိစ္ဆာ၏ သဘောလက္ခဏာမှာ – ဘုရား တရား စသည်များ၌ ယုံမှားခြင်းသဘော ဖြစ်ပါသည်။
စေတသိက်တိုင်း၌ ရှိရမည့်လက္ခဏာလေးပါးမှာ –
(၁) ဧကုပ္ပါဒ = စိတ်နှင့်တူသော ဖြစ်ခြင်း၊
(၂) ဧကနိရောဓ = စိတ်နှင့်တူသော ချုပ်ခြင်း၊
(၃) ဧကာရမ္မဏ = စိတ်နှင့်တူသော အာရုံရှိခြင်း၊
(၄) ဧကဝတ္ထုက = စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်း တို့ဖြစ်ပါသည်။

၂။ ကိုယ့်ထက်သာသူ လှပျိုဖြူတစ်ဦး၏ လှပကျော့ရှင်း ဂုဏ်သတင်းကို ကြားရ၍ မနာလိုဖြစ်သော “ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့” ဟု ပြောဆိုသူ၏ သန္တာန်၌ဖြစ်သော စေတသိက်ကို ယှဉ်ရာစိတ်နှင့်တကွ ဖော်ပြ၍၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်
မရှိ (အဓိမောက္ခမယှဉ်) သော စိတ်တို့ကိုလည်း ဖော်ပြပါ။

ကိုယ့်ထက်သာသူ လှပျိုဖြူတစ်ဦး၏ လှပကျော့ရှင်း ဂုဏ်သတင်းကို ကြားရ၍ မနာလိုဖြစ်သူ၏ သန္တာန်၌ ဖြစ်သော စေတသိက်မှာ – “ဣသာ” ဖြစ်ပါသည်။

ထိုစေတသိက်သည် “ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက ဒေါသမူစိတ်” ၌ ယှဉ်ပါသည်။
အဓိမောက္ခ မယှဉ်သောစိတ်တို့မှာ –
ဝိစိကိစ္ဆာသမ္ပယုတ်စိတ် = ၁-ပါး
ဒွေပဉ္စဝိညာဏ်စိတ် = ၁၀-ပါး


ပေါင်း စိတ် = ၁၁-ပါး ဖြစ်ပါသည်။

၃။ ကြက်သားစားလို၍ ကြက်သတ်ရန် ပြုပြီးမှ မသတ်တော့ဘဲ ရှောင်ကြဉ်သောသူအား မည်သည့် ဝိရတီဖြစ်သည်ကို တိကျစွာ ဖြေဆို၍၊ ဝိရတီစေတသိက်သုံးပါးနှင့် ယှဉ်သည့်စိတ်တို့ကိုလည်း အမြဲ ယှဉ်၊ မယှဉ်အားဖြင့် ခွဲခြားပြီး ရေးသားပါ။
ကြက်သားစားလို၍ ကြက်သတ်ရန် ပြုပြီးမှ မသတ်တော့ဘဲ ရှောင်ကြဉ်သောသူအား –
“ကမ္မာကမ္မန္တ ဝိရတီ” ဖြစ်ပါသည်။

ဝိရတီစေတသိက်သုံးပါးနှင့် ယှဉ်သည့်စိတ်တို့မှာ –
အမြဲယှဉ်သောစိတ်မှာ = လောကုတ္တရာစိတ် ၈-ပါး
အမြဲမယှဉ် (ရံခါသာယှဉ်) သောစိတ်မှာ = မဟာကုသိုလ်စိတ် ၈-ပါး တို့ဖြစ်ပါသည်။

၎။ အမှန်တရားကို ကွယ်ဝှက်ထားတတ်သော မောဟမူစိတ်နှစ်ပါးနှင့် ယှဉ်တွဲ ဖြစ်နိုင်သော စေတသိက်တို့ကို ရေတွက်ပြ၍၊ စိတ်အကျယ် ၁၂၁-ပါးတို့တွင် သောမနဿဝေဒနာနှင့် ဥပေက္ခာဝေဒနာတို့၏ အရေအတွက်ကိုလည်း သင်္ချာမျှ ဖော်ပြပါ။
မောဟမူစိတ်နှစ်ပါးနှင့် ယှဉ်တွဲဖြစ်နိုင်သော စေတသိက်တို့မှာ –
ပီတ၊ ဆန္ဒကြဉ်သော အညသမာန်းစေတသိက် = ၁၁-ပါး
သဗ္ဗာကုသလသာဓာရဏ စေတသိက် = ၄-ပါး
ဝိစိကိစ္ဆာစေတသိက် = ၁-ပါး


ပေါင်း စေတသိက် = ၁၆-ပါး

စိတ်အကျယ် ၁၂၁-ပါး တို့တွင် ဣနြေ္ဒိယဘေဒနည်း ၊ အာရမ္မဏာနုဘဝနနည်း
သောမနဿဝေဒနာ = ၆၂-ပါး ၊ ၆၃-ပါး
ဥပေက္ခာဝေဒနာ = ၅၅-ပါး ၊ ၅၅-ပါး
ဖြစ်ပါသည်။
(မှတ်ချက်။ ဒုတိယပိုင်း မေးခွန်း၊ အဖြေသည် ပကိဏ်းပိုင်းတွင် အကျုံးဝင်ပါသည်။)

၂၀၀၀-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “မနာလိုခြင်း၊ ဝန်တိုခြင်း၊ ကင်းရှင်းကြပါစေ” ဟူသော မေတ္တာပို့ဝယ် မနာလိုခြင်း၊ ဝန်တိုခြင်းတို့၏ စေတသိက် အမည်မှန်ကို ဖော်ပြ၍၊ ဝီရိယစေတသိက်နှင့် ယှဉ်တွဲ၍ ဖြစ်ခွင့်မရှိသော စိတ်သရုပ်တို့ကိုလည်း တွက်ပြပါ။
“မနာလိုခြင်း၊ ဝန်တိုခြင်း၊ ကင်းရှင်းကြပါစေ” ဟူသော မေတ္တာပို့ဝယ် မနာလိုခြင်း၊ ဝန်တိုခြင်းတို့၏ စေတသိက်
အမည်မှန်မှာ –
မနာလိုခြင်း = ဣဿာစေတသိက်
ဝန်တိုခြင်း = မစ္ဆရိယစေတသိက် တို့ ဖြစ်ပါသည်။

ဝီရိယစေတသိက်နှင့် ယှဉ်တွဲ၍ ဖြစ်ခွင့်မရှိသော စိတ်သရုပ်တို့မှာ –
ဒွေပဉ္စဝိညာဏ် = ၁၀-ပါး
သမ္ပဋိစ္ဆိုင်း = ၂-ပါး
သန္တီရဏ = ၃-ပါး
ပဉ္စဒွါရာဝဇ္ဇန်း = ၁-ပါး


ပေါင်း ဝီရိယမယှဉ်သောစိတ် = ၁၆-ပါး တို့ ဖြစ်ပါသည်။

၂။ နှလုံးလေပင့်၍ ဘဝင်မြင့်နေသူ၏ သန္တာန်၌ ဖြစ်သောစေတသိက်ကို ယှဉ်ရာစိတ်နှင့်တကွ တိကျစွာဖော်ပြ၍၊
“လောကပါလ” အမည်ရသည့် ကမ္ဘာစောင့်တရား နှစ်ပါးကိုလည်းသဘော လက္ခဏာနှင့်တကွ ဖြေဆိုပါ။

နှလုံးလေပင့်၍ ဘဝင်မြင့်နေသူ၏ သန္တာန်၌ ဖြစ်သောစေတသိက်မှာ- “မာနစေတသိက်” ဖြစ်ပါသည်။ မာနစေတသိက်သည်
အနိယတယောဂီစေတသိက်ဖြစ်၍ ထောင်လွှားတက်ကြွခိုက်၌ လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါးနှင့် ယှဉ်ပါသည်။

“လောကပါလ” အမည်ရသည့် ကမ္ဘာစောင့်တရား နှစ်ပါး (ဟိရီ၊ သြတ္တပ္ပ)ကို သဘောလက္ခဏာနှင့် ဖြေဆိုရသော် –
ဟိရီ = မကောင်းမှုဒုစရိုက်မှ ရှက်တတ်၊ စက်ဆုပ်တတ်သော သဘောလက္ခဏာ၊
သြတ္တပ္ပ = မကောင်းမှုဒုစရိုက်မှ ကြောက်ရွံ့ ထိတ်လန့်တတ်သော သဘောလက္ခဏာ၊

၃။ လောကုတ္တရာစိတ်ကို မတူထူးခြား ကွဲပြားအောင်ပြုနိုင်သော ဈာန်တရားများကို ဖော်ပြ၍၊ ဒေါသမူ အသင်္ခါရိကစိတ်၌ ယှဉ်သည့် စေတသိက်တို့ကိုလည်း ဖြေဆိုပါ။
လောကုတ္တရာစိတ်ကို မတူထူးခြား ကွဲပြားအောင်ပြုနိုင်သော ဈာန်တရားများမှာ –
ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ (ဝေဒနာ) ဈာနင်တရားများ ဖြစ်ပါသည်။

ဒေါသမူ အသင်္ခါရိကစိတ်၌ယှဉ်သည့် စေတသိက်တို့မှာ –
ပီတိကြဉ်သော – အညသမာန်းစေတသိက် = ၁၂-ပါး
သဗ္ဗာကုသလ သာဓာရဏစေတသိက် = ၄-ပါး
ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ စေတသိက် = ၄-ပါး


ယှဉ်နိုင်သမျှ စေတသိက် = ၂၀-ပါး

(ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စတို့သည် အနိယတယောဂီစေတသိက်များဖြစ်ပြီး ရံခါအသီးသီး ယှဉ်ခြင်းကြောင့်
အမြဲယှဉ်စေတသိက် ၁၇-ပါး၊ တစ်ပြိုင်နက် ယှဉ်နိုင်သော စေတသိက် ၁၈-ပါး ဖြစ်၏။)

၎။ ဓမ္မကထိကဆရာတော်များ တရားဟောကြားခြင်းသည် “သမ္မာဝါစာ” ဖြစ်/မဖြစ် သမ္မာဝါစာ၏ လက္ခဏာကိုရှုကာ စိစစ် ဆုံးဖြတ်၍၊ ဝေဒနာတို့သည် ဣနြေ္ဒိယဘေဒနည်းအရ ငါးမျိုး ကွဲပြားရာ ယင်းငါးမျိုးတို့၏ အမည်တို့ကိုလည်း ဖော်ပြပါ။
ဓမ္မကထိကဆရာတော်များ တရားဟောကြားခြင်းသည် “သမ္မာဝါစာ” ဝိရတီ စေတသိက် မဖြစ်ပါ။
အကြောင်းမှာ- သမ္မာဝါစာဝိရတီ စေတသိက်ဆိုသည်မှာ အသက်မွေးဝမ်းကျောင်းခြင်းလျှင် အကြောင်းမရှိသော
ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်းသဘောဖြစ်သောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တရားဟောကြားခြင်းသည်
ကောင်းသောစကားပြောဆို ဟောကြားခြင်းဟူသော “ကထာသမ္မာဝါစာ” သဘောသာ ဖြစ်ပါသည်၊ ဝိရတီသမ္မာဝါစာ
မဟုတ်ပါ။

ဝေဒနာတို့သည် ဣနြေ္ဒိယဘေဒနည်းအရ ငါးမျိုးကွဲပြားရာ ယင်းငါးမျိုးတို့၏ အမည်များမှာ –
(၁) သုခဝေဒနာ
(၂) ဒုက္ခဝေဒနာ
(၃) သောမနဿဝေဒနာ
(၄) ဒေါမနဿဝေဒနာ
(၅) ဥပေက္ခာဝေဒနာ တို့ ဖြစ်ပါသည်။

၂၀၀၁-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “တွေ့တိုင်းမရှောင် ဒုစရိုက်ကောင်” ဟု အထူးပြု ပြောရလောက်အောင် အကုသိုလ်ဒုစရိုက်မှု ပြုလုပ်တိုင်း
ပါဝင်လေ့ရှိသော စေတသိက်များကို ဖော်ပြ၍၊ စိတ်အများဆုံးနှင့် ယှဉ်သော စေတသိက်၊ စိတ်အနည်းဆုံးနှင့်ယှဉ်သော
စေတသိက်တို့ကိုလည်း ဖြေဆိုပါ။

“တွေ့တိုင်းမရှောင် ဒုစရိုက်ကောင်” ဟု အထူးပြု ပြောရလောက်အောင် အကုသိုလ် ဒုစရိုက်မှု ပြုလုပ်တိုင်း
ပါဝင်လေ့ရှိသော စေတသိက်များမှာ – သဗ္ဗာကုသလယောဂီစေတသိက် ၁၄-ပါး ဖြစ်ပါသည်။
၎င်းတို့မှာ –
သဗ္ဗစိတ္တသာဓာရဏစေတသိက် = ၇-ပါး
ဝိတက်၊ ဝိစာရ၊ ဝီရိယ- ပကိဏ်းစေတသိက် = ၃-ပါး
သဗ္ဗာကုသလသာဓာရဏစေတသိက် = ၄-ပါး
(မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ္စ)


ပေါင်း = ၁၄-ပါး ဖြစ်ပါသည်။

စိတ်အများဆုံးနှင့်ယှဉ်သော စေတသိက်မှာ –
သဗ္ဗစိတ္တသာဓာရဏစေတသိက် = ၇-ပါး
စိတ်အနည်းဆုံးနှင့်ယှဉ်သော စေတသိက်မှာ – ဝိစိကိစ္ဆာစေတသိက် ဖြစ်ပါသည်။

၂။ “အရှက်အကြောက်ကြီးလွန်းတယ်” ဟူသော အသုံးအနှုန်းဝယ် အရှက်၊ အကြောက်တို့၏ ပရမတ် အမည်မှန်ကို ဖော်ဆောင်၍၊ ဆန္ဒစေတသိက်နှင့်ယှဉ်တွဲ၍ ဖြစ်နိုင်သောစိတ်တို့ကိုလည်း ဖြေဆိုပါ။
အရှက်၊ အကြောက်တို့၏ ပရမတ်အမည်မှန်မှာ – ဟိရီနှင့် သြတ္တပ္ပတို့ ဖြစ်ပါသည်။

ဆန္ဒစေတသိက်နှင့်ယှဉ်တွဲ၍ ဖြစ်နိုင်သောစိတ်တို့မှာ –
မောဟမူဒွေ၊ အဟိတ်စိတ် ၁၈-ပါး ပေါင်း (၂၀)ပါး ကြဉ်သော စိတ်အကျဉ်း (၆၉)ပါး၊ စိတ်အကျယ် (၁၀၁)ပါး တို့
ဖြစ်နိုင်ပါသည်။

၃။ “အလှူဒါနပြုလုပ်တာ အကျိုးမရှိပါဘူးကွာ” ဟု တလွဲယူဆသောသူ၏ သန္တာန်၌ ဖြစ်သော စေတသိက်ကို
လက္ခဏာနှင့်တကွ ဖြေဆို၍၊ လောကုတ္တရာ ဒုတိယဈာန်၌ ယှဉ်ခွင့်ရသော စေတသိက်တို့ကိုလည်း ရေးသားပါ။

“အလှူဒါနပြုလုပ်တာ အကျိုးမရှိပါဘူးကွာ” ဟု တလွဲယူဆသောသူ၏ သန္တာန်၌ဖြစ်သော စေတသိက်မှာ-
“ဒိဋ္ဌိစေတသိက်” ဖြစ်ပါသည်၊ ၎င်း၏ လက္ခဏာမှာ မှားမှားယွင်းယွင်း သိမြင် အယူမှားခြင်းသဘော ဖြစ်ပါသည်။

လောကုတ္တရာ ဒုတိယဈာန်၌ ယှဉ်ခွင့်ရသော စေတသိက်တို့မှာ –
ဝိတက်ကြဉ်သော အညသမာန်းစေတသိက် = ၁၂-ပါး
သောဘနသာဓာရဏ စေတသိက် = ၁၉-ပါး
ဝိရတီ စေတသိက် = ၃-ပါး
ပညာ စေတသိက် = ၁-ပါး


ပေါင်း = ၃၅-ပါး ဖြစ်ပါသည်။

၂၀၀၂-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “စိတ်ရှည်ဇွဲသန် သည်းညည်းခံ ပြုရန်သာသနာ”ဟု သာသနာပြုလိုသူတို့အတွက် လက်ကိုင်ကျင့်သုံးရမည့် တရားတို့တွင် “ဇွဲ”အရ ဖြစ်သင့်သော စေတသိက်တရား၊ “သည်းခံခြင်း”အရ ဖြစ်သင့်သော စေတသိက်တရားတို့ကို တိကျစွာ ကောက်ပြ၍၊ ယင်းစေတသိက် တရားတို့နှင့်တကွ ဖြစ်ဖက်စိတ်တရားတို့ကိုလည်း တွဲဖက်ဖော်ပြပါ။
“ဇွဲ” အရ ဖြစ်သင့်သော စေတသိက်တရားမှာ – “ဝီရိယစေတသိက်” ဖြစ်ပါသည်။
“သည်းခံခြင်း”အရ ဖြစ်သင့်သော စေတသိက်တရားမှာ – “အဒေါသစေတသိက်” ဖြစ်ပါသည်။

ယင်းစေတသိက်တရားတို့နှင့်တကွ ဖြစ်ဖက်စိတ်တရားတို့မှာ –
ဝီရိယစေတသိက်သည် – (ဒွေပဉ္စဝိညာဏ် – ၁၀၊ သမ္ပဋိစ္ဆိုင်း – ၂၊ သန္တီရဏ – ၃၊ ပဉ္စဒွါရာဝဇ္ဇန်း – ၁ = ပေါင်း ၁၆-ပါး
ကြဉ်သော) စိတ်အကျဉ်း (၇၃)ပါး၊ စိတ်အကျယ် (၁၀၅)ပါး တို့နှင့်တကွ ဖြစ်ပါသည်။
အဒေါသစေတသိက်သည် – သောဘနစိတ်အကျဉ်း (၅၉)ပါး၊ အကျယ် (၉၁)ပါးတို့နှင့်တကွ ဖြစ်ပါသည်။

၂။ လူသားစစ်စစ်ဖြစ်သော မိဘသည်ပင် “ဗြဟ္မာမည်ရ ခေါ်ထိုက်ရအောင် ပြုတတ်သော စေတသိက်တရား”တို့ကို
သဘောလက္ခဏာနှင့်တကွ ဖြေဆိုခဲ့ပါ။

လူသားစစ်စစ်ဖြစ်သော မိဘသည်ပင် “ဗြဟ္မာမည်ရ ခေါ်ထိုက်ရအောင် ပြုတတ်သော စေတသိက်”တရားတို့မှာ –
မေတ္တာ(အဒေါသ)၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ (တတြမဇ္ဈတ္တတာ) တို့ဖြစ်ပါသည်။

၎င်း စေတသိက်တရားတို့၏ သဘောလက္ခဏာများမှာ –
အဒေါသ = သတ္တဝါတို့၏ အကျိုးစီးပွားကို လိုလားသောအားဖြင့် ဖြစ်ခြင်း သဘောလက္ခဏာ၊
ကရုဏာ = သူတစ်ပါး၏ ဆင်းရဲကို ပယ်ခြင်းငှာအလိုရှိခြင်း သဘောလက္ခဏာ၊
မုဒိတာ = သူတစ်ပါး၏စည်းစိမ်ကို ဝမ်းမြောက်ခြင်း သဘောလက္ခဏာ၊
တတြမဇ္ဈတ္တတာ = စိတ်၊ စေတသိက်တို့ကို မိမိတို့ကိစ္စ၌ အပိုအလွန်မရှိရအောင် အလယ်အလတ် တည့်မတ်တတ်
လျစ်လျူရှုတတ်သော သဘောလက္ခဏာ၊

၃။ “ငါလုပ်တာအဟုတ်” ဟု နားထင်သွေးရောက် အထင်ပေါက်နေသောသူ၏ သန္တာန်၌ ဖြစ်သော စေတသိက်၊
ယင်းစေတသိက်၏ ယှဉ်ဘက်စိတ်တို့ကိုလည်း ဖော်ပြပါ။

“ငါလုပ်တာအဟုတ်” ဟု နားထင်သွေးရောက် အထင်ပေါက်နေသောသူ၏ သန္တာန်၌ ဖြစ်သော စေတသိက်မှာ –
မာနစေတသိက် ဖြစ်ပါသည်။
၎င်းစေတသိက်၏ ယှဉ်ဘက်စိတ်မှာ – ထောင်လွှားမှုဖြစ်ခိုက်၌ လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ် ၄-ပါးနှင့် ယှဉ်ပါသည်။

၂၀၀၃-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “စေတနာသည်ပင် ကံ” ဟု ဆိုကြရာ “ကံ၏ အကျိုးတရား ရှိလေသလား/မရှိလေသလား” ဟုဖြစ်သော
လှေနံနှစ်ဖက်နင်းသော စေတသိက်နှင့် “ကံ၏ အကျိုးတရား မရှိ” ဟု ယတိပြတ် ဆုံးဖြတ်မှုဖြင့် အယူမှားဘက်သို့ရောက်သော စေတသိက်ကို သဘောလက္ခဏာနှင့်တကွ ဖြေဆိုရေးသားခဲ့ပါ။

“ကံ၏ အကျိုးတရား ရှိလေသလား/မရှိလေသလား” ဟု ဖြစ်သော လှေနံနှစ်ဖက်နင်းသော စေတသိက်မှာ – “ဝိစိကိစ္ဆာစေ
တသိက်” ဖြစ်ပါသည်။
၎င်းစေတသိက်၏ သဘောလက္ခဏာမှာ – ရတနာ ၃-ပါး၊ ကံ၊ ကံ၏ အကျိုးတို့၌ ယုံမှားသံသယ ဖြစ်ခြင်းသဘော ဖြစ်ပါသည်။

“ကံ၏ အကျိုးတရား မရှိ” ဟု ယတိပြတ် ဆုံးဖြတ်မှုဖြင့် အယူမှားဘက်သို့ ရောက်သော စေတသိက်မှာ – “ဒိဋ္ဌိစေတသိက်”
ဖြစ်ပါသည်။
၎င်းစေတသိက်၏ သဘောလက္ခဏာမှာ – မှားမှားယွင်းယွင်း သိမြင်အယူမှားခြင်း သဘောလက္ခဏာ ဖြစ်ပါသည်။

၂။ “ကာကွယ်ရေးလည်း မဟုတ်၊ ရွာနယ်ရေးလည်း မဟုတ်၊ တိုင်းပြည်ဘဏ္ဍာ ဆုတ်အောင် ဒါန မလုပ်နဲ့” ဟု ပြောသူ၏ သန္တာန်၌ ဖြစ်သသောတရားကို သဘောလက္ခဏာနှင့်တကွ ရေး၍၊ အမြဲမယှဉ်သော စေတသိက်တို့ကို ရေတွက်ပြကာ၊
ကရုဏာ၊ မုဒိတာ တရားနှစ်ပါး၏ သဘောလက္ခဏာကိုလည်း ရေးသားခဲ့ပါ။

“ကာကွယ်ရေးလည်း မဟုတ်၊ ရွာနယ်ရေးလည်း မဟုတ်၊ တိုင်းပြည်ဘဏ္ဍာ ဆုတ်အောင် ဒါန မလုပ်နဲ့” ဟု
ပြောသူ၏သန္တာန်၌ ဖြစ်သောတရားမှာ –
“ဒိဋ္ဌိစေတသိက်” ဖြစ်ပါသည်။ (အကြောင်းမှာ – အကျိုးမရှိ ဒါနလုပ်၍ တိုင်းပြည်ဘဏ္ဍာ ကုန်ရုံသာဖြစ်မည်ဟု
မှားယွင်းသော အယူရှိသောကြောင့် ဖြစ်၏။) ၎င်းစေတသိက်၏ သဘောလက္ခဏာမှာ – မှားမှားယွင်းယွင်း သိမြင်
အယူမှားခြင်း သဘော လက္ခဏာ ဖြစ်ပါသည်။
(တစ်နည်း)
“မစ္ဆရိယစေတသိက်” ဖြစ်ပါသည်။ (အကြောင်းမှာ – တွန့်တို ဆုတ်နစ်မှု အနေအားဖြင့် ပြောသောကြောင့် ဖြစ်၏။)
၎င်းစေတသိက်၏ သဘောလက္ခဏာမှာ – မိမိတိုင်းပြည်၏ စည်းစိမ်ကို လျှို့ဝှက် ဝန်တိုခြင်းသဘော လက္ခဏာ ဖြစ်ပါသည်။
အမြဲမယှဉ်သော စေတသိက်မှာ – အနိယတယောဂီစေတသိက် ၁၁-ပါး ဖြစ်သော “မာန၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ထိန၊
မိဒ္ဓ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ ကရုဏာ၊ မုဒိတာ တို့ ဖြစ်ပါသည်။
ကရုဏာ၊ မုဒိတာ တရားနှစ်ပါး၏ သဘောလက္ခဏာများမှာ –
ကရုဏာ = သူတစ်ပါး၏ ဆင်းရဲကို ပယ်ခြင်းငှာ အလိုရှိခြင်း သဘောလက္ခဏာ၊
မုဒိတာ = သူတစ်ပါး၏ စည်းစိမ်ပြည့်စုံမှုကို ဝမ်းမြောက်ခြင်း သဘောလက္ခဏာ၊

၃။ မနောဓာတ် သုံးပါးကို ရေတွက်ပြပြီးလျှင် အခြေအမြစ် ဟိတ်မရှိသောစိတ်တို့ကို ကောက်ပြ၍၊ ယှဉ်ဘက်စေတသိက် တို့ကိုလည်း ရေတွက်ပြပါ။
မနောဓာတ် သုံးပါး = ပဉ္စဒွါရာဝဇ္ဇန်း – ၁ နှင့် သမ္ပဋိစ္ဆိုင်း – ၂ တို့ ဖြစ်ပါသည်။
အခြေအမြစ် ဟိတ်မရှိသောစိတ်မှာ = အဟိတ်စိတ် ၁၈-ပါး ဖြစ်ပါသည်။
ယှဉ်ဘက်စေတသိက်များမှာ = ဆန္ဒကြဉ်သော အညသမာန်းစေတသိက် ၁၂-ပါး ဖြစ်ပါသည်။

၎။ “ငါသာလျှင် မြတ်၏၊ ငါသာလျှင် တတ်၏၊ ငါလိုလူ ဇမ္ဗူတွင် မရှိ” ဟု မာန်ထောင်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ဖြစ်သော စေတသိက်ကို သဘောလက္ခဏာနှင့်တကွ ရေး၍၊ အလုံးစုံသော စိတ်တို့နှင့် ဆက်ဆံသော စေတသိက်တို့ကိုလည်း အစဉ်လိုက် ရေတွက်ခဲ့ပါ။
“ငါသာလျှင် မြတ်၏၊ ငါသာလျှင် တတ်၏၊ ငါလိုလူ ဇမ္ဗူတွင် မရှိ” ဟု မာန်ထောင်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်သော
စေတသိက်မှာ – “မာနစေတသိက်” ဖြစ်ပါသည်။

၎င်းစေတသိက်၏သဘောလက္ခဏာမှာ – ထောင်လွှားတက်ကြွခြင်း သဘောဖြစ်ပါသည်။
အလုံးစုံသောစိတ်တို့နှင့် ဆက်ဆံသော စေတသိက်မှာ – သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ပါး ဖြစ်ပါသည်။
၎င်းတို့ကို အစဉ်လိုက် ရေတွက်ပြရသော် – ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရ
တို့ဖြစ်ပါသည်။

၅။ “နှစ်သက်မှု နှင့် အချစ်ပျက်မှု တဏှာချစ် နှင့် မေတ္တာချစ်” တို့၏ သဘောလက္ခဏာကို ရေးခဲ့ပါ။
နှစ်သက်မှု (ပီတိ)၏ သဘောလက္ခဏာ = အာရုံကို နှစ်သက်ခြင်းသဘော၊
အချစ်ပျက်မှု (ဒေါသ)၏ သဘောလက္ခဏာ = ခက်ထန် ကြမ်းတမ်းခြင်းသဘော၊
တဏှချစ် (လောဘ)၏ သဘောလက္ခဏာ = အာရုံ၌ တွယ်တာကပ်ငြိခြင်းသဘော၊
မေတ္တာချစ် (အဒေါသ)၏ သဘောလက္ခဏာ = မခက်ထန် မကြမ်းတမ်း၊ အကျိုးလိုလားချမ်းသာစေခြင်းသဘော၊

၂၀၀၄-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “စိတ်သွားတိုင်း ကိုယ်ပါ” ဟူသော စကားကဲ့သို့ စိတ်ဖြစ်တိုင်း ပါဝင်လေ့ရှိသော စေတသိက် အမည်များကို ဖော်ပြ၍၊ ၎င်းစေတသိက်တို့တွင် ရှေ့သုံးပါးတို့၏ လက္ခဏာတို့ကို ရေးခဲ့ပါ။
“စိတ်သွားတိုင်း ကိုယ်ပါ” ဟူသော စကားကဲ့သို့ စိတ်ဖြစ်တိုင်း ပါဝင်လေ့ရှိသော စေတသိက် အမည်များမှာ –
ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရ ဟူသော သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ပါး ဖြစ်ပါသည်။
၎င်းစေတသိက်တို့တွင် ရှေ့သုံးပါးတို့၏ လက္ခဏာတို့ကို ရေးပြရသော် –
ဖဿ၏ သဘောလက္ခဏာ = အာရုံကို တွေ့ထိခြင်းသဘော၊
ဝေဒနာ၏ သဘောလက္ခဏာ = အာရုံ၏ အရသာကို ခံစားခြင်းသဘော၊
သညာ၏ သဘောလက္ခဏာ = အာရုံကို မှတ်သားခြင်းသဘော ဖြစ်ပါသည်။

၂။ အရပ်တစ်ပါးရှိ မိဘ၊ မောင်နှမ ဆွေမျိုးများကို အောက်မေ့လွမ်းဆွတ်သူ၏ သန္တာန်၌ ဖြစ်သော စေတသိက်သည် –
(က) သတိစေတသိက် ဟုတ်/မဟုတ်၊
(ခ) မည်သည့်စေတသိက် ဖြစ်သည်၊
(ဂ) ၎င်းစေတသိက်၌ စိတ်မည်မျှ ယှဉ်သည်ကို ဖော်ပြပါ။

အရပ်တစ်ပါးရှိ မိဘ၊ မောင်နှမ၊ ဆွေမျိုးများကို အောက်မေ့လွမ်းဆွတ်သူ၏ သန္တာန်၌ ဖြစ်သော စေတသိက်သည် –
(က) သတိစေတသိက် မဟုတ်ပါ။
(ခ) သညာစေတသိက် ဖြစ်ပါသည်။
(ဂ) ၎င်းစေတသိက်၌ ယှဉ်နိုင်သမျှသောစိတ်မှာ – စိတ်အကျဉ်း (၈၉)ပါး၊ အကျယ် (၁၂၁)ပါး ဖြစ်၍၊ လွမ်းဆွတ်ခိုက် လောဘမူစိတ် (၈)ပါးနှင့် ဒေါသမူစိတ် (၂)ပါး အသီးသီး ဖြစ်နိုင်ပါသည်။

၃။ (က) ဝီရိယနှင့်သာ ယှဉ်၍ ပီတိနှင့် မယှဉ်သော အဟိတ်စိတ်၊
(ခ) ဝီရိယ၊ ပီတ နှစ်ပါးစုံယှဉ်သော အဟိတ်စိတ်တို့ကို ဖော်ပြပါ။

(က) ဝီရိယနှင့် သာယှဉ်၍ ပီတိနှင့်မယှဉ်သော အဟိတ်စိတ်မှာ –
“မနောဒွါရာဝဇ္ဇန်းစိတ်” ဖြစ်ပါသည်။
(ခ) ဝီရိယ၊ ပီတိ နှစ်ပါးစုံယှဉ်သော အဟိတ်စိတ်မှာ –
“ဟသိတုပ္ပါဒ်စိတ်” ဖြစ်ပါသည်။

၂၀၀၅-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “သဒ္ဓါ၊ ပညာ၊ သမာ၊ ဝီရိ၊ စောင်းနှယ်ညှိသို့” ဟူသော လင်္ကာ၌ ပါဝင်သော သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ဝီရိယစေတသိက် တို့၏ အသီးသီးသော သဘောလက္ခဏာတို့ကို ဖြေဆိုခဲ့ပါ။
သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ဝီရိယ စေတသိက်တို့၏ အသီးသီးသော သဘောလက္ခဏာများမှာ-
သဒ္ဓါ = ရတနာသုံးပါး၊ ကံ၊ ကံ၏အကျိုး စသည်ကို ကြည်ညို လေးမြတ် ယုံကြည်တတ်သော
သဘောလက္ခဏာ၊
ပညာ = အာရုံ၏ သဘောအမှန်ကို ထိုးထွင်း၍ သိခြင်း၊ အမှားအမှန်ကို ခွဲခြား ချင့်ချိန် သိမြင်နိုင်ခြင်း
သဘောလက္ခဏာ၊
သမာဓိ(ဧကဂ္ဂတာ) = အာရုံ၌ တည်တံ့ခြင်း၊ စူးစိုက်တည်ကြည်ခြင်း သဘောလက္ခဏာ၊
ဝီရိယ = သမ္ပယုတ်တရားတို့ကို ထောက်ပံ့ခိုင်စေခြင်း သဘောလက္ခဏာ၊

၂။ “အချစ်ကြီးလျှင် အမျက်ကြီးသည်” ဟုဆိုကြရာ အချစ်ကြီးနှင့် အမျက်ကြီးခြင်းသည် အတူတကွ ဖြစ်နိုင်/မဖြစ်နိုင် ဖြေဆိုပြီးလျှင်၊ အကုသိုလ်စိတ်ဖြစ်တိုင်း ပါဝင်သော စေတသိက် တို့ကို ဖော်ပြပါ။
“အချစ်ကြီးလျှင် အမျက်ကြီးသည်” ဟုဆိုကြရာ အချစ်ကြီးနှင့် အမျက်ကြီးခြင်းသည် အတူတကွ မဖြစ်နိုင်ပါ။ အကြောင်းမှာ –
အချစ်ကြီးခြင်း (လောဘစေတသိက်) သည် လောဘမူစိတ် ၈-ပါး နှင့် ယှဉ်၍၊ အမျက်ကြီးခြင်း (ဒေါသစေတသိက်) သည်
ဒေါသမူစိတ် ၂-ပါးနှင့်သာ ယှဉ်သောကြောင့် ဖြစ်ပါသည်။

အကုသိုလ်စိတ်ဖြစ်တိုင်း ပါဝင်သော စေတသိက်တို့မှာ –
သဗ္ဗစိတ္တသာဓာရဏစေတသိက် = ၇-ပါး
ဝိတက်၊ ဝိစာရ၊ ဝီရိယ-ပကိဏ်းစေတသိက် = ၃-ပါး
သဗ္ဗာကုသလသာဓာရဏစေတသိက် = ၄-ပါး


ပေါင်း သဗ္ဗာကုသလယောဂီစေတသိက် = ၁၄-ပါး ဖြစ်ပါသည်။

၃။ “ကရုဏာဒေါသနှင့် ပြောမိတာပါ” ဟုလောက၌ လူအများ သုံးနှုန်းနေကြရာ ၎င်းကရုဏာ ဒေါသ ဟူသော စကားသည် အဘိဓမ္မာအမြင်ဖြင့် ရှိနိုင်/မရှိနိုင်ကို စာဖြေရှင်တို့၏ စိတ်ကူးဉာဏ်ဖြင့် ကွန့်မြူးပြပါ။
“ကရုဏာဒေါနှင့် ပြောမိတာပါ” ဟုလောက၌ လူအများသုံးနှုန်းနေကြရာ ၎င်းကရုဏာဒေါသ ဟူသောစကားသည်
အဘိဓမ္မာအမြင်ဖြင့် မရှိနိုင်ပါ။
အကြောင်းမှာ –
ကရုဏာ ဟူသည်မှာ- သူတစ်ပါး၏ ဆင်းရဲကို ပယ်ဖျောက်စေလိုခြင်း လက္ခဏာ ရှိ၏၊ ဒုက္ခိတသတ္တဝါပညတ်ကို
အာရုံပြု၍ သနားကြင်နာတတ်သော သဘောရှိပါသည်။
ဒေါသသည် ခက်ထန်ကြမ်းတမ်းခြင်း လက္ခဏာရှိ၏၊ မိမိ၊ သူတစ်ပါး နှစ်ဦးသားကို ဖျက်ဆီးတတ်သော
သဘောရှိပါသည်။
ထို့ကြောင့် အဘိဓမ္မာအမြင်အားဖြင့် ကရုဏာနှင့် ဒေါသသည် သဘောလက္ခဏာအားဖြင့် ကွဲပြား၍ အတူတကွ
မဖြစ်နိုင်သောကြောင့် ကရုဏာဒေါသဟူသော စကားသည် ‘မရှိနိုင်’ ဟုဆိုရခြင်း ဖြစ်ပါသည်။

၎။ “မကောင်းလည်း ကံ၊ ကောင်းလည်း ကံ” ဟုဗုဒ္ဓဘာသာအများစု ပြောဆိုတတ်ကြရာ ၎င်း၌ပါသော “ကံ” ဟူသည် မည်သည့်တရားကို ခေါ်ပါသနည်း၊ ယှဉ်ဖော်ယှဉ်ဘက်တရားနှင့်တကွ ဖော်ပြခဲ့ပါ။
“မကောင်းလည်း ကံ၊ ကောင်းလည်း ကံ” ဟု ဗုဒ္ဓဘာသာအများစု ပြောဆိုတတ်ကြရာ ၎င်း၌ပါသော “ကံ” ဟူသည်မှာ –
“စေတနာ” တရားကို ခေါ်ပါသည်။

၎င်းစေတနာစေတသိက်သည်- စိတ်အကျဉ်း (၈၉)ပါး၊ စိတ်အကျယ် (၁၂၁)ပါးနှင့် ယှဉ်ပါသည်။

၂၀၀၆-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “ဝန်တိုမှုကင်းလျှင် အချစ်မမည်” ဟုဆိုရာ ဝန်တိုမှုနှင့် ချစ်ခြင်းသည် အတူယှဉ်တွဲ၍ ဖြစ်နိုင်/မဖြစ်နိုင် ဖြေဆိုပြီးလျှင် ၊ “အကြောက်ရှိမှ အရှက်ရှိသည်” ဟုဆိုရာ ကြောက်ခြင်း နှင့် ရှက်ခြင်းသည် အတူယှဉ်တွဲ၍ ဖြစ်နိုင်/မဖြစ်နိုင် ကိုလည်း ဖြေဆိုခဲ့ပါ။
“ဝန်တိုမှုကင်းလျှင် အချစ်မမည်” ဟုဆိုရာ ဝန်တိုမှုနှင့် ချစ်ခြင်းသည် အတူယှဉ်တွဲ၍ ‘မဖြစ်နိုင်ပါ’။
အကြောင်းမှာ-ဝန်တိုမှု(မစ္ဆရိယစေတသိက်) သည် ဒေါသမူစိတ် ၂-ပါး နှင့် ယှဉ်ပြီး ချစ်ခြင်း (လောဘစေတသိက်)
သည် လောဘမူစိတ် ၈-ပါး နှင့် ယှဉ်သောကြောင့်ဖြစ်ပါသည်။
“အကြောက်ရှိမှ အရှက်ရှိသည်” ဟုဆိုရာ ကြောက်ခြင်း နှင့် ရှက်ခြင်းသည် အတူယှဉ်တွဲ၍ ဖြစ်နိုင်ပါသည်။
အကြောင်းမှာ – ကြောက်ခြင်း (သြတ္တပ္ပ) နှင့် ရှက်ခြင်း (ဟိရီ) တို့သည် သောဘန သာဓာရဏ စေတသိက်
များဖြစ်၍၊ သောဘနစိတ်ဖြစ်တိုင်း အမြဲယှဉ်နိုင် ဆက်ဆံနိုင်သောကြောင့် ဖြစ်ပါသည်။

၂။ “လုံ့လနှင့်ကံ၊ ကျိုးပေးသန်၊ အကြံမပေါ့နှင့်” ဟူသော ဆုံးမစာပါ (က) လုံ့လ (ခ) ကံ (ဂ) အကြံ ဟူသော
စေတသိက်တို့၏ သဘောလက္ခဏာကို ဖြေဆို၍၊ စိတ်၌ တင့်တယ်သောစိတ် (သောဘနစိတ်)၊ မတင့်တယ်သောစိတ် (အသောဘနစိတ်)ရှိသကဲ့သို့ စေတသိက်၌လည်း ရှိနိုင်/မရှိနိုင် ဖြေဆိုခဲ့ပါ။

“လုံ့လနှင့်ကံ၊ ကျိုးပေးသန်၊ အကြံမပေါ့နှင့်” ဟူသော ဆုံးမစာပါ –
(က) လုံ့လ(ဝီရိယ) စေတသိက် = သမ္ပယုတ်တရားတို့ကို ထောက်ပံ့ ခိုင်စေခြင်း သဘောလက္ခဏာ၊
(ခ) ကံ (စေတနာ) စေတသိက် = အာရုံ၌ သမ္ပယုတ်တရားတို့ကို စေ့ဆော်ခြင်းသဘော လက္ခဏာ၊
(ဂ) အကြံ(ဝိတက်) စေတသိက် = သမ္ပယုတ်တရားတို့ကို အာရုံသို့ တင်ပေးခြင်းသဘော လက္ခဏာ၊

စိတ်၌ တင့်တယ်သောစိတ် (သောဘနစိတ်) ၊ မတင့်တယ်သောစိတ် (အသောဘနစိတ်) ရှိသကဲ့သို့
စေတသိက်၌လည်း ရှိနိုင်/မရှိနိုင် ဖြေဆိုရသော် –
စေတသိက် ၅၂-ပါး၌ ဘောဘနစေတသိက် ၂၅-ပါး အုပ်စုအားဖြင့် လာရှိသဖြင့် တင့်တယ်သော (သောဘန)
စေတသိက် ရှိပါသည်။
မတင့်တယ်သော (အသောဘန) စေတသိက်ဟူ၍ သီးခြားအုပ်စု ဖော်ပြထားခြင်း မရှိပါ။
သို့သော် အသောဘနစိတ် ၃၀-ပါး ဖြစ်သော အကုသိုလ်စိတ် ၁၂-ပါး ၊ အဟိတ်စိတ် ၁၈-ပါး တို့အနက် အဟိတ်စိတ်
၁၈-ပါး၌သာယှဉ်သော သီးခြားစေတသိက်များ မရှိသဖြင့် အကုသိုလ်စိတ်များနှင့်သာယှဉ်သော အကုသိုလ်စေတသိက် ၁၄-
ပါးကို မတင့်တယ်သော (အသောဘန) စေတသိက်ဟု ပရိယာယ်အားဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

၃။ “ကိုယ်နှင့်မစာ လူတကာ မေတ္တာမတုံးနှင့်” ဟူ၍ ပြောဆိုဆုံးမကြရာ ၎င်းဆုံးမစကား၌ ပါသော “တကယ့်မေတ္တာစစ် မေတ္တာမှန်၏ စေတသိကဓမ္မ” ကိုဖော်ပြ၍ ယင်းနှင့် ယှဉ်သော စိတ်ကို ဇာတိ၊ ဘူမိဘေဒ အားဖြင့် ဖော်ပြပါ။
“ကိုယ်နှင့်မစာ လူတကာ မေတ္တာမတုံးနှင့်” ဟူ၍ ပြောဆို ဆုံးမကြရာ ၎င်းဆုံးမစကား၌ပါသော “တကယ့်မေတ္တာစစ်
မေတ္တာမှန်၏ စေတသိကဓမ္မ” မှာ – “အဒေါသစေတသိက်” ဖြစ်ပါသည်။

၎င်းနှင့်ယှဉ်သောစိတ်မှာ – သောဘနစိတ် အကျဉ်း (၅၉)ပါး ၊ အကျယ် (၉၁)ပါး ဖြစ်ပါသည်။
၎င်းစိတ်ကို ဇာတိဘေဒအားဖြင့် ဖော်ပြရသော် –
စိတ်အကျဉ်း ၊ စိတ်အကျယ်
အကုသိုလ်စိတ် = မရှိပါ မရှိပါ
ကုသိုလ်စိတ် = ၂၁-ပါး ၊ ၃၇-ပါး
ဝိပါက်စိတ် = ၂၁-ပါး ၊ ၃၇-ပါး
ကြိယာစိတ် = ၁၇-ပါး ၊ ၁၇-ပါး


ပေါင်း သောဘနစိတ် = ၅၉-ပါး ၊ ၉၁-ပါး

ဘူမိဘေဒအားဖြင့် ဖော်ပြရသော် –
စိတ်အကျဉ်း ၊ စိတ်အကျယ်
ကာမာဝစရစိတ် = ၂၄-ပါး ၊ ၂၄-ပါး
ရူပါဝစရစိတ် = ၁၅-ပါး ၊ ၁၅-ပါး
အရူပါဝစရစိတ် = ၁၂-ပါး ၊ ၁၂-ပါး
လောကုတ္တရာစိတ် = ၈-ပါး ၊ ၄၀-ပါး


ပေါင်း သောဘနစိတ် = ၅၉-ပါး ၉၁-ပါး

၎။ “မျဉ်းပြိုင်နှစ်စင်း စိတ်စေခင်း” ဆိုသည့်အတိုင်း “ဖဿ” စိတ်၊ စေတသိက်ပေါင်း မည်မျှ ရှိသည်ကို သင်္ချာမျှဖော်ပြပြီးလျှင်၊ “ဌာနဌာန ကောသလ္လ” ဆိုထားရာ ဌာနသရုပ်ကိုလည်း ထုတ်ပြပါ။
“မျဉ်းပြိုင်နှစ်စင်း စိတ်စေခင်း” ဆိုသည့်အတိုင်း ‘ဖဿ’ စိတ်၊ စေတသိက်ပေါင်းမှာ – ၈၉/၁၂၁-ပါး ရှိပါသည်။
အကြောင်းမှာ – ‘ဖဿ’ စေတသိက်သည် စိတ် ၈၉/၁၂၁-ပါး နှင့် ယှဉ်နိုင်သောကြောင့် ဖြစ်ပါသည်။
‘ဌာနဌာန ကောသလ္လ’ ဆိုထားရာ ဌာန (၁၀)ပါး သရုပ်မှာ –
(၁) ပဋိသန္ဓေဌာန
(၂) ဘဝင်ဌာန
(၃) အာဝဇ္ဇန်းဌာန
(၄) ပၪၥဝိညာဏ္ဌာန
(၅) သမ္ပဋိစ္ဆိုင်းဌာန
(၆) သန္တီရဏဌာန
(၇) ဝုဋ္ဌောဌာန
(၈) ဇောဌာန
(၉) တဒါရုံဌာန
(၁၀) စုတိဌာန တို့ဖြစ်ပါသည်။

၅။ လူမှုနယ်ပယ်၌ အပယ်ခံအကျည်းတန်များရှိသလို ပရမတ်နယ်ပယ်၌လည်း အပယ်ခံ စေတသိက်များ ရှိနိုင်/မရှိနိုင် စိတ်အုပ်စုတို့အလိုက် ခွဲခြားဖြေဆိုပြီးလျှင်၊ စေတသိက် ၅၂-ပါး ကိုလည်း ဈာန်အင်္ဂါအမည်ရသော စေတသိက်နှင့် ဈာန်အင်္ဂါ
အမည်မရသော စေတသိက်တို့ကိုလည်း သင်္ချာမျှ ခွဲခြားပြပါ။

လူမှုနယ်ပယ်၌ အပယ်ခံအကျည်းတန်များရှိသလို ပရမတ်နယ်ပယ်၌လည်း အပယ်ခံ စေတသိက်များ (အကုသိုလ်
စေတသိက် ၁၄-ပါး) ရှိနိုင်ပါသည်။

ပယ်ရမည့် အကုသိုလ်စေတသိက်တို့ကို စိတ်အုပ်စုတို့အလိုက် ခွဲခြားဖြေဆိုရသော် –
မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ = အကုသိုလ်စိတ် ၁၂-ပါးလုံး၊
လောဘ = လောဘမူစိတ် ၈-ပါး၊
ဒိဋ္ဌိ = လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၊
မာန = လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၊
ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ = ဒေါသမူစိတ် ၂-ပါး၊
ထိန-မိဒ္ဓ = အကုသိုလ် သ-သင်္ခါရိကစိတ် ၅-ပါး၊
ဝိစိကိစ္ဆာ = ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ၁-ပါး၊

ဈာန်အင်္ဂါအမည်ရသော စေတသိက် = ၅-ပါး
ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ (သုခ၊ ဥပေက္ခာ)၊ ဧကဂ္ဂတာ
ဈာန်အင်္ဂါအမည်မရသော စေတသိက် = ကြွင်း စေတသိက် ၄၇-ပါး

၂၀၀၇-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “မိဘအိုများ ချစ်သနား၊ ပစ်ထားစွန့်ခွာ၊ မသွားနှင့်” အညီ မိအို၊ ဖအိုတို့ကို ပြုစုစောင့်ရှောက်နေသော သားသမီးများ၏ သန္တာန်၌ဖြစ်သော ပဓာနစေတသိကဓမ္မကို ဖော်ပြ၍၊ ၎င်းစေတသိက်နှင့် ယှဉ်တွဲဖြစ်သော စိတ်တို့ကို ကောက်ပြပါ။
“မိဘအိုများ ချစ်သနား၊ ပစ်ထားစွန့်ခွာ၊ မသွားနှင့်” အညီ မိအို၊ ဖအိုတို့ကို ပြုစုစောင့်ရှောက်နေသော
သားသမီးများ၏ သန္တာန်၌ဖြစ်သော ပဓာနစေတသိကဓမ္မမှာ – ကရုဏာစေတသိက် ဖြစ်ပါသည်။

၎င်း ကရုဏာစေတသိက်နှင့် ယှဉ်တွဲဖြစ်သော စိတ်တို့မှာ –
မဟာကုသိုလ်စိတ် = ၈-ပါး
မဟာကြိယာစိတ် = ၈-ပါး
မဟဂ္ဂုတ် ပထမဈာန်စိတ် = ၃-ပါး
မဟဂ္ဂုတ် ဒုတိယဈာန်စိတ် = ၃-ပါး
မဟဂ္ဂုတ် တတိယဈာန်စိတ် = ၃-ပါး
မဟဂ္ဂုတ် စတုတ္ထဈာန်စိတ် = ၃-ပါး


ပေါင်း ကရုဏာ ယှဉ်သောစိတ် = ၂၈-ပါး ဖြစ်ပါသည်။

၂။ “ကံကုန်၍ ဉာဏ်ထုံသည်” စကား၌ “ကံ၊ ဉာဏ်” ဟူသော စေတသိက်အမည်မှန်တို့ကို ဖော်ပြပါ။
‘ကံကုန်၍ ဉာဏ်ထုံသည်’ စကား၌ ‘ကံ၊ ဉာဏ်’ ဟူသော စေတသိက်အမည်မှန်တို့မှာ –
ကံ = စေတနာစေတသိက်
ဉာဏ် = ပညာ (အမောဟ) စေတသိက် တို့ဖြစ်ပါသည်။

၃။ “ငါ သူ့အပေါ်မှာ မေတ္တာမရှိပါဘူးကွာ” ဟူ၍ ပြောဆိုရာ၌ မေတ္တာတရား၏ ဆန့်ကျင်ဘက်ဖြစ်သော စိတ်ကို သိသာရုံမျှ ဖော်ပြ၍ ၎င်းစိတ်တွင် တိုက်တွန်းမှုမရှိသော စိတ်၏ ယှဉ်ဘက်စေတသိက်တို့ကိုသာ ကောက်ပြပါ။
မေတ္တာ(အဒေါသ) တရား၏ ဆန့်ကျင်ဘက်ဖြစ်သော စိတ်ကို သိသာရုံမျှ ဖော်ပြရသော် = ဒေါသမူစိတ် ၂-ပါး ဖြစ်ပါသည်။
၎င်းစိတ်တွင် တိုက်တွန်းမှု မရှိသောစိတ်မှာ – ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် ‘အ’ သင်္ခါရိက ဒေါသမူစိတ်တစ်ပါး
ဖြစ်ပါသည်။
ထိုတိုက်တွန်းမှုမရှိသော စိတ်၏ ယှဉ်ဘက်စေတသိက်တို့မှာ –
(ပီတိကြဉ်သော) အညသမာန်းစေတသိက် = ၁၂-ပါး
သဗ္ဗာကုသလသာဓာရဏစေတသိက် = ၄-ပါး
ဒေါသစေတသိက် = ၁-ပါး


ပေါင်း- စေတသိက် = ၁၇-ပါး ဖြစ်ပါသည်။
(မနာလို၊ ဝန်တို၊ နောင်တ ဖြစ်မှု အခိုက်များ မဟုတ်၍ ဣဿာ၊ မစ္ဆရိက၊ ကုက္ကုစ္စ စေတသိက်များ မယှဉ်နိုင်ပါ။)

၎။ “ထကြွ နိုးကြား၊ သနား သည်းခံ၊ ဝေဖန် ကြည့်ရှု၊ ဤခြောက်ခု ကြီးသူကျင့်ရာ တရားတည်း” ၌ ပါဝင်သော
စေတသိကဓမ္မတို့၏ သဘောလက္ခဏာတို့ကို ရေးခဲ့ပါ။

ထကြွ(ဝီရိယ)၏ သဘောလက္ခဏာ = ယှဉ်ဘက်တရားတို့ကို ထောက်ပံ့ခိုင်စေခြင်းသဘော၊ အားထုတ်ခြင်းသဘော၊
နိုးကြား(သတိ)၏ သဘောလက္ခဏာ = ဘုရား၊ တရား စသော ကုသိုလ်ကောင်းမှု အာရုံကို အောက်မေ့ အမှတ်ရခြင်း
သဘော၊ မမေ့မလျော့ခြင်းသဘော၊
သနား(ကရုဏာ)၏ သဘောလက္ခဏာ = ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ သနားကြင်နာခြင်းသဘော၊
သည်းခံ(အဒေါသ)၏ သဘောလက္ခဏာ = ဆန့်ကျင်ဘက် အာရုံများနှင့် တွေ့ကြုံသော်လည်း မခက်ထန် မကြမ်းတမ်း
ခြင်းသဘော၊
ဝေဖန်(ဝိစာရ)၏ သဘောလက္ခဏာ = အာရုံကို သုံးသပ်ခြင်းသဘော၊ ထပ်၍ ထပ်၍ ယူခြင်းသဘော၊
ကြည့်ရှု(ဇီဝိတိနြေ္ဒ)၏ သဘောလက္ခဏာ = မိမိနှင့် ယှဉ်ဘက်နာမ်တရားတို့ကို စောင့်ရှောက်ခြင်းသဘော၊

၂၀၀၈-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ “ငါမြတ်၏ ငါအမြတ်ဆုံး” မှ မှတ်ထင်သော စေတသိကဓမ္မ၊ ယင်းဓမ္မ၏ ယှဉ်သောစိတ် ကို ဖော်ပြ၍၊ “မနာလိုကင်း၊ ဝန်တိုရှင်း၊ လက်ငင်း ချမ်းသာမည်” ဟုဆိုကြရာ မနာလိုသောတရား၊ ဝန်တိုသောတရားတို့ကိုလည်း အမည်မျှ ဖော်ပြခဲ့ပါ။
“ငါမြတ်၏ ငါအမြတ်ဆုံး” ဟု မှတ်ထင်သော စေတသိကဓမ္မ = မာန စေတသိက် ဖြစ်ပါသည်။
ယှဉ်သောစိတ် = လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၄)ပါး
‘မနာလိုကင်း ဝန်တိုရှင်း လက်ငင်း ချမ်းသာမည်’ ဟု ဆိုကြရာ –
မနာလိုသောတရား = ဣဿာ
ဝန်တိုသောတရား = မစ္ဆရိယ တို့ဖြစ်ပါသည်။

၂။ ကိုယ်တိုင် မဆုံးဖြတ်နိုင်သော (အဓိမောက္ခ မယှဉ်သော) စိတ်တို့ကို ဖော်ပြ၍၊ စိတ်အနည်းဆုံးယှဉ်သော စေတသိက် ၏ နာမည်ကိုလည်း ရေးပြပါ။
ကိုယ်တိုင် မဆုံးဖြတ်နိုင်သော အဓိမောက္ခ မယှဉ်သော စိတ်တို့မှာ –
ဝိစိကိစ္ဆာသမ္ပယုတ်စိတ် = ၁-ပါး
ဒွေပဉ္စဝိညာဏ်စိတ် = ၁၀-ပါး


ပေါင်း = ၁၁-ပါး ဖြစ်ပါသည်။
စိတ်အနည်းဆုံးယှဉ်သော စေတသိက်၏ နာမည်မှာ – ဝိစိကိစ္ဆာစေတသိက် ဖြစ်ပါသည်။

၃။ ဝိရတီ သုံးပါး ယှဉ်သောစိတ်တို့ကို နိယတ၊ အနိယတ အားဖြင့် ခွဲခြားပြ၍၊ သနားမှုနှင့် ဝမ်းမြောက်မှု အတူတကွ ဖြစ်နိုင်၊ မဖြစ်နိုင် တို့ကိုလည်း အကြောင်းပြ၍ ဆုံးဖြတ်ပြပါ။
ဝိရတီသုံးပါးယှဉ်သော စိတ်တို့ကို နိယတ၊ အနိယတ အားဖြင့် ခွဲခြားပြရသော် –
ဝိရတီစေတသိက် နိယတ(အမြဲ) ယှဉ်သောစိတ် = လောကုတ္တရာစိတ်အကျဉ်း ၈-ပါး၊ အကျယ် ၄၀-ပါး၊
ဝိရတီစေတသိက် အနိယတ (ရံခါ) ယှဉ်သောစိတ် = မဟာကုသိုလ်စိတ် ၈-ပါး၊
သနားမှု(ကရုဏာ)နှင့် ဝမ်းမြောက်မှု(မုဒိတာ) သည် အတူတကွ မဖြစ်နိုင်ပါ။

အကြောင်းပြဆုံးဖြတ်ရသော် –
သနားမှု – ကရုဏာစေတသိက် = ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်းသဘော၊
ဝမ်းမြောက်မှု – မုဒိတာစေတသိက် = သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော၊
ဤသို့ သနားမှု(ကရုဏာ)နှင့် ဝမ်းမြောက်မှု(မုဒိတာ) တို့သည် – အာရုံပြုရာ ပညတ် အာရုံချင်း မတူညီသောကြောင့်
တသီးတခြား တစ်ပါးစီသာ မိမိတို့ယှဉ်ရာစိတ်များနှင့် ယှဉ်နိုင်ပြီး အတူတကွ မဖြစ်နိုင်ပါ။

၂၀၀၉-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ ရတနာသုံးပါးနှင့် ကံ၊ ကံ၏အကျိုးတရားကို ယုံကြည်သူ၏ သန္တာန်၌ဖြစ်သော စေတသိက် တို့ကို ဖော်ပြ၍၊ ၎င်းနှင့် ယှဉ်ဘက်စိတ်တို့ကိုလည်း ဖော်ပြခဲ့ပါ။
ရတနာသုံးပါးနှင့် ကံ၊ ကံ၏အကျိုးတရာကို ယုံကြည်သူ၏ သန္တာန်၌ဖြစ်သော စေတသိက်မှာ = သဒ္ဓါစေတသိက်
ဖြစ်ပါသည်။

ယှဉ်ဘက်စိတ်တို့မှာ –
ကာမသောဘနစိတ် = ၂၄-ပါး
မဟဂ္ဂုတ်စိတ် = ၂၇-ပါး
လောကုတ္တရာစိတ် (အကျဉ်း) = ၈-ပါး (အကျယ်) ၄၀-ပါး


ပေါင်း – သောဘနစိတ်(အကျဉ်း) = ၅၉-ပါး၊ (အကျယ်) ၉၁-ပါး

၂။ “မကောင်းမှုတွေ လုပ်ခဲ့တာ မှားလေခြင်း” ဟုနောင်တတွေ တလူလူ ရနေသူ၏ သန္တာန်၌ ဖြစ်သော စေတသိက်အမည်ကို ဖော်ပြ၍၊ ကြင်နာမှု နှင့် ဝမ်းမြောက်မှု တစ်ပြိုင်နက် ဖြစ်နိုင်/မဖြစ်နိုင် ကိုလည်း ဆုံးဖြတ်ပြပါ။
နောင်တတွေ တလူလူ ရနေသူ၏ သန္တာန်၌ ဖြစ်သော စေတသိက်အမည်မှာ – ကုက္ကုစ္စစေတသိက် ဖြစ်ပါသည်။
ကြင်နာမှုနှင့် ဝမ်းမြောက်မှုတို့သည် တစ်ပြိုင်နက် မဖြစ်နိုင်ပါ။

အကြောင်းမှာ –
ကြင်နာမှု (ကရုဏာ) သည် – ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်း သဘော၊
ဝမ်းမြောက်မှု (မုဒိတာ) သည် – သုခိတသတ္တဝါ ပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း သဘော – ဖြစ်သောကြောင့် …
အာရုံပြုရာ ပညတ်အာရုံချင်း မတူဘဲ တသီးတခြား တစ်ပါးစီသာ မိမိတို့ ယှဉ်ရာစိတ်များနှင့် အသီးသီး ယှဉ်ကြသောကြောင့်
ကြင်နာမှု (ကရုဏာ) နှင့် ဝမ်းမြောက်မှု (မုဒိတာ) တို့သည် တစ်ပြိုင်နက် မဖြစ်နိုင်ပါ။

၃။ “စိတ်အကြံတွေက သိပ်မှန်နေလို့၊ လှူဖြစ်အောင် လှူမယ်လို့ ဆုံးဖြတ်ချက်ချကာ ဝမ်းမြောက်မှု ဖြစ်နေသူ” ၏
သန္တာန်ဝယ် ဖြစ်ပေါ်နေသော စေတသိကဓမ္မတို့၏ သဘောလက္ခဏာတို့ကို ရေးသားပြပါ။

“စိတ်အကြံတွေက သိပ်မှန်နေလို့၊ လှူဖြစ်အောင် လှူမယ်လို့ ဆုံးဖြတ်ချက်ချကာ ဝမ်းမြောက်မှု ဖြစ်နေသူ” ၏
သန္တာန်ဝယ် ဖြစ်ပေါ်နေသော စေတသိကဓမ္မတို့၏ သဘောလက္ခဏာတို့မှာ –
စိတ်အကြံ (ဝိတက်) = အာရုံသို့ ယှဉ်ဖက်တရားတို့ကို တင်ပေးခြင်း သဘော၊
လှူဖြစ်အောင် လှူမယ် (အလောဘ) = လောကီ အာရုံ ကာမဂုဏ်များကို မလိုချင်၊ မစုံမက်၊ စွန့်လွှတ်ခြင်းသဘော၊
ဆုံးဖြတ်ချက်ချကာ (အဓိမောက္ခ) = အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော၊
ဝမ်းမြောက်မှု (ပီတိ) = အာရုံကို နှစ်သက်ခြင်းသဘော၊

၂၀၁၀-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၁။ ကိုယ်တည်းတစ်ယောက်၊ ချမ်းသာရောက်ဖို့၊ ခုလောက် ကြိုးကုတ်၊ အားမထုတ်ဘူး- ဟူရာ၌ ကြိုးကုတ်
အားထုတ်သောတရား၏ သဘောကို သေချာစွာ ပြဆို၍၊ ၎င်းတရားနှင့် ယှဉ်/မယှဉ်သော စိတ်တို့ကိုလည်း မှန်ကန်စွာ ဖြေဆိုပြပါ။

ကြိုးကုတ်အားထုတ်သောတရား (ဝီရိယ) ၏ သဘောကို သေချာစွာပြဆိုရသော် –
ဝီရိယ = ယှဉ်ဘက်တရားတို့ကို ထောက်ပံ့ ခိုင်ခံ့စေခြင်း၊ အားထုတ်ခြင်းသဘော ဖြစ်ပါသည်။
ဝီရိယတရားနှင့်ယှဉ်သော စိတ်တို့မှာ –
အကုသိုလ်စိတ် = ၁၂-ပါး
ဟသိတုပ္ပါဒ်စိတ် = ၁-ပါး
မနောဒွါရာဝဇ္ဇန်းစိတ် = ၁-ပါး
ကာမသောဘနစိတ် = ၂၄-ပါး
မဟဂ္ဂုတ်စိတ် = ၂၇-ပါး
လောကုတ္တရာစိတ် = ၈-ပါး (ကျဉ်း) / ၄၀-ပါး (ကျယ်)


ပေါင်း ဝီရိယယှဉ်သောစိတ် = ၇၃-ပါး (ကျဉ်း) / ၁၀၅-ပါး (ကျယ်) တို့ဖြစ်ပါသည်။

ဝီရိယ နှင့် မယှဉ်သောစိတ်တို့မှာ –
ဒွေပဉ္စဝိညာဏ် = ၁၀-ပါး
သမ္ပဋိစ္ဆိုင်း = ၂-ပါး
သန္တီရဏ = ၃-ပါး
ပဉ္စဒွါရာဝဇ္ဇန်း = ၁-ပါး


ပေါင်း ဝီရိယမယှဉ်သောစိတ် = ၁၆-ပါး တို့ဖြစ်ပါသည်။

၂။ ရှောင်ကြဉ်ခြင်းက ဝိရတီဟုဆိုရာ ဝိရတီ၏ သဘာဝဓမ္မနှင့် ၎င်းဝိရတီ၏ ယှဉ်ဘက်တရားများကို မှန်ကန်စွာ ဖြေဆိုပြပါ။
ဝိရတီ၏ သဘာဝဓမ္မမှာ – မကောင်းမှု ဒုစရိုက်၊ ဒုရာဇီဝများမှ ရှောင်ကြဉ်ခြင်း သဘော ဖြစ်ပါသည်။
ဝိရတီစေတသိက် (၃)ပါး ရှိပါသည်။ ၎င်းတို့ကို သဘောဝဓမ္မနှင့် ဖော်ပြရသော် –
သမ္မာဝါစာ = အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊
သမ္မာကမ္မန္တ = အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် ၃-ပါး မှ ရှောင်ကြဉ်ခြင်းသဘော၊
သမ္မာအာဇီဝ = အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သည့်တိုင် ဝစီဒုစရိုက် ၄-ပါး ကာယဒုစရိုက် ၃-ပါးမှ
ရှောင်ကြဉ်ခြင်းသဘော။

ဝိရတီ၏ ယှဉ်ဘက်တရားတို့ကို မှန်ကန်စွာ ဖြေဆိုရသော် –
အကျဉ်း အကျယ်
မဟာကုသိုလ်စိတ် = ၈-ပါး(ရံခါ) ၈-ပါး (ရံခါ)
လောကုတ္တရာစိတ် = ၈-ပါး(အမြဲတပေါင်းတည်း) ၄၀-ပါး (အမြဲတပေါင်းတည်း)


ပေါင်း ဝိရတီ၏ ယှဉ်ဘက်တရား = ၁၆-ပါး ၄၈-ပါး

၃။ “တွယ်တာခြင်းက လွမ်းဆွေးစရာ” ဟုစကားရှိရာ တွယ်တာတတ်သော စိတ်ဖြစ်တိုင်း ပါဝင် မပါဝင်သော အကုသိုလ် စေတသိက်တို့ကို ခွဲခြားပြ၍၊ မြင်သိစိတ်နှင့်အတူ ဖြစ်ခွင့်ရှိသော စေတသိက်တို့ကိုလည်း ဖော်ပြပါ။
တွယ်တာတတ်သော (လောဘမူ) စိတ်ဖြတ်တိုင်း ပါဝင်သော အကုသိုလ်စေတသိက် များမှာ –
တွယ်တာတတ်သော (လောဘမူ) စိတ်ဖြစ်တိုင်း ပါဝင်သော အကုသိုလ်စေတသိက်များမှာ –
(၁) အမြဲပါဝင်သော အကုသိုလ်စေတသိက် = ၆-ပါး
သဗ္ဗာကုသလသာဓာရဏ စေတသိက် = ၄-ပါး
လောဘစေတသိက် = ၁-ပါး
ဒိဋ္ဌိစေတသိက် = ၁-ပါး
(၂) ရံခါ ပါဝင်နိုင်သော အကုသိုလ်စေတသိက် = ၃-ပါး
မာန (ထောင်လွှားခိုက်) = ၁-ပါး
ထိန-မိဒ္ဓ (ထိုင်းမှိုင်းခိုက်) = ၂-ပါး
(၃) လုံးဝ မပါဝင်နိုင်သော အကုသိုလ်စေတသိက် = ၅-ပါး
ဒေါသ၊ ဣဿာ၊ မစ္ဆရိယ ၊ ကုက္ကုစ္စ = ၄-ပါး
ဝိစိကိစ္ဆာ = ၁-ပါး

မြင်သိစိတ်နှင့်အတူ ဖြစ်ခွင့်ရှိသော စေတသိက်များမှာ –
ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရ ဟူသော သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါး ဖြစ်ပါသည်။

၂၀၁၁-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၎။ ပုစ္ဆာ၏အနက်အဓိပ္ပါယ်ကို မသိ၍ သို့လော-သို့လော တွေးတောယုံမှားခြင်းသည် ဝိစိကိစ္ဆာ ဟုတ်၊ မဟုတ်နှင့်
“စေတနာဆိုတာ လူတိုင်းနှင့် မတန်ပေမယ့် စိတ်တိုင်းနှင့်တော့ ဆိုင်ပါတယ်” ဟု ဆိုလျှင် မှန်၊ မမှန် အဘိဓမ္မာအမြင်ဖြင့် တင်ပြပါ။

ပုစ္ဆာ၏အနက်အဓိပ္ပါယ်ကို မသိ၍ သို့လော-သို့လော တွေးတောယုံမှားခြင်းသည် ဝိစိကိစ္ဆာ မဟုတ်ပါ။
ဝိစိကိစ္ဆာဆိုသည်မှာ – ဘုရား၊ တရား၊ သံဃာနှင့် ကံ၊ ကံ၏အကျိုးတရား စသည်တို့၌ ယုံမှားသံသယရှိမှုသာ
ဖြစ်ပါသည်။ ပုစ္ဆာ၏အနက်အဓိပ္ပါယ်ကို မသိ၍ ယုံမှားခြင်းသည် ဝိစိကိစ္ဆာမဟုတ်ပါ။

“စေတနာဆိုတာ လူတိုင်းနှင့် မတန်ပေမယ့် စိတ်တိုင်းနှင့်တော့ ဆိုင်ပါတယ်” ဟု ဆိုလျှင် မှန်ပါသည်။
အဘိဓမ္မာအမြင်ဖြင့် တင်ပြရသော် –
သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ပါးတွင် ပါဝင်သော စေတနာစေတသိက်သည် စိတ်အကျဉ်း ၈၉-ပါး၊
စိတ်အကျယ် ၁၂၁-ပါးနှင့် ယှဉ်နိုင်သောကြောင့် စေတနာ စေတသိက်သည် “စိတ်တိုင်းနှင့်တော့ ဆိုင်ပါတယ်” ဟူသော စကားသည် မှန်ပါသည်။

၅။ သဘာဝဘေးဒဏ်တို့ကြောင့် ဖြစ်ပေါ်လာရသော ဒုက္ခသည်တို့အား တွေ့မြင်ရာ၌ ဖြစ်ပေါ်လာသော
လူသားချင်းစာနာထောက်ထားမှု ကရုဏာနှင့် ယှဉ်တွဲဖြစ်နိုင်သောစိတ်တို့ကို ဝါဒနှစ်ရပ်အရ မရောယှက်ရအောင် ရှင်းလင်း ဖြေဆိုပါ။

သဘာဝဘေးဒဏ်တို့ကြောင့် ဖြစ်ပေါ်လာရသော ဒုက္ခသည်တို့အား တွေ့မြင်ရာ၌ ဖြစ်ပေါ်လာသော
လူသားချင်းစာနာထောက်ထားမှု ကရုဏာနှင့် ယှဉ်တွဲဖြစ်နိုင်သောစိတ်တို့ကို ဝါဒနှစ်ရပ်အရ မရောယှက်ရအောင် ရှင်းလင်း
ဖြေဆိုရသော် –
သမာနဝါဒအလိုအရ – ကရုဏာစေတသိက်နှင့် ယှဉ်တွဲဖြစ်ပေါ်နိုင်သော စိတ်တို့မှာ –
မဟာကုသိုလ်စိတ် = ၈-ပါး
မဟာကြိယာစိတ် = ၈-ပါး
ပဉ္စမဈာန်ကြဉ်သော မဟဂ္ဂုတ်စိတ် = ၁၂-ပါး


ပေါင်း = ၂၈-ပါး ဖြစ်ပါသည်။

ကေစိဝါဒအလိုအရ – ကရုဏာစေတသိက်နှင့် ယှဉ်တွဲဖြစ်ပေါ်နိုင်သော စိတ်တို့မှာ –
မဟာကုသိုလ် သောမနဿစိတ် = ၄-ပါး
မဟာကြိယာ သောမနဿစိတ် = ၄-ပါး
ပဉ္စမဈာန်ကြဉ်သော မဟဂ္ဂုတ်စိတ် = ၁၂-ပါး


ပေါင်း = ၂၀-ပါး ဖြစ်ပါသည်။

၆။ လူတွင်ကျော်ကြား လူစတားများရှိသကဲ့သို့ စိတ်ချင်းမတူ တမူထူးအောင် ပြုလုပ်ပေးနိုင်သော စေတသိက်များကို အထူးပြုရာစိတ်နှင့် တွဲစပ်ဖော်ပြ၍၊ ဟိတ်ခြောက်ပါးကိုလည်း ဇာတ်အားဖြင့် ခွဲခြားပြပါ။
စိတ်ချင်းမတူ တမူထူးအောင် ပြုလုပ်ပေးနိုင်သော စေတသိက်များကို အထူးပြုရာစိတ်နှင့် တွဲစပ်ဖော်ပြရသော် –
(၁) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခဟူသော ဈာနင်တရား (ဈာန်အင်္ဂါထိုက်သောစေတသိက်)တို့သည် –
လောကုတ္တရာစိတ်များကိုလည်းကောင်း၊
(၂) အပ္ပမညာစေတသိက် ၂-ပါးနှင့် ဝိတက်စသော ဈာနင်တရားတို့သည့် –
မဟဂ္ဂုတ်စိတ်များကိုလည်းကောင်း၊
(၃) ဝိရတီစေတသိက် ၃-ပါး၊ အပ္ပမညာစေတသိက် ၂-ပါး၊ ပညာနှင့် ပီတိစေတသိက်တို့သည် –
ကာမသောဘနစိတ်များကိုလည်းကောင်း –
စိတ်ချင်းမတူ တစ်မူထူးအောင် ပြုလုပ်ပေးပါသည်။

၂၀၁၂-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၎။ စိတ်၌ မှီတွယ်၊ စိတ်ကို ခြယ်လှယ်တတ်သော စေတသိက်ဟု သိနိုင်ရန် ပြည့်စုံမည့်အချက်တို့ကို ဖော်ပြ၍၊ ပူမှု
ဒေါသနှင့် အေးမှု အဒေါသတို့ ဖြစ်ရာစိတ်ချင်း တူ-မတူကို ပရမတ္ထသရုပ်ဖြင့် အဖြေထုတ်ပြပါ။

စိတ်၌မှီတွယ်၊ စိတ်ကို ခြယ်လှယ်တတ်သော စေတသိက်ဟု သိနိုင်ရန် ပြည့်စုံရမည့်အချက်တို့မှာ –
ဧကုပ္ပါဒ = စိတ်နှင့်အတူ ဖြစ်ခြင်း၊
ဧကနိရောဓ = စိတ်နှင့်အတူ ချုပ်ခြင်း၊
ဧကာရမ္မဏ = စိတ်နှင့် အာရုံတူခြင်း၊
ဧကဝတ္ထုက = စိတ်နှင့် မှီရာတူခြင်း တို့ဖြစ်ပါသည်။

ပူမှု ဒေါသနှင့် အေးမှု အဒေါသတို့ ဖြစ်ရာစိတ်ချင်း မတူပါ။
မတူကြောင်း ပရမတ္ထသရုပ်ဖြင့် အဖြေထုတ်ရသော် –
ပူမှု ဒေါသသည် – ဒေါသစေတသိက်ဖြစ်၍ ဒေါသမူစိတ် ၂-ပါးနှင့် ယှဉ်ပါသည်။
အေးမှု အဒေါသသည် – အဒေါသစေတိက်ဖြစ်၍ သောဘနစိတ်(အကျဉ်း) ၅၉-ပါး၊ (အကျယ်) ၉၁-ပါးနှင့် ယှဉ်ပါသည်။
ထို့ကြောင့် ဖြစ်ရာစိတ်ချင်း မတူညီကြပါ။

၅။ ပညာရဲရင့် ပွဲလယ်တင့်သူနှင့် မာနတံခွန်ထူသူတို့၏ သန္တာန်ဝယ် ဖြစ်သောစိတ်တို့ကို ပြဆို၍ “လူမိုက်က ကျွန်တော်၊ အဖော်က ပါပ” ဟု ဆိုရလောက်အောင် အကုသိုလ်စိတ် အားလုံးနှင့်ယှဉ်နို်င်သော စေတသိက်တို့ကိုလည်း ရေတွက်ပြပါ။
ပညာရဲရင့် ပွဲလယ်တင့်သူနှင့် မာနတံခွန်ထူသူတို့၏ သန္တာန်ဝယ် ဖြစ်သောစိတ်တို့မှာ –
ပညာရဲရင့် ပွဲလယ်တင့်သူ၏ သန္တာန်ဝယ် – ပညာစေတသိက်နှင့် ယှဉ်တွဲ၍
ကာမသောဘန ဉာဏသမ္ပယုတ်စိတ် = ၁၂-ပါး
မဟဂ္ဂုတ်စိတ် = ၂၇-ပါး
လောကုတ္တရာစိတ် = ၈-ပါး(ကျဉ်း) / ၄၀-ပါး(ကျယ်)
ပေါင်း ပညာယှဉ်သောစိတ် = ၄၇-ပါး(ကျဉ်း) / ၇၉-ပါး(ကျယ်) တို့ ဖြစ်ပါသည်။

မာနတံခွန်ထူသူ၏သန္တာန်ဝယ် –
မာနစေတသိက်နှင့်ယှဉ်တွဲ၍ လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး ဖြစ်ပေါ်လာပါသည်။
အကုသိုလ်စိတ်အားလုံးနှင့် ယှဉ်နိုင်သော စေတသိက်တို့မှာ –
သဗ္ဗစိတ္တသာဓာရဏ စေတသိက် = ၇-ပါး
(ဝိတက်၊ ဝိစာရ၊ ဝီရိယ) ပကိဏ်း စေတသိက် = ၃-ပါး
သဗ္ဗာကုသလသာဓာရဏ စေတသိက် = ၄-ပါး
(မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ)


ပေါင်း သဗ္ဗာကုသလယောဂီ စေတသိက် = ၁၄-ပါး တို့ ဖြစ်ကြပါသည်။

၅။ အဟိတ်စိတ်၌ လုံးဝမယှဉ်သော အညသမာန်းစေတသိက်ကို ၎င်းတို့၏ ယှဉ်ရာစိတ်နှင့် တွဲစပ် ဖြေဆို၍ (က) မနောဓာတ်သုံးပါး (ခ) အဟိတ်ပဋိသန္ဓေအစုံ အမည်ရသော စိတ်တို့ကိုလည်း ဖြေဆိုပါ။
အဟိတ်စိတ်၌ လုံးဝမယှဉ်သော အညသမာန်း စေတသိက်မှာ – ဆန္ဒစေတသိက် ဖြစ်ပါသည်။
၎င်းစေတသိက်နှင့် ယှဉ်ရာစိတ်တို့ မှာ –
လောဘမူစိတ် = ၈-ပါး
ဒေါသမူစိတ် = ၂-ပါး
ကာမသောဘနစိတ် = ၂၄-ပါး
မဟဂ္ဂုတ်စိတ် = ၂၇-ပါး
လောကုတ္တရာစိတ် = ၈-ပါး (ကျဉ်း) / ၄၀-ပါး (ကျယ်)


ပေါင်း ဆန္ဒယှဉ်သော စိတ်အကျဉ်း = ၆၉-ပါး (ကျဉ်း) / ၁၀၁-ပါး (ကျယ်)

(က) မနောဓာတ်သုံးပါး အမည်ရသောစိတ်တို့မှာ –
ပဉ္စဒွါရာဝဇ္ဇန်းစိတ် = ၁-ပါး
သမ္ပဋိစ္ဆိုင်းစိတ် = ၂-ပါး


ပေါင်း မနောဓာတ် = ၃-ပါး ဖြစ်ပါသည်။

(ခ) အဟိတ်ပဋိသန္ဓေအစုံ အမည်ရသောစိတ်တို့မှာ –
အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် = ၁-ပါး
အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် = ၁-ပါး


ပေါင်း ဥပေက္ခာ သန္တီရဏစိတ် = ၂-ပါး ဖြစ်ပါသည်။

၂၀၁၃-ခုနှစ် စေတသိက်ပိုင်း မေးခွန်းဟောင်းများ

၃။ ရောင်စုံခြယ်သ စိတ်အလှကို လှပတင့်တယ်အောင် (က) ခြယ်သနိုင်သော စေတသိကအုပ်စု၊ (ခ)
မခြယ်သနိုင်သော စေတသိကအုပ်စု၊ (ဂ) နှစ်မျိုးစုံပြုလုပ်နိုင်သော စေတသိကအုပ်စုတို့ကို ဖြေဆိုပြ၍၊ စိတ်၌မှီတွယ် စိတ်ကို ခြယ်လှယ်သော စိတ်၏ငြိမ်းအေးမှု၊ လျင်မြန်မှု၊ နူးညံ့မှု၊ ဖြောင့်မတ်မှု စိတ်စွမ်းအင်များသည် မည်သည့်စေတသိက်တို့၏ သဘောလက္ခဏာများ ဖြစ်သည်ကိုလည်း ဖြေဆိုပြပါ။

ရောင်စုံခြယ်သ စိတ်အလှကို လှပတင့်တယ်အောင် –
(က) ခြယ်သနိုင်သော စေတသိကအုပ်စုမှာ – သောဘနစေတသိက် (၂၅)ပါးဖြစ်ပါသည်။
(ခ) မခြယ်သနိုင်သော စေတသိကအုပ်စုမှာ – အကုသိုလ်စေတသိက် (၁၄)ပါး ဖြစ်ပါသည်။
(ဂ) နှစ်မျိုးစုံပြုလုပ်နိုင်သော စေတသိကအုပ်စုမှာ – အညသမာန်းစေတသိက် (၁၃)ပါး ဖြစ်ပါသည်။

စိတ်ကိုမှီတွယ် စိတ်ကိုခြယ်လှယ်သော –
စိတ်၏ ငြိမ်းအေးမှု = စိတ္တပဿဒ္ဓိ စေတသိက်၏သဘောလက္ခဏာ။
စိတ်၏ လျင်မြန်မှု = စိတ္တလဟုတာ စေတသိက်၏သဘောလက္ခဏာ။
စိတ်၏ နူးညံ့မှု = စိတ္တမုဒုတာ စေတသိက်၏သဘောလက္ခဏာ။
စိတ်၏ ဖြောင့်မတ်မှု = စိတ္တုဇုကတာ စေတသိက်၏သဘောလက္ခဏာ။

၎။ လေးလံထိုင်းမှိုင်းနေသူတစ်ယောက်သည် တစ်စုံတစ်ယောက်၏ တိုက်တွန်း နှိုးဆော်မှုမပါဘဲ ဆိုင်ရာအလုပ်ကို
ပြုလုပ်နိုင်စွမ်း ရှိ၊ မရှိ အဘိဓမ္မာရှုထောင့်မှ ဆုံးဖြတ်ပြ၍၊ သုံးပါးမတွဲ တကွဲတပြားသာ ယှဉ်ခွင့်ရရှာသော ဝိရတီစေတသိက်၏ ယှဉ်ရာလောကီစိတ်အမျိုးအစားကိုလည်း ညွှန်ပြပါ။

လေးလံထိုင်းမှိုင်းနေသူတစ်ယောက်သည် တစ်စုံတစ်ယောက်၏ တိုက်တွန်းနှိုးဆော်မှုမပါဘဲ ဆိုင်ရာအလုပ်ကို
ပြုလုပ်နိုင်စွမ်း မရှိပါ။

အဘိဓမ္မာရှုထောင့်မှ ဆုံးဖြတ်ပြရသော် –
လေးလံထိုင်းမှိုင်းနေသူ၌ ထိန-မိဒ္ဓစေတသိက်များဖြစ်၍ ထိုစေတသိက်တို့သည် စေခိုင်းခြင်း၊ တိုက်တွန်းခြင်းဟု ဆိုအပ်သော သ-သင်္ခါရိကစိတ် (၅)ပါး၌သာ ယှဉ်နိုင်ဖြစ်နိုင်ပြီး တိုက်တွန်းနှိုးဆော်မှု မပါသော အ-သင်္ခါရိကစိတ်၌ မယှဉ်နိုင်- မဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။
သုံးပါးမတွဲ တကွဲတပြားသာ ယှဉ်ခွင့်ရရှာသော ဝိရတီစေတသိက်၏ ယှဉ်ရာ လောကီစိတ်အမျိုးအစားမှာ –
မဟာကုသိုလ်စိတ် = ၈-ပါး ဖြစ်ပါသည်။

၅။ အများ-အမြဲ-တစ်ပြိုင်နက် ကွဲပြားမှုမရှိ၊ သင်္ချာအရေအတွက် တစ်သမတ်တည်းရှိသော မဟဂ္ဂုတ်ဈာန်စိတ်နှင့်
ယှဉ်ရာပရမတ္ထဓမ္မတို့ကို ဖြေဆိုပြ၍၊ အကုသိုလ်စိတ် သင်္ဂဟနည်း (၇)ပါးကို ဒုက-ဂဏ ထိုနှစ်ဝတွင် အဘယ်နည်းဖြင့်
ရေတွက်မှ အမှန်ရမည်ကိုလည်း ဖြေဆိုပြပါ။

အများ-အမြဲ-တစ်ပြိုင်နက် ကွဲပြားမှု မရှိ၊ သင်္ချာအရေအတွက် တစ်သမတ်တည်းရှိသော မဟဂ္ဂုတ်ဈာန်စိတ်မှာ –
မဟဂ္ဂုတ် ပဉ္စမဈာန်စိတ် (၁၅)ပါး။
ယှဉ်ရာ ပရမတ္ထဓမ္မတို့မှာ –
(ဝိတက်၊ ဝိစာရ၊ ပီတိ ကြဉ်သော်) အညသမာန်းစေတသိက် = ၁၀-ပါး
(ဝိရတီ-၃၊ အပ္ပမညာ-၂ ကြဉ်သော်) သောဘနစေတသိက် = ၂၀-ပါး


ပေါင်း ယှဉ်ရာစေတသိက် = ၃၀-ပါး
အကုသိုလ်စိတ် သင်္ဂဟနည်း(၇)ပါးကို ဒုက-ဂဏ ထိုနှစ်ဝတွင် –
သင်္ချာတူ-အရေအတွက်တူ ပေါင်းကာ ရေတွက်ရသော- ဂဏန်းသချာင်္တူရာ ပေါင်း၍ ရေတွက်သောနည်းဖြင့်သာ
ရေတွက်မှ အမှန်ရနိုင်ပါသည်။

၆။ စိတ်ပျံ့လွင့်နေသော အားကစားသမားတစ်ယောက်သည် အောင်မြင်လိုမှုဆန္ဒ၊ အောင်မြင်မှုပီတိ
တရားအသီးအပွင့်များကို အမှန်တကယ် ခံစားနိုင်ပါမည်လော၊ သရုပ်သဘောဖြင့် ရှင်းပြ၍၊ တစ်လုံးသာရှိသော ဖဿစေတသိက်သည် “ယှဉ်ရာစိတ်များသလောက် စေတသိက်လည်း များနိုင်သည်” ဟူသော ဆိုမိန့်ချက်အရ ဖဿစေတသိက်ပေါင်း မည်မျှရှိလာနိုင်သည်ကိုလည်း ဖြေဆိုပါ။

စိတ်ပျံ့လွင့်နေသော အားကစားသမားတစ်ယောက်သည် အောင်မြင်လိုမှုဆန္ဒ၊ အောင်မြင်မှုပီတိ
တရား အသီးအပွင့်များကို – အမှန်တကယ် မခံစားနိုင်ပါ။
သရုပ်သဘောဖြင့် ရှင်းပြရသော် –
ဥဒ္ဓစ္စသမ္ပယုတ်စိတ် (၁)ပါးသည် –
အညသမာန်း စေတသိက် = ၁၁-ပါး
သဗ္ဗာကုသလသာဓာရဏ စေတသိက် = ၄-ပါး


ပေါင်း = ၁၅-ပါး သော
စေတသိက်တို့သာ ယှဉ်နိုင်သောကြောင့် စိတ်ပျံ့လွင့်နေသောသူမှာ ဆန္ဒ-ပီတိ အမှန်တကယ် မခံစားနိုင်ပါ။
“ယှဉ်ရာစိတ်များသလောက် စေတသိက်လည်း များနိုင်သည်” ဟူသော ဆိုမိန့်ချက်အရ –
ဖဿစေတသိက်သည် စိတ်အကျဉ်း (၈၉)ပါး၊ စိတ်အကျယ် (၁၂၁)ပါးနှင့် ယှဉ်သောကြောင့် ယှဉ်စိတ်နှင့်အမျှ ဖဿစေတသိက်ပေါင်း အကျဉ်း (၈၉)ပါး၊ အကျယ် (၁၂၁)ပါး ရှိလာနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *